← Chapters

မျိုးနွယ်တစ်ခုလုံး ပျက်သုန်းစေနိုင်သည့် ကြီးလေးသောပြစ်မှု

Vol. 31 Ch. 453

မျိုးနွယ်တစ်ခုလုံး ပျက်သုန်းစေနိုင်သည့် ကြီးလေးသောပြစ်မှု

Vol. 31 Ch. 453

ရှောင်းကျဲယွိ၏ တည်ကြည်လေးနက်သော အမူအရာက ချက်ချင်း ပြန်ပေါ်လာပြီး မျက်နှာသုတ်ပဝါဖြင့် သူ့လက်ကို သုတ်နေလိုက်သည်။ ဝင်လာတဲ့သူက ဆိုင်ရှင်ဖြစ်ပြီး သူ့နောက်တွင် အထူးစားဖွယ်များကို ပြင်ဆင်ထားသည့် ပန်းကန်ပြားကြီးများ ကိုင်ဆောင်ထားသော စားပွဲထိုး သုံးလေးယောက်ရှိနေခဲ့သည်။

“သခင်လေး‌ရှောင်း၊ ဒါက ငါတို့ဆိုင်ရဲ့အထူးစားဖွယ် ရှောင်လုံပေါင်းပါ။ အထဲမှာ အစာသွပ်ထားတာက အရည်အသွေးမြင့် ပုစွန်နဲ့ ဝက်ခြေထောက်ပေါင်းပါ။ ဒါကတော့ သကြားဖြူမုန့်ပါ၊ ဒါက ချိုပေမယ့် မအီစေဘူး။ ဒါက…”

စားစရာ ပန်းကန်တစ်ချပ်ကို စားပွဲပေါ်သို့ တင်လိုက်တိုင်း ဆိုင်ရှင်က တစ်မျိုးစီကို မိတ်ဆက်ပေးနေခဲ့သည်။ သူက သခင်လေး‌ရှောင်းနှင့် ပိုမိုစကားပြောဆိုနိုင်စေရန် ရည်ရွယ်နေပြီး ရှောင်းကျဲယွိကို ကောင်းကင်ကဲ့သို့ မြှောက်စားပေးချင်နေခဲ့သည်။

သခင်လေး‌ရှောင်းက သာလွန်ကောင်းမွန်တဲ့ အပြုအမူတွေကို ပိုင်ဆိုင်တယ်။ ပြီးတော့ သူက ရုပ်ရည်ချောမောတင့်တည်တဲ့အပြင် မြင့်မြတ်တဲ့ကျက်သရေဂုဏ်ရောင်ကိုလည်း ပိုင်ဆိုင်သေးတယ်။ အခု ကမ္ဘာကြီး ရှုပ်ပွနေပြီ၊ နောင်အနာဂတ်မှာ သခင်လေး‌ရှောင်းက တိုင်းပြည်တစ်ခု ထူထောင်ပြီး အုပ်စိုးရှင်တစ်ယောက် ဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် အခု သူ သခင်လေးရှောင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားရမယ်။ ပြီးတော့ သခင်လေးရှောင်းက သူ့အတွက် တော်ဝင်ကမ္ပည်းတစ်ခု ရေးဆွဲပေးခဲ့မယ်ဆိုရင် သူ့လုပ်ငန်းကို ကြီးပွားလာစေမှာ မဟုတ်ဘူးလား?

"ကျေးဇူးတင်ပါတယ် သူဌေး"

ရှောင်းကျဲယွိက အပြုံးဖြင့် သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ သို့သော် စူးချင်း၏စိတ်မရှည်မှုကို မြင်နေရသောကြောင့် သူက ဆိုင်ရှင်ကို ထပ်ပြောလိုက်သည်။

“ဒါတွေကို ထားခဲ့လို့ရပါတယ်၊ ငါတို့မှာ ဆွေးနွေးရမယ့်ကိစ္စလေးတွေ ရှိနေတုန်းပဲ!”

