← Chapters

လှိုဏ်ဂူ ပွင့်ဟပြီ

Vol. 131 Ch. 1803

လှိုဏ်ဂူ ပွင့်ဟပြီ

Vol. 131 Ch. 1803

ကျယ်လောင်စွာ တုန်ဟည်းသံတစ်သံသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းတခွင် ပဲ့တင်ထပ်ကာ မြူများ မြင့်တက်လာ၏။ ထိုမြူများက တဝီဝီလှည့်ပတ်သည်။

ပြင်ပနယ်မြေ၏ တစ်လက်မချင်းစီသည် မြူများဖြင့် ခြုံလွှမ်းခြင်း ခံရသည်။ ပြင်းထန်သောဖိအားတစ်ခုက အဝေးရှိ အတွင်းနယ်မြေထံမှ ထွက်ပေါ်လာကာ သည်လှိုဏ်ဂူလောကတစ်ခုလုံးကို ခြုံလွှမ်းသည်။

ထိုဖိအားအောက်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံး အပြင်းအထန် တုန်ယင်ကုန်၏။ သူတို့က မည်သို့ဖြစ်ပျက်နေသည်ကို မသိနိုင် ဖြစ်ရသည်။

သို့ပေမည့် ကောင်းကင်ထက်မှ ဟိန်းအော်သံက ဒီလောက အဆုံးသပ်လေတော့မည့်အလား လူတိုင်းပေါ်သို့ ပြင်းထန်သောဖိအားကို ဖန်တီးလေသည်။

မရေမတွက်နိုင်သော သားရဲများသည်လည်း အလားတူပင်။ သူတို့ မည်မျှသန်မာပါစေ အားလုံး တုန်ယင်ရသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံး တိုက်ရိုက် ပြောင်းလဲနေရင်း မြူများက ပိုသိပ်သည်းလာသည်။ သိပ်မကြာခင်တွင် မြူများက အရာအားလုံးကို ပိတ်ဆို့ကာ ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို သိမ်းပိုက်သွားသည်။

ထိုအခိုက်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်း တစ်နေရာ၌ ကြယ်အဖွဲ့အစည်းသည် တုန်ယင်ကာ ကျောက်တုံးကျောက်စများစွာ လေထဲကနေ ပေါ်လာကြသည်။ ယင်းတို့က ကျောက်တုံးများနှင့် တူသော်လည်း ကျောက်ပြားတစ်ခုအဖြစ်သို့ မြန်မြန်ဆန်ဆန် သိပ်သည်းသည်။ ထိုကျောက်ပြား၏ ပုံပန်းအသွင်က မညီမညာပေ။

၎င်းသည် လေဟာနယ်တွင်းမှ ပေါ်လာကာ ဖုန်မှုန့်များကြောင့် ဖြစ်ပေါ်လာခြင်းတည်း။ ထိုကျောက်ပြားကြီးက ရှေးအော်ရာကို ပေးစွမ်းသည်။ ၎င်းက ပေါ်လာပြီးနောက် အတွင်းနယ်မြေထံ ပျံသန်းဝင်လာသည်။

သည်အခိုက်တွင် ပြင်ပနယ်မြေ၌ အုပ်စိုးသူသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့အမူအရာက ကြောက်လန့်မှုတို့ ပြည့်၏။ သူက အလျင်အမြန် ထရပ်ကာ ရှေ့သို့ ခြေလှမ်းသည်။ သူက မြူများပြည့်နှက်နေသော ကြယ်အဖွဲ့အစည်းတွင် ပေါ်လာသည်။

သူက အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။ ကြောက်ရွှံ့မှုအစား တုန်လှုပ်မှု သူ့ထံ၌ အစားထိုး ဝင်လာသည်။

“တတိယစိတ်ဝိညာဉ် နိုးထလာပြီ။ လှိုဏ်ဂူဗဟိုချက်က ပြန်ပွင့်လာတော့မယ်…”

