တိုက်ပွဲ (၂)။
Vol. 39 Ch. 462
“ ဟိတ် ... ။ ”
“ ချွင် ... ။ ”
စုရီအမူအရာများ အထိန်းအကွပ်မဲ့လာပြီး လက်သီးဖြင့် ရွှေခေါင်းလောင်း အသံလှိုင်းထံ ထိုးချပစ်လိုက်သည်။
“ ဘန်း ..းနှစ်ခု တိုက်မိမှုအတွင်း ရွှေခေါင်းလောင်းအပေါ် ထိန်းချုပ်နေသည့် အမျိုးသားခမျာ တုန်ယင်လျက် ဆုတ်ခွာလိုက်ရ၏။
“ ရွှပ် ... ။ ”. ။ ”
စွမ်းအင်လှိုင်
တစ်ဆက်တည်းမှာပင် ကောင်းကင်မှ ကျဆင်းလာသော ဓားပိုက်ကွန်ကြီးထံ စုရီက လက်ဓားဖြင့် ဓားအလင်းတစ်လက် ပစ်ခတ်ကာ ပျက်ပြယ်စေလိုက်သည်။
ဓားပိုက်ကွန်ကြီးခမျာ နေရာအနှံ့ ပေါက်ကွဲနေစဉ် စုရီမှလျစ်လျူရှုကာ ကျန်ရှိနေ သူများထံ ဦးတည်နေပြီဖြစ်၏။
“ ဟမ့် ... ။ ”
လေနှင့်မိုးကြိုးတာအိုများ ပေါင်းစပ်ထားသော မိုးကြိုးမုန်တိုင်းလက်ဖဝါး တစ်ဖက်သည် ရွှေလှံအပေါ် ပုတ်ချလိုက် တော့၏။
ထို့နောက် ခန္ဓာကိုယ်ကို ယိမ်းနွှဲ့လျက် ဓားပျံထံ အတင်းဖမ်းယူလိုက်သည်။ ဓားပျံခမျာ လက်နှစ်ချောင်းအတွင်း မြွေတစ်ကောင်ကဲ့သို့ ရုန်းကန်တော့၏။
“ ခရစ် ... ။ ”
စုရီတစ်ယောက် အချိန်မဖြုန်းတော့ဘဲ လက်ညှိုးနှင့်လက်ခလယ်ကိုညှစ်ကာ ခါးလယ်မှ ချိုးချပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေးဟောင်းနတ်ဆိုးလေးဦး၏ တိုက်ခိုက်မှုကို ဖြိုခွင်းပစ်လိုက်ချေပြီ။
သို့သော် သူ့ပြိုင်ဘက်များသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်တွင် ဖြစ်နေသဖြင့် ဤသို့ ဆက်တိုက်လှုပ်ရှားခြင်းကြောင့် စွမ်းအင် အနည်းငယ် အဆက်ပြတ်သွားသည်။
“ ဝှစ် ... ။ ”
ထိုမြင်ကွင်းကြောင့် မိုရှင်းဇီက သွေးနီရောင်မျှော့ကြိုးတစ်ချောင်း ထုတ်ယူကာ အခွင့်အရေးကို အရယူလေသည်။
“ ဟမ့် ... ။ ”
စုရီက တံဆိပ်တစ်ခု ချက်ချင်း ဖန်တီးလိုက်ကာ ရိုက်ချိုးပစ်၏။ မိုရှင်းဇီခမျာ နောက်ပြန်ဆုတ်သွားလိုက်ရသည်။ သို့သော်လည်း ပြုံးရွှင်လျက်၊
“ ဒီကောင် ဒဏ်ရာရသွားပြီ။ ”
-ဟု အော်ဟစ်လိုက်သည်။
စုရီပခုံးတွင် စုတ်ပြဲသွားပြီး သွေးများစွန်းထင်းနေ၏။ ဤမြင်ကွင်းသည် ရှေးခေတ်နတ်ဆိုးများအပေါ် ပို၍စိတ်အား တက်ကြွလာစေသည်။
“ သတ် ... ။ ”
ထို့နောက်တွင် ခရမ်းရောင်ဓားရှည်များ လျင်မြန်စွာ ပျံသန်းလာကာ ရွှေခေါင်းလောင်း သည်လည်း ဟစ်ကျွေးလာခဲ့၏။
တာအိုကျက်သရေများ လေဟာနယ်နှံ့ ပျံ့ကားလာပြီး ကမ္ဘာကြီးတစ်ခုလုံး တုန်ခါလျက် တိမ်တိုက်များ ပြိုကျကုန်လေသည်။
ပြင်ပကမ္ဘာတွင်သာ ထိုသို့သော တိုက်ပွဲမျိုးဖြစ်ပွားလာခဲ့သော် လူများစွာကို ထိခိုက်သွားစေမည်မှာ သေချာ၏။
စုရီအတွက် ဖိအားများ ရုတ်တရက် တိုးလာလေသည်။ သို့သော် တိုက်ပွဲဝင်ဆန္ဒမှာ လျော့နည်းသွားခြင်းမရှိချေ။
