တိုက်ပွဲစတင်ခြင်း ... ။
Vol. 39 Ch. 461
ဖုန်တုတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားလေသည်။ တစ်ဖက်တွင် သော်ခိုက ပြုံးလျက်၊
“ ချင်းယွင် ... နင်ရဲ့ဘိုဘေးအသစ်ကို နှုတ်ဆက်ဖို့ အခွင့်အရေး မင်းဆီရောက်လာပြီ။ ”
-ဟု ပြောကြားလိုက်သည်။
ချင်းယွင်တစ်ယောက် ပါးပြင်များ နီမြန်းလာပြီး၊
“ ဟမ့် ... ဟွမ်ရှောင်ယုနဲ့အဖွဲ့ကို မြင်ရင် ဒီကောင်ကြောက်လန့်ပြီး ထွက်ပြေးပါလိမ့်မယ် သူသာ ဟွမ်ရှောင်ယုတို့နဲ့ တိုက်ဖို့သတ္တိရှိတယ် ဆိုရင် ... သူ့ကိုဘိုးဘေးလို့ ငါတကယ် ခေါ်ပြမယ်။ ”
“ ဒါဆို ကြည့်ရအောင်။ ”
မိန်ယန်ပိုင်က ဝင်ပြောလိုက်၏။ သို့သော် ချင်းယွင်မှ လှည့်ကြည့်လာသဖြင့် ချက်ချင်းပင် နားလည်မှုလွဲသွားမည်ကို စိုးရွံ့ဟန် လက်ကာပြလိုက်ပြီး၊
“ ငါ့ကို အထင်မလွဲနဲ့ ... မင်းရဲ့ဘိုးဘေးအသစ်ကို ငါမမြင်ချင်ပါဘူး။ ”
-ဟု ပြောကြားလေသည်။
သူတို့စကားပြောနေစဉ် အဝေးရှိ လူအုပ်ကြီးသည်လည်း ရုန်းရင်းဆန်ခတ် ဖြစ်လာတော့၏။
“ ဒီကောင်တကယ် သတ္တိရှိတာပဲ ဟွမ်ရှောင်ယုနဲ့ တခြားသူတွေက သူ့ကိုသတ်ဖို့ စောင့်နေတာ သူ မသိဘူးလား။ ”
နေရာတိုင်းတွင် ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ပြီး ချန်လု၊ လီဟန်ထောင်၊ ယွီဝမ်ရှ၊ ကျန်းလီအစရှိသည့် ခေတ်ပြိုင်ပါရမီရှင်များ အားလုံးအံ့အားသင့်ခဲ့ကြသည်။
ကျန်းဖူတစ်ယောက် မျက်ဝန်းများ မှေးစင်းသွား၏။
“ သူဟာ ကြယ်စုစည်းခြင်းအဆင့် ရောက်သွားပြီ အရင်က သူပြသခဲ့တဲ့ ခွန်အားကို အခြေခံပြီး ဟွမ်ရှောင်ယုတို့ကို တစ်ဦးချင်း ယှဉ်ပြိုင်ရင် ...
... ပြဿနာရှိမှာမဟုတ်ဘူး ဒါပေမယ့် ကိုးယောက်နဲ့တစ်ယောက်ဆိုရင် သူ့အတွက် အခွင့်အရေး မရှိမှာ သေချာတယ်။ ”
ချီကျန့်စုက နားရွက်နောက်သို့ သူ့ဆံပင်တိုတိုများကို သိမ်းလျက် လက်ပိုက်ကာ ကြည့်နေပြီး၊
“ စုရီက နောက်ဆုတ်ဖို့ မရည်ရွယ်ထားသရွေ့တော့ တိုက်ပွဲက စိတ်လှုပ်ရှားစရာ ဖြစ်လာမှာသေချာတယ်။ ”
-ဟု မှတ်ချက်ပေးသည်။
သူတို့ စကားပြောနေစဉ် စုရီနှင့်အဖွဲ့သည် တောင်ခြေရင်းသို့ ရောက်ရှိလာ၏။ ကူချန်နင်က အခြေအနေကို တိတ်တဆိတ် စုရီထံ သတင်းပို့လိုက်သည်။
သို့သော် စုရီက ဂရုမစိုက်ဘဲ ခေါင်းပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေကို သူစောင့်နေသည်မှာ ကြာပြီဖြစ်၏။
စုရီနှင့် သူ့အဖွဲ့ ရောက်ရှိလာမှုသည် လူအများစုကို အံ့သြသွားစေသည်။ စုရီသည် ဤမျှသတ္တိရှိနေလိမ့်မည်ဟု မထင်ထားချေ။
