← Chapters

( နူးညံ့မှုက ဆွဲဆောင်ရင်တောင်မှ ခေါက်ဆွဲကိုပဲ သစ္စာရှိမယ်)

Vol. 10 Ch. 135

( နူးညံ့မှုက ဆွဲဆောင်ရင်တောင်မှ ခေါက်ဆွဲကိုပဲ သစ္စာရှိမယ်)

Vol. 10 Ch. 135

ကျားအိုကြီးကျောင်းက စတင်ပြီး တုန်ယင်လေတော့သည်။

အချိန်ကြာသည်နှင့်အမျှ တစ်ဖြည်းဖြည်း အရှိန်ရလာလေ၏။

ကောင်းကင်မိုးကြိုးက ကျောရိုးတစ်လျှောက် ဖြတ်သန်းသွားသည့်နှယ် တစ်စက်စက် တုန်နေသည်။

ဒိုရှင်းရှီ ချက်ချင်းပဲ ခြေတစ်လှမ်းဆုတ်သွားကာ အနောက်လှည့်ရှာတော့သည်… 'အရေးပေါ် အခြေအနေအတွက် အကူလိုနေပုံနဲ့ စိတ်ဝိညာဉ်သမားတော်တစ်ယောက်ကို ရှာနေပုံဖြင့်ပေါ့….’

“အ..အဖိုးကြီး?”

တုံ့ပြန်သံမလာချေ။

ပိုပြင်းထန်လာတဲ့ တုန်ယင်မှုသာ မြင်ရမည်။

ရုပ်ရှင်ရိုက်နေသလို နှာခေါင်းကလဲ အဆက်မပြတ် အနံ့ခံလေရဲ့။

အဆုံးမှာ မျက်နှာကြက်ပေါ်ကို လက်သီးတစ်ဖက် မြှောက်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ ကျားအိုကြီးကျောင်း စတင် ငိုပါတော့သည်။

“ သူတို့ငါပြောတာကြားသွားပြီ! နတ်နယ်မြေက ငါ့ကိုစကားပြောလာပြီ ကောင်လေး!”

ဒိုရှင်းရှီကတော့ ကြောင်အစွာ စိုက်ကြည့်နေဆဲပဲ။ ဒီ အရွယ်ရနေတဲ့ ကျင့်ကြံသူကြီး အဆင့်တက်ခါနီးချိန်မှာ စွမ်းအင်ပျက်သွားလို့ သွေးလေခြောက်ခြားနေတာလား?

ဒိုရှင်းရှီရဲ့ စိတ်က တစ်ဝက်စိတ်ပူနေပြီး… တစ်ဝက်ဝေဖန်ချင်နေသည်။

အဖိုးကြီး စိတ်လွတ်နေပြန်ပြီပဲ!

“ အဖိုးကြီး အဲ့ဒါက ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ကုပေးသလိုမျိုး လာပြောနေတာပဲ”

ပြောနေရင်းနဲ့ ဒိုရှင်းရှီလဲ ကိုယ်တိုင်လှည့်ကြည့်လိုက်သည်။ ထိုအခါမှာ…

သူ့ရဲ့မျက်နှာထားကချက်ချင်း ဗလာဖြစ်သွားသည်။

ထို့နောက်မှာ တစ်ကိုယ်လုံးတောင့်တင်းသွားတော့၏။

“... ဟုတ်ပြီ”

ဒိုရှင်းရှီ ချက်ချင်းပဲ ကော်လံကိုပြင်၊ အင်္ကျီဆွဲချကာ လက်စကိုပါ ပြင်သေး၏။ မသိလျှင် တော်ဝင်မိသားစုကို သွားတွေ့တော့မည့်နှယ်။

ထိုအချိန်အတွင်းမှာ ကျားအိုကြီးကျောင်းကတော့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ရင်ဆိုင်နေရတဲ့ တပည့်တစ်ယောက်ရဲ့ ရိုကျိုးမှုများဖြင့် ရေခဲမုန့်စက်အသစ်နားကို ချဉ်းကပ်နေနှင့်ပြီးပြီ။