အန္တရာယ်ရှိသောလေထုနှင့် ပြင်းထန်သော ဖိအားအောက်တွင် အချိန်မရွေး ဒဏ်ရာရနိုင်၏။ ဓားသည် လူသတ်လက်နက်ပေပင်။
ထို့ကြောင့် ဓားသမားတစ်ယောက်၏ ဘဝသည် အသက်နှင့်သေခြင်းကြား တိုက်ပွဲများ အပေါ် ဖြတ်ကျော်ရ၏။
“ မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်း။ ”
နောက်ဆုံးတွင် ဒြပ်စင်ငါးပါး၏ အမြင့်ဆုံးသောကျက်သရေ၊ ယင်-ယန်၊ လေနှင့် မိုးကြိုးတာအိုတို့ကို ပေါင်းစပ်ပြီး ထုတ်လွှတ်လိုက်သည်။
သူ့အသွင်သည် မီးလျှံကို မကြောက်သော ပိုးဖလံတစ်ကောင်ကဲ့သို့ ထိုဖြစ်စဉ်များအတွင်း ပြေးဝင်ဖုံးလွှမ်းသွားတော့၏။
ယင်းသည် ကြယ်စုစည်းခြင်းအဆင့် လူငယ်တစ်ယောက်ပေပင်။ ထိုမျှမောက်မာပြီး သတ္တိရှိလွန်းသော ဘီလူးမျိုး သမိုင်းတလျှောက် မပေါ်ထွက်ခဲ့ဖူးချေ။
ကြယ်စုစည်းခြင်းအဆင့်မှ လူငယ်တစ်ဦးသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် ရှေးနတ်ဆိုးကိုးပါးအပေါ် တစ်ဦးတည်း တိုက်ခိုက်ခဲ့ချေပြီ။
သို့သော် တိုက်ပွဲများ ပြင်းထန်လာ နေသည်နှင့်အမျှ စုရီသည် ပို၍ရဲရင့်လာကာ အမူအရာမှာ ပေါ့ပါးလွတ်လပ်နေ၏။
ဦးတည်ရာအရပ် မျက်နှာတိုင်းကို လွတ်လပ်စွာပျံသန်းနေသော ဓားတစ်လက်နှင့် တူနေချေပြီ။
“ ဒီလိုတိုက်ပွဲဝင် စွမ်းအားမျိုးနဲ့ အဆုံးမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် ဒီစုရီကို မျိုးဆက်သစ် လူငယ်များအတွင်း ပြိုင်ဘက်ကင်းအဖြစ် သတ်မှတ်နိုင်ပါသေးတယ်။ ”
ချန်လုမှ သက်ပြင်းချလိုက်သည်။ စုရီကိုငြင်းဆိုခဲ့သော သူ့ဆုံးဖြတ်ချက်သည် ကြီးမားသည့် အမှားဖြစ်ကြောင်း သတိဝင်လာစေ၏။
ယခုအချိန်၌ သူတို့သာ စုရီနှင့် ပူးပေါင်းခွင့်ရှိသော် ဤဟွမ်ရှောင်ယုတို့အပေါ် အနိုင်ယူနိုင်မည်ဟု ယုံကြည်လာသည်။
“ အရမ်းရဲရင့်တယ် ... ။ ”
လီဟန်ထောင်မှ စိတ်သက်သာရာ ရသွားသည်။ လွန်ခဲ့သည့်နှစ်ရက်တွင် စုရီသည် သူ့ကိုကြိမ်ဖန်များစွာ ရန်စခဲ့၏။
ထိုစဉ်က ဤလူငယ်သည် သူနှင့်ရင်ဆိုင်ရန် သတ္တိမျိုးမည်သည့်အရာမှ ရရှိခဲ့သည်ကို အလွန် ပဟေဋိဖြစ်ခဲ့ရသည်။
“ ကူချန်နင် ... ။ ”
ရုတ်တရက် ယွီဝမ်ရှနှင့် ကျန့်လီက သတိရသွားလေသည်။ ထိုသူသည် အဆုံးထိ စုရီအပေါ် ယုံကြည်ကာ ဟွမ်ရှောင်ယုတို့နှင့် ပူးပေါင်းခြင်းမပြုခဲ့ချေ။ ပါးနပ်လွန်းချေပြီ။
“ ဒီစုရီက တကယ့်ကို ကြောက်စရာကောင်းတဲ့ လူပဲ၊ အစွမ်းထက်တဲ့ ကြယ်စုစည်းခြင်းအဆင့် သူ့လိုကျင့်ကြံသူ တစ်ယောက် နင်အရင်က မြင်ဖူးလား။ ”
ချီကျန့်စုမှ မေးမြန်းလိုက်သည်။ ကျန်းဖူက ခေါင်းယမ်းပြ၏။
“ မင်းသိပါတယ် ... ငါ့အဖိုးက အရိုးနတ်မိစ္ဆာဧကရာဇ်လို့ လူသိများတဲ့ မိုးပြာ ဧကရာဇ်ကိုးပါးထဲက တစ်ပါးပဲ သူ့အစွမ်းကြောင့် ...
