← Chapters

(တိုင်းပြည်ဧကရီ)

Vol. 10 Ch. 140

(တိုင်းပြည်ဧကရီ)

Vol. 10 Ch. 140

တံခါးပေါက်ကို ကြည့်နေရင်း နီဟောင် မယုံကြည်နိုင် ဖြစ်နေရသည်။

ဒီနေ့ရဲ့ ခံစားချက်က အတက်အကျ မြန်လိုက်တာ…။

အရိုင်းဆန်မှုတွေကော..

အန္တရာယ်တွေကော…

ပြီးတော့ ဦးနှောက်ထိစေတဲ့ ခေါက်ဆွဲတွေကောနဲ့…။

ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကတော့ စိတ်သွားတိုင်း ပါနေဆဲပဲ။

ဒီလောက်ဆို အောင်မြင်တယ် ခေါ်လို့ရနေပါပြီ။

သူ လွတ်သွားခဲ့ပြီလေ။

ဒီလိုနဲ့ ဆိုင်ထဲမှနီဟောင် ထွက်သွားလိုက်သည်။

ကြက်သားအလင်းပွင့်မှုနယ်ပယ်ထဲက ခေါက်ဆွဲကိုးကွယ်သူတွေ ကြားကနေပေါ့။

ထိုအချိန် ဆိုင်ထဲမှာတော့….

ဟောင်သည် ကောင်တာနောက်မှာ သံပုရာဆိုဒါကို တည်ငြိမ်စွာ သောက်နေ၏။

အိပ်ချင်နေတဲ့ ဖွင့်တစ်ဝက် နိုးတစ်ဝက် မျက်လုံးများက နီဟောင့်ကို တစ်ချိန်လုံး အကဲခတ်နေတာပင်။

အထဲကို ဝင်လာခဲ့ပြီး ယုံကြည်မှုရှိရှိနဲ့ မကောင်းကြံဖို့ တွေးနေတဲ့အချိန်ကနေ အခု သရဲတစ်ကောင်က သူ့ရဲ့နားထဲ တီးတိုးပြောသွားလို့ လန့်သွားတဲ့ပုံစံနဲ့ ထပြေးတဲ့အချိန်ထိပဲ။

ဝိညာဥ်မီးတောက်မြို့တော်…။

အဲ့ဒီနေရာက လေးစားစရာ ကျင့်ကြံသူတွေ ရှိတဲ့နေရာမဟုတ်ဘူးပဲ။

တစ်ကြိုးလွတ်နေတဲ့ မြို့တော်ဆိုတာ သူ.အတည်ပြုနိုင်သွားခဲ့ပြီ။

နေအပူရှိန်က ပြင်းလွန်းလို့ သူတို့ရဲ့ ဦးနှောက်ကိုပါ တစ်နည်းနည်းနဲ့ အရည်ပျော်စေခဲ့တာ ဖြစ်နိုင်သည်။

ဟောင် ဒိုရှင်းရှီကို လှမ်းကြည့်လိုက်သည်။

‘ဦးနှောက်ကြော် ကြွတ်ကြွတ်လေးရမယ်’

ဟောင် သက်ပြင်းချရင်း ခေါင်းသာ ရမ်းလိုက်တော့သည်။

အချိန်တွေ ကုန်သွားတာတောင်မှ ကျားအိုကြီးကျောင်းနဲ့ ဒိုရှင်းရှီက ဆိုင်ထဲမှာ ရှိနေကြဆဲဖြစ်ကာ ကျားကွက်ကစားနေသကဲ့သို့ အပီအပြင် ဆွေးနွေးမှု ပြုနေကြလေရဲ့။

တံခါးချပ်က ပွင့်လာခဲ့သည်။

ပုံမှန်ဖောက်သည်တွေ ရောက်လာပြီပဲ!

