← Chapters

ငါ မသောက်ရရင် ငါ့ရဲ့ဟောကိန်းတွေက အလုပ်မဖြစ်တော့ဘူး

Vol. 31 Ch. 461

ငါ မသောက်ရရင် ငါ့ရဲ့ဟောကိန်းတွေက အလုပ်မဖြစ်တော့ဘူး

Vol. 31 Ch. 461

တတိယမင်းသားက ထီးနန်းကို လုယူရန် နန်မန်လူမျိုးများနှင့်ပူးပေါင်းပြီး ဝမ်ယွိလင်ကို လုပ်ကြံရန် ကြံစည်ခဲ့သည်။ ချိုးယုံခန်းက လူသတ်လက်နက်ကြီး ပြုလုပ်နည်းအား လက်မှုပညာရှင်များကို သင်ပေးခဲ့ပြီး တတိယမင်းသားက ထိုလူများထံမှ တိတ်တဆိတ် ပြန်သင်ယူနိုင်ခဲ့သည်။

ယခု သူ့ထံတွင် လူသတ်လက်နက်ကြီးများကို ဖန်တီးနိုင်သည့် နည်းပညာ ရှိနေသဖြင့် သူက ၎င်းတို့ကို လျှို့ဝှက်ပြုလုပ်ပြီး ဝမ်ယွိလင်၏စစ်တပ်အား ချောင်းမြောင်းတိုက်ခိုက်ရန် နန်မန်လူမျိုးတို့ထံသို့ လူသတ်လက်နက်ကြီးများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဝမ်ယွင်လင်ကို သတ်ပေးနိုင်ပါက နန်မန်လူမျိုးများအတွက် ကျင့်ချန်နှင့် ချင်းချန်ကဲ့သို့သော သာယာဝပြောသည့် စီရင်စုမြို့နှစ်မြို့ ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

သို့သော်လည်း ဝမ်ယွိလင်က တတိယမင်းသား၏ဘေးတွင် သူ ထည့်ထားခဲ့သော သူလျှိုမှတစ်ဆင့် တတိယမင်းသား၏အကြံအစည်ကို ကြိုသိသွားခဲ့သည်။ သူက တတိယမင်းသား နန်မန်လူမျိုးထံသို့ လူသတ်လက်နက်ကြီးများ ပေးပို့မည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ပြီး နန်မန်လူမျိုးများကို သတ်ကာ လူသတ်လက်နက်ကြီးများကို လုယူခဲ့သည်။ ထို့နောက်တွင် တတိယမင်းသား အပါအဝင် သူ့၏မိခင်၊ သူ့၏မိသားစုဝင်များနှင့် သူ့ကို ထောက်ခံသည့်သူများအားလုံးကို တိုင်းတပါးပြည်ထောင်နှင့် ပူးပေါင်းကာ တိုင်းပြည်အပေါ်သစ္စာဖောက်မှုဖြင့် ဖမ်းဆီးလိုက်သည်။

သူက ဧကရာဇ်မင်းထံသို့ သတင်းပို့ရန်ပင် မစောင့်တော့ဘဲ တတိယမင်းသား၏ မိခင်မိသားစုကို လူသတ်ကုန်းသို့ ချက်ချင်း ပို့စေကာ ခေါင်းဖြတ်ခိုင်းခဲ့သည်။ တတိယမင်းသားနှင့် သူ၏မိခင်တို့အားလည်း ထိုကွပ်မျက်ပွဲကို စောင့်ကြည့်စေခဲ့သည်။

သွေးများ မြစ်ကဲ့သို့ စီးကျနေသည့် မြင်ကွင်းက လူတိုင်းကို ကြောက်လန့်စေခဲ့ပြီး တတိယမင်းသားနှင့် သူ့၏မိခင်တို့ကလည်း အလွန်အမင်း ထိတ်လန့်မှုဒဏ်ကို မခံနိုင်ဘဲ မေ့လဲသွားကြသည်။ ဝမ်ယွိလင်က သူတို့ကို ပြန်နှိုးရန် အမိန့်ပေးခဲ့ပြီး ဆံပင်ကို ဆွဲခိုင်းကာ မျက်လုံးများကို ဖြဲထားစေပြီး ဆက်ကြည့်ခိုင်းခဲ့သည်။ တတိယမင်းသား၏မိခင်က အကြောက်လွန်ကာ ရူးသွပ်သွားခဲ့ပြီး တတိယမင်းသားကလည်း ကြောက်လွန်းသောကြောင့် သူ့ဘောင်းဘီပင် စိုစွတ်လာပြီး တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာက လုံးဝ ပျက်ပြားသွားရတော့သည်။

