← Chapters

အိမ်ထောင်ပြုရန် တိုက်တွန်းခြင်း

Vol. 31 Ch. 462

အိမ်ထောင်ပြုရန် တိုက်တွန်းခြင်း

Vol. 31 Ch. 462

အနက်ရောင်၀တ်စုံများဝတ်ဆင်ထားသည့် လူဒါဇင်ပေါင်းများစွာက လမ်းမကြီးပေါ်တွင် အပြေးအလွှား ခရီးနှင်နေကြသည်။ ရှောင်းကျဲယွိနှင့် စူးချင်း၏ ရထားလုံးတွဲများကို မြင်လိုက်ရချိန်တွင် သူတို့က သူတို့မြင်းများ၏ဇက်ကြိုးကို ပြန်ဆွဲထားလိုက်ကြသည်။ ရှောင်းကျဲယွိတို့က ညနက်သန်းခေါင်တွင် ပစ္စည်းများသယ်ဆောင်လာသောကြောင့် ထိုလူများက သူတို့ကို လူဆိုးသူခိုးများဟု သတ်မှတ်လိုက်ပြီး ခေါင်းဆောင်ဖြစ်ဟန်တူသူက ရှောင်းကျဲယွိကို ဓားဖြင့် ရွယ်ကာ လှမ်းမေးလိုက်သည်။

"အဲ့ဒီရထားလုံးတွေထဲမှာ ဘာတွေ ရှိလဲ?"

ရှောင်းကျဲယွိက အေးအေးဆေးဆေး ပြန်မေးလိုက်သည်။

"မင်းက ဘယ်သူလဲ?"

"သူတို့အားလုံးကို သတ်လိုက်တော့"

ရှောင်းကျဲယွိက ပြန်မဖြေရုံတင်သာမကဘဲ သူ့မေးခွန်းကို မေးခွန်းဖြင့် တုံ့ပြန်လိုက်သောကြောင့် ထိုအနက်ရောင်ဝတ်လူက စိတ်မရှည်တော့ဘဲ သူ့နောက်မှ သူ့လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြလိုက်ပြီး စူးချင်း၊ ရှောင်းကျဲယွိနှင့် ကျိုးပေါ်တို့ကို သတ်ရန် အမိန့်ပေးလိုက်သည်။

အမိန့်ပေးပြီးနောက် သူက ရှောင်းကျဲယွိတို့ကိုပင် မကြည့်တော့ပေ။ သူ့မျက်လုံးထဲမှာတွင် ဤလူသုံးယောက်က သေလူများ ဖြစ်သွားပြီ ဖြစ်သည်။ ထို့နောက်သူက ရထားတွဲရှစ်စီးကို စစ်ဆေးရန် နောက်ထပ် လက်အောက်ငယ်သား နှစ်ဦးကို စေလွှတ်လိုက်သည်။

"သွားစမ်း၊ ရထားလုံးတွေပေါ်မှာ ဘာတွေပါလဲဆိုတာ သွားကြည့်ကြစမ်း"

သူ စကားသံ ဆုံးသွားသည်နှင့် ရှောင်းကျဲယွိကို သတ်ရန် စေလွှတ်လိုက်သော အနက်ရောင်ဝတ်လူတချို့က အော်ဟစ်ညည်းညူလိုက်ကြပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က ကောင်းမွန်စွာ ပူးပေါင်းတိုက်ခိုက်နေပြီး တစ်ယောက်ချင်းစီက လူနှစ်ဦးစီ အသီးသီး ဖြေရှင်းလိုက်ကြသည်။

ကျိုးပေါ်က ရထားလုံးပေါ်တွင် မလှုပ်မယှက် ထိုင်နေဆဲဖြစ်ကာ ရှောင်းကျဲယွိနှင့် စူးချင်းတို့ သတ်ဖြတ်နေသည်ကို ကြည့်နေရင်း သူ့မုတ်ဆိတ်များကို ပွတ်သပ်ကာ ပြုံးနေပြန်သည်။

အဘိုးအိုက မကူညီသည့်အပြင် စူးချင်းကိုပါ လှမ်းအော်လိုက်သေးသည်။

"ချင်းကောင်မလေး၊ လူတွေကို သတ်ရတဲ့အလုပ်က ပင်ပန်းလွန်းတယ်။ မင်း ရထားလုံးပေါ် ပြန်တက်ပြီး အေးအေးဆးဆေး ပွဲကြည့်သင့်တယ်!"