သူက စကားအလိမ္မာသုံးကာ ပြောလိုက်သော်လည်း နှစ်ပေါင်းများစွာ စီးပွားရေး လုပ်နေခဲ့သည့် ဆိုင်ရှင်က ချက်ခြင်းသဘောပေါက်ပြီး ခေါင်းညိတ်ပြကာ ပြုံးပြုံးရွှင်ရွှင် ဦးညွှတ်လိုက်သည်။ သို့သော် သူက သူ မထွက်ခင် ရှောင်းကျဲယွိအား မျှော်တလင့်တကြီးကြည့်ကာ လှမ်းမေးလိုက်သေးသည်။

"သခင်လေး‌ရှောင်း၊ ခနနေရင် ငါတို့ဆိုင်အတွက် ကမ္ပည်းပြားတစ်ချပ်လောက် ရေးပေးဖို့ သခင်လေးကို နှောက်ယှက်လို့ ရမလား?"

"ရတယ်၊ ကိစ္စမရှိဘူး"

ရှောင်းကျဲယွိကလည်း အလွယ်တကူ သဘောတူလိုက်သည်။ စူးချင်းက ထိုဆိုင်ရှင်ကို မော့ကြည့်လိုက်သည်။

ဒီလူက ဉာဏ်ကောင်းလှချီလား? သူက ‌ရွှေ့ရှန့်ရဲ့လက်ရေးလှကိုတောင် တောင်းထားဖို့ တွေးနိုင်သေးတယ်။ တကယ်လို့ နောင်မှာ ရွှေ့ရှန့် ဧကရာဇ်ဖြစ်လာရင် ဒီကမ္ပည်းပြားက ဧကရာဇ်ကိုယ်တိုင်ရေးပေးတဲ့ ကမ္ပည်းပြားဖြစ်လာလိမ့်မယ်။ ရွှေ့ရှန့် အကျဉ်းသားဖြစ်လာရင်တော့ သူက ဒီကမ္ပည်းပြားကို ဖုံးကွယ်ထားပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်ရုံပဲ။

တကယ်တော့ စာပေပညာရှင်၊ လယ်သမား၊ လက်မှုပညာရှင်နဲ့ ကုန်သည်မှာ ကုန်သည်တွေတို့ အောက်ဆုံးအဆင့် သတ်မှတ်ထားတာက အံ့သြစရာ မဟုတ်တော့ဘူး။ သူတို့က သူတပါးကို လှည့်ပတ်ဖို့ ကျွမ်းကျင်ပြီး ကပ်ဖားရပ်ဖားလည်း လုပ်တတ်သေးတယ်။ တကယ်ကို မနှစ်မြို့စရာပဲ။

"ချင်းအာ၊ မင်း ချိုမြိန်တဲ့ အစားအစာတွေကို ကြိုက်မှန်း ကိုယ် သိတယ်။ ဒီသကြားဖြူမုန့်ကို စမ်းစားကြည့်ပါဦး"

ရှောင်းကျဲယွိက စူးချင်း၏ အကြိုက်များအားလုံးကို မှတ်မိနေသည်အထိ သူမကို ဂရုစိုက်ပေးခဲ့သည်။ သူက ပျော့ပျောင်းပြီး ကြည်လင်နေသော သကြားဖြူမုန့်တစ်ဖဲ့ကို ဖဲ့ယူလိုက်ပြီး စူးချင်း၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“အင်း”

စူးချင်းက ညင်ညင်သာသာ ပြုံးနေပြီး ကျေနပ်နေပုံရသည်။

သူက သူမနဲ့ ပတ်သတ်တာတွေ အကုန်လုံးကို မှတ်မိနေတာလား? ဒါက သူမကို ပျော်ရွှင်စေတယ်။

သူမကလည်း ရှောင်းကျဲယွိအတွက် မုန့်ပေါင်းသေးသေးလေးကို ကောက်ယူပြီး သူ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“ရှင်က အသားကြိုက်တယ်မလား? များများစား”