ထင်တဲ့အတိုင်း မဟာမြို့တော်က လူတစ်ချို့ ဝင်လာခဲ့သည်။

ဒါပေမဲ့ မဟာ​မြို့တော်က သူတွေအားလုံး တစ်ပြိုင်နက်ထဲ ပေါ်လာမယ်လို့တော့ ဟောင် မထင်ထားမိဘူး။

အရင်ဆုံး ဝင်လာသူက ဧကရာဇ် ဟုန်းရန်တို့ အုပ်စုပင်။ အထဲဝင်လာတာနဲ့ လယ်သမားပုံ ဖမ်းထားတာမို့ တန်းမှတ်မိလိုက်သည်။

အနောက်က လိုက်လာသူကတော့ ခါးမှာ ဓားကိုယ်စီ ချိတ်ဆွဲထားပြီး ရိုးရှင်းတဲ့ ဝတ်စုံများနဲ့ ရေလှိုင်းသံစဥ် ဓားဘုရင် ဂိုဏ်းကပင်။

နောက်ဆုံးကတော့ နှင်းပွင့်လွှာဂိုဏ်းဖြစ်ပြီး အမြဲလိုလို တင့်တယ်ပြီး ကျော့ရှင်းနေလေ၏။

ဧကရာဇ်က ရှေ့ဆုံးမှာရပ်လိုက်သည်။

ဒါပေမဲ့ ဧကရာဇ်တို့ အုပ်စုထဲမှာ မျက်နှာသစ် တစ်ယောက်ပါ၏။

သူမသည် ဧကရာဇ်ရဲ့ဘေးမှာ ရပ်နေသည်။ ဧကရာဇ်ရဲ့ ပုခုံးသာသာ အရပ်လေးနဲ့ နူးညံ့တဲ့ မျက်နှာလေးကိုမှ သေးငယ်တဲ့ ကိုယ်လုံးပါ ထည့်ပေါင်းလိုက်တော့ လေတစ်ချက် တိုက်တာနဲ့ လွင့်သွားနိုင်တဲ့ အခြေအနေမှာ ရှိသည်။

သူမရဲ့ တောက်ပတဲ့ အရှိန်အဝါက ကြိုးစားစရာမလိုဘဲ ထင်းထွက်နေသည်။

နေရောင်လွှမ်းနေတဲ့ ပိုးထည်တစ်ခုပမာ..။

အနည်းငယ် ဝိုင်းစက်တဲ့ သူမရဲ့ မျက်လုံးသည်လဲ ခရမ်းရောင်ပင်။

သူမရဲ့ နူးညံ့တဲ့မျက်နှာသည် ငယ်ရွယ်မှု အပြည့်ဖြင့်…. အနည်းငယ်လဲ ချစ်ဖို့ကောင်းသည်။

တစ်ဝက်ထုံးထားတဲ့ ဆံနွယ်ရှည်များကို ငွေရောင်လိပ်ပြာဆံထိုးဖြင့် တန်ဆာဆင်ထားသည်။

အောက်ကို ကျနေတဲ့ ဆံပင်များသည် လှိုင်းတွန့်လေးဖြစ်နေပြီး လှုပ်ရှားလိုက်တိုင်း ခါးအထိ ဝဲနေသည်။

သူမက အနည်းငယ် ကြီးနေတဲ့ အစိမ်းရောင် ဝတ်ရုံတစ်ထည် ဝတ်ထား၏။

အင်္ကျီလက်စတွေပင် ရှည်ထွက်နေသည်။

ခါးကြိုးကလဲ အောက်လျှောကျနေသေးသည်။

သူမရဲ့ ပုံစံက ဆိုင်ထဲခိုးလာနိုင်ဖို့ တစ်ယောက်ယောက်ရဲ့ အဝတ်အစားတွေ ငှားထားတဲ့ ကြောင်ပေါက်တစ်ကောင် အတိုင်းပဲ။

ဟောင်ရဲ့ ပထမဆုံးအတွေးက…

‘ မင်းသမီးရဲ့ ညီမ များလား?’