ဝမ်ယွင်လင်၏ ရက်စက်ယုတ်မာမှုက ထီးနန်းအတွက် တိုက်ပွဲဝင်ချင်နေသော အခြားမင်းသားသုံးဦးကိုလည်း ထိတ်လန့်စေခဲ့သည်။ သူတို့က ဝမ်ယွိလင်နှင့် မတိုက်ခိုက်ချင်တော့သည့်တိုင်း ဝမ်ယွိလင်က သူတို့ကို လွှတ်မပေးဘဲ သူတို့ အားလုံးကို ခြွင်းချက်မရှိ ချုပ်နှောင်ထားစေခဲ့ပြီး မည်သူမျှကို အခွင့်အရေးမပေးတော့ပေ။ ဝမ်ယွိလင်က သူ၏မိခင်ဘက်မှ အင်အားကိုပင် သူ့ကိုယ်တိုင် ဖျက်ဆီးခဲ့ပြီး မည်သူကိုမျှ ထောက်ထားညှာတာခြင်း မရှိခဲ့ပေ။

မြို့တော်ရှိလူတိုင်းက အချိန်တစ်ခုကြာသည်အထိ မလုံခြုံတော့သလို ခံစားနေကြရကာ ရက်စက်ကြမ်းကြုတ်လွန်းသည့် ဝမ်ယွိလင်ကို အရိုးထိအောင် ကြောက်လန့်သွားကြတော့သည်။

ဝမ်ရှန်းချန် ပြန်နိုးလာချိန်တွင် သူ့၏သားအကြီးဆုံးက ညီတော်များအား ရက်ရက်စက်စက် သတ်နေသည့်သတင်းကို ကြားသွားပြီး သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာကာ စကားတစ်လုံးပင်မပြောနိုင်ဘဲ အသက်ထွက်သွားတော့သည်။

ဝမ်ယွိလင်က သူ့၏ဝမ်းနည်းခြင်းဝတ်စုံကို ချွတ်ကာ အဝါရောင်၀တ်ရုံကို ပြောင်းလဲ၀တ်ဆင်လိုက်ပြီး ရာဇပလ္လင်ကို တရားဝင် သိမ်းပိုက်ကာ သူ့ကိုယ်သူ ဧကရာဇ်ယုံလီဟု ဘိသိတ်ခံကြွေးကြော်ခဲ့ပြီး သူ၏ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်ရေးကို စတင်တော့သည်။

ဒီကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းက သူ့ကို ကြောက်နေရမယ်။ လူတွေအားလုံး သူ့ကို ကြောက်ရွံ့နေသရွေ့ ဘဘ်သူကမှ သူတို့ ပုန်ကန်ဝံ့မှာ မဟုတ်ဘူး။

သူ တိုင်းပြည်၏အာဏာကို စတင်လွှဲပြောင်းယူခဲ့ပြီး ရာဇပုလ္လင်ပေါ်၌ ဖင်ပူအောင် မထိုင်ရသေးခင်မှာပင် နန်မန်လူမျိူးများက ပြင်းပြင်းထန်ထန် တိုက်ခိုက်လာကြပြန်သည်။ နန်မန်လူမျိုးများက မြို့တော်ကို တိုက်ခိုက်ရန် ဟူးတို့နှင့် မဟာမိတ်ပြုခဲ့ကြသည်။ ထိုလူသတ်လက်နက်ကြီးများက လူများကို ရူးသွပ်သွားစေခဲ့ပြီး ဤမျှ အစွမ်းထက်သော လက်နက်များကို ပိုင်ဆိုင်သူက ကမ္ဘာကို အုပ်စိုးနိုင်ပေမည်ဟု ယုံကြည်နေကြတော့သည်။

သူတို့အားလုံးက ဝမ်ယွိလင်ထံမှ လူသတ်လက်နက်ကြီးများကို လုယူချင်နေကြသော်လည်း ဝမ်ယွိလင်က အမြဲတမ်း မောက်မာသူဖြစ်ကာ ထိုပြည်ထောင်သေးသေးလေးနှစ်ခုကို လုံးဝ အလေးအနက် မထားခဲ့ပေ။ ထို့အပြင် သူ့လက်ထဲတွင် လူသတ်လက်နက်ကြီးများ ရှိနေသောကြောင့် သူက ဘာကိုမျှ ကြောက်မနေခဲ့ပေ။