အုပ်စိုးသူ၏မျက်နှာမှာ ဖြူရောနေ၏။ သို့သော် သူက တုံ့နှေးမနေဘဲ အတွင်းနယ်မြေထံ ဦးတည်သည်။

တစ်ချိန်တည်းမှာ ပြင်ပနယ်မြေရှိ ဧရိယာမျိုးစုံထံမှ အသက်ရှင်နေသေးသော ကိုယ်လုပ်တော်များသည် ကျင့်ကြံနေရာကနေ နိုးထလာကြသည်။ သူတို့အားလုံးက မထူးခြားနားဟန်ဖြင့် ကြယ်များထံ ကြည့်သည်။ သူတို့ထံ၌ စိတ်လှုပ်ရှားခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ကြောက်ရွှံ့ခြင်းတိုလည်း ရှိနေသည်။

“လှိုဏ်ဂူလောက ဗဟိုချက်က ပွင့်ဟလာပြီ…” ခဏအကြာတွင် ကိုယ်လုပ်တော်များသည် ပြင်ပနယ်မြေရှိ နန်းတော်အသီးသီးထံကနေ အတွင်းနယ်မြေထံ ပျံသန်းလာကြသည်။

တစ်ချိန်တည်းမှာအတွင်းနယ်မြေ၊ တောက်ပသောလေဟာနယ်၌ ဟင်္သာပြဒါးဂြိုဟ်ကို ဝန်းရံထားသော ဧရိယာသည် တုန်ခါသည်။ မြူများ တဝီဝီလှည့်ပတ်ကာ ဂြိုဟ်အပြင်ဘက်ရှိ လေဟာနယ်သည် တိတ်တဆိတ် ပွင့်ဟသည်။

ပြင်ပတိုက်ပွဲနယ်မြေမှ အော်ရာသည် ထိုလေဟာနယ်အက်ကြောင်းတွင်းမှ စိမ့်ထွက်လာကာ အစိတ်အပိုင်းများစွာ မြန်မြန်ဆန်ဆန် ပျံသန်းထွက်လာကြသည်။ ယင်းတို့က နောက်ထပ်ကျောက်ပြားအဖြစ် စုဝေး ဖြစ်ပေါ်သည်။

ထိုကျောက်ပြားသည် ကုန်းမြေအသေးစားနှင့် ဆင်တူ၏။ ၎င်းက ပေါ်လာသည့်နောက် အလုံးစုံကောင်းကင်ထံ ဦးတည်သည်။

ထိုတစ်နေရာတည်း မဟုတ်ပေ။ တူညီသောကျောက်ပြားက တခြားကြယ်အဖွဲ့အစည်းသုံးခုတွင်လည်း ပေါ်လာကြသည်။ ကျောက်ပြားများက လှိုဏ်ဂူလောကကနေ ထွက်ပေါ်လာကာ အလုံးစုံကောင်းကင်ထံ ဦးတည်ပျံသန်းသည်။

ထိုကျောက်ပြားများ ပျံသန်းလာကြစဉ် အလုံးစုံကောင်းကင်၌ ရှာဖွေနေသော ခုနစ်ရောင်စုံတာအိုသခင်၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားတော့သည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်လျက် သူက ရှေ့တည့်တည့်သို့ စိုက်ကြည့်သည်။ သူ့စိတ်ထဲပ လှိုင်းထန်လာခဲ့သည်။

“တတိယစိတ်ဝိညာဉ်ကို တွေ့ပြီပေါ့။ ဒီလှိုဏ်ဂူဗဟိုချက်က ပွင့်ဟပြီ။ ဘယ်သူလဲ။ ဘယ်သူက တတိယစိတ်ဝိညာဉ်ကို အရင်ဆုံး ရှာတွေ့ခဲ့တာလဲ…”  ခုနစ်ရောင်စုံတာအိုသခင်က ရူးသွပ်သွားသည့်အလား ရှေ့သို့ တိုးဝင်လာသည်။