စူးချင်းက သူ့အတွက် စားစရာ ယူပေးသောကြောင့် ရှောင်းကျဲယွိ၏အပြုံးက ပိုပီပြင်လာပြီး သူ့ပါးစပ်ထောင့်များက သူ့နားရွက်ထဲသို့ တိုးဝင်တော့မယောင် ဖြစ်လာခဲ့သည်။

နှစ်ယောက်သား စားပွဲပေါ်မှ စားစရာပန်ကန်များ ပြောင်ရှင်းသွားသည်အထိ စားသောက်ခဲ့ကြပြီး သူတို့ မည်မျှ ဗိုက်ဆာနေကြောင်း သိသာနေခဲ့သည်။

"စစ်သည်တွေအတွက်ရော စားစရာ ရပြီလား?"

စူးချင်းက ထိုစစ်သည်များအတွက်လည်း သတိရနေသေးသည်။

သူတို့က သူမနဲ့အတူ ဘဝရဲ့သေခြင်နဲ့ ရှင်ခြင်းကို အတူတူ ဖြတ်သန်းခဲ့ပြီပြီး၊ သူမ သူတို့ကို ဗိုက်ဟောင်းလောင်းနဲ့ မနေခိုင်းနိုင်တော့ဘူး။

"အင်း၊ ကိုယ် သူတို့ကို စားစရာ ချက်ပြုတ်ဖို့ အမိန့်ပေးပြီးပြီ၊ ပြီးရင်လည်း ဒီကနေ မုန့်ပေါင်းတွေ ပြန်ဝယ်သွားကြမယ်"

ရှောင်းကျဲယွိက သူ အသားထည့်ထားသော မုန့်ပေါင်းအလုံးနှစ်ရာမှာထားပြီးကြောင်း စူးချင်းကို ထပ်ရှင်းပြလိုက်သည်။ ဆိုင်ရှိ အခြားအစားအစာများနှင့် သရောစာမုန့်များက လှပပြီး အရသာရှိသော်လည်း စစ်သည်များအတွက်တော့ ဗိုက်ပြည့်စေမည်မဟုတ်ပေ။

သူနှင့် စူးချင်းတို့ စားသောက်ပြီးနောက်တွင် ရှောင်းကျဲယွိက မုန့်ပေါင်းအလုံးနှစ်ရာဖိုး အပါအဝင် ဆိုင်ရှင်အား ငွေဆယ်ချောင်း ပေးခဲ့သည်။ ဆိုင်ရှင်က ထိုငွေကို လက်မခံဘဲ “သခင်လေး‌ရှောင်း ငါတို့ရဲ့ စားသောက်ဆိုင်ကို လာစားတာနဲ့တင် ငါတို့ ဂုဏ်ယူနေပါပြီ။ လက်ရေးလှတစ်လောက် ရေးပေးဖို့ပဲ သခင်လေး‌ရှောင်းကို တောင်းဆိုချင်ပါတယ်"

“ငွေကို ယူလိုက်ပါ။ ကျုပ် ခင်ဗျားအတွက် စကားလုံးတစ်ချို့လည်း ရေးပေးပါ့မယ်"

ရှောင်းကျဲယွိကလည်း သူအနေဖြင့် ပြည်သူများကို ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုင်းကြောင်း ပြသချင်နေခဲ့သည်။ ထို့ကြောင့် သူအနေဖြင့် လူအများ၏ အမြင်တွင် လောဘကြီးသူများ၏ ပုံရိပ်မျိုး မကျန်စေရန် ကြိုးစားရမည် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူက ဝမ်မိသားစုစစ်တပ်နှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။

"ကောင်းပါပြီ!"