သူ မျှော်လင့်ထားသည့်အတိုင်း ထိုလူသတ်လက်နက်ကြီးများကြောင့် တိုက်ပွဲတစ်ခုတည်းဖြင့် မျိုးနွယ်စုနှစ်ခုကို ပြန်မောင်းထုတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ဝမ်ယွိလင်က လူသတ်လက်နက်ကြီးများ၏တန်ဖိုးကို အလေးအနက် နားလည်သွားခဲ့သည်။

သို့သော် သူ လူသတ်လက်နက်ကြီးများ ထပ်လုပ်ရန် လက်မှုပညာရှင်များကို ရှာဖွေချိန်တွင် တတိယမင်းသားက လူသတ်လက်နက်ကြီးကို ပြုလုပ်နိုင်သည့် လက်မှုပညာရှင်အားလုံးကို သတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဝမ်ယွိလင်တစ်ယာက် အလွန်အကျွံ ဒေါသထွက်သွားပြီး တတိယမင်းသား၏အလောင်းကို ပြန်တူးဖော်စေပြီး ကြာပွတ်ဖြင့် ရိုက်စေကာ ဓားဖြင့် မွှန်းခိုင်းခဲ့သည်။ ထို့နောက် အလောင်းကို တရွတ်တိုက် ဆွဲသွားစေပြီး ကျီးကန်းများကို အစာကျွေးရန် သစ်ပင်ပေါ်တွင် ချိတ်ဆွဲခိုင်းထားခဲ့သည်။

ဝမ်ယွိလင် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ပြုမူနေချိန်တွင် နှောင်းဧကရာဇ်၏ ရုပ်အလောင်းပင် အေးခဲသွားခြင်း မရှိသေးပေ။ ယခုအခါ မြို့တော်၌ သုံးရက်ဆက်တိုက် တိမ်များ ဖုံးလွှမ်းနေခဲ့ပြီး ဆောင်းရာသီ၏အလယ်၌ပင် မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။ ထိုကျယ်လောင်သော မိုးခြိမ်းသံများက အဆက်မပြတ် မြည်ဟီးနေပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသောကြောင့် လူတိုင်းလူတိုင်း ထိတ်လန့်ကြောက်ရွံ့နေကြသည်။

ဝမ်ယွိလင်က တစ်ခုခုမှားနေသည်ဟု ခံစားမိသွားပြီး တိုင်းပြည်၏ကံကြမ္မာကို ဟောကိန်းထုတ်ခိုင်းရန် မြင့်မြတ်သည့် ဆရာသခင်များကို ရှာဖွေစေခဲ့သည်။ သူ့၏ ရက်စက်ကြမ်းကြုတ်မှုက ကမ္ဘာတစ်ဝှမ်းတွင် လူ သိများနေပြီး သူ ဖိတ်ခေါ်ခဲ့သည့် တာအိုဘုန်းကြီးများက မကောင်းသည့် ဟောကိန်းများကို လုံးဝ မပြောဝံ့ကြပေ။ နောက်ဆုံးတွင် ဘုန်ကြီးတစ်ပါးက နဂါးနှစ်ကောင် ပုလဲတစ်လုံးအတွက် တိုက်ပွဲဝင်နေသည်ဟုသာ ပြောခဲ့ပြီး မြောက်အရပ်ကို သတိထားရန် ဝမ်ယွိလင်အား လျှောက်တင်ခဲ့သည်။

သို့သော်လည်း ထိုသတိပေးချက်ကပင် ဆိုးရွားသော ဘေးဥပဒ်ဖြစ်လာစေခဲ့ပြီး ထိုဘုန်းကြီးကို ခေါင်းဖြတ်သတ်ရန် တွန်းထုတ်ခေါ်ဆောင်သွားခဲ့ကြသည်။ ဝမ်ယွိလင်၏ အမူအရာတွင်လည်း သေချာမရေရာမှုများ ဖုံးလွှမ်းလာပြီ ဖြစ်သည်။

အရင်က သူ ရှောင်းဟမ်ရဲ့သားကို အလေးအနက် မထားခဲ့ဘူး၊ ဒါပေမယ့် ဒီနေ့ ဟောကိန်းက သူ့ကို တစ်ခုခု သတိပြုမိစေခဲ့တယ်။

ပုလဲတစ်လုံးအတွက် တိုက်ပွဲဝင်နေတဲ့ နဂါးနှစ်ကောင်.... အဲဒါက ရှောင်းမိသားစုရဲ့ ကလေးငယ်လေးက နဂါးလို့လည်း ဆိုလိုနေတာ မဟုတ်ဘူးလား? ထီးနန်းအတွက် သူနဲ့ ပြိုင်ချင်နေတာလား?

