လူအများ စုဝေးလာပြီ
Vol. 131 Ch. 1804
ဝမ်လင်းရှိနေသော ဂြိုဟ်ပတ်လည်ရှိ အလုံးစုံကောင်းကင်အတွင်းရှိ မြူများသည် တဝီဝီမြည်ဟည်းလျက် ကျောက်ပြားများ စုဝေးလာသည်။ ယင်းတို့က အတူတကွ ပေါင်းစပ်သွားခြင်း မဟုတ်ဘဲ အနားစွန်းချင်း ချိတ်ဆက်ထားကြသည်။
ထိုအပြင်ဘက်အနားစွန်းသည် ပြီးပြည့်စုံမှု မရှိဘဲ မည်သည့်ပုံပန်းအသွင်ဟုလည်း မသိနိုင်ပေ။ သို့ပေမည့် ၎င်းထံမှ ပေးစွမ်းသော ဖိအားက ဝမ်လင်း၏စိတ်နှလုံးကို တုန်ယင်စေသည်။
သူက ၎င်းသည် မည်သည့်အရာဖြစ်သည်ကို သိလိုက်သည်။ သူက တုန်လှုပ်သွားသော်လည်း သူ့အမူအရာကမူ မပြောင်းလဲပေ။ သူက နေရာတွင်သာ ရပ်နေပြီး ၎င်းကို တည်ငြိမ်စွာ ကြည့်သည်။
သိပ်မကြာခင်တွင် မြူများအတွင်းမှ နောက်ထပ်ကျောက်ပြားများ ပေါ်လာကာ အနားစွန်း၌ ထပ်ပေါင်းသည်။ ထိုအခါ အနားစွန်းသည် တဖြည်းဖြည်း ပြည့်စုံလာသည်။
ဝမ်လင်း ရှေ့တွင် ပေါ်လာသည်က ဧရာမတံခါးချပ်တစ်ခု ဖြစ်၏။
သည်တံခါးက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ဦးတည်ခြင်း မဟုတ်သော်လည်း ဒီလှိုဏ်ဂူလောက၏ ဗဟိုချက်ဦးတည်သော တံခါးပင်။ ယင်းတံခါး ပွင့်ဟသွားသည်နှင့် လူတစ်ယောက်သည် လှိုဏ်ဂူဗဟိုချက်သို့ ဝင်ရောက်နိုင်လိမ့်မည်။
ထိုတံခါးကို ပထမဆုံးအကြိမ် မြင်တွေ့ခြင်း ဖြစ်သော်လည်း သူက ၎င်းနှင့် မစိမ်းပေ။ ထိုတံခါး ဖြစ်ပေါ်စေရာ၌ ပါဝင်သော ကျောက်ပြားတစ်ချပ်ထံမှ ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်မှ ပြင်ပတိုက်ပွဲနယ်မြေ၏ အော်ရာကို ခံစားမိသည်။
သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ တုန်လှုပ်ဖွယ်မြင်ကွင်းကို တွေ့မြင်ရ၏။ ၎င်းမှာ ကျိုးပျက်နေသော တံခါး၏ အစိတ်အပိုင်းတစ်ခုသာ။
ယနေ့၌ ကောင်းကင်ဘုံတာအိုကြောင့် ကျိုးပျက်သွားသော သည်တံခါးမှာ တဖန် ပေါ်လာပြီး ဒီလှိုဏ်ဂူလောကကို အံ့ချီးဖွယ် ပြောင်းလဲစေပြီ။
ထိုတံခါး၏ အရွယ်အစားက အဆုံးအစမဲ့လှ၏။ အဝေးမှ ကြည့်ပါက ၎င်းမှာ အလွန်ထည်ဝါသည်။ ၎င်းသည် ပြီးပြည့်စုံလုနီးနီး ဖြစ်သော်လည်း မျက်နှာပြင်ထက်၌ အက်ကြောင်းများ ရှိနေ၏။ မကြာမီတွင် မြူများထံမှ ကျောက်စကျောက်နများ ပျံသန်းထွက်လာသည်။
ထိုကျောက်စများက လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားသည့်အခါ တံခါးမျက်နှာပြင်ပေါ်ရှိ အက်ကြောင်းရာများ၌ ပြည့်၏။
ထိုတံခါး ပြန်ဖွဲ့စည်းနေချိန်၌ ပျောက်ကွယ်နေသော အပိုင်းအစများက မြန်ဆန်စွာ ရောက်ရှိလာပြီး တံခါးပေါ်ရှိ အက်ကြောင်းထဲ ပြည့်နှက်သည်။ ထိုတံခါး လုံးဝ ပြည့်စုံသွားသည့်အခါ ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို တုန်လှုပ်စေသော အော်ရာ ပေါက်ကွဲထွက်လာသည်။
