← Chapters

ကျင်းချန်ကို စီမံခန့်ခွဲခြင်း

Vol. 31 Ch. 454

ကျင်းချန်ကို စီမံခန့်ခွဲခြင်း

Vol. 31 Ch. 454

“တောက်... ဘာတော်ဝင်ရုံးတော်လဲ? ဘာနန်းတွင်းလဲ? သူတို့ကမှ ကွပ်မျက်ခံရသင့်တဲ့ သူပုန်တွေပဲ”

ချန်ချင်းကျိုးကတော့ ဘာကိုမှ ကြောက်ပုံမရပေ။ သူက ရှောင်းကျဲယွိ၏ လက်ရေးလှစာရွက်ကို ဂရုတစိုက် လိပ်လိုက်ပြီး ၎င်းကို အလွန်မြတ်နိုးတနိုးဟန်ဖြင့် သိမ်းဆည်းလိုက်သည်။

ဒီလွှမ်းမိုးကြီးစိုးနိုင်လွန်းတဲ့ လက်ရေးလှရေးဟန်ကို အခြေခံရင် သခင်လေး‌ရှောင်းက လူသားတွေကြားက နဂါးတစ်ကောင်ဖြစ်ဖို့ ထိုက်တန်တယ်။ သူကလည်း ကြီးမြတ်တဲ့ ရည်မှန်းချက်တွေကို ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်ချင်နေမှတော့ သခင်လေး‌ရှောင်းကို ကူညီဖို့ ဆန္ဒရှိတာပေါ့။

သူတို့ထွက်သွားပြီးနောက် လက်ဖက်ရည်ဆိုင်တွင် ဘာဖြစ်သွားခဲ့သည်ကို ရှောင်းကျဲယွိနှင့် စူးချင်းတို့ ချက်ချင်း မသိခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရှောင်းကျဲယွိ၏လူများက ချန်ချင်းကျိုး၏ အပြုအမှုများကို ရှောင်းကျဲယွိထံသို့ ပြန်သတင်းပိုကြပေလိမ့်မည်။ ထိုအချိန်တွင် ရှောင်းကျဲယွိကလည်း ထိုချန်ချင်းကျိုးအပေါ်အထင်အမြင် ပိုကောင်းလာပြီး ဆောင်းဦးစာမေးပွဲတွင် ပြသလာမည့် သူ၏စွမ်းဆောင်ရည်ကို စောင့်မျှော်နေမည် ဖြစ်သည်။

"ချင်းအာ၊ တည်းခိုခန်းကို ပြန်ပြီး သွားအိပ်တော့"

မည်သို့ပင်ဖြစ်စေ ရှောင်းကျဲယွိက စူးချင်းကို ပန်းပဲဆိုင်သို့ နောက်တစ်ကြိမ် သွားခွင့်မပေးနိုင်တော့ပေ။ ရှောင်းကျဲယွိက သူမ မည်မျှပင် စိတ်ပူနေပါစေ တစ်နေ့တည်းဖြင့် အရာအားလုံးကို မလုပ်နိုင်ကြောင်း စူးချင်းကို ရှင်းပြခဲ့ပြီး သူမကို ချော့မော့ကာ အနားယူခိုင်းလိုက်သည်။

သူက သူမအတွက် အဆင့်မြင့်အခန်းတစ်ခန်း မှာပေးလိုက်ပြီး ဆိုင်ရှင်ကို သေသေချာချာ ညွှန်ကြားလိုက်သည်။

"ဆိုင်ရှင်၊ ရေနွေးတစ်ပုံးလောက်ပါ ပြင်ထားပေးပါဦး"

ရှောင်းကျဲယွိက စူးချင်းကို အပေါ်ထပ်သို့ ကိုယ်တိုင် လိုက်ပို့ပေးခဲ့ပြီး သူမအတွက် ရေနွေးပြင်ဆင်ပေးရန် ဆိုင်ရှင်အား တောင်းဆိုလိုက်သည်။

ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်ရင် သူမ ပိုပြီးကောင်းကောင်းအိပ်ပျော်သွားလိမ့်မယ်။