... မိုးပြာတိုက်ကြီးကို ကြီးစိုးနိုင်တယ် ဒါပေမယ့် ငါသိသလောက် သူတောင် စုရီလို ကြယ်စုစည်းခြင်းအဆင့်နဲ့ ကြီးစိုးနိုင်ခြင်း မရှိခဲ့ဘူး။ ”
ဤတိုက်ပွဲအတွင်း ထိုစုရီသည် လက်ဗလာဖြင့် တိုက်ခိုက်နေခဲ့ပြီး မည်သည့် လက်နက်မျှ အသုံးမပြုခဲ့ချေ။
အဆိုပါမြင်ကွင်းသည် အဖိုးအမွေကို ဆက်ခံထားသော ကျန်းဖူအတွက်ပင် မျက်ခုံးပင့် လေးစားစရာ ဖြစ်နေ၏။
“ ချင်းယွင်၊ မင်းရဲ့ဘိုးဘေးအသစ်က အရမ်းအစွမ်းထက်တယ် ... ။ ”
တောင်တန်းပေါ်မှ တိုက်ပွဲထံငေးကြည့်လျက် သော်ခိုက ပြောကြား လိုက်လေသည်။
ချင်းယွင်ခမျာ နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားပြီး မျက်နှာနီမြန်းလျက် မြေပြင်၌ အက်ကွဲကြောင်းတစ်ခုကို တွားသွားရှာချင်စိတ် ပေါက်သွား၏။
ထိုအချိန်တွင် လူအုပ်အတွင်း ပိတ်မိနေခဲ့သော စုရီသည် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများ ပြည့်နှက်လာသည်။
“ စုရီ၊ မင်းအကြာကြီး မထိန်းနိုင်တော့ဘူး။ ”
ဟွမ်ရှောင်ယုမှ ကျယ်လောင်စွာ အော်ဟစ်ပြီး ခရမ်းရောင်ဆံပင်များ ရိုင်းစိုင်းစွာ လွင့်မျောနေခဲ့သည်။
တစ်ဆက်တည်းမှာပင် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်နှင့် ကြောက်မက်ဖွယ် စွမ်းအား အချို့ သူ့ဓားမှ ပေါက်ကွဲထွက်လာ၏။
“ လူတိုင်း၊ သူ့ကိုအသက်ရှုဖို့ အခွင့်အရေး မပေးနဲ့ ... မဟုတ်ရင် ဒီကောင်အရည်အချင်းနဲ့ အပြောင်းအလဲ ဖြစ်နိုင်ခြေ မြင့်မားတယ်။”
စုရီ၏ခွန်အားသည် သူမျှော်မှန်းထား သည်ထက် ကျော်လွန်နေသဖြင့် သတ်ပစ်ရန် ပို၍ စိတ်ပိုင်းဖြတ်လာမိစေခဲ့သည်။
တစ်ဖက်လူသည်သာ ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ လှမ်းနိုင်သော် တိုက်ပွဲဝင်စွမ်းအားသည် ကြောက်စရာ ကောင်းလာမည်မှာသေချာ၏။
“ သတ် ... ။ ”
အထက်ပါ အကြောင်းအရာကို သိရှိလာခဲ့သော ရှေးဟောင်း အကြွင်းအကျန် ကိုးဦးသည် မျက်နှာများတင်းမာနေခဲ့သည်။
သူတို့လက်ထဲရှိ မှော်ရတနာများကို အတင်းအကြပ်အသက်သွင်းပြီး အထွတ်အထိပ် ခွန်အားများ အသုံးပြုလာကြ၏။
ထိုအချိန်တွင် စုရီသည် သူ့ပခုံး၊ ရင်ဘတ်၊နောက်ကျောနှင့် လက်များအပါအဝင် ခန္ဓာကိုယ်အနှံ့ သွေးများဖုံးလွှမ်းနေချေပြီ။
သို့တိုင် ဒြပ်စင်ငါးပါးဖိနှိမ်ခြင်း ဓားဒိုမိန်းဖြင့် ပြန်လှန်တိုက်ခိုက်နေဆဲဖြစ်သည်။ လေဟာနယ် တစ်ခုလုံး ပျက်ပြယ်သွားသလို ကောင်းကင်ကြီး မှောင်မဲပြီး မြေပြင်အုံ့မှိုင်းနေ၏။
