← Chapters

ရွှေသွေးထံမှ တုန့်ပြန်မှု ... ။

Vol. 39 Ch. 468

ရွှေသွေးထံမှ တုန့်ပြန်မှု ... ။

Vol. 39 Ch. 468

ထူးဆန်းသော စွမ်းအား အတက်အကျလှိုင်းများဖြင့် မျက်လုံးရှေ့ မြင်ကွင်းများ ပြောင်းလဲသွား၏။

မှောင်မိုက်ပြီး ကျယ်ပြောသော ကောင်းကင်နှင့်မြေကြီးထဲ သူ ပြန်ပေါ်လာ၏။ ကြီးမားသော ကျောက်ရင်ပြင်တစ်ခုသာရှိပြီး အခြားမည်သည့်အရာမှ မရှိချေ။ စုရီက ထိုကျောက်ရင်ပြင်ပေါ် တက်လိုက်၏။

“ ရွှပ် ... ။ ”

ကျောက်ပြင်ပြင်ပေါ်တွင် ထူးဆန်းသော လှိုင်းလုံးတစ်ခု ထွက်ပေါ်လာပြီး ရုတ်တရက် ပုံသဏ္ဍန်တစ်ခုပေါ်လာသည်။

ထိုရုပ်သွင်သည် တာအိုဝတ်လုံ၊ ရွှေပိုးဖဲကြိုးတစ်ချောင်းနှင့် ဓားတစ်လက်ကို ကျောတွင်လွယ်ထားသော လူတစ်ယောက်ဖြစ်၏။

အသွင်အပြင်သည် မှုန်ဝါးနေသော်လည်း အငွေ့အသက်မှာ ကြယ်စုစည်းခြင်း အစောပိုင်း အဆင့်ဖြစ်သည်။

၎င်းသည် တာအို၏စွမ်းအားဖြင့် ဖန်တီးထားသော ‘တံခါးစောင့်’ဖြစ်လေသည်။ စမ်းသပ် ကျောက်လှေကားထစ်များပေါ်တွင် ခင်းကျင်းထားသော စစ်မြေပြင်ဝင်္ကပါသည် တူညီသောအဆင့်ကိုသာ ပေးချေ၏။

ကျောက်လှေကားထစ်များသည် မြင့်မားလာသည်နှင့်အမျှ တံခါးစောင့်သည် ကျင့်ကြံမှုပြောင်းလဲမည် မဟုတ်သော်လည်း ခွန်အားများ ဆက်လက်တိုးလာပေမည်။

ဤနည်းအားဖြင့် တံခါးစောင့်နှင့် စိန်ခေါ်သူတို့သည် ထိပ်တိုက်ရင်ဆိုင်ရာတွင် တိုက်ပွဲဝင်စွမ်းအား မြင့်မားစေမည်ဖြစ်သည်။

တံခါးစောင့်သည်သာ အစွမ်းထက်လွန်းနေပါက ဤစမ်းသပ်မှုသည် အဓိပ္ပါယ်မဲ့သွားနိုင်ချေ၏။

ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦးမှ ဤရုပ်ပုံသဏ္ဍာန်နှင့် အဆိုပါစည်းမျဉ်းများကို ချန်ထားခဲ့ခြင်း ဖြစ်ပေသည်။

ဤနည်းဖြင့်သာ မတူညီသော နယ်ပယ်အသီးသီးမှ ကျင့်ကြံသူများစွာအတွက် ကြီးကျယ်သော တိုက်ပွဲမျိုးဖြစ်ပွားလာစေမည်။

“ မင်းတို့လို မိုပြာတိုက်ကြီးရဲ့ ဧကရာဇ်တစ်ပါးအမြင်မှာ ... အစောပိုင်း ကြယ်စုစည်းခြင်း အဆင့်က ...

... ဘယ်လောက်အထိ စွမ်းဆောင်နိုင်ရည်ရှိမလဲဆိုတာ သိချင်တယ် ... မင်းငါ့ကို အရမ်းစိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ်။ ”

စုရီက ခေါင်းခါလိုက်ပြီး သူ့လက်ကို ဆန့်တန်းလိုက်ရာ ဓားတစ်လက် ပေါ်လာသည်။

“ ချွင် ... ။ ”

တစ်ချိန်တည်းမှာပင် တစ်ဖက်ရှိ တံခါးစောင့်က နောက်ကျောမှ ရှေးဟောင်း ဓားရှည်ကိုဆွဲထုတ်လိုက်၏။ ထိုစဉ် စုရီက ခုန်တက်ကာ ဓားဖြင့်ခုတ်လိုက်သည်။