"ဆရာဦးလေးကတောင်မှ ကျွန်မကို မျက်နှာသာပေးနေပြီ"

ရှောင်းကျဲယွိကတော့ ဘာမှမပြောနိုင်လောက်အောင် ကူကယ်ရာမဲ့ ဖြစ်သွားရသည်။

သူ့ရဲ့ဆရာဦးလေးက သေရည်မျက်နှာနဲ့ ချင်းအာ ကျေနပ်စေဖို့ သူ့ရဲ့တူတပည့်ကိုတောင် ရောင်းစားလိုက်ပြီ။

"ဆရာကြီး၊ ဒီခွေးတွေက ကျွန်မတို့ရဲ့ခရီးကို နှောင့်နှေးစေခဲ့တယ်"

စကားပြောနေရင်းဖြင့် စူးချင်းက သူမ၏လက်ထဲမှ ကြာပွတ်ကို ဆန့်ထုတ်ကာ ရထားလုံးများကို ရှာဖွေရန် ခုန်တက်တော့မည့် အနက်ရောင်၀တ်လူတစ်ယောက်ကို ကြာပွတ်ဖြင့် ရစ်ပတ်လိုက်ပြီး သစ်ပင်တစ်ပင်ဆီသို့ လွှဲရိုက်ရိုက်သည်။ အနက်ရောင် ၀တ်ဆင်ထားသည့် သနားစရာ အမျိုးသားခမြာ သူ့လက်နှစ်ဖက်ဖြင့် စူးချင်း၏ကြာပွတ်ကို ကိုင်ထားရင်း လေထဲတွင် တွန်းတိုးကန်ကျောက်နေကာ ဘာမှ မသိလိုက်ဘဲ အသက်ထွက်သွားရသည်။

"ကောင်းတယ်၊ ကောင်းလိုက်တဲ့ အရည်အချင်း"

ကျိုးပေါ်က စူးချင်း၏ သပ်ရပ်ပြီး တိကျသော သတ်ဖြတ်မှုများကို ကြည့်နေရင်း သူမကို ချီးကျူးလိုက်သည်။ ထို့နောက် သူက ရှောင်းကျဲယွိကို အထင်အမြင်သေးစွာ အော်ဟစ်လိုက်သည်။

"ယွိအာ၊​ မင်း ​နောက်​ကျနေပြီ၊ မြန်​မြန်တိုက်"

ရှောင်းကျဲယွိက အနက်ရောင်၀တ်စုံဝတ်လူတစ်ယောက်ကို ဓားဖြင့် ခုတ်လိုက်ရင်း အဘိုးအိုကို ပြန်အော်ပြောလိုက်သည်။

"ဆရာဦးလေး၊ ဒီတစ်ယောက်ဆိုင် သရေပြန်ဖြစ်သွားပြီ”

စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ အရည်အချင်းကို မြင်လိုက်ရချိန်တွင် ခေါင်းဆောင်က အံ့သြထိတ်လန့်သွားတော့သည်။

သူတို့ ဒုက္ခရှာလိုက်မိပြီလား?

"ရွှီး... နောက်ပြန်ဆုတ်ကြစမ်း"

သူတို့ မနိုင်တော့မှန်း သိလိုက်ချိန်တွင် အနက်ရောင်ဝတ်လူများ၏ခေါင်းဆောင်က အလျင်အမြန် လေချွန်လိုက်ပြီး ကျန်နေသည့်အနက်ရောင်ဝတ် ဒါဇင်ပေါင်းများကို အမြန် ပြန်ထွက်ခွာရန် အချက်ပြလိုက်သည်။

"ပြေးမလို့လား?"