ဒီလိုကလေးလေး မပြောနဲ့ သူ့ညီတော်တွေတောင် ရာဇပလ္လင်အတွက် သူနဲ့ တိုက်ခိုက်ချင်လို့ အားလုံး သေကျေပျက်စီးသွားရပြီး မဟုတ်ဘူးလား?

လက်ရှိအချိန်တွင် ဝမ်ယွိလင်က ရှောင်းကျဲယွိကို လုံးဝ အထင်မကြီးသော်လည်း အနည်းငယ် ချီတုံချတုံ ဖြစ်နေကာ အတွေးများနေသေးသည်။

ရှောင်းမိသားစုက အဲ့ဒီကလေးနဲ့ အတူတူရှိနေတဲ့ မိန်းမက လူသတ်လက်နက်ကြီးတွေကို ဖန်တီးခဲ့တာ မဟုတ်ဘူးလား? သူမကို သတ်ဖို့ လွှတ်လိုက်တဲ့ သွေးစွန်းဓားမြှောင်အဖွဲ့လည်း ပြန်မလာတော့ဘူး။ ဒီအမျိုးသမီးကို သူ့ဘက်မှာ အသုံးမချနိုင်တော့ရင် အနာဂတ်မှာ အမြဲတမ်း ဒုက္ခရောက်နေလိမ့်မယ်။

ဒါပေမယ့် ပျံသန်းနိုင်တဲ့ သွေးစွန်းဓားမြှောင်အဖွဲ့ကတောင် သူမကို မသတ်နိုင်ရင် သူ သူမကို ဘယ်လို ဖယ်ရှားနိုင်တော့မှာလဲ?

ဤသည်မှာ ဝမ်ယွိလင်အတွက် အကျပ်အတည်းဟု သတ်မှတ်နိုင်သည့် ပြသနာတစ်ခုကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

ဝမ်ယွိလင်က စူးချင်းကို ဖယ်ရှားရန် တွေးတောကြံစည်နေချိန်တွင် စူးချင်းက သူမ အဆင့်မြန်မြန် တက်နိုင်ရန်အတွက် အမြောက်တစ်လက်ကို ဖန်တီးချင်နေခဲ့သည်။ သူမတွင် ပုံစံကြမ်းတစ်ခု ရှိနေခဲ့သော်လည်း မှိုတစ်ခု ရရှိရန်က သူမအတွက် စိန်ခေါ်မှု ဖြစ်နေပြီး သူမ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်နိုင် ဖြစ်နေသေးသည်။

သူမက အသေးစိတ်ပုံစံနှင့် နည်းပညာအတွက် စနစ်ကို မေးခဲ့သော်လည်း သူမ၏အဆင့်က ၎င်းကို ရနိုင်လောက်အောင် မမြင့်မားသေးပါဟူသော အဖြေကိုသာ ပြန်ရခဲ့သည်။ စူးချင်းက ရှုံးနိမ့်မှုကို အလွယ်တကူ ဝန်ခံမည့်သူ မဟုတ်ဘဲ သူမ တစ်ခုခု လုပ်ချင်လျှင် အောင်မြင်သည်အထိ မဖြစ်မနေ ကြိုးစားမည့်သူ ဖြစ်သည်။

သူမက မည်သည့်လက်နက်ကိုမှ အထုလုပ်‌တော့ဘဲ ထိုအလုပ်ကို သူမ၏တပည့်သုံးဦးထံသို့ လွှဲအပ်ထားလိုက်တော့သည်။ သူမကတော့ တစ်နေရာတွင် ထိုင်နေပြီး အမြောက်ခွံအတွက် ပုံစံခွက် သွန်းလောင်းရန် လေ့လာစမ်းစစ် နေခဲ့သည်။ သူမက အမြောက်၏ကိုယ်ထည်မှ အမြောက်ခုံအထိ အသေးစိတ်ပုံစံတစ်ခု ရေးဆွဲခဲ့ပြီး အရွယ်အစားအမျိုးမျိုးကိုလည်း တိုင်းတာက မှတ်သားထားခဲ့သည်။ ယခုတစ်ကြိမ်တွင် အောင်မြင်ရန် သူမ မျှော်လင့်ထားခဲ့သည်။

ရှောင်းကျဲယွိနှင့် သူ့၏ဆရာဦးလေးတို့က ယန္တရားများ တပ်ဆင်ပြီး သံတွင်းသို့ ပြန်ရောက်လာခဲ့သည်။ စူးချင်းက တဲထဲတွင် ငြိမ်သက်စွာ ထိုင်နေပြီး ပုံဆွဲနေသည်ကိုသာ သူတို့ တွေ့လိုက်ရပြီး ဘာဆွဲနေမှန်းကိုတော့ သူတို့လည်း မသိနိုင်ပေ။

"ချင်းကောင်မလေး၊ မင်း ပုံဆွဲနေတာလား?"