နေဝင်ရီတရောအချိန်ဖြစ်သဖြင့် လေထုသည် စိတ်ပျက်စရာကောင်းလှပြီး အနည်းငယ် အပျက်သဘောဆန်နေ၏။
စုရီက လူအုပ်ကြီး၏ အကြည့်များကို သတိမမူမိသကဲ့သို့ လက်နှစ်ဖက် နောက်ပို့ကာ၊
“ ခဏလောက် စောင့်ချင်သေးလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဟမ့် ... မင်းအကူအညီကို စောင့်ချင်နေတာလား။ ”
ချီရှောင်က တုန့်ပြန် မေးခွန်းထုတ်လိုက်သည်။ စုရီမှ ခေါင်းရမ်းပြီး၊
“ မဟုတ်ဘူး၊ တစ်ကြိမ်တည်းနဲ့ အားလုံးကိုဖြေရှင်းချင်လို့ နောက်ထပ်ဘယ်သူ လာဦးမလဲ စောင့်စေချင်တာ။ ”
“ ဟား ဟား ဟား ... ။ ”
ကျန်းဖူတစ်ယောက် သဘောကျစွာ ရယ်လေသည်။ ဤစုရီသည် အမှန်ပင်မောက်မာ လွန်း၏။ သူ့အကြိုက် ပေပင်။ ဟွမ်ရှောင်ယုမှ မကျေမနပ်ဖြင့် ကျန်းဖူထံ လှည့်ကြည့်၏။
ထိုအချိန်တွင် စုရီက ဝမ်ရှင်းကျောက်တို့ထံ လှည့်ကြည့်ကာ၊
“ မင်းတို့ တိုက်ပွဲနဲ့အဝေးကို ခဏသွားနေပါ။ ”
-ဟု ပြောကြားလိုက်သည်။
တစ်ဆက်တည်းမှာပင် လက်နှစ်ဖက် နောက်ပို့လျက် ကျောက်လှေခါးထစ်များပေါ်သို့ လှမ်းတက်လိုက်တော့၏။
မာနကြီးပြီး တည်ငြိမ်လွန်းသော ထိုအမူအရာသည် အဝေးရှိလူတိုင်းကို သံသယ ဝင်လာစေသည်။
“ ချီရှောင် မင်းအရင်သွား ... ။ ”
မိုရှင်းဇီက အမိန့်ပေးလိုက်လေသည်။ ငွေရောင်ဆံပင်များ လွင့်ဝဲလျက် ချီရှောင်မှ ချက်ချင်း ဓားဖြင့်ခုတ်ချလိုက်၏။
“ ဟမ့် ... ဝိညာဉ်ဝါးမျိုးခြင်းဆေဘာဓား။ ”
အနီရောင်ဓားအလင်းတစ်လက် ပြေးထွက်လာသည်။ သို့သော် စုရီက လက်ဖဝါး ရိုက်ချက်ဖြင့် စောင့်ကြိုနေခဲ့၏။
ဤဝိညာဉ်ဝါးမြိုခြင်းဓားသည် ဧကရာဇ်တစ်ပါးဖန်တီးသော ဓားရေးတစ်ရပ် ဖြစ်ချေသည်။
၎င်းတွင် နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများပါရှိပြီး ဝိညာဉ်တာအို နယ်ပယ်၌ ပြိုင်ဘက်ကင်း၏။
ဓားအလင်းက ဆယ်ပေကျော်ရှည်သော နဂါးကြီးအဖြစ်ပြောင်းလဲကာ စုရီလက်ဖဝါးကို ဝါးမြိုရန် ကြိုးစားလေသည်။
“ ဂျိန်း ... ။ ”
ရုတ်တရက် မိုးခြိန်းသံများ မြည်လာပြီး လေနှင့်လျှပ်စီးများ ရစ်သိုင်းနေသည့် လက်ဖဝါး ပုံရိပ်ကြီးက နဂါးကြီးကို ချေမွပစ်လိုက်၏။
ရလာဒ်အနေဖြင့် ချီရှောင်ခမျာ ဆယ်ပေအကွာတွင် မြေပြင်ပေါ် ပြုတ်ကျလျက် ပါးစပ်နှင့်နှာခေါင်းတို့မှ သွေးများ စီးကျလာတော့သည်။
ရင်ဘတ်ပေါ်ရှိ အဝတ်အစားများ စုတ်ပြဲကုန်ပြီး ငွေရောင်နှလုံးသား အကာအရံ တစ်ချပ် ထွက်ပေါ်လာ၏။
