← Chapters

ကိုယ်ဝန်ရှိနေလို့ လက်ထပ်တာလား?

Vol. 31 Ch. 464

ကိုယ်ဝန်ရှိနေလို့ လက်ထပ်တာလား?

Vol. 31 Ch. 464

စူးဟန်ရွှမ်က သူ့သမက်နောက်တွင် ထိမ်းမြားလက်ထပ်လက်ဆောင်များ ရှည်လျားစွာ တန်းစီထားသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။

သူ ဒီလို အချိန်တိုလေးအတွင်းမှာ ဒီလောက်များတဲ့ ထိမ်းမြားလက်ဆောင်တွေကို ဘယ်လိုပြင်ဆင်ခဲ့တာလဲ?

“သားမက်က ယောက္ခမကို အရိုအသေပေးပါတယ်”

ရှောင်းကျဲယွိက သူ့ဝတ်ရုံရှည်၏ အရှေ့ဘက်အောက်နားကို မတင်ကာ စူးဟန်ရွှမ်ကို အလေးအနက် အရိုအသေပေးရန် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ စူးဟန်ရွှမ်က သူ့ကို လက်နှစ်ဖက်ဖြင့် အမြန်ထူမပေးလိုက်သည်။

"ယွိအာ၊ မြန်မြန် ထပါ၊ လာ အိမ်ထဲဝင်”

အတွင်းခန်းထဲတွင်လည်း ယန်ရူရွှယ်က သမီးဖြစ်သူ၏လက်လေးကို ကိုင်ထားရင်း မေးမြန်းနေခဲ့သည်။

"ချင်းအာ မင်းတို့ ဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ?"

နောက်နှစ်မှ လက်ထပ်ဖို့ သဘောတူထားခဲ့ကြတာမဟုတ်ဘူးလား?

သူမ၏သမီးက ရုတ်တရက် ပြန်ရောက်လာပြီး ရှစ်ရက်အတွင်း လက်ထပ်တော့မည်ဟု ပြောလာသောကြောင့် ယန်ရူရွှယ်က သံသယဖြစ်နေခဲ့သည်။

သူမရဲ့သမီးလေးနဲ့ ရှောင်းကျဲယွိက တိတ်တဆိတ် ပေါင်းသင်းနေကြပြီး ကိုယ်ဝန်ရှိနေလို့ အခုလို မြန်မြန်ဆန်ဆန် လက်ထပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့တာလား?

“ရွှေရှန့်ရဲ့ ဆရာဦးလေးက နှစ်ဆယ့်ကိုးရက်နေ့က နေ့ကောင်းရက်မြတ်လို့ ပြောတယ်။ အဲ့နေ့ကို လွတ်သွားရင် နောက်သုံးနှစ် ထပ်စောင့်ရမယ်တဲ့”

စူးချင်းက သူမ၏အမေ သူမနှင့် ရှောင်းကျဲယွိတို့ တိတ်တဆိတ် ပေါင်းသင်းပြီး အကြင်လင်င့်မယား ဖြစ်နေပြီဟု တွေးနေသည်ကို လုံးဝ မရိပ်မိခဲ့ပေ။ ထို့ကြောင့် သူမက ကျိုးပေါ်၏စကားများကို ပြန်ပြောပြလိုက်သည်။

“ရွှေရှန့်ရဲ ဆရာဦးလေးလား?”

ယန်ရူရွှယ်က ထိုလူ၏အကြောင်းကို တစ်ခါမှ မကြားဖူးသည့်အတွက် သူမ ပို၍ သံသယဖြစ်သွားခဲ့သည်။ သို့သော်လည်း သူမ၏သမီးလေးအား ကိုယ်ဝန် ရှိနေသောကြောင့် လက်ထပ်ရန် အလျင်လိုနေသလားဟုလည်း သူမ မမေးရက်ပြန်ပေ။

“ဟုတ်တယ်၊ သူရဲ့ဟောဟိန်းတွေက အရမ်းမှန်တယ်၊ အရမ်းလည်း ထိရောက်တယ်၊ သူ့မှာ မသေမျိုးတစ်ဝက် ခန္ဓာကိုယ်တောင် ရှိနေပြီ”

စူးချင်းက ကျိုးပေါ်၏အကြောင်းကို အတိုချုံးမိတ်ဆက်ပေးပြီးနောက် သူမတို့ စကားဝိုင်း၏ခေါင်းစဥ်ကို လွမ်ဟုန်ဆီသို့ စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ဒါနဲ့ စကားမစပ်... အဖေအတွက် ကျန်းကျင့်လင်းနဲ့ ပြန်ပို့ခိုင်းတဲ့ စာကို ရပြီးပြီလား”