ဗိုလ်ချုပ်လေးယောက်လည်း ရှိသေး၏။ သူတို့က အလုံးစုံကောင်းကင်၌ ရှိနေကြသည်။ သူတို့ရှေ့ရှိ ဧရာမမြူသားရဲက တုန်ယင်ကာ ရှေ့သို့ ဆက်မသွားရဲတော့ပေ။ တုန်ဟည်းသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်နေရင်း မြူထုက ရုတ်တရက် ပေါ်လာခြင်းပင်။ ပင်မဗဟိုချက်၏ အော်ရာက ဒီလှိုဏ်ဂူလောက၏ အစိတ်အပိုင်းတိုင်းတွင် ပြည့်နှက်သည်။

ဗိုလ်ချုပ်လေးယောက်၏ အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူတို့က ၎င်းကို ယုံကြည်ဖို့ ခက်ခဲနေသည်။ သူတို့က အမြန်ဆုံးဟု ထင်ထားကြပြီး တစ်စုံတစ်ယောက်က သူတို့ထက်အရင် တတိယစိတ်ဝိညာဉ်ကို ရှာတွေ့သည့်အခါ တုန်လှုပ်မိကုန်သည်။

“လှိုဏ်ဂူလောက ပွင့်ဟပြီ…”

“ဘယ်သူက တတိယစိတ်ဝိညာဉ်ကို ရှာတွေ့ခဲ့တာလဲ။ ခုနစ်ရောင်စုံတာအိုသခင်များလား…”  ဗိုလ်ချုပ်လေးယောက်သည် တွေဝေမနေဘဲ အော်ရာ ထွက်ပေါ်လာသော နေရာထံသို့ ဦးတည်တော့သည်။

သူတို့လေးယောက်ထက် ပိုမြန်သောပုံရိပ်တစ်ခုလည်း ရှိ၏။ ထိုပုံရိပ်က သူတို့ကို ဖျတ်ခနဲ ကျော်သွားသည်။ ထိုပုံရိပ်မှာ တစ္ဆေအိုကြီးကျန့်ပင်။ ခုချိန်၌ သူ့အမူအရာက သုန်မှုန်နေ၏။ သူ့ထံ၌ ကြောက်ရွှံ့မှု အငွေ့အသက်လည်း ရှိလို့နေသည်။ သူသာ တတိယစိတ်ဝိညာဉ်ကို အရင်ဆုံး ရှာမတွေ့ဘဲ ထိုအစား ခုနစ်ရောင်စုံတာအိုသခင်ကသာ တွေ့ရှိသွားပါက သူ့အတွက် စောင့်နေခြင်းသည် ဝါးမြိုခံရပြီး သေဆုံးခြင်းပင်။

ကံမကောင်းစွာဖြင့် သည်လှိုဏ်ဂူလောကမှာ ဗရမ်းဗတာ ဖြစ်နေပေသည်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သော်လည်း ဝေးဝေးသို့ မမြင်ရပေ။ တတိယစိတ်ဝိညာဉ်ကို ရှာတွေ့သူမှာ ဝမ်လင်း သို့မဟုတ် ခုနစ်ရောင်စုံတာအိုသခင် ဖြစ်နိုင်၏။ သူက မည်သူမှန်း အတိအကျ မသိပေ။

သို့ပေမည့် ဘာကြောင့်မှန်းမသိ၍ သူ့ကြောက်ရွှံ့မှုမှာ ပိုအားကောင်းလာသည်။ ထိုကြောက်ရွှံ့မှုအောက်တွင် သူက အရူးအမူး ရှေ့သို့ တိုးဝငလာသည်။ သည်အခိုက်၌ သူက ထွက်ပြေးရန် မရွေးချယ်ပေ။ ခုနစ်ရောင်စုံတာအိုသခင်က တတိယစိတ်ဝိညာဉ်ကို ရှာတွေ့ခဲ့လျှင်ပင် သူသည် တာအိုသခင်နှင့် တတိယစိတ်ဝိညာဉ်ကို ဝါးမြိုဖို့ တိုက်ခိုက်ရလိမ့်မည်။