စူးချင်းက သူတို့ကို မည်သည့်နည်းနှင့်မျှ လွှတ်ပေးတော့မည်မဟုတ်ပေ။ သူမ၏ခန့်မှန်းချက်အရ ထိုလူများက တော်ဝင်ရုံးတော်၏သိုင်းသမားများ ဖြစ်နိုင်ပြီး သူတို့ ညဘက်ကြီး ခရီးထွက်နေသောကြောင့် တစ်ခုခု ကြံစည်နေကြောင်း သိသာနေသည်။ ထို့ကြောင့် သူမက ရှောင်းကျဲယွိဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

"တစ်ယောက်ကို အရှင်ချန်ထားလိုက်"

စူးချင်းက ခေါင်းဆောင်ဖြစ်ဟန်တူသူကို ရည်ညွှန်းကာ ပြောလိုက်ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ယနေ့ညတွင် မြောက်လေများ တိုက်ခတ်နေသောကြောင့် သူမက ထိုလူများ၏ မြောက်ဘက်သို့ မြင်းစီးသွားလိုက်ပြီး သူမ၏အစွမ်းထက်ဆေးမှုန့်များကို ကြဲချလိုက်သည်။

ရှောင်းကျဲယွိက ထိုလူများကို နောက်မှ လိုက်တိုက်ခိုက်နေသောကြောင့် သူတို့က စူးချင်းကို သတိမမူမိသလို သူမ ဆေးမှုန့်များ အသုံးပြုမည်ဟုလည်း မည်သူမျှ မမျှော်လင့်ထားကြပေ၊ ထို့ကြောင့် သူတို့အားလုံးကို သတိလက်လွတ်ဖြစ်နေကာ ဆေးမှုန့်များ ရှုမိပြီး မြင်းပေါ်မှ ပြုတ်ကျကုန်ကြတော့သည်။ ခေါင်းဆောင်တစ်ဦးသာ ကျန်နေတော့ပြီး သူက သူ့မျက်နှာကို အလျင်အမြန် အုပ်ထားနိုင်ခဲ့သောကြောင့် ဆေးမှုန့်များကို အများကြီး မရှူမိလိုက်ခြင်း ဖြစ်သည်။

သူ့လက်အောက်ငယ်သားများ မြင်းပေါ်မှ ပြုတ်ကျသွားသည်ကို မြင်နေရသော်လည်း သူ့မြင်းကို အရှိန်တင်ကာ ထွက်ပြေးသွားခဲ့သည်။ သို့သော် သူ အဝေးသို့ ထွက်မပြေးနိုင်မီ စူးချင်း၏ လျှို့ဝှက်မြှားတိုလေးက သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။

ရှောင်းကျဲယွိက သူ့ဆီသို့ အလျင်အမြန် ရောက်သွားခဲ့ပြီး သူ့ပါးစပ်ကို ဆွဲဖွင့်ကာ အဆိပ်အိတ်ကို ထုတ်ယူလိုက်ပြီး ခါးပတ်ကြိုးပြားနှင့် ချည်နှောင်လိုက်သည်။

ကျိုးပေါ်က အော်ဟစ်ညည်းညူပြီး ရထားလုံးပေါ်သို့ လဲကျသွားသည်။

"အိုက်ယား၊ ချင်းကောင်မလေး၊ ငါ အရမ်းမူးနေပြီ"

စူးချင်းက ကျိုးပေါ်ကို ကြည့်ကာ ရယ်မောနေလေသည်။

သူမ ဆေးမှုန့်တွေကို ဖြန်းလိုက်တာ အချိန်အတော်ကြာနေပြီလေ၊ သူက အခုမှ မူးလဲသွားတယ်ပေါ့။ ဒီကလေးဆန်တဲ့ လူအိုကြီးကတော့ ဘယ်အရာကိုမဆို ပျော်ပျော်ပါးပါး ကစားချင်နေတော့တာပဲ။

