← Chapters

လေဟာနယ်ပျက်သုဉ်းခြင်း ပေါ်လာခြင်း

Vol. 131 Ch. 1802

လေဟာနယ်ပျက်သုဉ်းခြင်း ပေါ်လာခြင်း

Vol. 131 Ch. 1802

အလုံးစုံကောင်းကင်၏ အရှေ့ဘက်ပိုင်း၌ ဂြိုဟ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်သည် စိတ်ဝိညာဉ်စွမ်းအင်တို့ ရှိပါသော်လည်း သိပ်သည်းမနေပေ။ သာမန်ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးမျှသာ ဖြစ်သည်။

စစ်ပွဲနှစ်ပွဲ ဖြစ်ပွားပြီးနောက် ထိုဂြိုဟ်ပေါ်တွင် ကျင့်ကြံသူ များများစားစား မကျန်တော့ပေ။ အခြေခံတည်ဆောက်ခြင်းနှင့် အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများသာ ကျန်ခဲ့၏။

ဆောင်းဦးရာသီ ဖြစ်သည်။ လေအေးတို့ တိုက်ခတ်နေကာ သစ်ရွက်ဝါတို့က ကောင်းကင်တွင် လွင့်ဝဲနေသည်။ တောင်တန်းများကြား၌  တောင်ကြားတစ်ခု ရှိလေသည်။

ထိုတောင်ကြားထဲ၌ ဆောင်းသစ်ခွပန်းများနှင့် ပြည့်လို့နေသည်။ သည်လိုသစ်ခွမျိုးက ဆောင်းရာသီ၌သာ ဖူးပွင့်သည်။ သစ်ခွရနံ့က အားကောင်းလှခြင်း မရှိိသော်လည်း ဆောင်းဦးရာသီ၏ လေပြင်းအောက်၌ အထီးကျန်ဆန်သော အငွေ့အသက်ကို ပေးစွမ်းနေတော့သည်။

သစ်ခွပန်းများ၏ အတွင်းဘက်၌ အိမ်တစ်လုံး ရှိ၏။

ခုချိန်တွင် ၎င်းအိမ်ထဲ၌ အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာထက်တွင် အရေးအကြောင်းများ ပြည့်နေသည်။ သူက သူ့ရှေ့ရှိ သစ်ခွတို့ကို ကြည့်ကာ သူ့မျက်လုံးထဲ၌ ဆွေးရိပ်သန်းနေသည်။

ဆောင်းဦးလေးက တောင်ကြားထဲသို့ တိုက်ခတ်သဖြင့် သစ်ခွပန်းတို့ ဟိုဒီလှုပ်ခတ်သည်။ လေတိုက်ခတ်သဖြင့် အဘိုးအို၏ဝတ်ရုံမှာ တဖျတ်ဖျတ်လွင့်သည်။

ထိုအဘိုးအိုက သက်ပြင်းချကာ ခေါင်းမော့သည်။ ရုတ်တရက် သူက အပြင်းအထန် တရစပ် ချောင်းဆိုးပြီးနောက်မှ ပြန်တည်ငြိမ်သွား၏။ သူက ဆောင်းဦးသစ်ရွက်များကို ထူးဆန်းသလို ကြည့်ကာ သူ့မျက်လုံးထဲတွင် အောက်မေ့ဟန်တို့ ပြည့်နေသည်။

“ဆောင်းဦး ရောက်လာခဲ့ပြီ။ ဒီသစ်ခွတွေ ရှိဖို့ အချိန်သိပ်မကျန်တော့ဘူး။ မကြာခင် သွေ့ခြောက် သေဆုံးကုန်တော့မှာ။ နောင်နှစ်ကျရင်တော့ ပြန်ဖူးပွင့်ကြအုံးမယ်။ ဒါပေမဲ့ ငါ ဒီနေရာမှာ ဒီပန်းပွင့်တွေ ဖူးပွင့်လာတာကို စောင့်ကြည့်နိုင်တော့မှာ မဟုတ်ဘူး…”