စူးချင်းကလည်း အမှန်တကယ်ပင် ပင်ပန်းနေပြီ ဖြစ်သည်။ ရှောင်းကျဲယွိက သူမအတွက် အရာအားလုံးကို တွေးကာ စီစဥ်ပေးနေသည်ကို မြင်လိုက်ရသောကြောင့် သူမ တိတ်တဆိတ် ပျော်ရွှင်နေမိသည်။

တခြားတစ်ယောက်ဆီကနေ ဂရုစိုက်ခံရတာက အရမ်းကောင်းတာပဲ။ သူမတောင် ဘာမှ ပြောနေဖို့ မလိုတော့ဘူး။

"ချင်းအာ၊ ကောင်းကောင်းအနားယူနော်၊ ကိုယ် ဒဏ်ရာရနေတဲ့ စစ်သည်တွေကို သွားကြည့်ပေးဦးမယ်”

ရှောင်းကျဲယွိက စူးချင်းကို အပေါ်ထပ်သို့ လိုက်ပို့ပေးခဲ့ပြီး သူ အောက်ပြန်ဆင်းခါနီးတွင် စူးချင်းက သူ့ကို လှမ်းတားလိုက်သည်။

"ကျွန်မ ရှင့်ကို ဆေးတွေ ပေးလိုက်မယ်”

ရှောင်းကျဲယွိက စူးချင်း ထို့ကဲ့သို့ ပစ္စည်းများ အလျင်အမြန် ထုတ်ယူနေခြင်းကို အသားကျနေပြီ ဖြစ်သည်။

သူမှာလည်း အဲ့လို မသေမျိုးတံခါးတစ်ပါက်လောက်ရှိရင် ကောင်းမယ်။ သူ သူမတို့ရဲ့ဂိုဏ်းကို အရမ်းစိတ်ဝင်စားနေပြီ။ ဒီလို မသေမျိုးတစ်ခါးတစ်ချက်ရှိနေတာက အရမ်းကောင်းတယ်လေ၊ ဘာပဲသိမ်းသိမ်း သူခိုး ခိုးခံရမှာကို စိတ်ပူနေစရာ မလိုတော့ဘူးလေ။

ရှောင်းကျဲယွိက ဆေးများနှင့် မုန့်ပေါင်းများနှင့်အတူ ပြန်ထွက်သွားခဲ့သည်။ စူးချင်းက သူမ၏တောင့်တင်းနေသော လည်ပင်းကို လိမ်ချိုးကာ အကြောဖြေလိုက်ရင်း ခုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ဤတည်းခိုခန်းက အလွန်သန့်ရှင်းပြီး အိပ်ယာပေါ်တွင်လည်း အနံ့အသက်များ မရှိသောကြောင့် စူးချင်းကို စိတ်ကျေနပ်စေခဲ့သည်။

သူမ အလွန် ပင်ပန်းနေသဖြင့် ကုတင်ခေါင်းရင်းကို မှီကာ အိပ်ပျော်သွားခဲ့သည်။ သူမ မည်မျှကြာအောင် အိပ်ပျော်သွားခဲ့သည်ကို သူမ မသိနိုင်သော်လည်း တံခါးခေါက်သံတစ်ခုကို ကြားလိုက်သည်နှင့် သူမ၏မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး အေးစက်သော အရိပ်အယောင်များ တောက်ပလာကာ သူမ၏ လက်များကလည်း တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

ထို့နောက် တည်းခိုဆောင်မှ အစေခံဖြစ်ဟန်တူသည့်လူ၏အသံကို ကြားလိုက်ရသည်။ ထိုအခါမှသာ သူမ၏ လူသတ်ရောင်ဝါက လျော့ကျသွားပြီး အေးစက်သော အသံဖြင့် တုံ့ပြန်လိုက်သည်။

"ဝင်ခဲ့"