“ ရွှပ် ... ။ ”

“ ဘောင်း ... ။ ”

တံခါးစောင့်ခမျာ လှုပ်ရှားရန် အချိန်မရှိခဲ့ချေ။ စက္ကူတစ်စလို ထက်ပိုင်းဖြတ် ခံရပြီး ပေါက်ကွဲသံနှင့်အတူ ပျောက်သွားတော့၏။

စမ်းသပ် ကျောက်လှေကားထစ်များ၏ ပထမအဆင့်ရှိ တံခါးစောင့်သည် အမြဲတမ်း အညံ့ဆုံးဖြစ်သည်။

ထိုနောက်တွင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး စုရီရုပ်ပုံသည် ဒုတိယအဆင့် တိုက်ပွဲနယ်မြေသို့ ‌ရောက်လာ၏။

ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး ကျယ်ပြောမှိန်ဖျော့နေဆဲဖြစ်ကာ အလယ်တွင် တစ်စုံတစ်ယောက် ရပ်နေသည်။

ထိုသူအသွင်သည် တာအိုဝတ်ရုံနှင့် ရှေးခေတ်ဓားတစ်လက်ကို ရွှေရောင်ဖဲကြိုးဖြင့် လွယ်ထားဆဲပေပင်။

“ ဘောင်း ... ။ ”

စုရီက မည်သည့်စကားမျှ မဆိုဘဲ ထပ်မံတိုက်ခိုက်လိုက်သည်။ တစ်ဖက်က တံခါးစောင့်ခမျာ ဓားကိုမဆွဲနိုင်မီ ပေါက်ကွဲသွားပြန်၏။

“ အားနည်းလွန်းတယ် ... ။ ”

စုရီ ခေါင်းခါလိုက်သည်။ သူ့တာအိုနှင့် ကျွမ်းကျင်မှုသည် အစောပိုင်း ကြယ်စုစည်းခြင်း အဆင့်ပြိုင်ဘက်များအပေါ် ပုရွက်ဆိတ်များ အဖြစ်သာ ရှုမြင်စရာဖြစ်နေ၏။

နောက်ပိုင်းအဆင့်များတွင် စုရီသည် လုံးဝငြီးငွေ့လာပြီးနောက် အတားအဆီးများကို ချက်ချင်းဖြေရှင်းပစ်သည်။

တစ်ဖက်တွင် ယွီရှစ်ချန်နှင့် ဝမ်ရှင်းကျောက်သည် အဆင့်များကို အလွန် လျင်မြန်စွာ ကျော်ဖြတ်လာခဲ့ကြ၏။

၎င်းတို့နှစ်ဦးသည် ကျင့်ကြံမှုအဆင့် တူညီသောကြောင့် ဖြတ်ကျော်ချိန်များသည် တူညီနေပေသည်။

ယွီရှစ်ချန်၏ ဓားသည် ရွေ့လျားသောအခါတွင် ရိုးရှင်းပြတ်သားပြီး လျှပ်စီးကဲ့သို့ လျင်မြန်၏။

ဝမ်ရှင်းကျောက်သည် ဆန့်ကျင်ဘက်ဖြစ်သည်။ သူမ တိုက်ခိုက် သည်နှင့်တစ်ပြိုင်နက် အံ့သြဖွယ်ကောင်းသော တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကွဲနိုင်၏။

သူမ၏ ဓားရည်ရွယ်ချက်သည် နတ်ဆိုးတစ်ကောင်လိုဖြစ်ပြီး သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ကပ်ညိနေသည်။

မတူညီသော ပန်းတိုင်များနှင့် စိတ်နေစိတ်ထားများကို ပြသသော တိုက်ပွဲဝင် ပုံစံကြီး နှစ်ရပ်ပေပင်။

သူတို့ နှစ်ယောက်မှ စမ်းသပ်အဆင့်ကို ကျော်ဖြတ်နေသော အရှိန်သည် အံ့ဩကောင်း လောက်အောင် တသမတ်တည်း ဖြစ်၏။

ဆန့်ကျင်ဘက်အနေနှင့် ကောချင်သည် ဖြည်းဖြည်းမှန်မှန်သာ သတိကြီးစွာ ရှေ့ဆက်နေ တော့သည်။

တစ်ဆင့် လှမ်းတက်လိုက်ချိန်တိုင်း ပြိုင်ဘက်၏အင်အားကို နားလည်သည်အထိ အချိန်အတော်ကြာအောင် ဂရုတစိုက် လှည့်ပတ်နေတတ်၏။