ထိုအဘိုးအိုက ခေါင်းယမ်းကာ လက်မြှောက်၏။ သူက သူ့လက်ကို ကြည့်လိုက်ရာ အလင်းပေးစွမ်းနေသော သစ်ခွကဲ့သို့ ထူးခြားသည့် အမှတ်အသားတစ်ခုကို မြင်လိုက်ရသည်။

“နှစ်တွေကြာလာခဲ့တော့ ဒီချိပ်တံဆိပ်သုံးခုဟာ လုံးဝ ပြည့်စုံသွားပြီ။ ဒါဟာ ဆရာ့အတွက် ငါ နောက်ဆုံးလုပ်ပေးရမယ့်အရာပဲ…”  ထိုအဘိုးအိုက ခပ်တိုးတိုး ရေရွတ်လေ၏။

“နောက်နှစ် ဒီနေ့မှာ ငါ ဘယ်နေရာကို ရောက်နေမလဲ။ ငါ နောက်ထပ် ပြန်လည်မမွေးချင်တော့ဘူး။ ငါ မျက်လုံးမှိတ်ချင်မိပြီ။ ဆရာ…သင် လာနေပြီလား…”

ထိုအဘိုးအိုက ခေါင်းမော့လိုက်၏။

ထိုအဘိုးအိုသည် နောက်သို့ လှည့်မကြည့်ပေ။ သူက နေရာတွင် ထိုင်ချကာ ခါးသီးစွာ ပြောလိုက်သည်။ “သင် ဒီမှာ ရောက်နေတာ ငါ သိပါတယ်…”

ဝမ်လင်းသည် နေရာတွင် ရပ်နေ၏။

ထိုအဘိုးအိုက ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်း လှည့်လာသည်။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်၊ ခါးသီးဟန်တို့ဖြင့် ကြည့်သည်။ ထို့နောက် သူ တည်ငြိမ်သွားသည်။ သို့ပေမည့် သူ့မျက်လုံးထဲတွင် လေးစားမှုကို ကွယ်ဝှက်ထားသည်။ အချိန်အတန်ကြာပြီးနောက် သူက ဒူးထောက်ချကာ ခပ်တိုးတိုး ရေရွတ်သည်။

“တပည့်ရွှယ်ချင်းဟာ ဆရာ့ကို နှုတ်ဆက်ပါတယ်…”

ဝမ်လင်းက ရွှယ်ချင်းကို ကြည့်သည်။ သူ့စိတ်နှလုံးမှာ ကိုက်ခဲရ၏။ သူက ရွှယ်ချင်း၏ ခုလက်ရှိ ရုပ်ပိုင်းအခြေအနေကိုတွေ့မြင်သည်။

ရွှယ်ချင်းက ဒူးထောက်ချကာ ခပ်တိုးတိုး ပြော၏။ “ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ တတိယစိတ်ဝိညာဉ်ဟာ ကျနော်ပါပဲ။ ဒါပေမဲ့ ငါဟာ ရွှယ်ချင်းပဲ။ သူ မဟုတ်ဘူး…”

“ဘာကြောင့် မင်း ဖြစ်နေရတာလဲ…”  ဝမ်လင်း၏မျက်နှာ ဖြူရောနေ၏။ သူက ရွှယ်ချင်းနှင့် ပတ်သတ်၍ များများစားစား အဆက်အစပ် ရှိရှိ မနေခဲ့ဖူးပေ။ သို့ပေမည့် ဆယ့်သုံးကဲ့သို့ပင် သူတို့နှစ်ယောက်လုံးက သူ့တပည့်များ ဖြစ်ကြ၏။

“ဆရာ…”  ရွှယ်ချင်းက ဝမ်လင်းကို ကြည့်၏။ သူ့မျက်လုံးသည် တဖြည်းဖြည်း မျက်ရည်ဝဲလာ၏။

“တပည့်ရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းအချို့ နိုးထလာတဲ့နောက် ငါဟာ ထွက်ပြေးဖို့ ရွေးချယ်ခဲ့တယ်။ ရုန်းကန်ခဲ့တယ်။ အလိုမရှိခဲ့ဘူး။ ငါ ဒီနေရာကို လာခဲ့ပြီး သစ်ခွတွေကို ကြည့်လို့ ငါ့ဘဝအကြောင်း တွေးခဲ့တယ်။ နောက်ဆုံးမှာ ငါဟာ ရွှယ်ချင်းဆိုတာကို နားလည်ခဲ့တယ်။ ငါဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူစုတောက် မဟုတ်ဘူး…”