ကျိုးပေါ်က စူးချင်းကို "ချင်းကောင်မလး" ဟု ခေါ်လိုက်ပြီး လက်နှစ်ဖက်ကျောပစ်ကာ တဲထဲသို့ ဝင်သွားတော့သည်။ သူ စူးချင်း၏ပန်းချီကားကို ကြည့်ချင်နေမှန်း သိသာလှသည်။

စူးချင်း ရေးဆွဲထားသည့် အမြောက်ကို မြင်လိုက်ရချိန်တွင် ကျိုးပေါ်၏မျက်လုံးများ ချက်ချင်း လင်းလက်တောက်ပလာပြီး သူက စိတ်လှုပ်ရှားစွာဖြင့် စာရွက်ကို ကောက်ယူလိုက်သည်။

"အင်း.... ဒါက အရမ်း ကောင်းတယ်!"

ရှောင်းကျဲယွိကလည်း ထိုစာရွက်ကို လှမ်းကြည့်လိုက်သည်။ သူကလည်း ယန္တရားများ တပ်ဆင်နိုင်သူ ဖြစ်ပြီး စူးချင်း၏ အမြောက်ကို မြင်လိုက်သည်နှင့် ဤအရာက ထူးကဲသည့်အရာဖြစ်နိုင်သည်ကို သူ ခံစားလိုက်ရသည်။

"လောလောဆယ်တော့ မလုပ်နိုင်သေးဘူး၊ ကျွန်မမှာ သွန်းလောင်းစရာ ပုံစံခွက် မရှိဘူး"

စူးချင်းက ကျိုးပေါ်ကို ကြည့်လိုက်ပြီး "ဆရာဦးလေး၊ ဆရာဦးလေးက ယန္တရားအတတ်တွေကို ကျွမ်းကျင်တယ်။ ဒါကို ပုံသွင်းနိုင်လား"

"ငါ လုပန်ရဲ့တပည့်ကြီးကို သိတယ်။ သူပဲ လုပ်နိုင်လိမ့်မယ်"

ကျိုးပေါ်က ခေါင်းယမ်းလိုက်သည်။ သို့ရာတွင် သူက သူ မလုပ်နိုင်သော်လည်း မည်သူလုပ်နိုင်မည်ကိုတော့ အတိအကျ သိနေသေးသည်။

"သူ ဘယ်မှာလဲ?"

ရှောင်းကျဲယွိက သူ့၏ဆရာဦးလေးကို အလျင်စလို မေးလိုက်သည်။

"ကျွန်တော် သူ့ကို သွားရှာမယ်"

ချင်းအာ ဆွဲထားတဲ့ ပုံထဲက လက်နက်တွေကို ယမ်းမှုန့် ထည့်လိုက်ရင် မြို့ရိုးတွေကိုတောင် ဖြိုဖျက်နိုင်လောက်တယ်။ အဲ့လိုသာဆိုရင် တော်ဝင်မြို့တော်ကို တိုက်ခိုက်ဖို့က မဝေးတော့ဘူး။

"အဲ့လူရဲ့ နာမည်က ချင်ထျဲ ဖြစ်ပြီး စန်းကောင်တီရဲ့ ထျဲကျွီတောင်မှာ နေတယ်။ ဒါပေမယ့် သူ့ကို သွားရှာရင်တောင် ရှာလို့ မတွေ့နိုင်ဘူး။ ချင်ထျဲက ကမ္ဘာအနှံ့ ခရီးသွားရတာကို နှစ်သက်ပြီး သူ့ဘယ်မှာလဲဆိုတာကို ဘယ်သူမှ တိတိကျကျ မသိကြဘူး၊ ပြီးတော့ သူ့မှာ ထူးဆန်းတဲ့ စရိုက်လည်း ရှိနေသေးတယ်။ သူက မင်းကို မကြိုက်ရင် ရွှေတောင်ကြီး ပုံပေးတောင် မင်းကို ကူညီမှာ မဟုတ်ဘူး "