သူမ သူ့ကို လျစ်လျူရှုထားလိုက်ပြီး ကျိုးပေါ် ဘယ်အချိန်မှ သူ့ဘာသာသူ ပြန်ထလာမည်ကို သူမ သိချင်နေမိသည်။

"သူတို့အားလုံးကို သတ်ပစ်လိုက်၊ ဘယ်သူကိုမှ အရှင်မထားနဲ့"

စူးချင်းက ဤဝန်ထုပ်ဝန်ပိုးများကို သူမနှင့်အတူ မယူသွားချင်ဘဲ သူတို့ကို သတ်လိုက်ခြင်းက သူမတို့အတွက် ဒုက္ခပိုနည်းစေမည်ဟု တွေးကာ အားလုံးကို သတ်ရန် ဆုံးဖြတ်လိုက်သည်။

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး သူတို့ တစ်ယောက်ပြီး တစ်ယောက် သတ်ကာ ရှာဖွေရေး စတင်နေတော့သည်။ သူတို့ အငတ်ဘေးမှ ထွက်ပြေးကြချိန်တွင် ရရှိခဲ့သော အလေ့အကျင့်ကောင်းကို သူ လုံးဝ မစွန့်လွှတ်နိုင်သေးပေ။

ကျိုးပေါ်က ရထားလုံးပေါ်တွင် နေ့တစ်ဝက်လောက် အိပ်နေမည်ဟု တွေးထားခဲ့သော်လည်း မည်သူကမျှ သူ့ကို ဂရုမစိုက်ကြပေ။ အဘိုးအိုက သူ့မျက်လုံးတစ်ဖက်ကို ဖွင့်ကာ ချောင်းကြည့်လိုက်ပြီး ရှောင်းကျဲယွိတစ်ယောက် ရန်သူများအား တစ်ယောက်ပြီး တစ်ယောက် ရှာဖွေနေသည်ကို သူ တွေ့လိုက်ရသည်။

ယခုအချိန်တွင် သူ သူဟန်ဆောင်နေသည်ကို မေ့သွားပြီး ရထားလုံးပေါ်မှ ခုန်ဆင်းကာ သူ့တူတပည့်လေးဆီသို့ လျှောက်သွားလိုက်သည်။ သူက လက်နှစ်ဘက်ကို ကျောပစ်ထားရင်း အနက်ရောင်၀တ်လူများကို လှန်လှောရှာဖွေနေသည့် ရှောင်းကျဲယွိကို ကြည့်ကာ ရွံရှာဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ယွိအာ၊ မင်းက ဒီနည်းလမ်းတွေကို တော်တော်လေး ရင်းနှီးနေပုံပဲ၊ ဒါက ဓားပြတွေလုပ်တဲ့ အလုပ်တွေ မဟုတ်ဘူးလား? ငါ့ကို ပြောစမ်းပါဦး၊ မင်းက အနာဂတ်မှာ ကြီးမြတ်တဲ့လူဖြစ်လာမှာ မဟုတ်ဘူးလား? မင်းမှာ ဘာလို့ ဒီလောက်နိမ့်ကျတဲ့အပြုအမူမျိုး ရှိနေရတာလဲ?"

