← Chapters

(မေးခွန်းတစ်ခုမေးတိုင်း အသက်တိုဆေး အလကားကျွေးတယ်!)

Vol. 10 Ch. 137

(မေးခွန်းတစ်ခုမေးတိုင်း အသက်တိုဆေး အလကားကျွေးတယ်!)

Vol. 10 Ch. 137

နီဟောင်ရဲ့ ဘယ်လက်ထဲသို့ နောက်ထပ် အဆောင်တစ်ခု ရောက်လာသည်။ ပြားချပ်ချပ် ခြောက်ထောင့်ပုံ အပြားကို ကြေးနီမျှင် ပတ်ထားပြီး အလယ်မှာ သားရဲအရိုးတစ်ခုနဲ့ ထောက်ပံ့ပေးထားသည်။

မျက်နှာပြင်ပေါ်တွင် ချီစွမ်းအင် အနည်းငယ် ဖြာနေသည်။

ကိုယ်ပျောက်အိမ်မြှောင်…

ဒါလဲပဲ သူ့ရဲ့ဖန်တီးမှုတွေထဲက တစ်ခုပင်။ လောင်ကျွမ်းနေတဲ့ အဆောက်အဦးတွေနဲ့ စွန့်ပစ်အစီအရင်တွေကနေ ရရှိခဲ့တဲ့ အပိုင်းအစတွေကို ပေါင်းစပ်ပြုလုပ်ထားတာပင်… တန်ဖိုးကြီးတာ မပါပေ။

ဒါပေမဲ့ ဒီအိမ်မြှောင်လေးက သူ့ကို အန္တရာယ်ကနေ တစ်ကြိမ်မက ကယ်တင်ဖူး၏။

တစ်စုံတစ်ခု မူမမှန်ဘူးလို့ ခံစားရတာနဲ့ အိမ်မြှောင်ထုတ်ကာ နီဟောင် စစ်ဆေးတော့သည်။

ခြောက်ထောင့်ပြားကို အနည်းငယ် စောင်းလိုက်ပြီးနောက်မှာ စိတ်ဝိညာဥ်အာရုံခံမှုကို အနားကွတ်ထားတဲ့ ကြေးနီမျှင်တွေဆီ ပို့လွှတ်ရ၏။

အစိမ်းရောင်ဖျော့ဖျော့လေး လင်းသွားပြီး မျက်နှာပြင်က စက်ဝိုင်းဝက်လောက် လည်သွားသည်။

ချပ်ချပ်ချပ်။

အချိန်တွေသာ ကုန်သွားသည်။

အဆုံးမှာ အစိမ်းရောင်အလင်းက ပျောက်ကွယ်သွားပြီး မီးခိုးရောင်ပြန်ဖြစ် သွားသည်။

ဘာမှ မထူးခြားပေ။

အနှောက်အယှက်မတွေ့ရသလို နေရာကူးပြောင်း အစီအရင်လဲမရှိဘူး။ စိတ်ထင်ယောင်ထင်မှားဖြစ်စေတဲ့ အစီအရင်ကိုလဲ သုံးမထားဘူး။ သံလိုက်အိမ်မြှောင်က စမ်းသပ်ပြီးသွားပြီပင်။

စမ်းသပ်ပြီးတာတောင်မှ ဘာမှ မတွေ့ရတာမို့ နီဟောင် မျက်မှောင်ကြုတ်သွားတော့သည်။

ဒီနေရာက အစစ်လား?

ဒါမှမဟုတ် အပြင်က တစ်ယောက်ယောက်က အရမ်းတင်းကျပ်ပြီး ပြီးပြည့်စုံတဲ့ အစီအရင်ကို ဖန်တီးခဲ့တာမို့ ငါ့ရဲ့ ကောင်းမွန်လှတဲ့ သံလိုက်အိမ်မြှောင်တောင်မှ မစစ်ဆေးနိုင်တော့လား?

'ငါအခု အရမ်းအားကောင်းတဲ့ ပုံရိပ်ယောင် နယ်မြေထဲ ရောက်နေတာများလား?’

သူ တွေးမိပြီးနောက်မှာ မျက်လုံးတွေ ကျဥ်းမြှောင်းသွားတော့သည်။

‘ဒါမှမဟုတ် ငါတစ်ကယ်ပဲ စွန့်ပစ်အိမ်စုတ်ကနေ မတူညီတဲ့နယ်မြေထဲ ရောက်သွားတာလား?’