ထိုအော်ရာက တံခါးကို ဗဟိုပြုသော မုန်တိုင်းတစ်ခု ထန်စေသည်။ ယင်းမုန်တိုင်းက ပြင်းထန်သောအားကို သယ်ဆောင်ကာ ရုတ်တရက် ပျံ့နှံ့သည်။
အဝေးရှိ မြူများ တွန့်ခေါက်ပုံပျက်ကုန်၏။ မြူပင်လယ်မှာ ရုတ်တရက် ပါးလှပ်သွားသည်။ ခုနစ်ရောင်စုံအလင်းက မြူအတွင်း၌ လင်းလက်ကာ ခုနစ်ရောင်စုံတာအိုသခင် လှမ်းထွက်လာသည်။
သူ၏အမူအရာမှာ သုန်မှုန်နေ၏။ သူ ရောက်ရှိလာသည့်အခါ သူက ချက်ခြင်းပင် ဝမ်လင်းနှင့်အတူ ထိုတံခါးချပ်ကို တွေ့သည်။
“ဒီတော့ မင်းပေါ့…” ခုနစ်ရောင်စုံတာအိုသခင်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာ၏။ သူက စိတ်လည်းအေးသွားသည်။ တတိယစိတ်ဝိညာဉ်ကို တစ္ဆေအိုကြီးကျန့် ရှာတွေ့သွားခြင်းထက် ဝမ်လင်း အရင်တွေ့ရှိခြင်းက တော်သေးသည်။
“တစ္ဆေအိုကြီးကျန့် မဟုတ်ရင် အခွင့်အရေး ရှိတယ်…” ခုနစ်ရောင်စုံတာအိုသခင်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ တံခါးချပ်အပြင်ဘက်ရှိ ဂြိုဟ်ထံသို့ လျှောက်လှမ်းလာသည်။
သို့ပေမည့် သူ ခြေမြှောက်လိုက်စဉ် တံခါးထံမှ မုန်တိုင်းက ပေါက်ကွဲထွက်လာ၏။ ထိုမုန်တိုင်းက ပြင်းထန်လွန်းရာ ခုနစ်ရောင်စုံတာအိုသခင်၏ အမူအရာကို ရှုံ့တွသွားစေသည်။ သူ၏အမူအရာမှာ ပြောင်းလဲကာ နောက်သို့ ဆုတ်ရသည်။
တစ်ချိန်တည်းမှာ နောက်တနေရာကနေ တစ္ဆေအိုကြီးကျန့် ပေါ်လာ၏။ သူ ပေါ်လာသည့်နောက် ကျယ်လောင်စွာ မြည်ဟည်းသံ ဖြစ်ပေါ်ကာ သူ့ပတ်လည်ရှိ မြူများသည် ပြန့်ကြဲသွားသည်။ တစ္ဆေအိုကြီးကျန့်က နေရာတွင် ရပ်နေရင်း သူ့ပတ်လည်ရှိ အရိပ်ထံမှ အကြည့်သည် ထူးဆန်းသောအလင်းကို လှစ်ဟဖော်ကာ သူက တံခါးအပြင်ဘက်ရှိ ဂြိုဟ်ထံသို့ စိုက်ကြည့်သည်။
စိတ်ဝိညာဉ်သုံးခုထဲမှ တစ်ယောက်အနေဖြင့် သူသည်လည်း ခုနစ်ရောင်စုံတာအိုသခင်ကဲ့သို့ စိတ်အေးသွားသည်။ တစ်ချိန်တည်းမှာ သူက ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်သည်။
“သူပေါ့။ သူ့မှာ ကောင်းကင်ဘုံတာအို ပိုင်ဆိုင်ထားပေမဲ့ သူ တတိယစိတ်ဝိညာဉ်ကို ရယူလိုက်တာဟာ သူ့ သေတွင်းသူ တူးတာပဲ…” တစ္ဆေအိုကြီးကျန့်က လက်သီးတင်းတင်း ဆုပ်၏။ သို့သော်သူက ရှေ့သို့ မတိုးလာပေ။ ထိုအစား သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မုန်တိုင်းကို တွန်းကန် ခုခံသည်။
ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်လျက် သူသည် သူ့ပတ်လည်ရှိ အရိပ်နှင့်အတူ နောက်ဆုတ်ရသည်။ သို့ပေမည့် သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းက ပိုပို တောက်ပလာသည်။