စက်ရဲ့ ချောမွေ့တဲ့ မျက်နှာပြင်ပေါ် လက်တစ်ဖက် တင်လိုက်သည်။

ခေါင်းတစ်ဆတ်ဆတ် ငြိမ့်လိုက်သေး၏။

“ မိသားစုမှကြိုဆိုပါတယ်”

ကျားအိုကြီးကျောင်း ခပ်တိုးတိုး.ရေရွတ် လိုက်သည်။

ထို့နော​က်မှာ နို့ရေခဲမုန့်ရှိရာကို အကြည့်ပြောင်းသွားသည်။

နို့ရေခဲမုန့်စက်ပေါ်ကိုပါ လက်တစ်ဖက် တင်လိုက်ကာ…

နားလည်ပါတယ်ဆိုတဲ့ အကြည့်နဲ့ အချိန်အကြာကြီး စိုက်ကြည့်နေလေရဲ့။

“ စိတ်မပူနဲ့ ငါမင်းကို အစားမထိုးပါဘူး။ မင်းကငါ့နှလုံးသားထဲမှာ အမြဲနံပါတ်တစ်ပဲ”

“ အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး”

ကျားအိုကြီးကျောင်း နှာခေါင်းတစ်ရှုံ့ရှုံ့ လုပ်လိုက်သည်။

ဒိုရှင်းရှီလဲ မျက်ဝန်းထောင့်က မရှိတဲ့မျက်ရည်ကို ကြိုးစားသုတ်လေရဲ့။

“ သောက်ကျိုးနည်း.. ရင်ထဲထိတာကွာ!”

ကောင်တာအနောက်မှာတော့ ဟောင် တစ်ယောက် သူ့ရဲ့ဘဝရွေးချယ်မှုတွေကို မေးခွန်းပြန်ထုတ်နေလေရဲ့။

ဒီနေရာက သူ့ရဲ့ဆိုင်ပဲ!

နှစ်ရာချီနေထိုင် ပြီးသွားတဲ့ လူအရေခြုံထားတဲ့ ငကြောင်ကောင်တွေ အချိုထုတ်တဲ့စက်နဲ့ ရည်းစားတော်ဖို့ကြံနေကြတဲ့နေရာလေ..!

ကျားအိုကြီးကျောင်း အကျယ်ကြီး အော်မငိုခင်မှာပဲ ဒိုရှင်းရှီက လက်မောင်းကနေ ဆိုင်ထောင့်ကို ဆွဲခေါ်သွားသည်။

“ ရေခဲမုန့်အသစ်အရင်ဝယ်စားလိုက်ပါ အဖိုးကြီးရာ”

တစ်ဝက်အပြစ်တင်.. တစ်ဝက်အသားကျနေပုံဖြင့် ဒိုရှင်းရှီက ပြောလိုက်သည်။

ကျားအိုကြီးကျောင်းကလဲ မခုခံပါချေ။

သူသာ လုပ်ချင်ရင် လက်တစ်ချက် လှုပ်တာနဲ့ ဒိုရှင်းရှီ ဆိုင်ပြင်လွင့်သွားနိုင်သည်။ စင်နဲ့ ဝင်ဆောင့်ပစ်တာတို့.. အရုပ်တစ်ရုပ်လို ခေါက်ချေပစ်တာတို့.. ဒါမှမဟုတ်ရင် အခု ဘယ်ခုနှစ်ဘယ်အချိန် ရောက်နေမှန်းပင် မသိတော့တဲ့ ဦးနှောက်မပါတဲ့ လူသားအဖြစ်တောင် ဖန်တီးပေးနိုင်သည်။

ဒါပေမဲ့ ဘာမှမလုပ်ပေ။

ဟောင် ရှိရာကို ဆွဲခေါ်သွားခံနေလေ၏။

ကောင်တာကို ရောက်တဲ့အချိန်မှ ဒိုရှင်းရှီကလဲ ချောင်းဟန့်တာ အစစ်အမှန် တိုက်ခိုက်တော့သည်။

“ ဒီတစ်ခေါက် ခင်ဗျားရှင်းလိုက်ရင်ကော ဘယ်လိုလဲ အဖိုးကြီးကျောင်း?”