ရွှယ်ချင်းက ပြုံး၏။

“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ တတိယစိတ်ဝိညာဉ်မှာ သူ့ဘဝရဲ့ မှတ်ဉာဏ်တွေ ပါဝင်တယ်။ ဒါဟာ ဆရာ့အတွက် အလွန်အသုံးဝင်လိမ့်မယ်။ ခုချိန်မှာ ပထမစိတ်ဝိညာဉ်၊ ဒုတိယစိတ်ဝိညာဉ်နဲ့ ဗိုလ်ချုပ်လေးယောက်တို့ဟာ ငါ့ကို လိုက်ရှာနေတာ သိပါတယ်…”

“ဗိုလ်ချုပ်လေးယောက်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ အစေခံတွေ ဖြစ်ပေမဲ့ နှစ်တွေများစွာ ကြာခဲ့တဲ့နောက် သူတို့ရဲ့အတွေးဟာ ပြောင်းလဲခဲ့ကြပြီ။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် ရှာဖွေနေကြတာ။ သူတို့ထဲက ဘယ်သူကပဲ ငါ့ကို ရှာတွေ့တွေ့ ဝါးမြိုခံရမယ့် ကံကြမ္မာကနေ ငါ မလွတ်မြောက်နိုင်ဘူး…”

“ဆရာ။ ဒါဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ကံကြမ္မာလည်း ဟုတ်တယ်။ ဒါဟာ ငါ့ကံကြမ္မာပဲ။ ငါ မလွတ်မြောက်နိုင်ဘူး…”

“ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ရောက်တာဟာလည်း အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ တတိယစိတ်ဝိညာဉ်ဟာ နှစ်ပေါင်းများစွာ ထွက်ပြေးခဲ့ပြီးပြီး။ ဒါပေမဲ့ ခုချိန်မှာတော့ အဆုံးသပ်ပြီ။ တတိယစိတ်ဝိညာဉ်ဟာ မှတ်ဉာဏ်သပ်သပ်ပဲ။ ဘာနတ်ဘုရားအာရုံ၊ ဘာမူလစိတ်ဝိညာဉ်၊ ဘာမန္တာန်မှ မရှိဘူး။ ဒီစိတ်ဝိညာဉ်ဟာ သန်မာပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိဘူး…”

“တခြားသူတွေရဲ့ ဝါးမြိုတာ ခံရမယ့်အစား ငါဟာ ဒီမှတ်ဉာဏ်ကို ဆရာ့ရှိပဲ ပေးချင်ပါတယ်…” ရွှယ်ချင်းက ခါးသီးစွာဖြင့် ဆိုသည်။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူ့စိတ်နှလုံးထဲ၌ နာကျင်မှု ခံစားနေရ၏။ သူက သည်နေရာတွင် ရပ်နေသော်လည်း အလွန်အေးသော နေရာသို့ ဝင်ရောက်နေရသကဲ့သို့ ခံစားမိသည်။ ထိုအေးစက်မှုက သူ့အရိုးများထိ ထွင်းဖောက်ကာ သူ့အား နာကျင်စေသည့်အလား။

အစောပိုင်းတုန်းက သူသည် ချင်းရွှေကို ကယ်တင်နိုင်ဖို့ တတိယစိတ်ဝိညာဉ်ကို သတ်ပစ်မည်ဟု ပြောခဲ့ဖူးသည်။ သို့ပေမည့် ခုချိန်၌ သူ ဒါကို မည်သို့ လုပ်နိုင်ပါ့မည်နည်း။ ဤသည်က သူ ကတိမတည်ရာ ရောက်သည်။ သို့ပေမည့် ကိုယ့်တပည့်ကိုသတ်ရခြင်းမှာ…။