ဝမ်လင်းသည် ထိုသူတို့ ထွက်ပေါ်လာခြင်းကြောင့် တုန်လှုပ်မသွားပေ။ တတိယစိတ်ဝိညာဉ် နိုးထလာခြင်းနှင့် လှိုဏ်ဂူဗဟိုချက် ပွင့်ဟခြင်းကို တခြားသူများက ထောက်လှမ်းမိကြမည်သာ။
ဝမ်လင်းက သူတို့နှစ်ယောက်ကို မကြည့်ပေ။ ထိုအစား သူက သူ့ရှေ့တွင် ဒူးထောက်နေသော ရွှယ်ချင်းကိုသာ ကြည့်သည်။ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုက ပို၍ပင် အားကောင်းလာသည်။
“မင်းက ဒီတောင်ကြားရဲ့ ဆောင်းဦးသစ်ခွတွေကို နှစ်သက်မှတော့ ဒီမှာပဲ အိပ်စက်နေပါ။ တနေ့ကျရင် ငါ မင်းကို လာနှိုးမယ်…” ဝမ်လင်းက ခပ်တိုးတိုး ဆိုရင်း သူ့ညာလက်ကို ပင့်မြှောက်သည်။
တောင်ကြားသည် တုန်ဟည်းသွား၏။ ဆောင်းဦးသစ်ခွများသည် ဖြည်းဖြည်းချင်း ရွှေ့လျားကာ ရွှယ်ချင်း၏ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးကာ သူ့အတွက် ဂူတစ်ခု ဖြစ်စေသည်။
သက်ပြင်းချကာ ဝမ်လင်းက သစ်ခွတစ်ပွင့်ကို ကောက်ယူပြီး ကြည့်လိုက်၏။ ထို့နောက် ခြေတစ်လှမ်းဖြင့် သူသည် တောင်ကြားထဲမှ ထွက်ကာ ကောင်းကင်ထက်သို့ ရောက်လာသည်။
သူက နောက်ထပ် ခြေလှမ်းပြီးနောက် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထံ ဦးတည်သည်။ သစ်ခွက ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ကျဆင်းလာသည်။ သို့သော် မက ဦးတည်ချက် ပြောင်းမသွားဘဲ တောင်ကြားထဲရှိ ဂူပေါ်သို့ ဖြည်းဖြည်းချင်း ကျသည်။ ထိုသစ်ခွမှာ အလွန်လှသည်။ ၎င်း ကျရောက်သွားပြီးနောက် တစ္ဆေအလင်း လင်းလက်ကာ အမှုန်အမွှား ဖြစ်သွားတော့သည်။
ခုချိန်မှစ၍ သည်အမည်မဲ့ဂြိုဟ်ပေါ်၌ ဆောင်းဦးသစ်ခွပန်းများ ပွင့်သော ဆောင်းရာသီသာ အစဉ် ဖုံးလွှမ်းနေပေတော့မည်ပင်။ သည်ဂြိုဟ်တစ်ခုလုံး ဆောင်းဦးသစ်ခွပန်းများနှင့် ပြည့်နှက်ကာ အိပ်ပျော်နေသောရွှယ်ချင်းကို အဖော်ပြုပေးတော့မည်။
တံခါးပတ်လည်ရှိ မုန်တိုင်းသည် လှိုင်းထန်ကာ ဝမ်လင်းကလွဲ၍ လူတိုင်းကို နီးကပ်မလာစေအောင် ဟန့်တားထားသည်။ သည်မုန်တိုင်းအတွင်းရှိ ဝမ်လင်းသည် မည်သည့်အန္တရာယ်မှ မဖြစ်ပေ။
ထိုတံခါး ဖြစ်ပေါ်ခြင်းကြောင့် မုန်တိုင်း ပေါ်လာခြင်းပင်။ ယင်းတံခါးမှာလည်း တတိယစိတ်ဝိညာဉ် နိုးထလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ တတိယစိတ်ဝိညာဉ် ရှိနေ၏။ ထို့ကြောင့် သည်မုန်တိုင်းက သူ့အပေါ် မသက်ရောက်နိုင်ပေ။
သူ့ရှေ့၌ ဂိတ်တံခါးချပ် ရှိနေ၏။ သူ့နောက်တွင် ဂြိုဟ်ရှိ၏။ သူက ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့ထံ လှမ်းကြည့်လိုက်သည်။