“ အရသာအသစ်ကိုပဲလေ? ခင်မင်မှုကိုပြတဲ့ အနေနဲ့”

ကျားအိုကြီးကျောင်းက တစ်ချက်လေးတောင် အလွဲမခံပါချေ။

“ မရဘူး”

တည်ကြည်စွာဖြင့် ရင်ဘတ်ပေါ် လက်တစ်ဖက် တင်လိုက်သေးကာ

“ ယောက်ျားစစ်တစ်ယောက်က ကိုယ့်ရေခဲမုန့်အတွက် ကိုယ်ရှာရတယ် ကောင်လေး။ ဒါမှ စိတ်ဝိညာဥ်ကပါ အပြည့်အဝ အရသာခံနိုင်မှာ။ အချောင်ရချင်တာက မြင့်မြတ်တဲ့အစားအသောက်ကို မလေးမစား လုပ်နေတာပဲကွ”

“....”

ဒိုရှင်းရှီရဲ့ မျက်နှာက ရှုံ့မဲ့သွားလေ၏။

ဒီလမ်းလျှောက်နေတဲ့ ကျက်သတုံး အဖိုးကြီးက တစ်ခါမှ ဝယ်ကျွေးဖူးတာ မဟုတ်ဘူး။

ဒိုရှင်းရှီ ကောင်းကောင်းကြီး သိပါသည်။ ဒီအဖိုးကြီးကျောင်းသာ လုပ်ချင်ရင် စိတ်ပါတာနဲ့ အချိန်မရွေး ဝိညာဥ်ကျောက်တုံးတွေ ရှာလို့ရတဲ့အထိ သန်မာတယ်ဆိုတာ။ သူ့ရဲ့ငွေအိတ်ကလဲ အမြဲပြည့်ဖောင်းနေတာပဲ။ ဒါကိုတောင်မှ ရက်ရောခြင်းက သူအခုထိတိုင် နားမလည်သေးတဲ့ နက်နဲတဲ့သိုင်းကျမ်းတစ်ရပ်လို ဟန်ဆောင် နေသေးသည်။

စိတ်တိုဖို့ကောင်းစွာပဲ ကျားအိုကြီးကျောင်းရဲ့ ချက်ကျလက်ကျ ဖြေရှင်းချက်ကို ဒိုရှင်းရှီ လက်ခံမိသည်။

ကိုယ်ပိုင်အစားအသောက်အတွက် ကိုယ့်ဘာသာ ငွေရှာပြီး ပေးသင့်တာကို သူလဲလက်ခံသည်။ ပြောရရင် အဲ့ဒါက အကျင့်စရိုက်ကို ဖော်ကျူးပေးသည်။ ကျင့်ကြံမှုကို ပိုနက်ရှိုင်းစေသည်။

ဒါပေမဲ့လဲ…

တစ်ခါလောက် ဝယ်ကျွေးရုံနဲ့တော့ မသေသွားပါဘူး။ ဟုတ်တယ်မလား?

အဖိုးကြီးရဲ့ စုဆောင်းထားတာတွေထဲက အပိုင်းသေးသေးလေးလောက်လဲ ပေးခိုင်းမိရုံတင်ကို!

အခုချိန်မှာ ကောင်တာအနောက်က နံရံရှိ မျက်နှာပြင်ထက်မှာလဲ ပုံစံနှစ်ခု ဖြစ်လာခဲ့ပြီ။ နဂိုရှိပြီးသား ကျော့ရှင်းတဲ့ နို့ရေခဲမုန့်နဲ့.. အသစ်ရောက်လာတဲ့ ချောကလတ် ရေခဲမုန့်။