တစ္ဆေအိုကြီးကျန့် အမြန်လှုပ်ရှားနေစဉ် ဧရာမအရိပ်တစ်ခုက သူ့ပတ်လည်၌ ပေါ်လာ၏။ ထိုအရိပ်၏မျက်နှာကို မြူများ ဖုံးနေပြီး သုန်မှုန်သောမျက်လုံးနှစ်လုံးသာ လှစ်ဟပေါ်သည်။ ၎င်း၏အမွှေးအမျှင်တို့က တလွင့်လွင့်ဖြစ်နေပြီး ကြီးမားလှသော ခန္ဓာကိုယ်က ကောင်းကင်ကို ဖုံးလွှမ်းထားချေသည်။

ထိုပုံရိပ်က တစ္ဆေအိုကြီးကျန့်ကို ဝန်းရံ၏။ ဤသည်မျာ စိတ်ဝိညာဉ်သုံးခုထဲမှ တစ်ခု ဖြစ်သော တာအိုနားလည်ခြင်းကို ကိုင်ဆုပ်ထားသည့် စိတ်ဝိညာဉ်ပင်။

သည်အခိုက်တွင် လှိုဏ်ဂူလောကမှာ လုံးဝ ဗရမ်းဗတာ ဖြစ်နေလေပြီ။ သည်လောကရှိ သက်ရှိိအားလုံးသည် ကြောက်လန့်ထိတ်ပြာ ကုန်သည်။

တစ်ချိန်တည်းမှာ ဝမ်လင်း ချိပ်ပိတ်ထားသော ပြင်ပနယ်မြေရှိ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှာ ဆုတ်ဖြဲခြင်း ခံရသည်။ အများစုမှာ သေဆုံးပျက်စီးကုန်ပြီ ဖြစ်သော်လည်း သည်နယ်မြေအတွင်း၌ တာအိုခုနစ်ခုကလန်၏ ကျန်ရစ်သော တပည့်အချို့ ရှိနေသေးသည်ပင်။

ထိုချိပ်ပိတ်မှု ပွင့်ဟသွားသည့်အခါ သူတို့က ထိုးထွက်လာကြ၏။ တုန်လှုပ်နေရင်း သူတို့သည် ချက်ခြင်းပင် အလုံးစုံကောင်းကင်ထံသို့ ဦးတည်လာတော့သည်။

ကောင်းကင်ဘုံနယ်မြေမှ မဟုတ်ဘဲ ဆင့်ခေါ်ခြင်းမြစ်ရှိ ဂြိုဟ်တစ်လုံးတွင် နေထိုင်နေသော အမျိုးသမီးတစ်ယောက်လည်း ရှိသေး၏။ ထိုအမျိုးသမီးမှာ ဇီရှားပင်။ သူမသည် ကိုယ်လုပ်တော်များထဲမှ တစ်ယောက်လည်း ဖြစ်၏။ သူမက ငြိမ်သက်စွာ ခဏစဉ်းစားပြီးနောက် အံတင်းတင်းကြိတ်ကာ ရှေ့သို့ ခြေလှမ်းသည်။

လှိုဏ်ဂူလောကတစ်ခုလုံး ပြောင်းလဲသွားရင်း ကြီးမားသောကျောက်ပြားများက အလုံးစုံကောင်းကင်ထံ ဦးတည်နေသည်။ တောက်ပသောလေဟာနယ်၌ ပုန်းကွယ်နေသော ဒြပ်စင်ငါးခုဂြိုဟ်ရှိ အဘိုးအိုမာ ဦးဆောင်သော ကျင့်ကြံသူအုပ်စုကလည်း အနည်းငယ် ချီတုံချတုံ ဖြစ်နေသေး၏။ ထို့နောက် သူတို့က သက်ပြင်းချကာ အလုံးစုံကောင်းကင်ထံ ဦးတည်တော့သည်။