“အင်း... သမီးရဲ့အဖေက ကျန်းကျင့်လင်းကို အိမ်မှာ ညစာစားဖို့တောင် ဖိတ်ပြီးပြီ၊ သူ့ကို လွမ်ဟုန်နဲ့ တွေ့ခွင့်ပေးလိုက်တယ်လေ။ သမီးရဲ့ဦးလေးနဲ့ အဒေါ်ကလည်း သူ့ကို အရမ်းသဘောကျနေကြတယ်”

သမီးဖြစ်သူ၏စကားကို ကြားလိုက်ရချိန်တွင် ယန်ရူရွှယ်က ထိုနေ့မှ အဖြစ်အပျက်ကို ပြန်ပြောပြလာခဲ့သည်။

ကျင့်ရှီလျိုမြောင်သို့ ရောက်ရှိလာပြီးနောက် ကျန်းကျင့်လင်းက ရန်ရှစ်ခွမ်းဆီသို့ အရင်ဆုံး သွားရောက်တွေ့ဆုံခဲ့ပြီး ရှောင်းကျဲယွိပေးလိုက်သည့် လျှို့ဝှက်အမိန့်စာကို ရန်ရှစ်ခွမ်းထံသို့ လက်လွှဲပေးခဲ့သည်။ ထို့နောက် သူက သူ့အမေ တည်းခိုအနားယူနိုင်ရန် စီစဥ်ပေးခဲ့ပြီး လက်ဆောင်တချို့ဝယ်ကာ စူးအိမ်တော်သို့ အပြေးအလွှား ရောက်လာခဲ့သည်။

သူ့သမီး၏ စာထဲမှ အကြောင်းအရာများကို မြင်လိုက်ရပြီးနောက်တွင် စူးဟန်ရွှမ်က ကျန်းကျင့်လင်းကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ သူက စူးချင်း၏စာကို ပြရန်အတွက် သူ့၏ယောက်ဖ လွမ်ချင်းရှန်နှင့် မရီးဖြစ်သူယန်ရုပင်းတို့ကိုလည်း သွားတွေ့ခဲ့သေးသည်။

လွမ်ချင်းရှန်နှင့် ယန်ရုပင်းတို့က သမီးဖြစ်သူ၏ အိမ်ထောင်ရေးအတွက် အလွန်စိုးရိမ်နေခဲ့ကြသည်။ လွမ်ဟုန်က ချူကျင်းဖုန်း၏ကိစ္စကြောင့် အလွန်စိတ်ထိခိုက် သွားခဲ့ပြီး တစ်သက်လုံး အိမ်ထောင်မပြုတောဘူးဟုပင် ပြောနေပြီ ဖြစ်သည်။ ထို့အပြင် ဤမြို့မှ ငယ်ရွယ်ပြီး အရည်အချင်းရှိသူများကလည်း မည်သူမျှ လွမ်ဟုန်၏မျက်လုံးထဲသို့ မ၀င်ရောက်နိုင်ခဲ့ကြပေ။ သူမက သူမ၏ဘဝကို အရက်ချက်ရုံတွင် မြှုပ်နှံထားပြီး နေ့တိုင်း အရက်ချက်နေခဲ့သည်။ ထိုအ‌ရာက လွမ်ချင်းရှန်တို့ဇနီးမောင်နှံကို လွန်စွာ စိုးရိမ်နေစေခဲ့သည်။

စူးချင်း၏စာထဲတွင် စာပေနှင့် သိုင်းပညာ နှစ်မျိုးစလုံး တတ်မြောက်သည့် လူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ထိုသူက ကျင့်ရှီလျိုမြောင်၏ လက်ရှိစီရင်စုအမတ် ဖြစ်လာနိုင်သည်ကို ကြားလိုက်ရချိန်တွင် လွမ်ချင်းရှန်တို့နှစ်ယောက်လည်း အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။

ဒါက ကောင်းကင်ဘုံကနေ စီစဥ်ပေးတဲ့ လက်တွဲဖော်ပဲ။

ယန်ရူရွှယ်က အစေခံတစ်ယောက်ကို လွမ်ဟုန်ထံသို့ လွှတ်လိုက်ပြီး သူမကို ပြန်ခေါ်ခိုင်းလိုက်သည်။ ထို့နောက် ကျန်းကျင့်လင်းကို ဧည့်ခံရန် အရသာရှိသည့် အစားအစာများကို ပြင်ဆင်နေခဲ့သည်။