ဆိုင်ရှင်ကလည်း အလွန်စိတ်လှုပ်ရှားသွားပုံရသည်။

သခင်လေး‌ရှောင်းက ဟိုအရင်က စစ်သူကြီးရှောင်းဟမ်လိုမျိုးပဲ။ သူက လူတွေကို အမြတ်ထုတ်ချင်နေတဲ့ တော်ဝင်ရုံးတော်က အရာရှိနေနဲ့ မတူဘူး။ ရှောင်းမိသားစုစစ်တပ်က သာမန်အရပ်သားတွေဆီကနေ အပ်တိုတစ်ချောင်း ဒါမှမဟုတ် အပ်ချည်တစ်မျှင်တောင် မယူခဲ့ကြဘူး။

ဆိုင်ရှင်က စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်ကို အဆင်သင့် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ရှောင်းကျဲယွိက ဆိုင်ရှင်ကို တချက်လှမ်းကြည့်လိုက်ပြီး သူ ရေးပေးရမည့် ကမ္ပည်းပြား၏အမည်ကို မေးလိုက်သည်။ ထို့နောက် သူက စုတ်တံကို ကောက်ကိုင်ကာ မှင်ထဲသို့ နှစ်လိုက်ပြီး သူ၏စွမ်းအင်များအားလုံးကို ကမ္ပည်းပေါ်သို့ အာရုံစူးစိုက်ကာ စုတ်ချက်တစ်ချက်ချင်း ရေးသားနေခဲ့သည်။ ထို့နောက် သူ့၏အမည်နှင့် နေ့ရက်ပါ မှတ်တမ်းရေးထိုးလိုက်သည်။

စူးချင်းက ဘေးတွင် ရပ်နေပြီး ရှောင်းကျဲယွိ စာရေးနေသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ့၏လက်ရေးက လေထဲသို့ပျံတက်သော မြင်းတစ်ကောင်ကဲ့သို့ အားမာန်ပြည့်နေကာ ကောင်းကင်သို့ ပျံတက်နေသော နဂါးတစ်ကောင်၏ထည်ဝါခြင်းများ ရှိနေပြီး စုတ်ချက်တိုင်းတွင် အထိန်းအကွပ်မဲ့ စီးဆင်းနေသည့် ရေများ၏အရှိန်အဟုန်ကဲ့သို့သော အရှိန်အဝါများ ပြည့်ဝနေလေသည်။

အမှန်တကယ်တွင် စူးချင်းအတွက်လည်း ရှောင်းကျဲယွိ စာရေးသည်ကို အေးအေးဆေးဆေး ကြည့်နိုင်ခြင်းက ပထမဆုံးအကြိမ်သာ ဖြစ်သည်။ အများအားဖြင့် သူမ သူ့ဓားကိုင်နေသည်ကိုသာ မြင်ဖူးခဲ့ပြီး သူ့လက်ရေးက သူ့၏ဟန်ပန်ကဲ့သို့ ပြေပြစ်ကာ လွတ်လပ်ပြီး အထိန်းအကွပ်မဲ့နေလိမ့်မည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။

"ကောင်းလိုက်တာ၊ ကောင်းလိုက်တဲ့ လက်ရေး!"

လက်ဖက်ရည်ဆိုင်ထဲရှိ စားသုံးသူများကလည်း ရှောင်းကျဲယွိ လက်ရေးလှ ရေးနေသည်ကို ကြည့်ရန် ဝိုင်းဖွဲ့နေခဲ့ကြသည်။ ထိုအထိန်းအကွပ်မရှိသော လက်ရေးလှကို မြင်ခွင့်ရသူတိုင်းက အလွန်သဘောကျနေပြီး ချီးကျူးသံများ ထွက်ပေါ်လာခဲ့သည်။ သူတို့အထဲမှ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကတော့ တောက်ပရွှမ်းလဲ့သောမျက်လုံးများဖြင့် ‌ရှောင်းကျဲယွိကို စိုက်ကြည့်နေလေသည်။