ထို့နောက် တံခါးစောင့်ကို လက်သီးတစ်ချက်တည်းနှင့် ထိုးသတ်ရန် ခွန်အားရှိသမျှ အသုံးပြုချေပြီ။

ကောချင်၏ လမ်းကြောင်းသည် သူ့စိတ်နေစိတ်ထားနှင့် လိုက်ဖက်နေလေသည်။ မတော်တဆမှုနှင့် အန္တရာယ်များစွာကို အတက်နိုင်ဆုံးရှောင်ရှားနေ၏။

ထိုကြောင့် ဝမ်ရှင်းကျောက်နှင့် ယွီရှစ်ချန်သည် သူ့ကိုခဏလေးအတွင်း၌ ချန်ထားနိုင်ခဲ့သည်။

(၃၅)ကြိမ်မြောက် စမ်းသပ်မှုကို ဖြတ်ကျော်ကာ စုရီက ခဏရပ်နားလိုက်သည်။ ဤစမ်းသပ်မှုတွင် ကျောက်လှေကားထစ်ပေါင်း (၁၀၈)ခုရှိသည်။

(၄၉)ထစ်သည် ပထမအဆင့် စမ်းသပ်မှုဖြစ်ကာ အတွင်းတပည့်များအတွက် ရည်ရွယ်၏။

သံသရာတောင်တန်းသည် တစ်ချိန်က အထင်ကရနတ်ဆိုးဂိုဏ်းကြီးဖြစ်ပြီး ဧကရာဇ် အဆင့်ဘိုးဘေးတစ်ပါးကို ပိုင်ဆိုင်သည်။

၎င်း၏ အတွင်းတပည့် တစ်ဦးသည် လက်ရှိမိုးပြာတိုက်ကြီး၏ ကျင့်ကြံသူများထက် ပို၍အစွမ်းထက်​နေမည်မှာ သေချာ၏။

ထိုအချိန်တွင် (၇၄)ခုမြောက် ကျောက်လှေကားထစ်တွင် ချန်ရှင်းအပါအဝင် လူအချို့ အနားယူနေသည်။

ဤအဆင့် တံခါးစောင့်များသည် ပိုအားကောင်းလာပြီး အဆင့်ကျော်ဖြတ်သည့် အရှိန်မှာ သူတို့ကိုလွန်စွာနှေးကွေးစေ၏။

ယင်းကြောင့် (၇၄)ခုမြောက် ကျောက်လှေကားထံ ရောက်ရှိသွားချိန်တွင် ရုပ်ခွန်အားနှင့် စိတ်ခွန်အားတို့ ပင်ပန်း နွမ်းနယ်နေပြီဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အဆင့်(၄၉)ဆင့်ကို ကျော်ဖြတ်ပြီးနောက် အနားယူချိန် (၁၅)မိနစ် ရရှိ၍သာပေပင်။

“ ဒီလောက် ပြတ်ကျန်ခဲ့လိမ့်မယ်လို့ ငါမမျှော်​လင့်ထား​ဘူး ... ။ ”

ချန်ရှင်းက အမြင့်ကို မျှော်ကြည့်ကာ အနည်းငယ် စိတ်ဓာတ်ကျသွား၏။ သူ့ရှေ့တွင် (၇၉)ခုမြောက် ကျောက်လှေခါးထစ်ပေါ်၌ ကျန့်လီရှိနေသည်။

ကျန့်လီရှေ့တွင် ယွီဝမ်ရှသည် (၈၂)ထစ်မြောက်နေရာ၌ တိုက်ပွဲဝင်နေကာ လီဟန်ထောင်သည် (၈၉)ထပ်တွင် ရှိ၏။

အမြင့်ဆုံးတွင် ကျန်းဖူ၊ ချီကျန့်စုနှင့် ချန်လုတို့ဖြစ်သည်။ သူတို့သုံးယောက်သည် လူတိုင်းကို ချန်ထားခဲ့ချေပြီ။

အတွေးများစွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ စုရီ၊ဝမ်လင်ကျောက်နှင့် ယွီရှစ်ချန်ကို မြင်လိုက်ရသည်။

ယင်းကြောင့် ချန်ရှင်းတစ်ယောက် စိတ်ဝင်စားသွားတော့၏။ စုရီ၏ ကျင့်ကြံမှုဖြင့် မည်သည့်အဆင့်သို့ ရောက်ရှိမည်ကို သိချင်မိချေပြီ။