လွမ်ချင်းရှန်ကတော့ ဤအနာဂတ်သမက်ကို နားလည်နိုင်ရန် ကျန်းကျင့်လင်းကို တမင်တကာ စမ်းသပ်နေခဲ့သည်။ နောက်ဆုံးတွင် ဤလူငယ်က အလွန်ထက်မြက်ကြောင်း သူ သဘောပေါက်သွားခဲ့ပြီး သူက သူ့၏စီရင်စုအမတ် အတွေ့အကြုံများကို ကျန်းကျင့်လင်းအား စတင်သင်ကြားပေးတော့သည်။

ကျန်းကျင့်လင်းကလည်း သူ့ကို အလွန်လေးစားသွားပြီး သူ့၏သင်ပြမှုကို ဂရုတစိုက် လေးလေးနက်နက် နားထောင်နေခဲ့သည်။ လွမ်ချင်းရှန်က ထိုကဲ့သို့ စိတ်အားထက်သန်သည့် လူငယ်လေးကို ပို၍ပင် သဘောကျသွားခဲ့သည်။

ယန်ရုပင်းကတော့ တိုင်းရေးပြည်ရေးများအကြောင်း သိပ်မသိဘဲ သူမက ကျန်းကျင့်လင်း၏အသွင်အပြင်ကိုသာ ဂရုတစိုက် အကဲခတ်နေခဲ့သည်။

သူမရဲ့သမီးက ရုပ်ရည်ကို တန်ဖိုးထားတယ်လေ။ သူရဲ့ရုပ်ရည်က မကောင်းဘူးဆိုရင် သူမှာ့ ကမ္ဘာကို လှုပ်ခတ်နိုင်တဲ့ အရည်အချင်းရှိနေရင်တောင် လွမ်ဟုန်က သူ့ကို သဘောကျမှာ မဟုတ်ဘူး။

အင်း! တူမလေးက ရွေးချယ်လိုက်တဲ့လူက တကယ့်ကို သူမတို့ရဲ့မျှော်လင့်ချက်နဲ့ ကိုက်ညီလွန်းတယ်။ သူ့ရဲ့အသွင်အပြင်က မဆိုးဘူးလို့ ပြောမယ့်အစား တော်တော်ကောင်းတယ်လို့ပဲ ပြောရတော့မယ်။ သူ့မှာ ဓားသဏ္ဍန်မျက်ခုံး၊ တောက်ပတဲ့ မျက်လုံးတွေ၊ နှုတ်ခမ်းရဲရဲတွေနဲ့ ဖြူဖွေးတဲ့သွားတွေ ရှိတယ်။ သူက ထူးခြားတဲ့ စိတ်ထားရှိပုံရပြီး ချူကျင်းဖုန်းထက်တောင် ပိုကြည့်ကောင်းနေသေးတယ်။

ဝတ်စားဆင်ယင်မှုကိုလည်း ကြည့်လိုက်ဦး၊ ချင်းအာ ဂရုတစိုက် ရွေးချယ်ခဲ့တဲ့လူ ပီသပါပေတယ်။ အကောင်းစားပိုးထည်နဲ့ လုပ်ထားတဲ့ အပြာရောင်၀တ်စုံက သူကို ပိုပြီး မွန်ရည်ပုံပေါက်စေတယ်။ ‘တောင်းမှာအကွပ် လူမှာအဝတ်’ဆိုတဲ့ စကားအတိုင်း ဒီကောင်းမွန်တဲ့ဝတ်စုံက သူ့ကို ပိုပြီး ကြော့ရှင်းနေစေပုံရတယ်။ သူ သူ့ထိုင်ခုံမှာ မတ်မတ်ထိုင်နေတဲ့ ပုံစံကလည်း တည်ကြည်ခန့်ညားတဲ့ အသွင်အပြင်ကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်တယ်။

ယန်ရုပင်းက သူ့ကို ပိုကြည့်လေ ပိုသဘောကျလေလေ ဖြစ်နေခဲ့သည်။ သားမက်ဖြစ်သူကို အကဲခတ်နေသည့် ယောက္ခမဖြစ်သူ၏မျက်လုံးထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေပြီး အချိန်ကြာလာသည်နှင့်အမျှ ကျန်းကျင့်လင်းက သူမ၏အကြည့်များကြောင့် စိတ်မသက်မသာ ဖြစ်လာက ယန်ရုပင်းရဲ့အကြည့်ကို ရှောင်ရန် သူ့၏ခန္ဓာကိုယ်ကို တခြားဘက်သို့ မသိမသာ လှည့်သွားခဲ့သည်။

