← Chapters

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု။

Vol. 39 Ch. 463

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု။

Vol. 39 Ch. 463

ထိုအမျိုးသားသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် ရှေးခေတ်နတ်ဆိုး တစ်ကောင် ဖြစ်သည်။

ဆိုလိုသည်မှာ ၎င်းတို့သည် နှစ်ပေါင်း(၃)သောင်း မတိုင်မီ အထက်တန်းစား ပါရမီရှင်များဖြစ်ပြီး ကြောက်စရာ ကောင်းသော အုတ်မြစ်နှင့် နောက်ခံရှိ၏။

သို့သော် ကံမကောင်းစွာဖြင့် ပထမဆုံး အသတ်ခံရသူ ဖြစ်လာသည်။ သွေးစွန်းနေသော မြင်ကွင်းသည် အဝေးမှ ကြည့်ရှုနေသူများကို ဦးရေပြားများ ယားယံလာစေ၏။

လက်ထဲတွင် ဓားတစ်လက် ပေါ်လာပြီးနောက် စုရီသည် လုံးဝခြားနားသော လူတစ်ယောက်ဖြစ်လာချေပြီ။

ကြယ်စုစည်းခြင်းအဆင့်တွင် ထိုမျှကြောက်မက်ဖွယ် တစ်စုံတစ်ယောက် ရှိနေသည်မှာ ယုံနိုင်စရာမရှိချေ။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၏။ မီးခိုးရောင်ဝတ် အမျိုးသားကို သတ်ပြီးနောက် အနက်ရောင်ချပ်ဝတ်နှင့် လူထံ စုရီမှ ပြေးသွားခဲ့သည်။

“ ဟမ့် ... ။ ”

ချပ်ဝတ်ဖြင့်လူက ရုတ်တရက် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ပုတီးစေ့ (၁၂)လုံးထုတ်ယူကာ တံတိုင်းတစ်ခုလို ကာရံလိုက်၏။

ပုတီးစေ့ထံမှ အလင်းတန်းများ ပေါင်းစည်းသွားသောအခါ အလင်းလွှာ(၁၂)လွှာ အဖြစ် ဖွဲ့တည်လာသည်။

“ ကောင်းကင်ပုလဲ။ ”

ဤသည်မှာ သူ့အသက်ကယ် ဝှက်ဖဲဖြစ်သည်။ ရတနာအလင်းလွှာများဖြင့် တည်ဆောက်ထားသော အလင်းဒိုင်းသည် အံ့သြဖွယ်ရာ ခုခံနိုင်စွမ်းရှိ၏။

“ ဝုန်း ... ။ ”

သို့သော် ထိုအချိန်တွင် အပြာရောင် မှိန်ဖျော့ဖျော့ ဓားပျံတစ်လက် သူ့နဖူးထဲ တိုးဝင် လာချေပြီ။

“ နတ်ဘုရားသတ်ဓား။ ”

ယင်းသည် ကြယ်စုစည်းခြင်း ဝိညာဉ်စွမ်းအင်ဖြင့် ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်၏။

“ အား ... ။ ”

ချပ်ဝတ်နှင့်လူခမျာ ချက်ချင်း တောင့်တင်းလာပြီး နာကျင်စွာအော်ဟစ်လျက် တုန်ယင်လာသည်။

ယင်းဒဏ်ကြောင့် လွင့်မျောနေသော ကောင်းကင်ပုလဲ (၁၂)လုံးမှာ ပြိုပျက်သွားမည့် လက္ခဏာများပြသလာ၏။

“ ဝှစ် ... ။ ”

စုရီက ဤအခွင့်အရေးကို အသုံးချ၍ ဝိညာဉ်ချည်ကြိုးထုတ်ယူကာ လေထဲရှိ ပုလဲ (၁၂)ထံ သိမ်းယူလိုက်သည်။

“ မဟုတ်ဘူး ... ။ ”