တစ္ဆေအိုကြီးကျန့်က မုန်တိုင်းကို ခုခံနေသည်။ သူက ဝမ်လင်းကို တွေ့မြင်သည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ တတိယစိတ်ဝိညာဉ်ကို ခံစားမိသည်။ သူက ချက်ခြင်းပင် အော်ဟစ်လိုက်သည်။ “ဝမ်လင်း…ငါ့ကို တတိယစိတ်ဝိညာဉ် ပေးပါ။ ဒီအဘိုးအိုက မင်းနဲ့ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို ဘေးကင်းအောင် လုပ်ပေးမယ်။ ဒီအဘိုးအိုက မင်းအတွက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဆီ ဦးတည်တဲ့ တံခါးချပ်ကိုလည်း ဖွင့်ပေးအုံးမှာ…”
“ခုနစ်ရောင်စုံတာအိုသခင်ကလည်း သုန်မှုန်သောလေသံဖြင့် ပြောလာသည်။ ဝမ်လင်း..မင်း တတိယစိတ်ဝိညာဉ်ကို ဒီအရှင်ရှိ ပေးရင် ငါ မင်းရဲ့ဇနီးကို ပြန်ရှင်အောင် လုပ်ပေးမယ်။ ငါ ကောင်းကင်ဘုံတာအိုကိုလည်း မလိုချင်ဘူး။ ငါ ဒီလှိုဏ်ဂူလောကကို မင်းရှိ ပေးခဲ့မယ်။ ငါ တတိယစိတ်ဝိညာဉ်ကို ရတာနဲ့ ဒီနေရာကို လုံးဝ ပြန်မလာတော့ဘူး…”
“ဘယ်လိုလဲ…”
သူ့စကားလုံးများက တစ္ဆေအိုကြီးကျန့်ထက်ပင် ပို၍ စွဲဆောင်မှု ရှိသေး၏။ ရွှယ်ချင်း၊ ချင်းရွှေနှင့် စစ်ထူနန်တို့နှင့် သူ့ကြား ပတ်သတ်မှုကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် စိတ်ဝင်စားမိပေလိမ့်မည်။
သို့ပေမည့် သည်အခိုက်၌ ဝမ်လင်းက မည်သည်ကိုမျှ မကြားသလို ပြုမူနေ၏။ သူက တံခါးအပြင်ဘက်တွင် ရပ်ကာ မျက်လုံးမှိတ်လိုက်ပြီး တစ်ခုခုကို စောင့်နေသည့်အလား။
ဝမ်လင်း၏အပြုအမူက တစ္ဆေအိုကြီးကျန့်နှင့် ခုနစ်ရောင်စုံတာအိုသခင်တို့ကို သတ်ဖြတ်လိုစိတ် ပြည့်နှက်သွားစေသည်။ သို့ပေမည့် သူတို့က မုန်တိုင်းကြောင့် ရှေ့ဆက်မတိုးနိုင် ဖြစ်နေသည်။ သို့သော် သူတို့က ဒီမုန်တိုင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ကို သိထားသည်။
သိပ်မကြာခင်မှာပင် တံခါး၏တခြားတစ်ဖက်မှ တုန်ဟည်းသံ ထွက်ပေါ်လာကာ ဗိုလ်ချုပ်လေးယောက် ရောက်လာကြသည်။ သူတို့က မုန်တိုင်း၏ တားဆီးခြင်း ခံရသည်။ သူတို့ လှမ်းကြည့်လိုက်ချိန်၌ သူတို့၏အမူအရာများ ပြောင်းလဲကုန်သည်။
သူတို့က တတိယစိတ်ဝိညာဉ်သည် ဝမ်လင်း၏ ယူဆောင်ခြင်း ခံလိုက်ရပြီကို ချက်ခြင်း မြင်သည်။ သူတို့က ဝမ်လင်းကို ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့ ဝန်းရံထားသည်ကိုလည်း မြင်သည်။ သူ ထွက်ပြေးနိုင်မည် မဟုတ်ပေ။
သူတို့ ရောက်လာမှုက ဝမ်လင်းကို အံ့အားမသင့်စေပါ။ သူ့မျက်လုံးက မှိတ်ထားလျက် နေရာတွင် တည်ငြိမ်စွာသာ ရပ်နေ၏။
ခဏအကြာတွင် တဝီဝီအသံ ပဲ့တင်ထပ်လာပြီး တံခါးအပြင်ဘက်၌ အုပ်စိုးသူ ရောက်လာ၏။ သူက နောက်ဆုတ်သွားရပြီး ခုနစ်ရောင်စုံတာအိုသခင်နားသို့ ရောက်သွား၏။ သူက ဝမ်လင်းထံသို့ ရက်စက်လိုဟန်ဖြင့် စိုက်ကြည့်နေသည်။