၎င်းသည် လက်ဖဝါးစွမ်းအင်များကို ချေဖျက်နေသည့်လှိုင်းများ ထုတ်လွှတ်နေချေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
ဟွမ်ရှောင်ယုနှင့် အဖွဲ့သည် ထိုမြင်ကွင်းကိုအဝေးမှကြည့်ကာ တအံ့တသြ ဖြစ်ကုန်ကြသည်။
စုရီအပေါ် ယုံကြည်မှုရှိသော လူအများသည်ပင် ဝိညာဉ်ထင်ရှားခြင်းအဆင့် ချီရှောင်တစ်ယောက် ကြက်တစ်ကောင်ကဲ့သို့ ပါးရိုက်ခံရလိမ့်မည်ဟု မထင်ထားချေ။
“ ဒါ ... ။ ”
ချန်လု၊ လီဟန်ထောင်၊ ယွီဝမ်ရှ၊ ကျန်းလီနှင့်အခြားသူများသည်လည်း မှင်သပ် ကုန်တော့၏။
ကျင့်ကြံမှု၊ နောက်ခံမည်သို့ပင်ဖြစ်စေ ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ တစ်စုံတစ်ဦးသည် ဤမျှလောက် ဝမ်းနည်းဖွယ် ရှုံးနိမ့်ခြင်းမျိုး မကြုံသင့်ချေ။
သူသည် ရှေးဟောင်း အကြွင်းအကျန်များအတွင်း အထက်တန်းစား တစ်ယောက်ဖြစ်သည်။ ဟွမ်ရှောင်ယု၊ မိုရှင်းဇီ တို့ကဲ့သို့ တန်ခိုးကြီးမားခြင်း မရှိသော်လည်း ကျွမ်းကျင်သူ ဖြစ်နေဆဲပေပင်။
သူ့လက်ထဲရှိ အနီရောင်ဓားသည် ရှည်လျားသော သမိုင်းကြောင်းမျိုး ပိုင်ဆိုင်သည့် ရှေးဟောင်း ရတနာတစ်ခုပေပင်။
“ ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ဝင်ရောက်နိုင်တာ မကြာသေးတဲ့အတွက် မင်းရဲ့ အုတ်မြစ်က မတည်ငြိမ်သေးဘူး ဒါကို ရှေ့ဆုံးကနေ ...
... အပြေးအလွှား ထွက်လာဝံ့တယ်လား မင်းလိုသေခြင်းတရားကို လိုချင်နေတဲ့ လူမျိုး ငါမမြင်ဖူးတာ သဘာဝပါပဲ။ ”
စုရီက ခေါင်းခါသည်။ ရိုက်ချက် တစ်ချက်တည်းဖြင့် ဝိညာဉ်ထင်ရှားခြင်း အဆင့် ကွမ်းကျင်သူအပေါ် ဒဏ်ရာရစေသည်မှာ လျှော့တွက်၍ မရနိုင်ကြောင်း မည်သူမဆို ရှင်းရှင်းလင်းလင်း သိပြီဖြစ်၏။
“ လာပါ ... မင်းတို့အတူတူ မဟုတ်ရင် ပျင်းစရာ ကောင်းလိမ့်မယ်။ ”
“ ကောင်းပြီ မင်းဆန္ဒအတိုင်းပဲ။ ”
ဟွမ်ရှောင်ယုက အေးစက်စွာ ဟစ်အော်လိုက်ပြီး စွမ်းအင်များ တဟုန်ထိုး တက်လာကာ ခရမ်းရောင်ဝိညာဉ်ဓားကို ထုတ်ယူလိုက်သည်။
သွေးစပါးအုံး မြွေနဂါးကြီးတစ်ကောင် ခန္ဓာကိုယ်အပေါ်လွှမ်းခြုံပြီး အကန့်အသတ်မဲ့ ရောင်ဝါထွက်ပေါ်လာ၏။
အခြားသော ရှေးဟောင်း အကြွင်းအကျန်များသည်လည်း ရတနာများကို ချက်ချင်း ထုတ်ယူလိုက်ကြသည်။
ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူ များစွာ၏ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်း ရောင်ဝါကြောင့် တိမ်တိုက်များ ချက်ချင်း အရောင်ပြောင်းကုန်တော့သည်။
ထိုမြင်ကွင်းသည် အဝေးမှ စောင့်ကြည့်နေသူ အားလုံးကို စိတ်လှုပ်ရှားလာစေ၏။ စုရီသာလျှင် မျက်လုံးများ အနည်းငယ်တောက်ပလာပြီး၊