လွမ်ချင်းရှန်က ကျန်းကျင့်လင်း၏ စိတ်မသက်မသာဖြစ်မှုကို သတိပြုမိပြီး သူ့ဇနီးကို စိုက်ကြည့်ကာ သူတို့၏သမက်လောင်းကို မခြောက်လှန့်မိစေရန် ထိန်းထားဖို့ အချက်ပြလိုက်သည်။

"ကျင့်လင်းရဲ့မိသားစုထဲမှာ တခြားဘယ်သူတွေ ရှိသေးလဲ?”

လွမ်ချင်းရှန်က ကျန်းကျင့်လင်းကို အလွန်သဘောကျနေပြီး သူ့မိသားစု၏အခြေအနေကို စတင်စူးစမ်းနေပြီ ဖြစ်သည်။

“အိမ်မှာ သက်ကြီးရွယ်အိုဆိုလို့ အမေတစ်ယောက်ပဲရှိပါတယ်၊ အမေက ကျွန်တော်နဲ့အတူနဲ့ ကျင့်ရှီလျိုမြောင်ကို လိုက်လာခဲ့တာပါ”

ကျန်းကျင့်လင်းက အမြန် ပြန်ဖြေလိုက်သော်လည်း သူ့အမေအကြောင်း ပြောနေချိန်တွင် သူ့အမူအရာနှင့် သူ့လေသံတွင် လေးစားမှုများ ပြည့်နေသောကြောင့် မိဘကို ရိုသေသည့် သားကောင်းလေးအဖြစ် သတ်မှတ်ခံလိုက်ရပြန်သည်။

“ဟုတ်လား? ဒါဆို သခင်မကြီးက အခု ဘယ်မှာလဲ?”

ကျန်းကျင့်လင်းတွင် မိခင်အိုကြီးတစ်ယောက်သာ ရှိနေသည်ကို ကြားလိုက်ရချိန်တွင် ယန်ရုပင်းကလည်း ပို၍ပင် ကျေနပ်လာပြန်သည်။ မိသားစုတွင် လူအများကြီး မရှိသောကြောင့် ရှုပ်ထွေးစရာ မရှိတော့ပေ။ သို့သော်လည်း ထိုအမျိုးသမီးကြီး၏စိတ်ထားကိုတော့ သူမ သိချင်နေမိသးသည်။ လွမ်ဟုန်က အလိုလိက်ခံထားရသူဖြစ်ပြီး ဒေါသထွက်လွယ်သောကြောင့် အခြားသူများကို အလွယ်တကူ စော်ကားမိနိုင်သည်။ ထို့ကြောင့် တခြားတစ်ဖက်ကလည်း ဒေါသကြီးသူဖြစ်နေလျှင် လွမ်ဟုန်အတွက် မသင့်တော်ပေ။

ကျန်းကျင့်လင်း၏မိခင်က ပေါင်းသင်းဆက်ဆံရန် လွယ်ကူသရွေ့ ဤအိမ်ထောင်ရေးက ကန့်ကွက်သူ မရှိ အဆင်ပြေသွားပေလိမ့်မည်။

“ကျွန်တော် စာပို့ပေးဖို့ အလျင်လိုနေတာကြောင့် အမေ့ကို နားနေတည်းခိုဆောင်မှာ ထားခဲ့ပါတယ်။ ရုံးတော်မှာ ရုံးတက်ပြီးမှပဲ အမေ့ကို ခေါ်ပြီး လာနှုတ်ဆက်ပါဦးမယ်”

သူ့အမေအကြောင်းကို ပြောပြီးနောက် ကျန်းကျင့်လင်းက ပြန်ရင် နှုတ်ဆက်လိုက်သည်။ “အခု အမေ့ကို တစ်ယောက်တည်းထားခဲ့ရတာဆိုတော့ ကျွန်တော့်ကို ပြန်ခွင့်ပေးပါဦး”

“မသွားပါနဲ့ဦး၊ ငါတို့ မင်းကို ဧည့်ခံဖို့ စားသောက်ပွဲတောင် စီစဉ်ထားပြီးပြီ။ မင်းအမေက ဘယ်တည်းခိုဆောင်မှာ ရှိနေတာလဲ? ငါတို့ သူ(မ)ကို ဖိတ်ခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးပါ့မယ်"

ယန်ရုပင်းအတွက်ကတော့ သူ့ကို ပြန်လွှတ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။ သူမက ကျန်းကျင့်လင်း၏မိခင်ကို သွားခေါ်ရန် အစေခံများကို ချက်ခြင်း စေလွှတ်လိုက်ပြီး ကျန်းကျင့်လင်းအတွက် ကန့်ကွက်ရန် အခွင့်အရေးလေးပင် မပေးခဲ့ပေ။

“...”