ဤထိုးနှက်မှု၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည် တိမ်များပြိုကျကာ ပေတစ်ထောင် အချင်းဝက်အတွင်း မြူခိုးများ ကျဆင်းလာစေ၏။
အဟုန်သည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ မရေမတွက်နိုင်သော ကျောက်တုံးကြီးများကို အမှုန့်အဖြစ် လွင့်ပျံသွားစေသည်။
အခိုးအငွေ့နှင့် ဖုန်မှုန့်များကြားတွင် သွေးအလိမ်းလိမ်းဖြင့် တုန်ခါနေသော စုရီကို ကြည့်ကာ၊
“ စုရီ၊ မင်းဘာလို့ အရှုံးမပေးသေးတာလဲ။ ”
-ဟု မေးမြန်းလိုက်ကြ၏။
“ အရှုံးပေးရမှာလား ... ဟား ဟား ဟား ကောင်းပြီ ... ငါဘာလို့ အရှုံးမပေးသေးတာလဲ သိချင်ရင် ငါပြမယ်။ ”
အဆုံးတွင် အမှောင်နတ်ဓားကို ထုတ်ယူလိုက်ရာ တာအိုကျက်သရေများ ချက်ချင်း ဖြာထွက်လာချေပြီ။
ရက်စက်ကြမ်းကြုတ်သော ငှက်တစ်ကောင်သည် အတောင်များဖြန့်ကာ ပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွား၏။
ဤအခိုက်တွင် လူတိုင်း၏ အမြင်တွင် စုရီရောင်ဝါသည် ရတနာ ဓားတစ်လက်ကဲ့သို့ ထက်ရှလာသည် သတိထားမိကုန်သည်။
“ မြန်မြန် ... သူ့ကိုသတ်။ ”
ဟွမ်ရှောင်ယုမှ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ဓားကိုလွှဲလျက် စုရီထံ ချက်ချင်း ခုတ်ချပစ်လိုက်၏။
“ ဟမ့် ... ပုရွက်ဆိတ်တွေ ... ။ ”
စုရီက လှောင်ပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။ ထို့နောက် အမှောင် နတ်ဓား၏ အရိပ်များ ပျံထွက်သွား၏။
လေဟာနယ်အတွင်း နဂါးငွေ့တန်းကြီးသဖွယ် တောက်ပနေသော ဓားအလင်းတစ်လက် အရပ်မျက်နှာဆယ်ပါးသို့ ပျံ့ကားသွားချေပြီ။
ကြယ်စုစည်းခြင်းအဆင့် စစ်မှန်သော ဓားတာအိုကို ပြသခဲ့ရာ စွမ်းအားသည်ယခင်နှင့် လုံးဝမတူတော့ချေ။
မြေကြီးတုန်ခါပြီး နေနှင့်လသည် အလင်းပျောက်သွား၏။ လူကိုးဦး၏ ပေါင်းစပ် တိုက်ခိုက်မှုသည် ဖရိုဖရဲဖြစ်ကုန်သည်။
လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားလှသော ဖြစ်စဉ်အမျိုးမျိုးသည် ထိုဓားအောက်၌ ပြိုကျ သွားတော့၏။ ဝိညာဉ်အဆင့် လက်နက်များ အားလုံး မြည်ကြွေးလျက် လွင့်ပျံကုန်သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လူကိုးဦးခမျာ တုန်လှုပ်သွားပြီးနောက် ခြေလှမ်းပေါင်းများစွာ လေထဲပြန်ဆုတ်သွား၏။ ဓားတစ်ချက်တည်းဖြင့် အခြေအနေသည် ပြောင်းပြန်ပေပင်။ ဤသည်မှာ စုရီ၏ စစ်မှန်သော ခွန်အားပင်လော။