တစ်ဖက်လူသည် ဟွမ်ရှောင်ယုကဲ့သို့ ဝိညာဉ်ထင်ရှားခြင်းအဆင့် နတ်ဆိုးကိုးဦးကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။

တစ်ဖက်တွင် နတ်သမီးနှင့်တူသော အလှတရားနှစ်ယောက်ဖြစ်သည့် ယွီရှစ်ချန်တို့ အပေါ် သူ လုံးဝစိတ်မဝင်စားချေ။

ဗုဒ္ဓဂိုဏ်းဝင် တစ်ယောက်အနေဖြင့် သူ့မျက်လုံးထဲတွင် ထိုအလှတရားများသည် ရုပ်ဖျက်ထားသော အရိုးစုများသာဖြစ်၏။

၎င်းတို့ကြောင့် အတိတ်တွင် တပ်မက်မှု နွံအတွင်း သက်ဆင်းရကာ သူ့ကိုယ်သူ ရုန်းမထွက်နိုင် ဖြစ်ခဲ့ဖူးသည်။

အဆုံးတွင် တဏှာနှင့်ပတ်သတ်သော စမ်းသပ်မှုများတွင် သတိကပ်နိုင်ခဲ့ပြီး ဗုဒ္ဓဂိုဏ်း အတွင်း ဝင်ရောက်နိုင်ခဲ့သည်။

ထိုသို့ဝင်ရောက်ခဲ့စဉ် အချိန်က ပြောင်မြောက်သော သူ့စွမ်းဆောင်မှုကြောင့် တပည့်များစွာနှင့် ဆရာတော်များက အံ့အားသင့်သွားသေး၏။

နှစ်ပေါင်းတစ်ထောင်အတွင်း ရှားပါး တွေ့ရခဲသော ဗုဒ္ဓနှလုံးသားပိုင်ရှင် အဖြစ်ပင် သတ်မှတ်ကြသည်။

ဤအခြေအနေတွင် သူသည် ဝမ်ရှင်းကျောက်တို့၏ အလှတရားအပေါ် ဂရုမစိုက်သည်မှာ သဘာဝပေပင်။

“ အရမ်း အစွမ်းထက်တယ်။ ”

ရုတ်တရက် ချန်ရှင်း၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အမူအရာများ ဖြစ်ပေါ်လာချေပြီ။ စုရီ၏အစိမ်းရောင်ဝတ်ရုံသည် တဖျပ်ဖျပ် လွင့်မျောနေကာ တိုက်ပွဲများအပေါ် တဟုန်ထိုး ဖြတ်ကျော်လာနေ၏။

“ ဒီလို မရပ်မနား အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ပါ့မလား။ ”

ချန်ရှင်းတစ်ယောက် အတွေးများ နစ်မျောနေစဉ် စုရီသည် (၅၀)မြောက် စမ်းသပ် လှေကားထစ်အပေါ် ရောက်ရှိလာ၏။

ထိုစဉ်က ကျန်းဖူ၊ ချီကျန့်စုနှင့် စီနီယာအစ်ကိုချန်လုတို့သည်ပင် (၄၉)ဆင့်ကို ကျော်ဖြတ်ပြီးချိန်တွင် နှေးကွေးသွားခဲ့ရသည်။

သို့သော် ဤစုရီမှာမူ သူ့အရှိန်သည် အစမှအဆုံးထိ မပြောင်းလဲဘဲ မရပ်မနားပင် ဆက်၍ လှမ်းတက်နေခဲ့သည်။

များမကြာခင် သူ ရှိနေသည့် စမ်းသပ်ကျောက်လှေခါး အဆင့် (၇၄)အတွင်း ထွက်ပေါ်လာ၏။

“ ဒါ ... ။ ”

ထို့နောက်တွင် အမှုန်အမွှားတစ်စလို ချက်ချင်းဖြတ်ကျော်သွားပြန်သည်။ အထပ်(၈၀) ရှိ ကျန့်လီက ရိပ်ခနဲပေါ်လာပြီး ချက်ချင်း ဖြတ်ကျော်သွားသော စုရီနောက်ကျောကို ကြည့်ကာ အံ့သြသွား၏။

တစ်ဆက်တည်းမှာပင် အထပ် (၈၂)ရှိ ယွီဝမ်ရှ၊ အထပ်(၉၀)ရှိ လီဟန်ထောင်တို့သည် နွမ်းနယ်လာသောကြောင့် အနားယူရန် ပြင်နေကြသည်။