အစေခံနှစ်ဦး ဝင်လာကြပြီး တစ်ဦးက ရေချိုးရန်အတွက် သစ်သားစည်ကို ထမ်းကာ ဝင်လာခဲ့သည်။ သူ့နောက်တွင် အထည်ဆိုင်မှ ဆိုင်အကူတစ်ဦး လိုက်ပါလာခဲ့ပြီး သူမ၏လက်ထဲတွင် ဗန်းတစ်ချပ် ကိုင်ထားကာ ဗန်းပေါ်တွင် အမျိုးသမီးဝတ်စုံတစ်စုံ ရှိနေလေသည်။ ထိုအစိမ်းရောင်ဖျော့ဖျော့ဝတ်စုံက စူးချင်း အကြိုက်ဆုံးအရောင် ဖြစ်သည်။ ဆိုင်အကူက စူးချင်းကို ပြုံးပြရင်း တံခါးထဲသို့ ဝင်လာကာ သူမကို တခါတည်း ရှင်းပြလိုက်သည်။

"သခင်လေး‌ရှောင်းက ကျွန်တော်မျိုးမကို အဝတ်တွေ ပို့ပေးဖို့ အမိန့်ပေးလိုက်လို့ပါ"

“အင်း”

စူးချင်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူမ၏နှလုံးသားထဲတွင် နွေးထွေးမှုများ ပြည့်လျှံလာပြန်သည်။ ရှောင်းကျဲယွိထံမှ အကာအကွယ်ပေးမှုနှင့် စေ့စေ့စပ်စပ် ဂရုစိုက်ပေးမှုတို့ကို သူမ ခံစားနိုင်ပြီး သူက သူမကို သမီးငယ်လေးတစ်ယောက်ကဲ့သို့ ဆက်ဆံနေသလို သူမ ခံစားနေရသည်။ မည်သို့ပင်ဖြစ်စေ သူမက သူ့၏ဂရုစိုက်မှုကို အလွန်နှစ်သက်သဘောကျနေမိသည်။

စူးချင်းကတစ်ယောက် ရေချိုးပြီး အဝတ်လဲနေချိန်တွင် ရှောင်းကျဲယွိက အစားအသောက်များ၊ ဆေးဝါးများနှင့်အတူ စစ်တန်းလျားသို့ ပြန်လာခဲ့သည်။ ထမင်းချက်ခေါင်းဆောင်က ယာဂုပူပူတစ်အိုး ပြင်ဆင်ထားပြီး ဖြစ်ကာ စစ်တပ်သမားတော်ကလည်း ဒဏ်ရာရစစ်သည်များအားလုံးကို ပတ်တီးစည်းပေးထားပြီး ဖြစ်သည်။ သူတို့အားလုံးက ပင်ပန်းနေကာ အိပ်ငိုက်လွန်းသောကြောင့် ပုံလျက်သား အိပ်ပျော်နေကြသည်။

“ထပြီး စားလိုက်ကြဦး။ စားပြီးမှ ပြန်အိပ်ကြ"

ရှောင်းကျဲယွိက သူနှင့်အတူ အေးအတူပူအမျှ လိုက်ပါခဲ့ပြီး သေခြင်းတရားကို ဖြတ်သန်းခဲ့ကြသော ဤညီအစ်ကိုများအတွက် အလွန်စိတ်မကောင်းဖြစ်နေမိသည်။ သူက လူတိုင်းကို မုန့်ပေါင်းများ ဝေငှပေးလိုက်ပြီး စူးချင်း ပေးလိုက်သော အနာကျက်ဆေးကို စစ်တပ်သမားတော်ထံသို့ လွှဲပေးလိုက်သည်။

“ဒီတစ်ထုပ်က ပြင်ပဒဏ်ရာတွေအတွက် အသုံးပြုနိုင်တယ်။ ဒီတစ်ထုပ်ကိုတော့ အတွင်းပိုင်းဒဏ်ရာတွေအတွက်ပဲ သုံး၊ မရောသွားစေနဲ့"

“ဟုတ်ကဲ့ပါ သခင်လေး”

စစ်တပ်သမားတော်ကလည်း စူးချင်း၏ဆေးများကို အလွန်တန်ဖိုးထားသူ ဖြစ်သည်။

စူးသခင်မလေးရဲ့ အံ့ဖွယ်ဆေးပညာက သေသူကိုတောင် အသက်ပြန်ရှင်စေနိုင်တယ်။ သူ သူမကို အရမ်းလေးစားပြီး အရမ်းသဘောကျတယ်။