“ စိတ်ဝင်စားစရာပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
ဆေးအိုးကိုးပါး မြို့တော်သို့ ရောက်ရှိပြီးနောက် ပြိုင်ဘက်ကောင်းကောင်း မရရှိခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ် အဆင့်ဖြစ်သော ဟွာတျန်ကိုသတ်ပစ်ခြင်းသာ သူ့အပေါ် စိတ်ကျေနပ်မှုရစေသည်။
“ စုရီ သေလိုက်တော့ ... ။ ”
မိုရှင်းဇီမှ ပထမဆုံးတိုက်ခိုက်လာ၏။ အနက်ရောင်လျှပ်စီးများဝိုင်းရံလျက် မျက်ဝန်း၌ ငွေရောင်အလင်းများ တောက်ပလာသည်။
တစ်ဆက်တည်းမှာပင် အနက်ရောင် လှံတစ်စင်းကိုဆွဲပြီး စုရီရှေ့ ခုန်ဝင်လာတော့၏။ လှံဖျားသည် အေးစက်စူးရှကာ ရောင်ဝါများ ဖြာထွက်နေသည်။
ဤတိုက်ခိုက်မှုသည် မိုရှင်းဇီဘ၀တွင် စိတ်ကျေနပ်မှု အရှိဆုံးသော တိုက်ခိုက်မှုတစ်ခု ဖြစ်၏။ သူ့ခွန်အားကို အကုန်အစင် အသုံးပြုထားချေပြီ။
သို့တိုင်စုရီသည် ရှောင်တိမ်းခြင်းမပြုဘဲ လှံထိပ်ဖျားကို ဖမ်းဆွဲ၏။ ထိုမြင်ကွင်းကြောင့် မိုရှင်းဇီမှ လှောင်ပြုံးဖြင့်၊
“ ဟမ့် ... ငါ့ရဲ့ ကောင်းကင်လှံနက်ကို မင်းဒီလိုလွယ်လွယ် ဖမ်းနိုင်မယ် ထင်နေလား။ ”
-ဟု ဟစ်ကြွေးလိုက်သည်။
၎င်းအတွင်းစုစည်းထားသော မကောင်းဆိုးဝါးစွမ်းအင်သည် အလွန်ပြင်းထန် လှသဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူများပင် ထိပ်တိုက်ရင်ဆိုင်ဝံ့မည် မဟုတ်ချေ။
“ ဝုန်း ... ။ ”
မြေကြီးတုန်ခါသွားသော တိုက်မိသံများကြားတွင် စုရီ၏လက်ချောင်းများ မှတဆင့် လက်မောင်းဆီသို့ အနက်ရောင် လျှပ်စီးများရစ်ပတ်လာချေပြီ။
သို့သော် ထိုက်ချိဝင်ရိုးဖြင့် ဒြပ်စင်ငါးပါးမှာ ချက်ချင်းလည်ပတ်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ထိုအနက်ရောင်လျှပ်စီးများ ဝင်ရောက်မှုကို ကာကွယ်ပေး၏။
ယင်းကြောင့် အနက်ရောင် လျှပ်စီးများ မည်မျှပြင်းထန်စေကာမူ ကျူးကျော်နိုင်ခြင်း မရှိတော့ချေ။
“ ချိုး ဖြတ် ... ။ ”
စုရီ၏ ကြုံးဝါးသံနှင့်အတူ လက်ချောင်းများ၌ အလင်းရောင်များ တောက်ပလာပြီး ရုတ်တရက် ကြီးမားသောစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။
မိုရှင်းဇီခမျာ တောင်ကြီးတစ်လုံးကဲ့သို့ ပြင်းထန်သောစွမ်းအားတစ်ခု ရောက်ရှိလာခဲ့ သည်ကို ခံစားလိုက်ရသည်။
“ ခရစ် ... ။ ”