ထိုအချိန်မှာ သံလိုက်အိမ်မြှောင်သည် အနည်းငယ်ပျင်းရိစွာ အလင်းတစ်ချက် ထုတ်ပေးလာပြီး မျက်နှာပြင်ပေါ်ရှိ အစီအရင်ကလဲ တစ်ဖြည်းဖြည်း ရပ်တန့်သွားလေ၏။ ဒီသံလိုက်အိမ်မြှောင်က တစ်ခါပဲသုံးလို့ရတာပင်။

သံလိုက်အိမ်မြှောင်ကို အင်္ကျီလက်စထဲ ထည့်ပြီးနောက်မှာပဲ အသံတစ်သံ ထပ်မံ ကြားလိုက်ရလေ၏။

“ ကြိုဆိုပါတယ်” ရိုးရှင်းတဲ့ အသံပင်။

မသိလျှင် အရုပ်တစ်ရုပ် စကားပြောနေသလိုမျိုး တည်ငြိမ်ပြီး ခံစားချက်မပါတဲ့ အသံဖြစ်သည်။

အလောတကြီး မဖြစ်သလို သံသယဝင်နေတာမျိုးလဲ မတွေ့ရဘူး။ ဒါပေမဲ့ နွေးထွေးတဲ့အသံလဲ မဟုတ်နေဘူး။

ဒီတိုင်း… သာမာန်ပဲ။

တူညီတဲ့အရာတစ်ခုကို အကြိမ်များစွာ လုပ်ခဲ့ရသလိုမျိုး သာမာန်ဆန်လှသည်။

နီဟောင်ရဲ့ မျက်လုံးတွေက အသံလာရာကို လှည်​ကြည့်ပြီးနောက်မှာ ကောင်တာအနောက်မှာသာ ကပ်ညှိသွားလေ တော့၏။

ကောင်တာနောက်ရှိ လူသည် သာမာန် လူငယ်တစ်ယောက်သာ…။

နက်မှောင်တဲ့ဆံပင်ရှိပြီး အဝတ်အစားက တိုင်းတစ်ပါးဆန်သည်။ အခုလိုမျိုး ဆန်းကြယ်လှတဲ့နေရာကို စီမံခန့်ခွဲနေသူ အနေနဲ့ အနည်းငယ် ရိုးရှင်းသည်ဟု သူထင်မိသည်။

ထိုသူရဲ့ မျက်နှာထားက နည်းနည်းမှ အဓိပ္ပါယ် ဖော်မရပေ။

ထိုသူရဲ့ မျက်လုံးတွေက.. မောက်မာနေတာမျိုးလဲ မဟုတ်ဘူး။

ဂိုဏ်းတူညီကိုတွေ.. ဈေးမှာတွေ့ရတဲ့ မြို့သူမြို့သားတွေရဲ့ မျက်လုံးထဲကလို တူညီတဲ့ ရွံရှာမှုတွေ မရှိဘူး။

တည်ငြိမ်မှုသာရှိသည်။

ဝေဖန်မှုမရှိဘဲ…လေ့လာမှုသာ ရှိ၏။

နီဟောင်ရဲ့ မျက်ခုံးတစ်ဖက် အနည်းငယ်.ပင့်သွားကာ…

သာမာန်လူလား?

ဒီလိုနေရာမှာ ရှိနေပြီးတော့ကိုလေ?

“ မင်္ဂလာပါ” နီဟောင် ကောင်တာအနားကို ချဥ်းကပ်နေရင်း ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။ ရိုးသားစွာဖြင့် လက်နှစ်ဖက်ကိုလဲ ​မြှောက်ထားသေး၏။

“ မင်းက ဒီကောင်းမွန်လှတဲ့ အဆောက်အဦးရဲ့ ပိုင်ရှင်များလား?”

“အင်း မှန်တယ်”

ဟောင် ပြန်ပြောလိုက်သည်။

တိုက်ရိုက်ကျပြီး တည့်တိုးဆန်တဲ့ အဖြေတစ်ခုပင်။

အတုအယောင် ယဥ်ကျေးမှုလဲ မရှိသလို သံသယဝင်တာမျိုးလဲ မတွေ့ရဘူး။

ကောင်းပြီလေ…

မင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ။

နီဟောင် ခေါင်းစောင်းလိုက်သည်။ ဒီနေရာမှာ လူအများစုသာဆိုရင် ဘာလို့ ဒီမေးခွန်းမေးလဲ သိချင်ကြမှာပင်။

ဒီဆိုင်ရှင်က ငါ့ကိုမြှားခေါ်ဖို့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာလား?