“ ဝိညာဉ်တာအိုနယ်ပယ်ကို အဆင့်ချိုးဖြတ်ဖို့ ဒီတိုက်ပွဲအပေါ် အများကြီး မျှော်လင့်ထားခဲ့တာ ... ဒါပေမယ့် မင်းတို့ဟာ ကျောက်တုံးတစ်တုံးထက် မပိုပါလား။ ”
စုရီက ဓားကိုလက်နှစ်ချောင်းဖြင့် သပ်ချလိုက်ကာ သက်ပြင်းချပြီး ညည်းတွား လိုက်လေသည်။ သူ့အသံတွင် နောင်တရသည့် အရိပ်အမြွက် ပေါ်လာ၏။
“ မာနကြီးလိုက်တာ ... ။ ”
ကျယ်လောင်သော အော်ငေါက်သံနှင့်အတူ မီးခိုးရောင်ဝတ် အမျိုးသားက ခေါင်းလောင်းကို အသက်သွင်းပြီး ကောင်းကင်မှ ခုန်ဆင်းလာ ပြန်သည်။
“ ဒေါင် ... ။ ”
ခေါင်းလောင်းသည် ကျယ်လောင်စွာ မြည်ဟည်းလျက် ရွှေရောင်အသံလှိုင်းများစွာ တဟုန်းဟုန်း ထုတ်လွှတ်လာ၏။
စုရီကပြုံးပြီး ဓားနှင့် ပြန်လည်ခုတ်ပိုင်းလိုက်သည်။ ရိုးရှင်းသော ဓားတစ်ချက်မျှသာ ဖြစ်သော်လည်း ရပ်တန့်၍ မရသော စွမ်းအားတစ်ခု ပါရှိနေ၏။
“ ဘောင်း ... ။ ”
ရွှေရောင်အသံလှိုင်းများသည် အထည်စများကဲ့သို့ ချက်ချင်းပေါက်ကွဲကုန်၏။ အလင်းဖွဲဖွဲကြား ဓားအလင်းမှာ မီးခိုးရောင်ဝတ် အမျိုးသားပေါ် ထိမှန်သွားချေပြီ။
“ အဟွတ် ... အဟွတ် ... ။ ”
အကျိုးဆက် အနေဖြင့် မီးခိုးရောင်ဝတ် အမျိုးသားက သွေးချောင်းဆိုးလျက် မျက်နှာ ဖြူဖျော့လာ၏။
သူ ဝတ်ထားသည့် ချပ်ဝတ်သည် အရေးကြီးသောအခိုက်တွင် ဓားစွမ်းအင်ကို ချေဖျက်ကာ အသက်ကယ်သွားခဲ့သည်။
ရတနာခေါင်းလောင်းကြီးခမျာ အော်ဟစ်မြည်တမ်းပြီး ပြင်းစွာတုန်ခါလျက် ပြတ်ရှရာတစ်ခု ပေါ်လာ၏။
“ သတ် ... ။ ”
ကျန်လူများက တွန့်ဆုတ်ဝံ့ခြင်းမရှိဘဲ ခွန်အားရှိသမျှ အသုံးချလိုက်ကြသည်။ ဟွမ်ရှောင်ယုက ခရမ်းရောင်မြစ်တစ်စင်းကဲ့သို့ အဆုံးမရှိသော ဓားချက်များကို အသက်သွင်း နေတော့၏။
တစ်ချိန်တည်းမှာပင် ကျန်သူများ၏ တိုက်ခိုက်မှုများသည်လည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့သည်။
“ ဟိတ် ... ။ ”
စုရီက ကောင်းကင်ပေါ် ခုန်တက်ကာ ထိုတိုက်ခိုက်မှုများအပေါ် ရှောင်ရှားနေရ၏။
“ သေလိုက်တော့ ... ။ ”
ရုတ်တရက် မီးခိုးရောင်ဝတ် အမျိုးသားအနား စုရီရောက်ရှိသွားပြီးဓားဖြင့် ခုတ်ပိုင်းချလိုက်၏။
“ အား ... ။ ”
တစ်ဖက်လူသည် ရှောင်ရန် အချိန် မရှိတော့သဖြင့် တို့ဟူးတုံးကို ခုတ်ဖြတ်ပစ်လိုက် သကဲ့သို့ တိခနဲပြတ်တောက်သွားချေပြီ။
အလွန်ထက်ရှသော ဓားစွမ်းအင်ကြောင့် သူ့ဝိညာဉ်သည်ပင် လွတ်မြောက်ခြင်း မရှိခဲ့ဘဲ ချက်ချင်း ထက်ပိုင်းပြတ်ကာ ငှက်မိစ္ဆာ၏ ဝါးမျိုခြင်း ခံလိုက်ရတော့၏။
***