"ဆရာဦးလေး၊ ကျွန်တော်တို့ ကပ်ဘေးကနေ ထွက်ပြေးလာတဲ့အချိန်မှာ ဒီအလေ့အထကို စပြီး ကျင့်သုံးခဲ့တာလေ။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့ အစားအသောက်နဲ့ အဝတ်အစားတွေ အကုန်လုံးကို သူတို့က ကျွန်တော်တိုဆီ လာလာပို့ကြတာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ရှက်နေစရာ ဘာအကြောင်းမှ မရှိဘူး"

ရှောင်းကျဲယွိက သူ လုပ်နေသည့်အလုပ်ကို မရပ်တန့်ခဲ့ပေ။ ရှာဖွေပြီးသည်နှင့် သူက ဓားတစ်ချက်ဆီ အဖိုးအခ ပြန်ပေးလိုက်ပြီး အိပ်ပျော်နေသည့် အနက်ရောင်ဝတ်အမျိုးသားများကလည်း အေး‌အေးဆေးဆေး အသက်ထွက်သွားကြသည်။

ကျိုးပေါ်က သူ့၏တူတပည့်ကို လှောင်ပြောင်နေချိန်တွင် စူးချင်းက ခေါင်းဆောင်ဖြစ်သူကို ဆွဲထူလိုက်ပြီး ဆေးရှိန်ပြယ်သွားရန် ကူညီပေးလိုက်သည်။

"ပြောစမ်း၊ နင်တို့ ဒီမှာ ဘာလာလုပ်တာလဲ?"

"ငါ့ကို သတ်လိုက်!"

အနက်ရောင်ဝတ် အမျိုးသားက ဒဏ်ရာအပြင်းအထန် ရထားပြီးသားဖြစ်ကာ သူ စကားပြောလိုက်သည်နှင့် သူ့ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ သူက ခက်ထန်သောသူ ဖြစ်ပြီး စူးချင်းကို မကြောက်မရွံ့ ပြန်စိုက်ကြည့်နေခဲ့သည်။

"ငါ နင့်ဆီကနေ ဒါကို ရှာတွေ့ထား ပြီးပြီ"

စူးချင်းက လျှို့ဝှက်စာတစ်စောင်ကို ဝှေ့ယမ်းပြလိုက်ပြီး "ဒီမှာ ပြောထားတာ‌တော့ ငါ့ကို သတ်ဖို့ အနောက်ယူနန်က သရဲငါးကောင်ကို ရှာဖို့ လော့ချန်ရဲ့စီရင်စုအမတ်ကို ခေါ်သွားရမှာလား?"

"မင်းက... မင်းက စူးချင်းလား?"

စူးချင်း၏စကားကို ကြားလိုက်ရချိန်တွင် အနက်ရောင်ဝတ်လူ၏မျက်လုံးများက ပြူးကျယ်သွားပြီး သူ့မျက်လုံးများမှ ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

ဒီမိန်းမက ဧကရာဇ်ရဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ဖြစ်တဲ့ သွေးစွန်းဓားမြှောင်အဖွဲ့ကို သတ်ခဲ့တဲ့အပြင် အစွမ်းထက်တဲ့ လူသတ်လက်နက်ကြီးကို ဖန်တီးခဲ့တယ်။ အခု ဧကရာဇ်မင်းမြတ်က ဒီမိန်းမကြောင့် အိပ်မပျော်နိုင်ဖြစ်နေပြီး သူမကို ဖြေရှင်းဖို့ အနောက်ယူနန်မှာရှိတဲ့ သရဲငါးကောင်ကို ရှာဖွေဖို့ သူတို့ကို လောချန်အထိ စေလွှတ်လိုက်ရတယ်။

အနောက်ယူနန်ပြည်နယ်မှ သရဲငါးကောင်က မြေအောက်ကမ္ဘာမှ မရဏဧကရာဇ်များ ဖြစ်ကြသည်။ သူတို့၏ဂိုဏ်းက အလွန်ကြီးမားပြီး သူတို့၏တပည့်များက မြေအောက်လောကတစ်ခုလုံးကို စိုးမိုးထားကြသည်။ တစ်‌ယောက်ယောက်က အလုံအလောက် ငွေပေးချေနိုင်သရွေ့ သူတို့မသတ်ပေးနိုင်သည့်လူ မရှိပေ။ သို့သော် အနောက်ယူနန်ပြည်နယ်မှ သရဲငါးကောင်ကို ငှားရန် အခကြေးငွေက ကြီးမားလွန်းပြီး သတ်ရန်ခက်ခဲလေလေ စျေးကြီးလေလေ ဖြစ်သည်။ အလုပ်ပြီးလျှင်လည်း သူတို့ကို ပိုက်ဆံမပေးဘဲ နေရဲသူဟူ၍ မရှိပေ။ ထို့သို့ ပိုက်ဆံမပေးသူများကလည်း အားလုံး သေကုန်ပြီ ဖြစ်သည်။