တစ်ချိန်တည်းမှာပင် လျှပ်စီးများ ရစ်ပတ်ထားသောလှံဖျားသည် အပိုင်းပိုင်းကွဲ စပြုလာကာ အနက်ရောင်အပိုင်းအစများ အဖြစ် ပြောင်းလဲသွားတော့၏။ အဆုံးတွင် လှံနက် တစ်စင်းလုံး ပြိုကျသွားချေပြီ။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ထိုရိုက်ခတ်မှုလှိုင်းအောက်တွင် မိုရှင်းဇီတစ်ယောက် နောက်သို့ပြန်ဆုတ်ကာ မျက်နှာချက်ချင်းပြောင်းသွား၏။
“ အတူတူ သွားရအောင် ... ။ ”
ဟွမ်ရှောင်ယုနှင့် ကျန်သူများက ချက်ချင်းဆိုသလို တိုက်ပွဲအတွင်း ခုန်ဝင်လာခဲ့ တော့သည်။
ဟွမ်ရှောင်ယုက ခရမ်းရောင် ဓားအလင်းများဖြင့် ကောင်းကင်ကိုဖြတ်ကာ ပိုက်ကွန်သဖွယ် ယှက်သိုင်းလိုက်၏။
“ ခရမ်းရောင်အဆုံးမဲ့ ဓားမြစ်။ ”
ဓားတစ်ချက်သည် ကောင်းကင်နှင့် မြေကြီးကြားလွှမ်းခြုံထားသော ဓားကြိုးမျှင် (၈၀၀) ထွက်ပေါ်စေခြင်းဖြစ်၏။
“ ငါ့ကိုလည်း ထည့်တွက်ပါ။ ”
ထိုစဉ် မီးခိုးရောင်ဝတ် အမျိုးသားသည် အသံနက်ကြီးဖြင့် အော်ဟစ်ကာ ဟွမ်ရှောင်ယု နှင့်အတူ လိုက်ပါလာသည်။
“ စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ခေါင်းလောင်း။ ”
ကောင်းကင်၊ နေ၊ လနှင့် ကြယ်ပုံစံများ ရေးထိုးထားသော ရွှေကြေးခေါင်းလောင်းကြီး တစ်လုံး သူ့ရှေ့တွင် ပေါ်လာ၏။
“ ချွင် ... ချွင် ... ။ ”
၎င်းကိုအသုံးပြုသည်နှင့် တပြိုင်နက် ခေါင်းလောင်းသံများ မိုးခြိမ်းသံကဲ့သို့ ညံသွား လေသည်။ မျက်စိဖြင့်မြင်နိုင်သော ရွှေရောင် အသံလှိုင်းများ စုရီထံ ပြေးဝင်သွား၏။
လေဟာနယ်တစ်ခုလုံး ရုတ်ချည်း အပိုင်းပိုင်းကွဲအက်လာသည်။ ကြည့်ရှုနေသူများ သည်ပင် နားစည်များ တဆတ်ဆတ်တုန်ကာ စိတ်ဝိညာဉ် ခုန်ထွက်လုမတတ် ခံစားလိုက်ရ၏။
ထို့ကြောင့် ကျင့်ကြံမှုကို အသက်သွင်းပြီး စွမ်းအင်အကာအကွယ်လွှာများ ဖန်တီးချေဖျက် လိုက်ရလေသည်။
“ သတ် ... ။ ”
ကျန်သူများသည်လည်း နောက်ကျခြင်းမရှိချေ။ လက်နက်ပေါင်းစုံ ထုတ်ယူကာ လိုက်ပါလာကြသည်။
မီးကျီးကန်းများ၊ အရိုးတံဆိပ်များ၊ သွေးနတ်ဆိုးများ၊ လက်သည်းကြီးများစသည့် ဖြစ်စဉ်များ အဆက်မပြတ် ထွက်ပေါ်လာ၏။
ဤအခိုက်တွင် ကောင်းကင်ကြီးသည် မည်မျှကြောက်စရာ ကောင်းနေမည်ကို မှန်းဆ နေနိုင်သည်။
ကျန်းဖူ၊ ချီကျန့်စုနှင့် ချန်လုကဲ့သို့သော လူအများက အသက်ရှူ ကြပ်လာကြလေသည်။ သူတို့အတွင်းမှ မည်သူမဆို ထိုသို့တိုက်ခိုက်ခြင်း ခံရပါသော် ဖြေရှင်းရန် နည်းလမ်းမရှိချေ။
“ လာခဲ့ ... အရမ်းကောင်းတယ်၊ ဟား ဟား ဟား ။ ”
စုရီက ကျေနပ်စွာ ရယ်မောနေစဉ် ထက်ရှသောဓားရောင်ဝါများ သူ့ခန္ဓာကိုယ်ထံမှ ပွင့်ထွက်လာတော့၏။
***