ချပ်ဝတ်နှင့် လူခမျာ အော်နေစဉ် ချက်ချင်းအသံပျောက်သွားပြီး သူ့လည်ပင်းထံ လက်နှစ်ဘက်ဖြင့် အုပ်ကိုင်လျက် စုရီထံ မော့ကြည့်နေခဲ့၏။

ဟွမ်ရှောင်ယုနှင့် အခြားသူများသည် ကူညီလိုသော်လည်း ခြေတစ်လှမ်း နောက်ကျ သွားသေးသည်။

ထို့နောက်တွင် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူ၏ ရုပ်ခန္ဓာကြီးကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။

“ ဒါ ... ဒါက ငါ့နတ်ဆိုးဟွမ်မျိုးနွယ်ရဲ့ ဝိညာဉ်ချည်ကြိုးပဲ။ ”

ဟွမ်ရှောင်ယုက ဒေါသဖြင့် သွေးအန်ချင်သွားသည်။

“ မြန်မြန်၊ မင်းတို့ရဲ့ဝှက်ဖဲတွေကိုသုံးပြီး ဒီကောင်ကိုသတ်ပစ်လိုက် ... ။ ”

ဟွမ်ရှောင်ယုက ကျယ်လောင်သော ဟောက်သံနှင့်အတူ မဆိုင်းမတွဘဲ ဝှက်ဖဲကို သုံးလိုက်တော့သည်။

ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်ကုန်၏။ ထိုစဉ်အနက်ဝတ်အမျိုးသမီးက ဆေးအိုးကြီး တစ်လုံး လေထဲပစ်တင်လိုက်သည်။

“ ဘိုးဘေး ... ကျေးဇူးပြုပြီး ရန်သူကိုသတ်ဖို့ ကူညီပေးပါ။ ”

ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းရောင်ဝါများ ပျံထွက်လာပြီးနောက် ဝိညာဉ်ပေါင်းစည်းခြင်း ဝိညာဉ်တစ်ကောင် လှမ်းထွက်လာ၏။

“ သွား ... ။ ”

အဖြူဝတ် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်သည်လည်း ပါးစပ်ဖွင့်ကာ အနက်ရောင်ကမ္ပည်းပြားတစ်ခုကို မှုတ်ထုတ်လိုက်သည်။

ထွားကြိုင်းသော အမျိုးသားတစ်ဦးက သူ့အရေပြားပေါ်တွင် သွေးရောင်အမိန့်စာများ ပေါ်လာပြီး အရိုးနတ်ဆိုးဆင့်ခေါ်၏။

“ ဝှစ် ... ။ ”

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်သည် လက်လှုပ်ယမ်းကာ လျှို့ဝှက်အဆောင်များ ထုတ်ဖော်လာသည်။

လေဟာနယ်အတွင်း ပေရာနှင့်ချီမြင့်မားသော ရွှေချပ်ဝတ်နတ်ဘုရား တစ်ပါး ပေါ်လာချေပြီ။

“ ခရစ် ... ။ ”

အခြားသော တစ်စုံတစ်ယောက်သည် ကျောက်စိမ်းဆွဲသီးကို ချွတ်ကာ ချေမွပစ်လိုက် တော့၏။

အလင်းတန်းများ စီးဆင်းကာ သွေးနီရောင်လျှပ်စီးများဖြင့် အနက်ရောင် ဖီးနစ်တစ်ကောင် အပြေးအလွှား ထွက်ပေါ်လာသည်။

“ ဖရူး ...။ ”

၎င်းမှအတောင်ပံများ ခတ်လိုက်ချိန်တွင် ကောင်းကင်တစ်ခုလုံး သွေးနီရောင်လျှပ်စီးများ စုရုံးလာ၏။

ခဏအကြာတွင် ထိုရှေးဟောင်း အကြွင်းအကျန်များသည် ဒေါသတကြီးနှင့် ၎င်းတို့၏လူသတ်လက်နက်များကို အသုံးပြုလာကြတော့သည်။