"မင်းမှာ အသက်ရှင်ဖို့ အကြောင်းပြချက် မရှိတော့ဘူး"

သူမ သိချင်သည့်အရာကို သိလိုက်ရပြီး ဖြစ်သောကြောင့် ဤအနက်ရောင်ဝတ်လူက အသက်ရှင်နေရန် မလိုတော့ဘူးဟု စူးချင်း ဆုံးဖြတ်လိုက်သည်။ စူးချင်းက သူ့အသက်ကို ဓားတစ်ချက်ဖြင့် အဆုံးသတ်ကာ ငရဲဘုရင်ထံသို့ အရောက်ပို့ပေးလိုက်သည်။

"ချင်းကောင်မလေး၊ ခွေးဧကရာဇ်က မင်းကို ဖယ်ရှားဖို့ ယူနန်သရဲငါးကောင်ကို လိုက်ရှာနေတာလား?"

ကျိုးပေါ်က စူးချင်းဆီသို့ လျှောက်လာပြီး သူ့အမူအရာတွင် စိုးရိမ်မှုများ ပြည့်နှက်နေလေသည်။

ယူနန်သရဲငါးကောင်ဆိုတာက သူတို့ရဲ့ မျက်နှာအစစ်ကို ဘယ်သူမှ မမြင်ဖူးဘူး။ ယောက်ျားလား မိန်းမလားတောင် မသိကြရဘူး။ အဲ့လူတွေက တနှစ်ပတ်လုံး သရဲမျက်နှာဖုံးတွေကို ၀တ်ဆင်ထားလို့သာ သူတို့ကို အနောက်ယူနန်ရဲ့သရဲငါးကောင်လို့ ခေါ်ကြတာလေ။

"မင်း သတိထားရမယ်။ ဒီလူတွေက ကဝေပညာကို ကျွမ်းကျင်ပုံရတယ်။ သူတို့ကို သတ်လို့ မရဘူး"

"ရပါတယ်၊ ကျွန်မက သရဲတွေကို ဖမ်းတာ အကျွမ်းကျင်ဆုံးလူပဲ"

စူးချင်းက လုံးဝ အလေးအနက် မထားပေ။ ရှောင်းကျဲယွိက အလောင်းများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ပြန်ရောက်လာချိန်တွင် သူ့ဆရာဦးလေး၏စကားကို ကြားသွားပြီး အလွန်စိုးရိမ်သွားခဲ့သည်။ သူက စူးချင်းဆီကို လျှောက်သွားလိုက်ပြီး သူမကို အကြံပေးလိုက်သည်။

"ချင်းအာ၊ မင်း ကျင့်ရှီလျိုမြောင်ကို ပြန်သွားသင့်တယ်။ စစ်ပွဲဆိုတာက ယောက်ျားတွေ လုပ်သင့်တဲ့ အလုပ်ပါ"

သူ ချင်းအာကို အန္တရာယ်တောထဲ အကျမခံနိုင်ဘူး။ လူတစ်ယောက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ရန်သူက အမှောင်ထဲမှာ ပုန်းအောင်းနေပြီး အန္တရာယ်ဖို့ ကြိုးစားနေရင် တားဆီးဖို့ မလွယ်ဘူး။

"သူက ကျွန်မကို သတ်ချင်နေတာလေ၊ ကျင့်ရှီလျိုမြောင်ကို ပြန်သွားတာက ကျွန်မအတွက် ပိုအန္တရာယ်ရှိတာ မဟုတ်ဘူးလား?"