နီဟောင် ကြည့်နေရင်းမှာပင် ဟောင်က ပျင်းရိစွာအကြောတစ်ချက် ဆန့်လိုက်သည်။

“ ဒီနေရာက တစ်ကယ်ပဲဘာလဲ?”

နီဟောင်က အစီအရင်တစ်ခုခုရဲ့ အရိပ်အ​ယောင် ဒါမှမဟုတ် ချီစွမ်းအင်တုံ့ပြန်မှု တစ်ခုခုကို ရနိုင်မလား ဂရုတစိုက် အာရုံခံရင်း မေးခွန်းဆက်မေးလေ၏။

“ဆိုင်”

နီဟောင် ဆက်စောင့်သေးသည်။

ဒါပေမဲ့ရှင်းပြချက် ထပ်ထွက်မလာဘူး။

နီဟောင် ချောင်းတစ်ချက်ဟန့်လိုက်ကာ

“.... ဘာရောင်းတဲ့ဆိုင်လဲ?”

“ ပစ္စည်း”

နီဟောင် မျက်တောင်ခတ်ရပြန်ပြီ။

“....ပစ္စည်း”

“အင်းလေ”

ဟောင် ကတော့ အဖက်မလုပ်စွာ ဗိုက်ကို ပွတ်သပ်ရင်း ဟားသန်းလိုက်လေရဲ့။

အမှန်တိုင်းပြောရရင် သူ လိမ်နေတာမှ မဟုတ်တာပဲ။

သူ အစားအသောက်လို့ ပြောပြလို့ ရပါသည်။ ဒါပေမဲ့ ဒါဆို အရမ်းလွယ်ကူသွားမှာမလား?

သေချာပေါက် အခုဆိုင်မှာရှိနေတာတွေက စားစရာတွေပဲ… အသင့်စားခေါက်ဆွဲ၊ ဖျော်ရည်၊ မုန့်နဲ့ ပြီးတော့ ပြည်သူ့အချစ်တော် ရေခဲမုန့်… အကုန်လုံးက စားစရာများပင်။

ဒါပေမဲ့ စနစ်ရဲ့ပုံစံအရ ထပ်ရှိအုံးမှာပဲလေ။ အနာဂတ်မှာ စားစရာမဟုတ်တဲ့ပစ္စည်းတွေလဲ ရောက်လာနိုင်သည်။

ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့လေ..

မျှော်လင့်ရတာပဲ။

ဒီတော့ ရှင်းပြဖို့ရန် နည်းလမ်းများစွာ ရှိတာလဲ သိသည်။

ဒါပေမဲ့ ခေါင်းထဲမှာပေါ်လာတဲ့ပထမဆုံး စကားလုံးက ‘ပစ္စည်း’ ဆိုတာပဲ။

ဒီတော့ ဟောင်လဲ ဒီတိုင်းပဲ ပြောလိုက်တာပဲ။

ဒီလိုနဲ့ နှစ်ယောက်သား ထိုစကားလုံးကနေ ရှေ့ဆက်မတက်နိုင်တော့ချေ။

အမှန်ပြောရရင် ဟောင် ကိုယ်တိုင်လဲ ထုတ်ပြောပြီးနောက်မှာ ရင်ထဲ အနည်းငယ် အေးသွားတာပင်။

တစ်ကယ်လို့ နောက်တစ်ခေါက်ဆိုရင် ဘယ်လိုမျိုး မဖြစ်နိုင်စရာကောင်းတဲ့ ပစ္စည်းမျိုးပေါ်လာလောက်လဲ?

ရေကန်တစ်ခုလုံးကို နှစ်စက္ကန့်အတွင်း ခြောက်သွေ့အောင်လုပ်နိုင်တဲ့ ဆံပင်လေမှုတ်စက်တို့…?

ခန္ဓာကိုယ်ထဲက ဖုံးကွယ်နေတဲ့ သိုင်းသွေးကြောတွေ ဖွင့်ပေးနိုင်တဲ့ အနှိပ်ပစ္စည်းတို့…?