လျှို့ဝှက်ဆန်းကြယ်သော ရတနာများ၊ ဝိညာဉ်လက်နက်နှင့် ထူးဆန်းကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ်များအားလုံး ရောယှက်ပြီး စုရီအပေါ် ပြိုကျသွား၏။

“ နောက်ဆုတ် ... ။ ”

တိုက်ပွဲထံရပ်ကြည့်နေသော လူအုပ်က ထိတ်လန့်တုန်လှုပ်သွားကာ ခြိမ်းခြောက်မှုများ ခံစားလိုက်ရသဖြင့် မဆိုင်းမတွ ဆုတ်ခွာသွားကြသည်။

ဤမြင်ကွင်းသည် ရက်စက်လွန်းချေပြီ။ အကြွင်းအကျန် စွမ်းအင်လှိုင်းများ ရိုက်ခတ်ရုံနှင့် ဒဏ်ရာရရှိနိုင်၏။

ဝမ်ရှင်းကျောက်၊ ယွီရှစ်ချန်နှင့် ကောချင်တို့သည် အလွန်ကြောက်ရွံ့ထိတ်လန့် လာကြသည်။

ထိုရှေးဟောင်း ပါရမီရှင်များသည် အသက်နှင့်သေခြင်းကို ဆင်နွှဲနေပြီဖြစ်ကြောင်း မည်သူမဆိုမြင်နိုင်၏။

၎င်းတို့၏ လူသတ်လက်နက်များနှင့် ဝှက်ဖဲများသည် အလွန်ကြောက်စရာကောင်းပြီး အဝေးမှကြည့်ရုံဖြင့် အသက်ရှူကြပ်ကာ စိတ်ပျက်လက်ပျက်ဖြစ်စေသည်။

ဤအခြေအနေတွင် သံသယ ဖြစ်စရာမလိုအောင် တိုက်ပွဲ၏ အနိုင်ရသူကို ဆုံးဖြတ်ရန် အချိန်ရောက်ရှိလာချေပြီ။

တစ်ဖက်တွင် တိုက်ပွဲဝင်နေသူများသည် အသက်နှင့်သေခြင်းကို စတင်ကြသောအခါ၌ ၎င်းတို့၏ဝှက်ဖဲများ ကုန်ဆုံးသွားကြောင်း ပြောကြားနေခြင်းပေပင်။

“ ဘရူး ... ။ ”

စုရီ၏ အသိစိတ်ပင်လယ်ထဲရှိ ငရဲဘုံကိုးပါးဓားသည် အနည်းငယ်တုန်ခါလျက် အမှောင်နတ်ဓားထံ ဓားရောင်ဝါများ ဖြည်းညှင်းစွာ စေလွှတ်ခဲ့၏။

ယင်းကြောင် ငှက်မိစ္ဆာပင် တုန်ယင် လာချေပြီ။ သူ့ဘ၀တလျှောက် တွေ့ကြုံဖူးသမျှ စွမ်းအားများစွာထက် အဆမတန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်မျိုးပေပင်။

“ ဟမ့် ... ။ ”

အဆုံးတွင် စုရီက လေထဲလှမ်းလိုက်၏။ ကျောက်စိမ်းရောင်ဝတ်လုံတွင် သူ့သွေးများဖြင့် စွန်းထင်းနေပြီး ဒဏ်ရာများပြည့်နေ၏။ သို့သော် ခြေလှမ်းတိုင်း တည်ငြိမ်ချေပြီ။

“ သေလိုက်တော့ ... ။ ”

အနီရောင်ဆေးမီးဖိုကြီးက စုရီအပါအဝင် ကမ္ဘာကြီးတစ်ခုလုံးကို လောင်ကျွမ်းလိုသကဲ့သို့ ကောင်းကင်တခွင် မီးပင်လယ်ဖန်တီး၏။

ထိုမျှ ကြောက်စရာကောင်းသော စွမ်းအားသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိ ကျွမ်းကျင်သူ မည်သူမဆို စိတ်ပျက်ပြိုလဲ သွားအောင် လုံလောက်သည်။