ပုံစံတစ်ခုကို ဆယ်စက္ကန့်ကြာခန့်ပြပြီးနောက်မှာ နောက်တစ်ခု ပြောင်းပေးသည်။

ဒီလိုမျိုး ဖြစ်အောင် ဘယ်လိုဈေးကြီးပြီး ထူးကဲတဲ့ စက်ယန္တရားကို သုံးထားလဲ သူတို့မတွေးတတ်ပါချေ။ ဖြစ်နိုင်တာ ရေခဲမုန့်ဂိုဏ်းကနေ ဆင်းသက်လာတဲ့ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းသိုင်းတစ်ခု ဖြစ်ရမည်။

မျက်နှာပြင်ထက်က ရေခဲမုန့်ရဲ့ပုံစံသစ်ကပင် ဖိတ်ခေါ်မှုပြုနေသလို ကျားအိုကြီးကျောင်း ခံစားနေရသည်။

“ ချော..က..လတ် ရေခဲမုန့်တစ်ခု ပေးပါ!”

ဝိညာဥ်ကျောက်တုံးနှစ်တုံး ချလိုက်ရင်း ကျားအိုကြီးကျောင်းက ပြောလိုက်သည်။

အနောက်က ဒိုရှင်းရှီကတော့ သေရေးရှင်ရေး ကြုံနေရသလို တည်တင်းစွာ ရပ်နေလေရဲ့။

သူအခုထိ နို့အရသာကိုတောင် မစားကြည့်ရသေးဘူး!

ဒီနေ့အတွက် သူ့လက်ထဲမှာရှိတာကလဲ ဝိညာဥ်ကျောက်တုံးနှစ်တုံးသာ။ ဒါဆိုရင် အသင့်စားခေါက်ဆွဲနှစ်ပွဲတောင် စားလို့ရတယ်!

နှစ်ခွက်တောင်နော်!

ချပ်!

သူ့ရဲ့လက်ထဲက ဝိညာဥ်ကျောက်တုံးနှစ်တုံးကို ခပ်ပြင်းပြင်း ချေလိုက်သည်။

“ ဒို ကလန်က ဆွဲဆောင်မှုတွေမှာ ဘယ်တော့မှ မကျရှုံးဘူး! ငါတို့က အဆွဲဆောင်ကို မခံတာကွ!”

အသံက တစ်ဝက်လောက်မှာ အက်ကွဲကြမ်းရှ နေပေမဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကတော့ အစစ်အမှန်ပင်။

ဒါက သာမာန်မုန့်တစ်ခုမဟုတ်ဘူး။

နူးညံ့နေမှာ.. ချိုလဲချိုနေအုံးမှာ..ပြီး လျှာနဲ့လဲယပ်ပြီးစားရမှာ…။

သူ ရေခဲမုန့်စက်ကို မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်သည်။

အဲ့ဒီအခွေလေးတွေက အရမ်းတောက်ပနေဖို့ လိုလား?...လိုလားလို့!

သေချာပေါက်ကို ကြည့်လိုက်တာနဲ့ ပျော်ဖို့ကောင်းပြီး စားလို့ကောင်းပြီး ဘဝကြီးကိုပါ ပြောင်းလဲပစ်နိုင်လောက်ပုံ ပေါ်သည်။ ဒါပေမဲ့ အသင့်စားခေါက်ဆွဲလို အလင်းပွင့်စေနိုင်မှာမလို့လား? ပြီးတော့ အသင့်စားခေါက်ဆွဲလို ပူပူလေးနဲ့ လျှောခနဲ ဝင်သွားမှာမလို့လား?

ဘယ်ဖြစ်နိုင်မလဲ!

သူအရင်က နို့ရေခဲမုန့်ရဲ့ အစွမ်းအကြောင်း.မေးကြည့်ဖူးသည်။ ကျားအိုကြီးကျောင်းရဲ့ တုံ့ပြန်မှုကလား?

“ နည်းနည်းအေးပြီး လေပြေတွေ တိုက်နေသလို ခံစားရလိမ့်မယ်ကွာ”

နည်းနည်းအေးမယ်?

ဒါပဲလား?

မင်းရဲ့ကျင့်ကြံရေးကို တိုးစေမှာလဲ မဟုတ်ဘူး! အနည်းငယ်ဆုံးသော ရာသီဥတု ပြောင်းပေး ရုံပဲလေ!