စူးချင်း၏ မျက်လုံးများတွင် သတ်ဖြတ်ခြင်းရောင်ဝါများ တောက်ပနေပြန်သည်။ "အကောင်းဆုံးနည်းလမ်းကတော့ သူတို့ကို ဖယ်ရှားပစ်ဖို့ပဲ"

"ဒါဆို ဒီနေ့ကစပြီး ကိုယ်တို့ ခွဲနေလို့ မရတော့ဘူး။ ကိုယ် မင်းအနားမှာ တချိန်လုံးနေပြီး မင်းကို ကာကွယ်ပေးမယ်"

စူးချင်း၏စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသောကြောင့် ရှောင်းကျဲယွိက သူမကို ကျင့်ရှီလျိုမြောင်သို့ ပြန်ခွင့်မပြုတော့ဘဲ သူမကို အနီးကပ်ကာကွယ်ပေးရန် ကမ်းလှမ်းလိုက်သည်။

သို့သော် ကျိုးပေါ်က သူတို့ကို ရေအေးဖြင့် လောင်းချလိုက်သည်။

"မင်းတို့ အိမ်​​ထောင်​ပြုရ​သေးဘူး မဟုတ်လား!"

"ဆရာဦးလေး၊ ခင်‌‌ဗျား စည်းကမ်းတွေကို ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ် လျှောက်သွားနေတာ မဟုတ်ဘူးလား? အခု ဘာလို့ ဒီလောက်တောင် အမြင်ကျဥ်းနေရတာလဲ? ကျွန်တော်က ချင်းအာက လွဲပြီး တခြားဘယ်သူနဲ့မှ လက်ထပ်မှာ မဟုတ်ဘူး၊ ဘာလို့ ဒီလောက်တောင် စိတ်ပူနေရမှာလဲ?"

သူ့၏ဆရာဦးလေးက သဘာဝအတိုင်း လွတ်လွတ်လပ်လပ် နေတတ်ပြီး လောကကျင့်ဝတ်ဆိုင်ရာ ကန့်သတ်ချက်များကို မုန်းတီးကြောင်း သူ၏မွေးစားဖခင်ထံမှ ရှောင်းကျဲယွိ သိထားပြီး ဖြစ်သည်။

သူ ဒီနေ့ နည်းနည်းလေး ရူးသွပ်နေတာလား?

"ဟား ဟား..."

ကျိုးပေါ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

တကယ်တော့ သူက သူတို့ မြန်မြန် အိမ်ထောင်ပြုဖို့ တိုက်တွန်းမယ်ဆိုတဲ့ အတွေးနဲ့ စကားစလိုက်တာပါ။

"ငါ ဆိုလိုတာက မင်းတို့နှစ်ယောက် မြန်မြန် လက်ထပ်သင့်တယ်။ ချင်းအာက အရမ်း ထူးချွန်တယ်နော်၊ မင်းက ဒီလောက် ညံ့ဖျင်းနေတာ။ သူ ထွက်ပြေးသွားရင် မင်း ဘယ်လိုလုပ်မလဲ?"

ရှောင်းကျဲယွိ၏မျက်နှာတွင် အနက်ရောင်မျဉ်းများ ပြည့်နှက်လာတော့သည်။

ဒါက သူ့ရဲ့ဆရာဦးလေးလား?

ဒါပေမယ့်...

ဒါက အကြံကောင်းတစ်ခုပဲ။

ရှောင်းကျဲယွိက စူးချင်းကို စူးရှပြီး တောက်လောင်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်ရင်း သးမ၏သဘောထားကို မေးမြန်းလိုက်သည်။

"ချင်းအာ၊ ချင်းအာရော ဘယ်လို သဘောရလဲ?"

All Chapters