“ ရွှပ် ... ။ ”

သို့တိုင် စုရီမှ ဂရုမစိုက်ဘဲဓားဖြင့် ခုတ်ချလိုက်သည်။ ဓားအလင်းသည် လေထဲသို့ လွင့်ပျံသွား၏။

“ ခရစ် ... ။ ”

ကောင်းကင်ရှိ မီးလျှံများသည် အထည်တစ်စလို ရုတ်တရက် အက်ကွဲသွား တော့သည်။ အဆုံးတွင် နီရဲသောဆေးမီးဖိုသည် အပိုင်းပိုင်းပေါက်ကွဲသွား၏။

“ ဝုန်း ... ။ ”

ထောပတ်ကို ဓားနှင့် လှီးလိုက်သကဲ့သို့ ဆေးကြိုအိုးကြီးခမျာ ပေါက်ကွဲသံများနှင့်အတူ အလင်းမိုးအဖြစ် ပြောင်းလဲပျောက်ကွယ် လာတော့သည်။

“ ဘိုးဘေး ... ။ ”

ယင်းသည် အဆုံး မဟုတ်ချေ။ ဓားအလင်းသည် မီးပင်လယ်ကို ချိုးဖျက်ပြီး ဆေးကြိုအိုးထံမှ ဝိညာဉ်အပေါ် ခေါင်းဖြတ်သွားခဲ့၏။

ကြက်နှင့်ခွေးများကို သတ်နေသကဲ့သို့ လွယ်ကူလွန်းချေပြီ။ အနက်ဝတ် အမျိုးသမီးက ထိတ်လန့်စွာ အော်ဟစ်တော့၏။

မြင့်မြတ်သော ဝိညာဥ်ရတနာဖြင့် တိုက်ပွဲဝင်နေသော ဝိညာဉ်ပေါင်းစည်းခြင်း အဆင့် ဝိညာဉ်သည် ကြယ်စုစည်းခြင်းအဆင့် လူငယ်တစ်ဦးလက်၌ သေဆုံးသွားချေပြီ။

ထိုအချိန်တွင် စုရီသည် လူတိုင်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းမနေတော့ဘဲ ရှေ့သို့ လှမ်းတက်လာ၏။

အနက်ရောင် ခြင်္သေ့ကြီးတစ်ကောင်၊ အရိုးလက်တစ်ဖက်နှင့် သွေးနီရောင် လျှပ်စီးများ သိုင်းခြုံနေသည့် ဖီးနစ်ငှက်တစ်ကောင်က စုရီဆီသို့ အတူတကွ ရောက်ရှိလာသည်။

“ ဝုန်း ... ။ ”

အနက်ရောင် လှိုင်းများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသော လျှပ်စီးများ ပေါက်ကွဲထွက်လာ၏။

၎င်းသည် ဝိညာဥ်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူမှ ကိုယ်တိုင်ကိုယ်ကျ သန့်စင်ထား ခဲ့သော လျှို့ဝှက်ရတနာဖြစ်သည်။

သို့သော် ကြီးမားသော အဖျက်စွမ်းအားသည် စုရီ၏ဓားအောက်တွင် စက္ကူကဲ့သို့ပေါက်ကွဲကာ လုံးဝပျက်စီးသွားခဲ့သည်။

“ ခရစ် ... ဝုန်း ... ။ ”

ထူးဆန်းသော ရောင်ဝါကို ထုတ်လွှတ်ထားသော အရိုးလက်ကြီးခမျာလည်း ဓားအလင်းကြောင့် အပိုင်းပိုင်းကွဲသွားတော့၏။

“ ကျီး ... ။ ”

အနက်ရောင် ဖီးနစ်သာလျှင် လျှပ်စီးများခြံရံလျက် အခြေအနေ မကောင်းမှန်း သိရှိလိုက်သဖြင့် ကြောက်လန့်တကြား အော်ဟစ်ကာ လှည့်ပြေးတော့၏။