အကုန်လုံး အရှေ့တိုးလာကြသည်မို့ ဟောင် တွေးနေတာ ရပ်လိုက်သည်။

တစ်ယောက်ချင်းဆီက ဟောင်ကို အရိုအသေပေးကာ နှုတ်ဆက်ကြသည်။

ဟောင် ရိုးရှင်းစွာ တုံ့ပြန်လိုက်လေ၏။

“ ကြိုဆိုပါတယ်”

အပိုစကားတစ်ခုမှ မပြောချေ။

ဈေးဝယ်ကိုပေးတဲ့ ဝန်ဆောင်မှုက အကဲခ​တ်ရရင် ဆယ်မှတ်မှာ ငါးမှတ်ပဲ ပေးလို့ရမည်ပင်။ အပိုပျူငှာမှု မပြနေဘူး။

ကောင်မလေးအသစ်က ရုတ်တရက် ရယ်လိုက်သည်။

တစ်စုံတစ်ယောက်က သူမရဲ့နားထဲ ဟာသ တစ်ခု ကပ်ပြောသွားသလိုမျိုး နူးညံ့စွာ တစ်ခစ်ခစ် ရယ်လေ၏။

အကုန်လုံးက သူမကို အံ့သြစွာ လှည့်ကြည့်လာကြသည်။

ဧကရာဇ်ပင် တစ်ချက်​စောင်းကြည့်လိုက်ပြီးမှ ကူကယ်ရာမဲ့စွာ ပြုံးလိုက်တော့သည်။

သူမကို ဆူရမလား ရယ်ရမလား သူ မသေချာတော့ပေ။ သက်ပြင်းတစ်ချက်နဲ့အတူ ခေါင်းကိုသာ ဖွဖွ ကုတ်လိုက်လေ၏။

“ သူမကို ခွင့်လွှတ်ပေးလိုက်ပါ သခင်လေးဟောင်။ သူမက နည်းနည်း အဆော့သန်တယ်”

ထို့နောက်မှာ အလှလေးကို သူ့အပိုင်ဖြစ်ကြောင်း မိတ်ဆက်ရတော့မှာမို့ ယုံကြည်မှုအပြည့်နဲ့ ဧကရာဇ်က အရှေ့တစ်လှမ်း တိုးလိုက်ပြီး

“ သူမက ငါ့ရဲ့ချစ်လှစွာသော ဇနီး ရှန်ချန်းရို့ ပါ”

ဟောင် အလုပ်လုပ်နေတာ ခဏ ရပ်တန့်သွားသည်။

သူ့ရဲ့ခေါင်းထဲက ဂီယာတွေ စတင် အလုပ်လုပ်နေပြီ။

ဒါပေမဲ့ ရလဒ်မထွက်လာဘူး။

‘ဧကရာဇ်ရဲ့ဇနီး?’

‘ ဒါက ဧကရီပေါ့?’

သူ ထပ်မံပြီး ကြည့်လိုက်သည်။

ဒီနူးညံ့တဲ့ မိန်းကလေး ပိစိလေးကလေ?

မဖြစ်နိုင်တာ။

သူမက တစ်ကယ်ကြီး နှစ်ရာချီ နေပြီးသွားတာလား? ဘယ်လောက်ကောင်းတဲ့ စကင်ကဲတွေ သုံးထားတာလဲဟ?!

ဟောင် ဧကရာဇ်ကို ခပ်ဖြည်းဖြည်း ပြန်လှည့်ကြည့်လိုက်သည်။

သူ့ရဲ့မျက်နှာထားက တည်ငြိမ်လာသည်။

ထို့နောက်မှာ ဟောင် လက်တစ်ဖက် ​မြှောက်လိုက်လေ၏။

လက်ဖဝါးဖြန့်ထားပြီး ဘေးတစ်စောင်း ထားထားသည်။

ဧကရာဇ် ကြောင်သွားသည်။

လေထုတစ်ခုလုံး မလှုပ်ရှားတော့ပေ။

အုပ်စုသုံးခုက လူတွေအကုန် ရှုတ်ထွေးသွားကြသည်။

ဒါက ဘာလဲ? လျှို့ဝှက်သိုင်းပညာတစ်ခုလား? ပျောက်ကွယ်နေတဲ့ နှုတ်ဆက်ခြင်းတစ်မျိုးလား? တားမြစ် သိုင်းပညာလား?!