သူ ဒီထပ်ပိုပြီး မအံ့သြနိုင်တော့ပါချေ။

“.....”

နီဟောင်ကတော့ ဆွံ့အစွာ စိုက်ကြည့်နေဆဲပဲ။

ဒီလူက အရမ်းဆန်းကြယ်တဲ့ ဆိုင်ရှင်တစ်​ယောက်လား..? ဒါမှမဟုတ် စကားဝိုင်းမှာရှိသင့်တဲ့အခြေခံ ယဥ်ကျေးမှုကို နားမလည်တဲ့ တစ်လောကလုံးကို သောက်ဖက်မလုပ်တဲ့သူ.ဖြစ်နေတာလား?

နီဟောင်ရဲ့ မျက်နှာထားက အချိန်နဲ့အမျှ ရှုံ့မဲ့လာတော့၏။

“...ကောင်း..ပါ..ပြီ”

“ ဒါဆိုရင် ဒီဆိုင်ရဲ့ နာမည်ကကော?”

“ အပြိုင်ကမ္ဘာ ကုန်စုံဆိုင်”

ဒါပဲလား?

နီဟောင် မျက်ခုံးတွေ တွန့်လိမ်လာပြီ။

အပြိုင်ကမ္ဘာ…

ကုန်စုံဆိုင်…။

အပြင်က ဆိုင်တွေလိုမျိုး ‘ကောင်းကင်စံအိမ်တော်'တို့….

‘ဒဏ္ဍာရီလာနယ်မြေ'တို့…

‘မီးတောက်တစ်ထောင်ဆေး​ခြယ်တဲ့တာအို ရတနာတစ်ပါး’ တို့လို ဆန်းဆန်းကြယ်ကြယ်တွေ မဟုတ်ဘူးပေါ့။

ဒီတိုင်း.ကုန်စုံဆိုင်တဲ့လား?

အချိန်အကြာကြီးတံခါးပိတ်ထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းက အခုမှ သေမျိုးလောကထဲ ဝင်ရောဖို့ လုပ်​နေတာများလား?

ဒါမှမဟုတ် သာမာန်နေရာအဖြစ် ဟန်ဆောင်ထားတဲ့ တားမြစ်နေရာလား?

နီဟောင်ရဲ့ ဦးနှောက်က အဆမတန် အလုပ်လုပ်နေတော့သည်။

နေအုံး.. ဒါက လူတွေပြောနေတဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်တယ်ဆိုတာလား?

ငါထင်ခဲ့တဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်စေတဲ့ပုံရိပ်ယောင်ဆိုတာက လူတွေ ဖန်တီးထားတဲ့ ဧရာမအကောင်ကြီးတွေ ပျံလာတာမျိုးမြင်စေတဲ့ အစီအရင်တွေလို့လေ?

အခုလို ကောင်တာနောက်မှာရပ်နေပြီး ‘ပစ္စည်း’ လို့ခေါ်တဲ့အရာကို ရောင်းနေတဲ့ လူငယ် တစ်ယောက် မဟုတ်ဘူးလားလို့..?

သူ ဆိုင်ထဲကို တစ်ချက် လှမ်းကြည့်လိုက်သည်။

အရောင်စုံပြီးထူးဆန်းတဲ့အပြင် နာမည်တွေကလဲ သက်တမ်းတစ်လျှောက်လုံးမှာ မကြားဖူးခဲ့တဲ့ နာမည်တွေပဲ။

ပစ္စည်းတွေကလဲ… အရမ်းများသည်။

နီဟောင် စိတ်ရှုတ်လာပြီပင်။ သူ ခပ်ဖျော့ဖျော့ ပြုံးကာ လက်နောက်ပစ်လိုက်သည်။

“ ဟုတ်ပါပြီ ကြီးမြတ်တဲ့ ပိုင်ရှင်”

နီဟောင် ချဲ့ကားစွာ ယဥ်ကျေးမှု ပြလိုက်တော့သည်။

“ ဒါဆို ဘယ်လိုပစ္စည်းကိုရောင်းတာများလဲ?”