ရှောင်းကျဲယွိက စစ်စခန်းအတွက် စီစဉ်ရှိသည့်အရာများကို စီစဥ်ပေးခဲ့ပြီး ရုံးတော်ဆီသို့ ချက်ချင်း ပြေးသွားပြန်သည်။

သူ့၏သက်တော်စောင့်များက စီရင်စုအမတ်နှင့် ရဲမက်များကို ဖမ်းဆီးရန် စစ်သည်တစ်ချို့ကို ခေါ်ဆောင်ပြီး ရုံးတော်ကို ဝင်ဆီးခဲ့ကြသည်။ ထိုစီရင်စုအမတ်က သူရဲဘောကြောင်သူ ဖြစ်ပြီး ခုခံရန်ပင် မကြိုးစားရဲပဲ ချက်ချင်း အဖမ်းခံခဲ့သည်။

“သခင်လေး၊ မြို့သူမြို့သား တော်တော်များများက သူတို့ရဲ့တိုင်ကြားစာတွေကို လာပို့ပြီးကြပါပြီ။ ဒီစီရင်စုအမတ်က သူ ရာထူးရပြီး သိပ်မကြာခင်မှာပဲ မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒါတွေကို စစ်ဆေးကြည့်ပါ၊ ဒါတွေအားလုံးက သူ့ကို စွပ်စွဲထားတဲ့ တိုင်ကြားစာတွေပါ၊ ဒါတွေအားလုံးကတော့ ကျင်းချန်မှာ အနိုင်ကျင့်နေတဲ့သူတွေအားလုံးကို တိုင်ကြားထားတဲ့ တိုင်ကြားစာတွေပါ”

သက်တော်စောင့်များက ရှောင်းကျဲယွိကို သတင်းပို့လာခဲ့သည်။ ရှောင်းကျဲယွိက စီရင်စုအမတ်၏စားပွဲတွင် ထိုင်ကာ ထိုလူ၏ ရာဇ၀တ်မှုများကို လှန်လှောကြည့်ရှုနေခဲ့သည်။ ထိုလူက ချမ်းသာသော ကုန်သည်ကြီးများ၏ အိမ်ကြီးအိမ်ကောင်းများကို လုယူခဲ့သည့်အပြင် ယောက်ျားမိန်းမမရွေး အနိုင်ကျင့်တတ်ပြီး လူ့အသက်များကိုလည်း လုံးဝ လျစ်လျူရှုထားခဲ့သည်။ အတိုချုပ် ပြောရလျှင် ထိုလူက ခေါင်းဖြတ်ခံသင့်သည့် ဆိုးသွမ်းမှုများ မရေမတွက်နိုင်အောင် လုပ်ခဲ့သူ ဖြစ်သည်။

ကျင်းချန်ရှိ နိုင်လိုမင်းထက်ပြုမှုသူများက ထိုစီရင်စုအမတ်နှင့် ပူးပေါင်းကာ စျေးကွက်ကို ချုပ်ကိုင်ထားပြီး မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြသည်။ အထူးသဖြင့် စပါးများကို သိုလှောင်နေပြီး ဈေးကစားနေသော မြို့တွင်းရှိ စပါးကုန်သည်ကြီးနှစ်ဦးက ချမ်းသာသလောက် နှလုံးသားမဲ့သူများ ဖြစ်ကြသည်။

“စစ်သည်တို့ လာကြစမ်း၊ ဒီလူတွေကို သွားဖမ်းပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူလာခဲ့”