ဒါပေမဲ့ ဧကရာဇ်က လှုပ်ရှားလိုက်သည်။

သူ့ရဲ့ လက်နဲ့ ဟောင်ရဲ့လက်ကို ရိုက်ချလိုက်ကာ..

ဖတ်!

ချောမွေ့ပြီး ကျေနပ်ဖို့ကောင်းတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်မှာ လက်ပြန်ခွာလိုက်သည်။

နှုတ်ဆက်ခြင်းပြီးဆုံးပြီ။

သူတို့ စကားတစ်ခွန်းမှ မပြောကြပေ။

နားလည်မှုသာရှိသည်။

ယောက်ျားနှစ်ယောက်.. လက်ဝါးချင်းရိုက်ပြီး.. အဆုံးမရှိတဲ့လေးစားမှုကို ပြကြလေသည်။

‘ဟုန်းရန်..မင်းက ဒီလိုစော်မျိုးကို ရအောင်အိတ်ထဲကို ထည့်ထားခဲ့နိုင်တာ အရမ်းမိုက်တဲ့ အင်ပါယာပဲ’ ဟောင် တွေးလိုက်သည်။

အခု ဖြစ်ပျက်သွားတဲ့အရာကို အခန်းထဲက ဘယ်သူမှ မသိလိုက်ကြဘူး။

ဒါပေမဲ့ တစ်နည်းနည်းနဲ့ အဲ့ဒီနည်းစနစ်က.. မြင့်မြတ်တယ်လို့ ခံစားလိုက်ရ၏။

ဒဏ္ဍာရီဆန်တဲ့ ရင်းနီးမှုတစ်ခု တည်ဆောက်ပြီးသွားပြီ။

ဧကရီ ရှန်ချန်ရို့ရဲ့ တောက်ပတဲ့ မျက်လုံးများက တစ်ဖြတ်ဖြတ် ခတ်နေပြီး တစ်စက်မှ နားမလည်သော်ငြား အရှေ့က အဖြစ်အပျက်တွေကို သဘောကျနေတာ သိသာလှသည်။

သူမ ထပ်ပြုံးလိုက်ပြန်သည်။

သူမ ခေါင်းငုံ့လိုက်တာမို့ အင်္ကျီလက်စများပင် အနည်းငယ် တုန်သွားသည်။

ခပ်ဖြည်းဖြည်းနဲ့ သူမ ကိုယ်ပိုင်ကမ္ဘာထဲ ထပ်ရောက်သွားပြန်ပြီ။

“ အာ.. ကျွန်မ တောင်းပန်ပါတယ်”

သူမက နူးညံ့စွာပြောလိုက်သည်။

“ ငါအခု ရယ်ဖို့ မရယ်ရွည်ဘူး.. ငါဒီတိုင်း မထိန်းလိုက်နိုင်လို့”

သူမ ဟောင်ကို ရှက်ရွံ့စွာ လှမ်းကြည့်လိုက်သည်။

“ သခင်လေးက ကျွန်မ ယောက်ျားပြောခဲ့တာနဲ့ တစ်ပုံစံထဲပဲ”

သူမ ခဏရပ်သွားပြီး လက်နှစ်ဖက်နဲ့ အရိုအသေပြုဟန် လုပ်လိုက်သည်။ ဒီတစ်ခေါက် အားပိုပြင်းသည်။

“ ကျွန်မနာမည် ရှန်ချန်ရို့ပါ။ ပထမဆုံး တွေ့ဆုံခြင်းပဲ”

“ နည်းနည်း နောက်ကျနေတယ်ဆိုတာ သိပေမဲ့..”

သူမ ခေါင်းငုံ့လိုက်ပြီးမှ တိတ်တဆိတ် ပြန်ကြည့်လာကာ

“ ဒါပေမဲ့ ကျွန်မရှင့်ကို နှလုံးသားထဲကနေကို ကျေးဇူးတင်ပါတယ်”

“ ကျွန်မရဲ့သမီးလေး ချင်းယီကို ကယ်တင်ပေးတဲ့အတွက်”

အခန်းတစ်ခုလုံး ခဏလောက် တိတ်ဆိတ် သွားလေ၏။

ဟောင် ဧကရီကို ကြည့်လိုက်သည်။

သူမရဲ့ စကားလုံးတွေထက် မျက်နှာထားက ပိုဖော်ပြနိုင်သည်။

နူးညံ့တဲ့မျက်နှာထက်က..