ရွှယ်ချင်းနှင့် ပတ်သတ်သည့် မှတ်ဉာဏ်က ဝမ်လင်းစိတ်ထဲ၌ ပေါ်လာ၏။ ယင်းတို့က ဝေဝါးသော်လည်း ခုချိန်တွင် ရှင်းလင်းနေရာ သူက မည်သို့ မေ့နိုင်ပါ့မည်နည်း။

ဝမ်လင်းသည် ဆက်ဆံပတ်သတ်မှုများကို အထူးဂရုစိုက်တတ်သူပင်။

“ဆရာ…တပည့် ပြင်ဆင်ပြီးပြီ။ ငါ ရှာတွေ့ခံရလို့ မသေခဲ့ရင်လည်း တခြားစိတ်ဝိညာဉ်နှစ်ခုက ပေါင်းစပ်ပြီး အဲ့နောက်ကျရင် အစိတ်အပိုင်းခုနစ်ခုဟာ အလိုလို ပြန်ရောက်ရှိလာကြလိမ့်မယ်။ အစိတ်အပိုင်းခုနစ်ခုထဲမှာ ငါးခုက လုံးဝ ကွဲထွက်သွားပြီလို့ ငါ ခံစားမိပေမဲ့ ကျန်တဲ့နှစ်ယောက်ကတော့ ပြန်ပေါင်းစပ်ရလိမ့်မယ်။ အဲ့နှစ်ယောက်ကလည်း သင့်အတွက် အလွန်အရေးကြီးတယ်ဆိုတာ ငါ သိပါတယ်…။ ငါ သေခဲ့ရင် တတိယစိတ်ဝိညာဉ်ဆိုတာ ပေါ်လာတော့မှာ မဟုတ်ဘူး။ ငါ မသေခဲ့ရင်တော့ သူတို့ သေရလိမ့်မယ်…”

“ငါ မသေခဲ့ရင် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ စိတ်ဝိညာဉ်သုံးခု တစ်ခုတည်းအဖြစ် ပြန်ပေါင်းစပ်သွားလိမ့်မယ်။ ဆရာလည်း သေရလိမ့်မယ်…”  ရွှယ်ချင်းက ဝမ်လင်းထံသို့ ကြည့်၏။ သူ့မျက်လုံးတို့က တောက်ပနေသည်။

“နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့ပြီ။ တတိယစိတ်ဝိညာဉ် နိုးထတဲ့နောက် ငါဟာ ငါ့စိတ်ဝိညာဉ်က ကျင့်ကြံခြင်းကိုအသုံးပြုပြီး ချိပ်တံဆိပ်သုံးခု ဖြစ်ပေါ်စေခဲ့တယ်။ ပထမချိပ်တံဆိပ်အတွက် ပြင်ပအား လုံးဝ မလိုဘူး။ ငါ သေသွားတာနဲ့ တတိယစိတ်ဝိညာဉ်ဟာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ မဝင်ရောက်နိုင်တော့ဘဲ ဆရာက ယူဆောင်သွားနိုင်တယ်…”

“အဲ့အချိန်ကျရင် ငါ သေသွားတဲ့နောက် တတိယစိတ်ဝိညာဉ်ဟာ လုံးဝ နိုးထလာလိမ့်မယ်။ ဒါကလှိုဏ်ဂူလောကရဲ့ ဗဟိုချက်ကို ဖွင့်လှစ်လိမ့်မယ်။ အဲ့ကို သွားပြီး တံခါးကို ဖွင့်လှစ်ပါ။ ဆရာဟာ ဒီလှိုဏ်ဂူလောကထဲကနေ ထွက်သွားနိုင်စွမ်း ရှိလိမ့်မယ်…”

“ကျန်တဲ့ ချိပ်တံဆိပ်နှစ်ခုကတော့ ငါ ဆရာ့အတွက် ပြင်ဆင်ထားတဲ့  အရာတွေပဲ။ တံခါးကို ဖွင့်လှစ်လိုက်တာနဲ့ ဆရာဟာ အဲ့စွမ်းအားကို ငှားယမ်းအသုံးပြုပြီး ဒီချိပ်တံဆိပ်နှစ်ခုကိုပါ ထည့်ပေါင်းလိုက်ရင် ဆရာဟာ ပထမနဲ့ဒုတိယစိတ်ဝိညာဉ်တွေကို ချိပ်ပိတ်နိုင်လိမ့်မယ်…”