လက်ရှိအချိန်တွင် စစ်အင်အား တိုးချဲ့ရန် ငွေကြေးနှင့် စားနပ်ရိက္ခာများ လိုအပ်နေပြီး ထိုလူယုတ်များကို ပစ်မှတ်ထားရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ သူက မတရားနည်းလမ်းဖြင့် ချမ်းသာနေသည့်သူများထံမှ စည်းစိမ်ဥစ္စာများကို သိမ်းယူပြီး ဆင်းရဲသားများကို ပြန်ဝေငှရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို့အပြင် အဆိုးရွားဆုံးသော ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည့်လူတိုင်းအား လမ်းဆုံလမ်းခွတွင် ခေါင်းဖြတ်အပြစ်ပေးရန် ချက်ချင်း စီစဥ်လိုက်သည်။ စားနပ်ရိက္ခာများ ဖြန့်ဝေပေးမည့်သတင်းကိုလည်း ပြည်သူများဆီသို့ ကြိုတင်အကြောင်းကြားစေပြီး ငြိမ်းချမ်းစွာ လာရောက်ထုတ်ယူရန် ညွှန်ကြားစေခဲ့သည်။ သူက မြို့သူမြို့သားများကို ကာကွယ်ပေးနိုင်ရန် အမျိုးမျိုးသော အစီအမံများ ဆောင်ရွက်နေခဲ့သည်။

ရှောင်းကျဲယွိ၏ လုပ်ရပ်များကို ကျင်းချန်မှ လူများက အားပေးခဲ့ကြပြီး ချစ်ခြင်းမေတ္တာနှင့် ထောက်ခံမှုများလည်း ရရှိလာခဲ့သည်။

ရှောင်းမိသားစုစစ်တပ်က မြို့​တံခါး​ ပြန်ဆောက်နေရ​သည်​ကို ​သိလိုက်ရချိန်တွင် မြို့သူမြို့သားများက သူတို့၏အဆေက်အဦးများ​ကိုပင် ​ဖြို​ဖျက်ကာ သစ်သားများ​ကို မြို့တံခါး​ဆီသို့ ​သယ်​ဆောင်​ကြလာကြသည်။ လက်သမားအတက်ကို ကျွမ်းကျင်သော လက်သမားဆရာများကလည်း မြို့တံခါး တည်ဆောက်ရေးအတွက် အခမဲ့ ကူညီပေးရန် သူတို့ဘက်မှ စတင် ကမ်းလှမ်းလာကြသည်။

ပုံမှန်အားဖြင့် ကျင်းချန်မှလူများတွင်လည်း ဤသို့သောပေးကမ်းလိုစိတ်များ ရှိရန် ခက်ခဲလွန်းလှသည်။ သို့သော် ယခုအချိန်တွင် သူတို့က ကူညီရန် စိတ်အားထက်သန်နေကြပြီး ရှောင်းမိသားစုစစ်တပ်က ကျင်းချန်ကို စွန့်ခွာမသွားဘဲ သူတို့ကို ကာကွယ်ပေးပြီး သူတို့ မြို့ထဲတွင် ကောင်းကောင်းနေထိုင်နိုင်ရန် မျှော်လင့်နေခဲ့ကြသည်။

ဆောင်းဦးစာမေးပွဲ ကျင်းပသည့်နေ့သို့ ရောက်ရှိလာပြီး စာရင်းသွင်းသူ အနည်းငယ်သာ ရှိခဲ့သည်။ သို့သော်လည်း ရှောင်းကျဲယွိက စိတ်ဓာတ်မကျပေ။ ယခုအချိန်တွင် လာရဲသည့်သူများက လူကောင်းများ ဖြစ်သည်ဟု သူ သတ်မှတ်ပြီး အရည်အချင်းရှိသော်လည်း အကျိုးအမြတ်ကို တွက်ဆကာ တွန့်ဆုတ်နေသူများက အရေးကြီးသောရာထူးများနှင့် မထိုက်တန်သူများဟု သူ ယူဆခဲ့သည်။

စာဖြေသူများထဲတွင် ထိုနေ့က လက်ဖက်ရည်ဆိုင်တွင် ရှောင်းကျဲယွိ တွေ့ခဲ့သည့် ချန်ချင်းကျိုးလည်း ရှိနေခဲ့သည်။ သူက ရေချိုးသန့်စင်ထားပြီး သန့်ရှင်းသောအဝတ်အစားကို ၀တ်ဆင်ထားကာ သူ့ခေါင်းကို မြင့်မြင့်မော့ထားရင်း လူစုလူဝေးကြားတွင် ရပ်နေခဲ့ပြီး သူ့လက်ထဲတွင် ရတနာလေးပါးကို ကိုင်ဆောင်ထားသည်။ သူ့၏မျက်လုံးများထဲတွင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသည့် အရိပ်အယောင်များ ရှိနေပြီး သူ့၏ဟန်ပန်ကြောင့် သူက ကြက်အုပ်ထဲတွင် ရောက်နေသည့် ကြိုးကြာငှက်ကဲ့သို့ ထင်ရှားပေါ်လွင်နေသည်။