တည်ငြိမ်တဲ့မျက်လုံးများနဲ့ အမေတစ်ယောက်…

အမေတစ်ယောက်က အမေတစ်​ယောက်နဲ့တူအောင် ဟန်ဆောင် လုပ်ယူဖို့ မလိုပါချေ။

ဧကရီရဲ့ မျက်နှာကို ဟောင် မမြင်ရရင်တောင်မှ.. ခံစားနိုင်သည်။

သူမရဲ့နှလုံးသားထဲမှာ အန္တရာယ်များတဲ့ အဆင့်ကို ကျော်ဖြတ်နိုင်တာတောင်မှ ပူပင်မှုတွေ ရှိနေဆဲဆိုတာကို။

ဒီလို ခံစားချက်မျိုးကို သူ.ဘယ်နှစ်ကြိမ်လောက် တွေ့ဖူးခဲ့လဲ?

သူ့ရဲ့ အမေ အ​ကြောင်းအရင်း မယ်မယ်ရာရာ မရှိဘဲ ပြဿနာရှာတဲ့အချိန်မျိုးတွေ…

မိုးရွာထဲ ဖိနပ်စီးသွားလို့အော်တာမျိုး..

သူ မကြည့်နေတဲ့ အချိန်မှာ တဘတ်တစ်ထည် ယူလာပြီး ဆံပင်လာသုတ်ပေးတာမျိုး…

ဟောင် မျက်တောင်ခတ်လိုက်သည်။

မှတ်ဉာဏ်တွေက ပြန်ဝင်ရောက်လာ၏။

အချိန်တွေ ကုန်သွားပေမဲ့ ခံစားချက်က ရှိနေဆဲပဲ။

ဒါပေမဲ့ အရင်အတိုင်းပဲ မပြောင်းလဲတဲ့ အသံဖြင့်ပြန်ပြောလိုက်သည်။

မသိလျှင် သူ့ရဲ့တစ်ဘဝလုံးကို ကောင်တာနောက်မှာပဲ ရှင်သန်ခဲ့တဲ့ မတူညီတဲ့ လူတစ်ယောက်ရဲ့ အသံမျိုးဖြင့်

“ စိတ်မပူပါနဲ့”

ဟောင် လက်တစ်ဖက်ယမ်းကာ ပြောလိုက်သည်။

“ ကျွန်တော်အရင်ကလဲ ပြောဖူးတယ်”

“ မင်းတို့ဘာမှ အကြွေးမတင်နေပါဘူး”

ဟောင် ဧကရာဇ်ကို ကြည့်လိုက်ပြီးနောက်မှာ

ဧကရီကို ပြန်ကြည့်လိုက်သည်။

“ မင်းတို့ရဲ့ သမီးကိုယ်တိုင်တောင်မှ အကြွေးမတင်ဘူး”

“ ပိုက်ဆံပေးပြီး စားခဲ့ကြတယ်”

“ အဲ့ဒါက သူမကို အကူအညီ ဖြစ်သွားတယ်”

“ မျှတတဲ့ အရောင်းအဝယ်ပဲလေ”

ဘယ်လိုစစ်မှန်မှုမျိုးကိုမှ ဖော်ကျူးခြင်း မရှိသလို ကျေးဇူးတရားနဲ့ အမျှင်တန်းအောင်လုပ်ဖို့ ရည်ရွယ်ချက် မရှိပေ။

သူ့အနေနဲ့ ခပ်လန်းလန်းပုံ ဟန်ဆောင်တာ မဟုတ်ပါချေ။

သူပြောသွားတာတွေက အမှန်တရားပဲ။ သူက လူတွေလိုက်ကယ်နေတဲ့သူ မဟုတ်ဘူး။

သူ ဈေးရောင်းနေတာ။

ဒါပဲ။

စာစဉ်ပြီး၏

All Chapters