“အဲ့ကျရင် အရာအားလုံး အဆင်ပြေသွားပြီ…” ရွှယ်ချင်းက ထိုသို့ ပြောရင်း ချောင်းဆိုးလာ၏။ သူက ချောင်းဆိုးနေရင်း သူ့ရှေ့ရှိ သစ်ခွများပေါ်သို့ သွေးအန်ချသည်။

ဤသည်မှာ သူ့စိတ်ဝိညာဉ်သည် ပင်ပန်းလွန်းနေသောကြောင့် ဖြစ်၏။ ချိပ်တံဆိပ်သုံးခုအတွက် သူသည် အရာအားလုံးကို လက်လွှတ်ခဲ့ပေ၏။

ဝမ်လင်းက ရွှယ်ချင်းကို ကြည့်နေ၏။ စကားတစ်ခွန်းမျှ မဆိုပေ။ သူက ရွှယ်ချင်း ပြောသည်ကို နားထောင်သည်။ သူက ရွှယ်ချင်း သွေးအန်လိုက်သည်ကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးသားသည် ထပ်မံ ကိုက်ခဲနာကျင်ရသည်။

သည်အခိုက်တွင် သူက ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်၏။ သူ၏အမူအရာမှာ ကြမ်းလှကာ သူက မာန်သွင်းကာ အော်ဟစ်သည်။

“ငါ ဝမ်လင်းဟာ ကောင်းကင်ဘုံကံကြမ္မာကနေ ငါ့ကိုယ်ပိုင် ကံတရားကို ပြန်ယူဆောင်ပြီး ကောင်းကင်ဘုံတာအိုရဲ့ သခင် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ငါဟာ ဘာကြောင့် ငါ့ကံကြမ္မာကိုယ်ငါ ခုထိ မဆုံးဖြတ်နိုင်ရသေးတာလဲ။ ဘာကြောင့် ငါ့ကို ဒီလိုခက်ခဲလှတဲ့ ဆုံးဖြတ်ချက် ချရမယ့်အခြေအနေကို တွေ့ကြုံစေရတာလဲ…”

“ကောင်းကင်ဘုံ။ သင်ဟာ ဒီလှိုဏ်ဂူလောကရဲ့ ကောင်းကင်ဘုံပဲ ဖြစ်ဖြစ်၊ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံပဲဖြစ်ဖြစ်။ သင် ဒါကို မြင်လား။ ကောင်းကင်ဘုံဟာ အကြင်နာမဲ့မှတော့ ငါ ဝမ်လင်းကလည်း ငါ့အသက်ရှင်နေသ၍ ဒီကောင်းကင်ဘုံကို ဖျက်စီးပစ်မယ်လို့ ကျိန်ဆိုတယ်…”

ဝမ်လင်း၏မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွလာသည်။ သူက ရူးသွပ်သွားသည့်အလား မာန်သွင်းအော်ဟစ်သည်။ သူ့ထံမှ အစွမ်းထက်အော်ရာ ထွက်ပေါ်လာ၏။ ထိုအော်ရာက အခိုးအငွေ့အလား မြန်မြန်ဆန်ဆန် စုဝေးကာ ပုံရိပ်ယောင်ဓားတစ်လက် ပေါ်လာသည်။ ထိုဓားက ကောင်းကင်ဘုံကို ဖျက်စီးပစ်နိုင်မည့် တုန်လှုပ်ဖွယ်အော်ရာကို ပေးစွမ်းလေသည်။

သည်အခိုက်တွင် မဟာအင်ပါယာရွှမ်လော၏ အမူအရာသည် ပထမဆုံးအကြိမ်အဖြစ် ကြီးစွာ ပြောင်းလဲသွား၏။ သူက ဝမ်လင်း ပတ်လည်ရှိ သူသာ တွေ့မြင်နိုင်သော ပုံရိပ်ယောင်ဓားကို ကြည့်ကာ တုန်လှုပ်မိသည်။

