အခန်း (၁၃၄)
Vol. 10 Ch. 134
ထျန်းလုတောင် ပြုံးနေသည်။
ဟောင်ကတော့ ခုံကို မှီလိုက်ရင်း လက်တစ်ဖက်မှာ အငွေ့တစ်ထောင်းထောင်း ထနေတဲ့ ဟင်းရည်ခွက်ကိုင်ထားကာ ကျန်တစ်ဖက်က တူကိုင်ထားသည်။
သူ့ရဲ့ရင်ထဲမှာ လေးလံလာသလို ခံစားနေရ၏။
ကျေးဇူးတင်မိသည်။
ဒီဆိုင်အတွက်…
ဒီငြိမ်းချမ်းမှုအတွက်…
ဒီထူးဆန်းပြီး တိုးတက်လာတဲ့ ဒီမိသားစုငယ်လေးအတွက်…
တစ်နေ့ပြီးတစ်နေ့ တစ်ဖြည်းဖြည်း တိုးတက်လာသည်။ ဈေးဝယ်တွေ ဝင်ချည်ထွက်ချည်နဲ့ ကုန်ဆုံးသွားတဲ့ နေ့တွေမှာ မစ်ရှင်တွေလဲ…..
……….
အရန်မစ်ရှင် တစ်- နို့ရေခဲမုန့် ခွက်ငါးဆယ်ရောင်းရန်။
တိုးတက်မှု- 0/50 မှ 50/50
ဆုလာဘ်- ချောကလတ်ရေခဲမုန့် အသစ် ပွင့်မည်။ ဆိုင်ချိန်ပြီးလျှင် ပို့ထားပေးမည်။
အခြေအနေ- ပြီးမြှောက်! ဆုလာဘ် ယူတော့မည်လော?
…..
ဆုလာဘ်ယူမည်!
ဟောင် တွေးထားတာထက် အချိန်ယူတာ ကြာသည်။
ဝိညာဥ်မီးတောက်မြို့တော်မှာ တံခါးသစ်လဲ ပွင့်မည်ဆိုတော့ သူအစ တွေးမိခဲ့သည်။ ဈေးဝယ်အသစ်တွေ ရောက်လာပြီး ရေခဲမုန့်က ခဏအတွင်း ငါးဆယ်ရောင်းထွက်မည်လို့ပင်။
ဒါပေမဲ့ မဟုတ်ခဲ့ဘူး။
သူ တံခါးသစ်ကနေ ဖောက်သည် သုံးယောက်ပဲရခဲ့သည်။
ထိုကောင်မလေး ယို့ရှုယွဲ့အာ ရဲ့ အကောင်ကြီးကြီး ပါတနာဖြစ်တဲ့ ပုတ်သင်ညိုလေးကို ထည့်တွက်ရင်တော့ လေးယောက်ပေါ့။
ပြောရရင် သူကလဲ ဖောက်သည် တစ်ယောက်ပဲလေ။
ဝိညာဥ်မီးတောက်မြို့တော်ကလူတွေ မကြာမကြာ ဆိုင်ထဲကို ရောက်လာကြသော်ငြား ဘာမှ မဝယ်ကြပေ။
စင်တွေကို လက်ညိုးထိုးတယ်.. ဈေးအကြောင်း ပွစိပွစိ ပြောကြတယ်.. ဒီလိုနဲ့ ပြန်ထွက်သွားတာပဲ။
ရုတ်တရက် ဝင်လာတာနဲ့ မတူညီတဲ့နေရာကြောင့် နေရာမှာ ကြောင်အသွားကြမယ်… စက္ကန့်အနည်းငယ် ကြာတာနဲ့ ဒေါသတကြီး ပြန်ထွက်သွားတာပဲ။
သူတို့တွေ စိတ်ကူးယဥ်နယ်ပယ်ထဲ ရောက်သွားတယ်လို့ အထင်မှားသူများလဲ ရှိသည်။ တစ်ချို့ကျ ထင်ယောင်ထင်မှားဖြစ်နေတာလို့ ထင်နေကြသည်။ အကုန်လုံးက မကြာခင်က စားသောက်ခဲ့တဲ့ အစားအသောက်များကိုပင် ဝမ်းဗိုက်ကိုပါထိခိုက်စေတာမဟုတ်ဘဲ စိတ်ဝိညာဥ်ကိုပါ ထိခိုက်စေတယ် ဘာညာ အပြစ် ပြောဆိုပြီး ထွက်သွားကြလေရဲ့။
ပိုဆိုးသည်က ဝိညာဥ်မီးတောက်မြို့တော် ကနေ အမှတ်မထင် ဝင်လာတဲ့သူ အရေအတွက်က တစ်ဖြည်းဖြည်း လျော့နေတာပဲ။
အဓိက အကြောင်းအရင်းကို ဟောင်လဲ မသိပါချေ။
အဆုံးမှာတော့ ကောလဟာလ တစ်ခုကို ကြားလိုက်ရသည်။