ဒိုရှင်းရှီ ညည်းညူလိုက်သည်။

ဒီလိုအရာအတွက်နဲ့ ငါ ကျရှုံးစရာလား? ဘယ်လောက်ပဲ အေးနေပါစေ.. ဘယ်လောက်ပဲ ခံ့ညားနေပါစေ…။

သူ့ရဲ့လက်သီးတွေ တင်းကျပ်သွားပြီး မျက်လုံးတွေကို တင်းနေအောင် ပိတ်လိုက်တော့သည်။

သူ ခပ်ဖြည်းဖြည်း အသက်ရှုသွင်းပြီး သူ့ရဲ့ကိုယ်ပိုင် လျှို့ဝှက်ဂါထာကို ရွတ်ဆိုလိုက်တော့သည်။

“ငါမလိုချင်ဘူး။ ငါမလိုအပ်ဘူး။ ငါကမီးတောက်ပဲ။ ငါကဆရာကြီးပဲ။ ငါက အသင့်စားခေါက်ဆွဲပဲ”

ထို့နောက်မှာ ဒိုရှင်းရှီက အသင့်စားခေါက်ဆွဲ စင်ဘက်ကို ဦးတည်တော့သည်။ ခြေလှမ်းတိုင်းတွင် တားမြစ်နတ်အစားအသောက်ကို ဆန့်ကျင်နေတဲ့ ယောက်ျားစစ်တစ်ယောက်ရဲ့ သတ္တိတို့ပါဝင်သည်။

“ ငါက ဒီအထီးကျန်းလမ်းမမှာ လျှောက်လှမ်းနေတဲ့သူပဲ… အသင့်စား ခေါက်ဆွဲပဲ ငါ့ကိုနားလည်တယ်”

ဒိုရှင်းရှီ ဒရာမာဆန်စွာ ခေါက်ဆွဲစင်ဘက် လက်ညိုးထိုးသည်အထိ ဟောင် ကောင်တာအနောက်မှ တိတ်တဆိတ် ကြည့်နေပေးလိုက်သည်။

“ ငါမင်းကို ရွေးတယ်… အမဲသားအရသာ”

သူ မျက်တောင်တစ်ချက်တောင် မခတ်ပါချေ။

ဒီအချိန်မှာ ဒါတွေက သူ့အတွက် မထူးဆန်းတော့ဘူး။ အသင့်စားခေါက်ဆွဲနဲ့ ရေခဲမုန့်ကို မြင့်မြတ်ရတနာတစ်ပါးလို စာဖွဲ့နေတဲ့ ငကြောင်နှစ်ကောင်လား?

ပုံမှန်ပါပဲ။

သူတို့ ပိုက်ဆံရှင်းနေသရွေ့ ဟောင် ဘာမှ မပြောဘူး။ ပိုက်ဆံပေးနေသရွေ့ ဆိုင်ရဲ့ဘေးမှာ အော်ပရာပြဇာတ်ရုံ လာထောင်တောင် သူ စိတ်မဝင်စားဘူး။

ဒိုရှင်းရှီကတော့ ကျက်သရေရှိစွာနဲ့ ခေါက်ဆွဲတစ်ဗူးယူလိုက်ပြီး ကောင်တာဆီ ငွေရှင်းဖို့ ပြန်လာလေရဲ့။ နှုတ်မှလဲ အဆက်မပြတ်ရွတ်နေသေးသည်။

“ ဒိုကလန်ရဲ့ အမွေအနှစ်”

ထိုအချိန်မှာ ကျားအိုကြီးကျောင်းကတော့ စက်အသစ်ရှိရာကို ရောက်သွားခဲ့ပြီ။

ရွှေညိုရောင် ကတော့ကို ကိုင်ထားရင်း သူ့ရဲ့မျက်လုံးအတွင်းမှာ အံ့သြမှုတွေ ရှိသည်။ အလင်းရောင်အောက်မှာ ချောကလတ်ရောင် အခွေလေးများက လက်နေလေ၏။

All Chapters