“လေဟာနယ်ပျက်သုဉ်းခြင်းအော်ရာ။ ဒါဟာ လေဟာနယ်ပျက်သုဉ်းခြင်းအော်ရာပဲ။ ဒီကောင်လေးရဲ့ စကားတွေဟာ တကယ်ပဲ လေဟာနယ်ပျက်သုဉ်းခြင်းအော်ရာကို ဖန်တီးလိုက်နိုင်တယ်။ သူ…သူဟာ…”

ရွှယ်ချင်းက ဝမ်လင်းကို ကြည့်နေရင်း မျက်ရည်များ စတင် စီးကျလာ၏။ သူက ဒူးထောက်လျက် ထပ်မံ၍ ဦးညွှတ်လိုက်သည်။

“ဆရာ ရောက်အလာကို စောင့်နေရင်း ငါ့စိတ်ဝိညာဉ်ဟာ ဒဏ်ရာ အပြင်းအထန် ရထားပြီး ဖြစ်တယ်။ ငါ တွေဝေနေခဲ့သေးတယ်။ ဒါပေမဲ့ ခုချိန်မှာ ငါ ဘာမှ နောင်တမရှိတော့ဘူး။ ဆရာ ဘာမှ လုပ်ဆောင်ပေးဖို့ မလိုပါဘူး။ ငါဟာ သေရတော့မယ့်သူ။ ငါ့အနေနဲ့ ဆရာ လို့ နောက်ဆုံး ခေါ်ခဲ့ပါတယ်…”

ရွှယ်ချင်းက သူ့ရှေ့ရှိ သစ်ခွန်ပန်းများကို ကြည့်ကာ မျက်လုံးမှိတ်လိုက်၏။ သူက မျက်ရည်များ ကျနေရာကနေ ရပ်တန့်သွားပြီး ပြုံးလာပြီး နောက်ဆုံးအကြိမ် အသက်ရှုလိုက်သည်။ သူ သေသွားလေပြီ။

သူ သေသွားသည့်အခိုက်အတန့်၌ စိတ်ဝိညာဉ်အမျှင်တန်းများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ၎င်းသည်မှာ တတိယစိတ်ဝိညာဉ်ပင်။ ၎င်းထံ၌ တတိယစိတ်ဝိညာဉ်၏ မရေမတွက်နိုင်သော ပြန်လည်မွေးဖွားခြင်းများ ပါဝင်သည်။ ရွှယ်ချင်း၏ဘဝလည်း ပါဝင်သည်။

ရွှယ်ချင်း၏ ချိပ်ပိတ်မှုကြောင့် တတိယစိတ်ဝိညာဉ်က ပြန်လည်မွေးဖွားခြင်းထဲသို့ မဝင်ရောက်နိုင်တော့ပေ။ မှတ်ဉာဏ်များ မြန်ဆန်စွာ ကွယ်ပျောက်လာနေ၏။ ယင်းတို့ လုံးဝ ကွယ်ပျောက်သွားသည်နှင့် ရွှယ်ချင်းက ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။

“ဒါဟာ နောက်ဆုံးအကြိမ် မဟုတ်ဘူး…”  ဝမ်လင်းသည် ဒေါသ ပြည့်နှက်နေ၏။ ရုတ်တရက် သူက ခေါင်းငုံ့လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းကာ ရွှယ်ချင်းဘေးနား ရောက်လာပြီး သူ့လက်ကို ဝေ့ယမ်း၍ တတိယစိတ်ဝိညာဉ်ကို ဖမ်းယူလိုက်သည်။

သူ တတိယစိတ်ဝိညာဉ်ကို ဖမ်းယူလိုက်သည့်အခိုက် ၎င်းက လုံးဝ နိုးထလာ၏။ သည်ဂြိုဟ်မှာ အပြင်းအထန် တုန်ဟည်း၍ ကောင်းကင်သည် တဝီဝီမြည်ဟိန်းသည်။ ကြယ်အဖွဲ့အစည်းလေးခုလုံး တုန်ယင်သည်။ ပြင်ပနယ်မြေ၌လည်း သည်အခိုက်၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ရင်ဆိုင်ရလေသည်။

All Chapters