“ ဘယ်သူလဲ ... ။ ”

သို့သော် ရိပ်ခနဲ ပေါ်လာပြီး ချက်ချင်း ဖြတ်ကျော်သွားသော လူတစ်ယောက်ကြောင့် မျက်လုံးများပြူးကာ မော့ကြည့်လိုက်တော့၏။

စိတ်အာရုံများ ပြန်မရနိုင်ခင် ထိုလူရိပ်သည်(၉၁)ထပ်ကို ဖြတ်ကျော်သွားကာ တရွေ့ရွေ့ ဝေးသွားတော့၏။

“ စုရီလား ... ။ ”

လီဟန်ထောင်နှင့် ချန်လုတို့က အကြည့်ချင်း ဖလှယ်လျက် ထိတ်လန့်ခြင်းများနှင့် ဝေဝါးနေပြီ ဖြစ်သော လူရိပ်ထံ မော့ကြည့်လိုက်ကြသည်။

အထူးသဖြင့် အထပ် (၉၀)ပြီးနောက်၊ ကြုံတွေ့ရသော စိန်ခေါ်သူများသည် တူညီသော နယ်ပယ်ရှိ ထိပ်တန်းဘီလူးများထက် သာလွန်နေသည်။

ယခုမူ ဤစုရီသည် လမ်းတစ်လျှောက်လုံးတွင် ဖိအားတစ်စုံတစ်ရာ ခံစားခဲ့ရပုံ မပေါ်ချေ။

“ ငါတို့အတွက် ဒီကျောက်တုံး လှေကားထစ်တွေက ခက်ခဲပြီး စိန်ခေါ်မှုတွေ ပြည့်နှက်နေတယ် ... သူ့အတွက်ကတော့ ပန်းခြံထဲ လမ်းလျှောက်နေသလိုပါပဲ။ ”

ချန်လုမှ ညည်းတွားလိုက်သည်။

“ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက စမ်းသပ်ကျောက်တုံးအဆင့်ကို သန့်စင်ပေးတဲ့ ဧကရာဇ်ဟာ စုရီလို ကောင်းကင်ဘုံကို စိန်ခေါ်နိုင်တဲ့ ...

... ကြယ်စုစည်းခြင်းအဆင့်က တစ်စုံတစ်ယောက် ရှိနေလိမ့်ခဲ့မယ်လို့ မထင်ထားခဲ့ဘူးထင်တယ်။ ”

လီဟန်ထောင်က နှလုံးသားထဲတွင် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ ကွာဟချက်မှာ များစွာ ကြီးမားချေ၏။

(၁၀၈)ထပ်မြောက် စမ်းသပ် ကျောက်လှေခါးသည် သံသရာတောင်တန်း၏ နောက်ဆုံးအဆင့်ဖြစ်သည်။

စုရီသည် မောပန်းမှု အရိပ်အယောင်မရှိဘဲ ထိုနေရာတွင်ရပ်လိုက်ကာ လှေကားထစ်များထံ ပြန်၍ငေးမော့ကြည့်တော့၏။

သူသည် ကျောက်လှေကားများကို ဖြတ်ကျော်ရန် ဓားချက်ပေါင်း တစ်ရာရှစ်ချက် တိတိ အသုံးပြုခဲ့ရသည်။

လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀)က ထားရှိခဲ့သော ဤစမ်းသပ်မှုသည် သူအတွက် ပျင်းစရာကောင်းနေ၏။ ချက်ချင်း အထီးကျန်မှု အရိပ်အမြွက်များ ထင်ဟပ်လာသည်။

ဆိုလိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းက မိုးပြာတိုက်ကြီး၏ အသန်မာဆုံး ပါရမီရှင်များသည် သူ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။

သူသည် ကြယ်စုစည်းခြင်း အဆင့်၌ ကြယ်စွမ်းအင်ပေါင်း (၉)သောင်းကို ပေါင်းစည်း ထားခဲ့သောကြောင့် ၎င်းတို့ထက်သာလွန်သည့် ဘီလူးတစ်ကောင် ဖြစ်လာခဲ့သည်။

“ ဟမ့် ... ။ ”

ရုတ်တရက် တုန့်ပြန်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် လက်ဖဝါးဖြန့်ကြည့်လိုက်ရာ ချိပ်ပိတ်ထားသော ရွှေသွေးတစ်စက်သည် ပြင်းစွာရုန်းကန်နေသည်ကို မြင်လိုက်ရ၏။

***

Book-39

All Chapters