ကျန်းကျင့်လင်းက ထိုကမ်းလှမ်းမှုကို ငြင်းဆန်နိုင်ခြင်း မရှိဘဲ ကြီးမားသော စိတ်ဖိစီးမှုကို သည်းခံရင်း စူးအိမ်တော်တွင်သာ ဆက်နေရတော့သည်။ သူကလည်း အစိုးရလုပ်ငန်းများနှင့် ပတ်သက်သော မေးခွန်းများစွာကို အကြီးအကဲများထံမှ သိချင်နေသောကြောင့် လွမ်ချင်းရှန်နှင့် စကားပြောနေလိုက်တော့သည်။ လွမ်ချင်းရှန်ကလည်း ကျန်းကျင့်လင်း မေးသမျှကို သူသိသမျှ ဘာမှ မကွယ်ဝှက်ဘဲ စိတ်ပါလက်ပါ အကုန် ပြန်ဖြေပေးနေခဲ့သည်။

လွမ်ချင်းရှန်နှင့် ကျန်းကျင့်လင်းတို့ နှစ်ယောက်သား စကားများများ ပြောလေလေ တစ်ယောက်ကို တစ်ယောက် ပိုသဘောကျလာလေလေ ဖြစ်နေခဲ့ကြသည်။ လွမ်ချင်းရှန်က ရည်မှန်းချက်ကြီးသော လူငယ်လေးကို ပို၍ ပို၍ သဘောကျလာပြီး သူက ထိပ်တန်းကိုယ်ခံပညာဆုရှင် ဖြစ်ကြောင်း သိလိုက်ရချိန်တွင် အလွန်စိတ်လှုပ်ရှားသွားတော့သည်။

လွမ်ဟုန်က စူးချင်းနှင့် တွေ့ဆုံပြီးကတည်းက ဓားနှင့် တုတ်များ ကိုင်ဆောင်ရခြင်းကို နှစ်သက်လာခဲ့သည်။ သူမက စူးချင်းကဲ့သို့ ထူးချွန်သော အမျိုးသမီးတစ်ဦး ဖြစ်ချင်ကြောင်းလည်း ပြော့လေ့ရှိသောကြောင့် အားနည်းသော ပညာရှင်တစ်ယောက်က မည်သည့်နည်းနှင့်မျှ သူမကို ထိန်းသိမ်းပေးနိုင်မည် မဟုတ်ပေ။

ယန်ရုပင်းက ကျန်းကျင့်လင်း၏မိခင်ကို သွားခေါ်ခိုင်းခဲ့သလို လွမ်ဟုန်ကို သွားရှာရန်လည်း အစေခံများကို ထပ်အမိန့်ပေးလိုက်သည်။

လွမ်ဟုန်က အရက်ချက်ရုံတွင် အရက်ရောစပ်နေခြင်း ဖြစ်သည်။ မိန်းမပျိုလေးက အရက်ချက်ရုံတွင် နေ့တိုင်း ရှိနေတက်ပြီး အရက်နံ့များ စွဲကပ်နေသော်လည်း သူမက လုံးဝ ဂရုမစိုက်တော့ပေ။

မိန်းခလေးတစ်ဦးရဲ့အသွင်အပြင်က သူမကို နှစ်သက်တဲ့သူအတွက်လေ။ သူမမှာ ချစ်ရတဲ့သူတောင် တစ်ယောက်မှ မရှိဘူး။ သူမ မချစ်တဲ့ယောကျာ်းတွေအတွက်ကရော သူမက ဘာလို့ ဒီလိုအရာတွေကို ဂရုစိုက်နေရမှာလဲ?