ထိုလူက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ပညာရှင်တစ်ယောက်၏ဟန်ပန်ကို ပိုင်ဆိုင်ထားသည်။ သူ့အဝတ်အစားများက ဟောင်းနွမ်းနေပြီး သူ့ကိုယ်ပေါ်ရှိ ၀တ်စုံတွင် ဖာထေးရာများ ရှိနေသေးလည်း အညစ်အကြေးဟူ၍ မြူတစ်မှုန်စာပင် မရှိအောင် လျှော်ဖွတ်ထားပုံရသည်။ သူ့မျက်လုံးများတွင် ကြီးမြတ်သောဆန္ဒများ ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်က ထင်းရှူးပင် သို့မဟုတ် ကျောက်ပန်းပင်ကဲ့သို့ ဖြောင့်တန်းနေလေသည်။ သူထံတွင် သာမာန် ပညာရှင်တစ်ယောက်ကဲ့သို့ ပျော့ညံ့ဟန်မျိုး လုံးဝ မရှိချေ။

“အခု ဒီမှာ လူတော်တော်များများ ရှိနေတော့ ကျုပ် ကြေငြာပေးစရာ တစ်ခုရှိတယ်၊ ကျုပ် ဆောင်းဦးစာမေးပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်။ ထိပ်တန်းသုံးယောက်ကို ဝင်နိုင်တဲ့ ထူးချွန်ထက်မြက်တဲ့သူတွေကို အရေးကြီးတဲ့တာဝန်တွေ အပ်နှင်းမယ်။ အားလုံးပဲ ဒီသတင်းကို ဖြန့်ပေးကြမယ်လို့ ကျုပ် မျှော်လင့်တယ်။ နောက်ပိုင်း ရုံးတော်ကို လာပြီး စာရင်းသွင်းနိုင်တယ်။ အရည်အချင်းရှိသူတွေနဲ့ ပြည်သူတွေအပေါ် သစ္စာရှိတဲ့သူတွေအားလုံး ဒီဆောင်းဦးစာမေးပွဲမှာ ပါဝင်ပြီး ပြည်သူတွေကို အလုပ်အကျွေးပြဖို့ ကျုပ် တိုက်တွန်းချင်တယ်”

ရှောင်းကျဲယွိက သူ့လည်ချောင်းကို ရှင်းထုတ်ပြီး အရည်အချင်းရှိသူများကို ရွေးချယ်မည့် ဆောင်းဦးစာမေးပွဲတစ်ခု ကျင်းပမည်ဟု ကြေညာလိုက်သည်။

ထိုအသက်သုံးဆယ်ကျော် အမျိုးသား၏ မျက်လုံးများက ချက်ချင်း ပိုတောက်ပလာပြီး သူက ရှောင်းကျဲယွိကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေပြန်သည်။

သူ့အရည်အချင်းတွေက နှစ်ပေါင်းများစွာ တန်ဖိုးထားမခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ သူ့အတွက် ဒီအခွင့်အရေးက ရောက်လာခဲ့ပြီ။

"ကျွန်တော် ပါဝင်ပါ့မယ်"

သူက လုံးဝ တွန့်ဆုတ်မနေဘဲ စာရင်းသွင်းရန် သူ့လက်ကို ချက်ချင်း မြှောက်လိုက်သည်။ ရှောင်းကျဲယွိက သူ့ကို အပြုံးဖြင့် ပြန်ကြည့်လိုက်ပြီး "ခင်ဗျား နာမည်ဘယ်လိုခေါ်လဲ?"