အုပ်စိုးသူ ရောက်လာပြီးနောက် အလင်းတန်းများက မြူများကို ချိုးဖျက်ကာ ရောက်လာ၏။ ထိုအလင်းတန်းများအတွင်း၌ ကောင်းကင်ဘုံကိုယ်လုပ်တော်များ ရှိသည်။
သူတို့ထဲမှ တစ်ယောက်က ဝမ်လင်းထံ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်၏။ သူမက တတိယကိုယ်လုပ်တော်ဖြစ်ကာ ဝမ်လင်းနှင့် ရှေးသင်္ချိုင်းအတွင်း ပတ်သတ်ဖူးသည်။
ပြင်ပနယ်မြေရှိ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ လွတ်လာသော တာအိုခုနစ်ခုကလန် တပည့်များသည်လည်း ကိုယ်လုပ်တော်များနှင့် ရောက်လာကြ၏။ သူတို့က ဒီဧရိယာကိုဝန်းရံကာ ဝမ်လင်းကို စူးရဲစွာ ကြည့်ကြသည်။
ဆင့်ခေါ်ခြင်းမြစ်မှ ဇီရှား ရောက်လာဖို့ သိပ်မကြာလိုက်ပါ။ ဘေးပတ်လည်သို့ ကြည့်လိုက်ပြီးနောက် သူမ၏အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်သွား၏။ သူမ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖျတ်ခနဲ ပေါ်သည်။
သူမက ဝမ်လင်းသည် သူမနှင့် ပူးပေါင်းဖို့ ငြင်းဆန်ခဲ့၍ သူ့ကို မုန်းတီးနေသည်။ ထိုစဉ်တည်းက သူမက ဝမ်လင်းကို သတ်ချင်ခဲ့၏။ သူမက ဝမ်လင်းကို မယှဉ်နိုင်မှန်း သိနေခြင်းကြောင့် မဟုတ်ပါက တိုက်ခိုက်ခဲ့တာ ကြာလှပြီ ဖြစ်၏။ ဝမ်လင်း ဝန်းရံခံထားရသည်ကို မြင်သည့်အခါ သူမက နှာခေါင်းရှုံ့သည်။
ခဏအကြာတွင် အပြာရောင်အလင်း လင်းလက်ကာ တာအိုသခင်အိပ်မက်ပြာ ပေါ်လာ၏။ သူနှင့် ပတ်သတ်၍ တစ်ခုခု ကွဲပြားလို့နေသည်။ ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့က လှမ်းကြည့်လိုက်သည်။
တာအိုသခင်အိပ်မက်ပြာက တည်ငြိမ်စွာဖြင့် နေရာတွင် ရပ်နေ၏။ သူက ထိုနှစ်ယောက်၏အကြည့်ကို လုံးဝ လစ်လျူရှုထားသည်။
နောက်ဆုံး ပေါ်လာသူများမှာ အဘိုးအိုမာ ဦးဆောင်သော ဒြပ်စင်ငါးခုဂြိုဟ်မှ အုပ်စု ဖြစ်၏။ သူတို့ ထွက်ပေါ်လာမှုက လူတိုင်းကို တုန်လှုပ်သွားစေသည်။ သူတို့ ရောက်လာသည်နှင့် ဝမ်လင်းက မျက်လုံးဖွင့်လာသည်။
သူ၏အကြည့်က တည်ငြိမ်၏။ သူ မျက်လုံးဖွင့်လာသည်နှင့် လူတိုင်း၏အာရုံက သူ့အပေါ်သို့ ပြန်ရောက်လာသည်။ သည်နေရာရှိ လူတိုင်းသည် ကျင့်ကြံမှုအဆင့်မြင့်မားသူများပင်။
သို့ပေမည့် ဝမ်လင်း၏အမူအရာက ပုံမှန်အတိုင်းပင်။ သူက လူတိုင်းကို ဝေ့ကြည့်လိုက်၏။
“ရောက်သင့်တဲ့လူ အားလုံး ရောက်လာကြပြီပဲ။ သင်တို့အားလုံးက ဒီစိတ်ဝိညာဉ်ကို ယူချင်နေကြတာလား…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ တတိယစိတ်ဝိညာဉ် ပေါ်လာသည်။