ယွမ်ရီဖန်ကလည်း အဘိုးအိုမာနောက်သို့ လိုက်လာကာ အလုံးစုံကောင်းကင်ထံသို့ ကြည့်သည်။ သူ၏မျက်လုံးသည် ထူးဆန်းသောအလင်းဖြင့် တောက်ပနေသည်။

“ဝမ်လင်း…ငါတို့ နောက်ဆုံးတိုက်ပွဲမှာ အရှုံးအနိုင် မရှိခဲ့ဘူး။ ဖြစ်နိုင်တာက ငါတို့ဟာ ဒီလှိုဏ်ဂူလောကရဲ့ အနိုင်ရသူတစ်ယောက်ကို ဆုံးဖြတ်နိုင်မယ့်ပုံပဲ…”

လှိုဏ်ဂူလောကသည် အပြင်းအထန် တုန်ခါနေပြီး မြူများက ပင်လယ်လှိုင်းအလား ရွှေ့လျားနေသည်။ လူတစ်ယောက်သည် အထက်စီးမှ ကြည့်ပါက ဒီလှိုဏ်ဂူလောကတစ်ခုလုံးသည် မြူပင်လယ်ဖြစ်နေသည်ကို မြင်ရမည်။ ဝမ်လင်း ရှိနေသော အလုံးစုံကောင်းကင်၌သာ ကြည်ရှင်းနေသေး၏။ ဤသည်မှာ အမှောင်ထုကြား တောက်ပနေသော အလင်းဖြစ်လာ၏။

သည်အခိုက်တွင် ကောင်းကင်ဘုံနယ်မြေ၌ ချင်းရွှေက အိမ်အပြင်ဘက်တွင် ရပ်နေပြီး တိမ်ထူထူကို ကြည့်သည်။ သူက ခေါင်းထဲ၌ စိမ့်ခနဲ ခံစားမိလိုက်၏။ သည်ခံစားမှုက သူ့ကို ကသိကအောက် ဖြစ်စေသည်။

ကောင်းကင်ဘုံနယ်မြေ၌လည်း စစ်ထူနန်က ကျင့်ကြံနေရာကနေ နိုးထလာ၏။ သူက သုန်မှုန်စွာဖြင့် ရှေ့သို့ ကြည့်သည်။ သူ မည်သို့တွေးနေသည်ကို မသိရနိုင်ပေ။

ထိုအခိုက်အတန့်၌ ခွန်အားပြည့်အသံတစ်သံက စစ်ထူနန်နှင့် ချင်းရွှေတို့၏ စိတ်ထဲ၌ ပေါ်လာ၏။ ထိုအသံ ပိုင်ရှင်မှာ  တာအိုသခင်အိပ်မက်ပြာပင်။

“ဝမ်လင်းကို ကူညီပေးမယ်လို့ ငါ ကတိပေးထားတယ်။ ဒီထူးဆန်းတဲ့နေရာဟာ ပွင့်ဟသွားပြီ။ ဒါပေမဲ့ ငါ့မှာ ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ သွေးမျိုးဆက် မပိုင်ဆိုင်တဲ့အတွက် ငါ မဝင်နိုင်ဘူး။ ငါ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေကို ငှားယမ်းဖို့ လိုအပ်တယ်။ မင်းတို့ သဘောတူနိုင်လား…”

အဘက်ဘက်မှ ထွက်ပေါ်နေသော မြူများက သည်လောက၏ ကောင်းကင်ထက်၌ စုဝေးနေ၏။

သည်အခိုက်တွင် ဝမ်လင်းက အလုံးစုံကောင်းကင်၏ ဂြိုဟ်တစ်ခုပေါ်ရှိ တောင်ကြားထဲ၌ မတ်တပ်ရပ်နေသည်။ သူ့တပည့် ရွှယ်ချင်းက နောက်ဆုံးအကြိမ်အဖြစ် ဆရာဟု ခေါ်ကာ ပြုံး၍ သေဆုံးသွားသည်ကို စောင့်ကြည့်ခဲ့ရသည့်အတွက် သူ့မျက်လုံးထဲတွင် ဒေါသနှင့် ဝမ်းနည်းမှုတို့ ပြည့်နေသည်။