ရှောင်းကျဲယွိကလည်း ဤလူ၏အသွင်အပြင်နှင့် ဟန်ပန်ကို တစ်ချက်ကြည့်ရုံမှဖြင့် သူ့ကို အလွန်သဘောကျနေခဲ့သည်။

ဒီလို မြင့်မြတ်တဲ့ရုပ်ရည်ရှိသူတိုင်းမှာ ထူးကဲတဲ့ လက္ခဏာတွေ ရှိတတ်ပြီး အခုလည်း သူ့မျက်လုံးတွေက သူ့မှာ ထူးကဲတဲ့အရည်အချင်းရှိကြောင်း ပြောပြနေပြီ။ သူရဲ့ဝတ်စားဆင်ယင်မှုက တောက်ပခြင်း ကင်းမဲ့နေတာတောင် ဒီလိုဟန်ပန်မျိုးရှိနေသေးတယ်။ ဒါက သာမာန်လူတွေ ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။

"ကျွန်‌တော်က ချန်ချင်းကျိုးပါ"

ချန်ချင်းကျိုးက သူ့လက်သီးပေါ် လက်ဝါးအုပ်ကာ တလေးတစား ဦးညွှတ်ရင်း ပြန်ဖြေလိုက်သည်။ ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး "ခင်ဗျားဆီကနေ ရလဒ်ကောင်းတွေ မြင်ရဖို့ ကျုပ် စောင့်‌နေပါ့မယ်"

"ကျွန်တော် ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး၊ သခင်လေး"

ချန်ချင်းကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ စူးချင်းကလည်း သူတို့ကို ဘေးမှ ကြည့်နေခဲ့သည်။

ဒီချန်ချင်းကျိုးရဲ့ မျက်လုံးအကြည့်တွေက ခိုင်မာပြီး ဆုံးဖြတ်ချက်ပြတ်သားပုံပဲ။ သူက သူကိုယ်သူ နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်း မရှိဘူး။ သူက တကယ်ပဲ အရည်အချင်းရှိသူ ဖြစ်နိုင်တယ်။

လက်ဖက်ရည်ဆိုင်ပိုင်ရှင်က စားပွဲထိုးတစ်ယောက်ကို အပြင်သို့ လွှတ်လိုက်ပြီး အသားမုန့်ပေါင်း(ပေါက်စီ)နှစ်ရာ ရအောင် ဝယ်ခိုင်းလိုက်သည်။ သိပ်မကြာခင်မှာပင် စားပွဲထိုးက လက်တစ်ဖက်စီတွင် ဆီစိမ်စက္ကူအိတ်ကြီးနှစ်လုံးစီ ကိုင်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။ သူက အမောတကောဖြင့် ရှောင်းကျဲယွိကို လှမ်းပြောလိုက်သည်။

“သခင်လေး၊ သခင်လေး မှာထားတဲ့ မုန့်ပေါင်းတွေ”

"ကျေးဇူးတင်ပါတယ်"

ရှောင်းကျဲယွိက မုန့်ပေါင်းများကို ယူကာ စူးချင်းနှင့်အတူ ပြန်ထွက်ခွာသွားခဲ့သည်။ စားသုံးသူများနှင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်တို့က သူ့ကို အပြင်ဘက်သို့ လိုက်ပို့ပေးခဲ့ကြသည်။ ချန်ချင်းကျိုးကလည်း လူအုပ်ထဲတွင် ရပ်နေပြီး သူ့မျက်လုံးများထဲတွင် သူ၏မာန်မာနနှင့် ရည်မှန်းချက်များကို အပြည့်အဝ ဖော်ထုတ်ပြသထားခဲ့သည်။

"တော်ဝင်စာမေးပွဲ ကျင်းပမယ်တဲ့လား? သခင်လေး‌ရှောင်းက ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ?"

"ဒါက ပုန်ကန်တာ မဟုတ်ဘူးလား?"

ရှောင်းကျဲယွိ ထွက်သွားသည်နှင့်တပြိုင်နက် လက်ဖက်ရည်ဆိုင်ထဲမှ လူအချို့က တီးတိုးတီးတိုး ဆွေးနွေးတိုင်ပင်နေကြသည်။ သူရဲဘောကြောင်သော ပညာရှင်များကတော့ ထိုစာမေးပွဲကို မပါဝင်ရဲကြတော့ပေ။

ဒါက တော်ဝင်ရုံးတော်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေတာနဲ့ အတူတူပဲလေ။ သူတို့လည်း ပုန်ကန်သူ ဖြစ်လာမှာ မဟုတ်ဘူးလား?