ကျိုးပေါ်က ခေါင်းယမ်းလိုက်သည်။ ထိုလူက ထူးဆန်းသော စိတ်ထားရှိပြီး သူ့ကို ရှာတွေ့လျှင်တောင် ပုံစံခွက် သွင်းလောင်းဖို့ ကူညီမည်ဟု သဘောတူရန် မသေချာပေ။

"ဆရာဦးလေး၊ ကျွန်တော့်အတွက် ဟောကိန်းလေးတစ်ခုလောက် ကူထုတ်ပေးပါလား? ဒီလူ ချင်ထျဲက အခု ဘယ်ရောက်နေလဲဆိုတာ ပြောပြပေးပါဦး"

ရှောင်းကျဲယွိက ဤလက်နက်ကို အလွန်အမင်း လိုချင်နေခဲ့သည်။

သူ့ရဲ့ချင်းအာက သူ့အတွက် သေသေချာချာ ပုံဆွဲပေးထားပြီးပြီလေ၊ မဖန်တီးနိုင်ဘူးဆိုရင် သူမ စိတ်မကောင်း ဖြစ်သွားမှာပေါ့။

"အိုက်ယား၊ ဟောကိန်းတစ်ခု ထုတ်ရမှာလား?"

ကျိုးပေါ်က စူးချင်းကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်ကာ ရှောင်းကျဲယွိကို ပြန်ပြောလိုက်သည်။

"ငါ မသောက်ရရင် ငါ့ရဲ့ဟောကိန်းက မမှန်နိုင်လောက်ဘူး"

"..."

စူးချင်းက သူ့ကို စိုက်ကြည့်လိုက်သည်။

သူမ ကျင်းချန်က ယူဆောင်လာတဲ့ အရက်တွေအားလုံးကို ကုန်သွားပြီပေါ့။ အခု အရက်အိုးတွေ မရှိဘူးလို့ သူမကို အသိပေးနေတာပေါ့‌လေ။

"ဆရာကြီး၊ ဒီနေ့ ကျင်းချန်ကို ပြန်ကြရအောင်။ ဆရာကြီး သောက်ချင်သလောက် သောက်ခွင့်ပေးမယ်"

ဒီအမြှောက်ကို လုပ်နိုင်ပြီးရင် မြို့တွေကို တိုက်ခိုက်ဖို့ အကြွင်းမဲ့လက်နက်တစ်ခု ရှိလာလိမ့်မယ်။

အရက်လေးပဲမလား? ကျင်းချန် ပြန်ရောက်တာနဲ့ သူမ ဒီအဘိုးကြီး လိုချင်သလောက် ထုတ်ပေးလိုက်မယ်။

"ကောင်းတယ်၊ အဲ့တာ အကောင်းဆုံးပဲ"

ဤနေရာမှ ထောင်ချောက်များအားလုံးကို သေသေချာချာ ပြင်ဆင်ပြီး ဖြစ်သောကြောင့် ကျိုးပေါ်က ဤပျင်းရိခြောက်ကပ်နေသော ကြောက်စရာ တောင်တန်းပေါ်တွင် မနေချင်တော့ပေ။ ထို့အပြင် အရက်မသောက်ရခြင်းကို သူ့ကို လုံး၀ အဆင်မပြေ ဖြစ်နေစေသည်။ ထို့ကြောင့် စူးချင်း၏စကားကို ကြားလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။

ယခုအခါ သံရိုင်းတွင်းအတွက် စိတ်ချရပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိကလည်း လက်နက်များကို သယ်ဆောင်ကာ တပ်သားသစ်စုဆောင်းရေးစခန်းသို့ ပြန်ပို့ပေးရန် ကျင်းချန်သို့ အမြန်ပြန်သွားချင်နေခဲ့သည်။ စူးချင်းနှင့် သူမ၏တပည့် သုံးယောက်က ငါးရက်အတွင်း လက်နက်လှည်းသုံးစီးစာ ထုလုပ်နိုင်ခဲ့ကြသည်။ သူတို့၏ ပန်းပဲပညာက အလွန်ကောင်းမွန်ပြီး မြို့သို့ ပြန်ရောက်လျှင် သူတို့ကို လက်နက်များ ဆက်သွင်းလောင်းခိုင်းရန် စူးချင်းက သံရိုင်းလှည်းငါးစီးစာ ပြန်သယ်လာခဲ့သည်။

All Chapters