သူမ၏အမေက သူမကို ခေါ်ရန် အစေခံများအား စေလွှတ်လိုက်သည်ကို သိလိုက်ချိန်တွင် လွမ်ဟုန်က သူမ အိမ်ပြန်လာရန် သူမ၏ မိသားစုက ထမင်းတစ်နပ် ပြင်ဆင်ထားခဲ့သည်ဟုသာ ထင်နေခဲ့သည်။ ထို့ကြောင့် သူမက အလေးအနက် မထားဘဲ အိမ်တွင် အရက်အိုးများ မရှိတော့သည်ကို တွေးကာ အစေခံများအား သိုလှောင်ခန်းထဲမှ ကျန်းနန်ချွမ် ယူခိုင်းလိုက်ပြီး သူမ၏အဖေနှင့် ဦးလေးသောက်ရန်အတွက် ပြန်ယူလာခိုင်းလိုက်သည်။

သူမ အိမ်သို့ ပြန်ရောက်လာချိန်တွင် ကျန်းကျင့်လင်း၏မိခင်ကို ခေါ်ဆောင်လာသည့်ရထားလုံးက အိမ်တော်၏အဝင်ဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အိမ်တော်ထိန်းကိုယ်တိုင် သူမကို ထွက်ကြိုနေပြီး အစေခံမိန်းကလေးများအား သူမကို ဂရုတစိုက် ကူညီပေးရန် ညွှန်ကြားနေခဲ့သည်။ အမျိုးသမီးကြီးတစ်ယောက် ရထားလုံးပေါ်မှ ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် လွမ်ဟုန်က သူမ မည်သူမည်ဝါ ဖြစ်သည်ကို သိချင်လာတော့သည်။

"အိမ်တော်ထိန်းကြီး၊ ဒီဧည့်သည်က ဘယ်သူလဲ?"

ကျန်းကျင့်လင်း၏မိခင်က လွမ်ဟုန်ကို တွေ့သွားပြီး အံ့အားသင့်သွားခဲ့သည်။

ဒီကောင်မလေးက ချောမောလှပပြီး ချစ်စရာကောင်းတယ်။ သူမရဲ့မျက်လုံးနက်နက်လေးတွေက ကျောက်မျက်ရတနာလေးတွေလို ရွှမ်းလဲ့တောက်ပနေတာပဲ။ သူမက တခြားမိန်းကလေးတွေလောက်လည်း မပျော့ညံ့ဘူး။ သူမက လေနဲ့အတူ လျှောက်လှမ်းနေသလို ယုံကြည်မှုအပြည့်နဲ့ ပြောဆိုတတ်ပုံပဲ။ ပြီးတော့ ပွင့်လင်းပုံရပြီး ရှက်ရွံ့နေတာမျိုးလည်း မရှိဘူး။ သူမရဲ့ချွေးမလေး ဖြစ်လာခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ?

“သခင်မကြီးက သခင်မလေးစူး ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ပါ”

အိမ်တော်ထိန်းက လွမ်ဟုန်ကို အမြန်ပြန်ဖြေလိုက်သည်။ သူမ၏အစ်မဝမ်းကွဲ ဖိတ်ကြားထားသည့် ဧည့်သည်တော် ဖြစ်ကြောင်း သိလိုက်ရချိန်တွင် လွမ်ဟုန်က ချက်ချင်း တက်ကြွသွားပြီး အမျိုးသမီးကြီးကို ကူတွဲပေးကာ သူမ၏မိသားစုကို ဆက်ဆံသကဲ့သို့ နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံတော့သည်။

ကျန်းကျင့်လင်း၏မိခင်ကလည်း ဤချမ်းသာသော မိန်းမပျိုလေးက မာနမကြီးဘဲ သူမကိုပင် ကူတွဲပေးနေသောကြောင့် လွမ်ဟုန်ကို ပို၍ပင် သဘောကျသွားခဲ့သည်။ သို့သော်လည်း မိန်းမပျိုလေး၏ မိသားစုက အဆင့်အတန်း မြင့်မားလွန်းသဖြင့် သူမ၏မျက်လုံးများထဲတွင် နှမြောတသဖြစ်သွားသည့် အရိပ်အမြွက်အနည်းငယ်မျှသာ ပေါ်လာခဲ့သည်။

လွမ်ဟုန်က ကျန်းကျင့်လင်း၏မိခင်ကို ကူတွဲပေးပြီး အိမ်တော်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် လူတိုင်း အံ့အားသင့်သွားကြပြီး အထူးသဖြင့် ကျန်းကျင့်လင်းက ပို၍ အံ့အားသင့်နေပုံရသည်။

All Chapters