“မင်းတို့အားလုံး နန်းတွင်းကို စိတ်ပျက်နေကြပြီ မဟုတ်ဘူးလား? လက်ရှိဧကရာဇ်က ထီးနန်းကို လုယူထားတဲ့ သစ္စာဖောက်ပဲ။ လူတိုင်းက သူ့ကို ဆန့်ကျင်သင့်တယ်”

လူတိုင်း၏ဆွေးနွေးမှုကို ကြားပြီးနောက် ချန်ချင်းကျိုးက မတ်တပ်ထရပ်ကာ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ချန်ချင်းကျိုး၏ ရူးသွပ်စွာ ပြောဆိုသံကို ကြားသွားပြီး သူ့ကို ဖျောင်းဖျရန် အမြန်ပြေးလာခဲ့သည်။

"ချန်ရှို့ချိုက်၊ ကျေးဇူးပြူပြီး ဒီမှာ တိုင်းရေးပြည်ရေးတွေ မပြောပါနဲ့"

(ရှို့ချိုက်ဆိုတာက ကောင်တီ(ခရိုင်)အဆင့် စာမေးပွဲအောင်ပြီးတဲ့ သူကို ခေါ်တဲ့ ဘွဲ့အမည်ပါ)

အိုကောင်းကင်ကြီးရေ! သခင်လေး‌ရှောင်းက ပုန်ကန်ချင်နေတာ ဖြစ်နိုင်လား? ဒါဆိုရင်တော့ သူ့ရဲ့ကမ္ပည်းစာသားတွေကို ချန်ထားလို့ မရတော့ဘူး။

ဆိုင်ရှင်က စားပွဲထိုးတစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး ရှောင်ကျဲယွိ ရေးသားပေးထားခဲ့သည့် ကမ္ပည်းပြားကို မီးဖိုချောင်သို့ တိတ်တဆိတ် ယူသွားခိုင်လိုက်ပြီး မီးရှို့ငစ်ရန် ညွှန်ကြားလိုက်သည်။ ချန်ချင်းကျိုးက ထိုစကားသံကို ကြားသွားပြီး ချက်ချင်း ထအော်လိုက်သည်။

"သခင်လေးရှောင်းကို ကမ္ပည်းပြား ရေးပေးဖို့ တောင်းဆိုခဲ့တဲ့သူကလည်း ခင်ဗျားပဲ၊ အခုကျတော့ ခင်ဗျားက ဒီလက်ရေးလှပန်းချီကို ဖျက်ဆီးပစ်ချင်နေပြီ၊ ခင်ဗျား အရှက်မဲ့လွန်းတယ်။ ဒါ လူယုတ်မာတစ်ယောက်ရဲ့ အမူအကျင့်တွေပဲ။ ခင်ဗျား မယူရဲရင် ကျုပ်ကို ပေးလိုက်"

ဤလက်ရေးလှကားချပ်က ဆိုင်ရှင်သူဌေးလက်ထဲတွင် အာလူးပူပူ ဖြစ်လာပြီး ချန်ချင်းကျိုးက တောင်းလိုက်ချိန်တွင် သူက ချက်ချင်း ပေးလိုက်သော်လည်း သူ့ကို အကြံပေးလိုက်သေးသည်။

"ချန်ရှို့ချိုက်၊ မင်း ဒီဆောင်းဦးစာမေးပွဲကို မပါဝင်ဖို့ ငါ အကြံပေးချင်တယ်။ နန်းတွင်းက သိသွားရင် မင်းတို့မိသားစုတစ်ခုလုံး သေဒဏ်ပေးခံရလိမ့်မယ်..."

All Chapters