(t/n: ရတနာလေးပါး - စာရွက်၊ စုတ်တံ၊ မင်၊ မှင်ကျောက်)

ရှောင်းကျဲယွိက ချန်ချင်းကျိုးကို ခေါင်းညိတ်ပြလိုက်ပြီး ချန်ချင်းကျိုးကလည်း သူ့ကို လက်ခုပ်အုပ်ကာ လေးလေးနက်နက် ပြန်ဦးညွှတ်လိုက်သည်။ ရှောင်းကျဲယွိက သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူ့ရှေ့မှ စာမေးပွဲဖြေဆိုသူများကို ကြည့်လိုက်ပြန်သည်။

“ဒီဆောင်းဦးစာမေးပွဲမှာ ပါဝင်ရဲတဲ့အတွက် လူတိုင်းရဲ့သတ္တိကို ချီးကျူးပါတယ်။ အားလုံး ရလဒ်ကောင်းတွေ ရနိုင်မယ်လို့လည်း ကျုပ် မျှော်လင့်တယ်။ ရှောင်းမိသားစုစစ်တပ်က ခင်ဗျားတို့လို အရည်အချင်းရှိတဲ့သူတွေ အများကြီး လိုအပ်နေတာပါ။ ခင်ဗျားတို့မှာ အရည်အချင်းရှိသရွေ့ ခင်ဗျားတို့ နာမည်က လူတိုင်းရှေ့မှာ ထင်ပေါ်နေလိမ့်မယ်"

ရှောင်းကျဲယွိ၏မိန့်ခွန်းက အလွန်အားတက်ဖွယ်ဖြစ်သည်။ အမှန်တကယ်တွင်လည်း ဤဆောင်းဦးစာမေးပွဲတွင် ပါဝင်ရဲသူအားလုံးက ရည်မှန်းချက်ကြီးမားသူများ ဖြစ်ကြသည်။ သူတို့က ယုတ်ညံ့ပြီး ဥပဒေမဲ့သည့် လက်ရှိအုပ်ချုပ်သူများကို မကျေမနပ်ဖြစ်နေကြပြီး သာမန်ပြည်သူများကို အကျိုးပြုရန် မျှော်လင့်နေသူများသာ ဖြစ်သည်။

ထို့အပြင် သူတို့က စစ်သူကြီးရှောင်းဟမ်ကို လေးစားပြီး ရှောင်းမိသားစုစစ်တပ်အား ယုံကြည်အားကိုးသောကြောင့် ဤနေရာသို့ လာရန် သတ္တိရှိနေခဲ့ကြသည်။ ပညာရှိသည့် အုပ်စိုးရှင်ကသာ လောကကို အောင်နိုင်မည်ဟု သူတို့ ယုံကြည်ထားကြသည်။

ဆောင်းဦးစာမေးပွဲများ စတင်နေပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိက စာမေးပွဲကို သူကိုယ်တိုင် ကြီးကြပ်ပေးနေခဲ့သည်။ ထိုမေးခွန်းများအားလုံးကလည်း သူ ရေးထားသော မေးခါန်းများဖြစ်ပြီး သူက သူတို့ထဲမှ အရည်အချည်းအရှိဆုံးသူများနှင့် ရည်မှန်းချက်အကြီးဆုံးသူများကို ‌စစ်ထုတ်ရန် ပြင်ဆင်ထားခဲ့သည်။ ထို့အပြင် သူတို့ဆီမှ ထွက်လာမည့် အုပ်ချုပ်ရေးဗျူဟာများကိုလည်း သူ မြင်ချင်နေမိသည်။