သူက ဒေါသထွက်နေရခြင်းမှာ ကောင်းကင်ဘုံသည် သူနှင့် လာရှုပ်သောကြောင့်ပင်။

ကောင်းကင်ဘုံက သူ့အပေါ် လေးစားမှု မပေးသည့်အခါ သူက ကောင်းကင်ဘုံကို ဖျက်စီးပစ်မည်။ ဝမ်လင်းသည် သူ့လက်ထဲ၌ တတိယစိတ်ဝိညာဉ်ကို ကိုင်၍ နက်မှောင်သော ကောင်းကင်ထက်သို့ ကြည့်နေသည်။

တတိယစိတ်ဝိညာဉ် ပေါ်လာသည့်အခိုက်အတန့်၌ ဝမ်လင်းက ၎င်းနှင့် ချိတ်ဆက်မိထားပြီး ဖြစ်၏။ သူက သည်လှိုဏ်ဂူလောက ဗဟိုချက် ပွင့်ဟလာပြီကို သိသည်။

သူက လူတိုင်း ဒီနေရာသို့ အသည်းအသန် လာနေသည်ကိုလည်း သိသည်။ သူတို့၏ပန်းတိုင်က သူ့လက်ထဲရှိ တတိယစိတ်ဝိညာဉ်ကို ရဖို့ ဖြစ်၏။ သို့ပေမည့် ဒီအခိုက်တွင် တတိယစိတ်ဝိညာဉ်မှာ ဝမ်လင်းအတွက် ကွဲပြားနေလေပြီ။ ထိုစိတ်ဝိညာဉ်မှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ် မဟုတ်တော့၊ သူ့တပည့် ရွှယ်ချင်း၏စိတ်ဝိညာဉ်သာ ဖြစ်၏။

“မင်း ငါ့ကို ဆရာလို့ ခေါ်ခဲ့တာ နောက်ဆုံးအကြိမ် ကျိန်းသေပေါက် မဖြစ်စေရဘူး။ ငါ ဒါကို ခွင့်မပြုနိုင်ဘူး…”  ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ရုတ်တရက် စတင် ရယ်မောသည်။ သူ၏ရယ်သံ၌ ဒေါသနှင့် ပြည့်နှက်သည်။

“ဆရာ ဒီမှာ ရှိနေရင် မင်းရဲ့ စိတ်ဝိညာဉ်ကို တနေ့မှာ ပြန်ဖွဲ့စည်းပေးပြီး မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်ရအောင် လုပ်ပေးမယ်။ မင်း နိုးထလာခဲ့အခါကျရင် မင်းဟာ ငါ့တပည့် ဖြစ်နေတုန်းပဲ…”

ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူ မျက်လုံးပြန်ဖွင့်သည့်အခါ တတိယစိတ်ဝိညာဉ်သည် သူနှင့် ပေါင်းစပ်သွားလေပြီ။

ချက်ခြင်းပင် ကောင်းကင်သည် အပြင်းအထန်တုန်ခါ၏။ ကောင်းကင်ထက်ရှိ မြူများက ရုတ်တရက် အရူးအမူး မြင့်တက်လာကာ သိပ်သည်းလာသည်။ ဝမ်လင်းက ကောင်းကင်ထက်ရှိ ကုန်းမြေတစ်ခုမျှ ကြီးမားသော ကျောက်ပြားကို မြင်သည်။

တစ်ချိန်တည်းမှာ ဒုတိယမြောက်ကျောက်ပြားက မြူပင်လယ်အတွင်းရှိ တခြားဘက်ကနေ ထွက်ပေါ်လာသည်။

တတိယကျောက်ပြား။

လေးခုမြောက်ကျောက်ပြား။

ငါးခုမြောက်ကျောက်ပြား။

All Chapters