သို့တိုင် ဓားစွမ်းအင်များ ပေါက်ကွဲလျက် သူ့ခန္ဓာကိုယ်အနှံ့ မြှားများအလား ထိုးဖောက် ဝင်ရောက်ကာ သွေးမိုးများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရှေးဟောင်းပါရမီရှင် သုံးပါး၏ လူသတ် လက်နက်များ ဖျက်ဆီးခံခဲ့ရ၏။

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

အနက်ရောင်ဝတ် အမျိုးသမီး၊ အဖြူရောင်ဝတ်လုံဝတ် လူငယ်နှင့် ထွားကျိုင်း လွန်းသည့် အမျိုးသားတို့ခမျာ ဓားအလင်းကြောင့် သေဆုံးသွားချေပြီ။

ဤဖြစ်စဉ်သည် သိုးသငယ် သတ်ခြင်းနှင့် တူချေ၏။ ဝိညာဉ်ထင်ရှားခြင်းအဆင့် ရှေးခေတ် ပါရမီရှင်သုံးပါးသည် ၎င်းတို့၏ခန္ဓာကိုယ်များ ကွဲအက်ကာ ဝိညာဉ်များပင် ဖျက်ဆီးခံလိုက်ရ၏။

ရလဒ်အနေနှင့် ကျန်သူများကို စိတ်ပျက်အားငယ်မှု၊ အကူအညီမဲ့မှုများ ခံစား လာရသည်။

ဤစုရီသည် လူသတ်လက်နက်များကို အားလုံးကို လွယ်လွယ်ကူကူ ဖြတ်ကျော်ကာ အနိုင်ယူနိုင်မည်ဟု မည်သူထင်မည်နည်း။

စုရီအပေါ် ယုံကြည်သူများပင် မြက်ရိတ်ခြင်းကဲ့သို့ ရန်သူများကို သတ်ဖြတ် နေသည့် မြင်ကွင်းက သူတို့နှလုံးသားအပေါ် တုန်လှုပ်စေခဲ့သည်။

“ ဝုန်း ... ။ ”

တိုက်ပွဲမှာ ဆက်သွားနေခဲ့၏။ ကောင်းကင်အထက် ပေတစ်ရာမြင့်သော ရွှေချပ်ဝတ် နတ်ဘုရားကြီးသည်ပင် အပိုင်းပိုင်း ပြိုကျသွားသည်။

ငရဲဘုံကိုးပါးဓား၏ ရောင်ဝါသည် လူတိုင်းစိတ်ကူးထက် ကျော်လွန်နေချေခဲ့ပြီ။ များမကြာခင် ဟွမ်ရှောင်ယုနှင့် မိုရှင်းချီ အပါအဝင် ရှေးခေတ်ပါရမီရှင် လေးပါးသာ ကျန်ရှိတော့၏။

ဟွမ်ရှောင်ယုနှင့် အခြားသူများ၏ အမူအရာများအားလုံး မှောင်မိုက်ပြီး ရုပ်ဆိုးကာ အနည်းငယ် ထိတ်လန့်လာသည်။

“ ခွန်အားအနေနဲ့ ပြောရရင် မင်းတို့က ငါ့ပြိုင်ဘက်မဟုတ်ဘူး ... ဝှက်ဖဲယှဉ်ရင်တောင် ငါ့ထက် အားနည်းနေသေးတယ်။ ”

စုရီက တိုက်ပွဲကို ခဏရပ်နားကာ လက်တစ်ဖက်ကျောပို့ပြီး ကျန်လက်တစ်ဖက်၌ ဓားကိုင်ဆောင်လျက် ပြောကြား လိုက်လေသည်။

သူ၏ လျစ်လျူရှုသောသံတွင် အထင်အမြင်သေးမှု အရိပ်အမြွက်များစွာ ပါရှိနေချေပြီ။

***

All Chapters