ဤဆောင်းဦးစာမေးပွဲ၏ မေးခွန်းပေါ်မှ အကြောင်းအရာများက ယခင်နှစ်များနှင့် လုံးဝ မတူတော့ပေ။ စာအုပ်များထဲမှ အသိပညာကိုသာ ကန့်သတ်ထားခြင်းမျိုး မရှိဘဲ လူတိုင်းက လွတ်လပ်စွာ ထုတ်ဖော်ရေးသားနိုင်ရန် နေရာလွတ်များလည်း ချန်ထာပေးခဲ့သည်။

ရှောင်းကျဲယွိက စာစစ်မှူး၏ စားပွဲခုံတွင် ဝင်ထိုင်လိုက်ပြီး စာမေးပွဲဖြေဆိုသူများကို စောင့်ကြည့်နေခဲ့သည်။ သူတို့၏အားမာန်အပြည့် စာဖြေနေသည့် ဟန်များကို ကြည့်နေရင်း ယနေ့ရောက်လာသည့် စာမေးပွဲဖြေဆိုသူများအားလုံးက အရည်အချင်းရှိကြပြီး တာဝန်ထမ်းဆာင်ရန် သင့်တော်သည်ကို သူ နားလည်သွားခဲ့သည်။ သူဘက်ကလည်း ထိုသို့အရည်အချင်းရှိသူများကို အရေးတကြီး လိုအပ်နေလေသည်။ အကယ်၍ ဤစစ်ဆေးမှုရလဒ်များ မဆိုးရွားပါက သူက သူတို့အားလုံးကို သူ့ဘက်သို့ ခေါ်ယူရန် တွေးထားပြီး ဖြစ်သည်။

သို့တိုင်အောင် သူလျှိုများ အခွင့်ကောင်းယူခြင်းမှ တားဆီးရန်လည်း ထိုလူများ၏နောက်ခံကို အရင်ဆုံး စုံစမ်းရမည် ဖြစ်သည်။

နှစ်ရက်တာ ကျင်းပသည့် စာမေးပွဲ ပြီးသွားခဲ့ပြီ စာမေးပွဲဖြေဆိုသူများကလည်း သူတို့၏အဖြေစာရွက်များအားလုံးကို ပြန်အပ်ပြီးဖြစ်ကာ ရလဒ်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

ရှောင်ကျဲယွိက အဖြေစာရွက်များကို သူကိုယ်တိုင် အဆင့်သတ်မှတ်ပေးနေခဲ့ပြီး စူးချင်းက အလိုက်သိသော ဇနီးလေးသဖွယ်ပြုမူကာ သူ့အတွက် မှင်ကြိတ်ပေးနေခဲ့သည်။

စူးချင်းက ထိုစာရွက်များပေါ်မှအကြောင်းများကို ဘာမှ မသိပေ။ ထိုဂန္ထဝင်စာပေများက စာလုံးများ များပြားလွန်းသောကြောင့် သူမ ဆက်ဖတ်ရန် စိတ်မရှည်တော့ပေ။ နောက်ဆုံးတွင် သူမက လက်ရေးလှ မလှကိုသာ လိုက်ကြည့်နေတော့သည်။

လူတစ်ယောက်ရဲ့လက်ရေးက သူ့ရဲ့အမူအကျင့်ကို ဖော်ပြနိုင်တယ်လို့ ပြောကြတာ မဟုတ်ဘူးလား? စာရေးတာ သပ်သပ်ရပ်ရပ် ဆိုရင် ဒီလူက လေးနက်တယ်။ လက်ရေးက ညစ်ပတ်နေရင် ဒီလူက ပေါ့ပျက်တယ်။

ရှောင်းကျဲယွိ အဆင့်သတ်မှတ်ထားသည့် စာရွက်များ အားလုံးကို စူးချင်းလည်း ဖတ်ပြီးပြီဖြစ်သည်။ သို့သော် နောက်ဆုံးစာရွက် တွေ့လိုက်ရချိန်တွင် ပြောင်မြောက်သောလက်ရေးက သူမကို စွဲဆောင်နိုင်ခဲ့သည်။ သူမက ရှောင်းကျဲယွိကို ရုတ်တရက် မေးလိုက်သည်။

"ဒါက ဘယ်သူ့စာရွက်လဲ?"

All Chapters