“ အစားအသောက်၊ ဖျော်ရည်၊ မုန့်”

ဟောင် ဖြေလိုက်သည်။

“အခုလောလောဆယ်ပေါ့”

ထိုမရေမရာအဖြေတွေကို ခေါင်းတစ်ချက် ညိတ်ပြပြီး နီဟောင် စင်တွေရှိရာဘက်ကိုသာ ခြေဦးတည်လေတော့၏။

သူ.လုံလောက်အောင် မြင်ပြီးသွားပြီ။

ဒီလူ… ဒီဆိုင်ပိုင်ရှင်ဆိုတဲ့လူက…

ငါ့ထက်ကို အရည်ထူတဲ့ကောင်ပဲ!

ဒီမှာငါတစ်ခု နားလည်လိုက်တယ်။

ဒီစကားဝိုင်းကိုသာ ဆက်ပြောနေရင် ငါ့ရဲ့သက်တမ်းတစ်ဖြည်းဖြည်း ကုန်တော့မှာ ကိုးဆယ်ရာခိုင်နှုန်းသေချာတယ်။

ကျန်တဲ့ဆယ်ရာခိုင်နှုန်းကို အရှက်မရှိတဲ့ ဒီဆိုင်ရှင်အစား ရှက်ပေးတဲ့အနေနဲ့ ဖယ်လိုက်တော့!

ဒီလူ သေချာပဲလုပ်နေတာလား ဒါမှမဟုတ် လုံးဝအကူအညီမဖြစ်တဲ့ အဖြေတွေကို စဥ်းစားနိုင်တဲ့သိုင်းပညာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်နေတာလား နီဟောင် သေချာ မသိတော့ပေ။

ဒါပေမဲ့ သူ သေချာသိတာတစ်ခု ရှိသည်။

သူသာ ဆက်မေးနေရင် ရလာမှာ အဖြေမဟုတ်တော့ဘူး။

စိတ်ကင်ဆာတွေပဲ!

စိတ်ပင်ပန်းစေလွန်းလို့ ရရှိလာမဲ့ အိုမင်းရင့်ရော်ခြင်းတွေပဲ!

ဆိုင်တစ်လျှောက် သွားလိုက်ရင်း စူးရှတဲ့မျက်လုံးတွေနဲ့ အားလုံးကို စစ်ဆေးလိုက်သည်။ စင်တွေဘက်ကို လှည့်ပတ်ကြည့်နေရင်းနဲ့ ဈေးနှုန်းတွေမြင်တိုင်း တိုးတက်လာတဲ့ မယုံကြည်မှုများသာ ရှိသည်။

ဒါက…

အပြင်က လိမ်စားနေတဲ့ဆိုင်တွေထက်တောင် ချီးထုပ်ဆန်သေးတယ်!

ငါ ဒီထပ်ပိုပြီး မရှင်းပြနိုင်တော့ဘူး!

ထို့နောက်မှာ “အမဲသားအရသာ အသင့်စားခေါက်ဆွဲအစပ်” ဆိုတဲ့ ခွက်တစ်ခွက်ကို ကောက်ကိုင်လိုက်တော့သည်။

“ အသင့်စားခေါက်ဆွဲ?”

ကြည့်ရတာ အမြန်ချက်လို့ရတဲ့ ခေါက်ဆွဲမျိုး ဖြစ်မဲ့ပုံပဲ။

ဖြစ်နိုင်တာကပေါ့။

ဒါပေမဲ့ ဘာကိစ္စ ဝိညာဥ်ကျောက်တုံး တစ်တုံးတောင် ကျရတာလဲ?!

ဒီလောက်သေးတဲ့ ဗူးကိုလေ!

သာမာန်ဆိုင်တွေက ပန်းကန်လုံးလောက်တောင် မရှိဘူး! ခွက်တစ်ခွက်ပဲကို!

ဘာကိစ္စ ငါကဒါကိုဝိညာဥ်ကျောက်တုံး တစ်တုံးပေးပြီး စားရမှာလဲ?

ဘာလဲ စားလိုက်တာနဲ့ အလင်းပွင့်စေမှာ မလို့လား?!

ဒီဆိုင်ရှင်က သောက်ကျိုးနည်းကြီးဟ!

သူပဲ အရှက်မရှိတာမဟုတ်ဘူး! တစ်ဆိုင်လုံးကိုပါ အရှက်မရှိတဲ့ပုံပေါက်အောင် ဖန်တီးနိုင်တယ်!

All Chapters