← Chapters

ဇီရှား

Vol. 131 Ch. 1808

ဇီရှား

Vol. 131 Ch. 1808

“သူမပဲ…”  ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်၏။ သတ်ဖြတ်လိုစိတ်မှာ သူ့မျက်လုံးထဲတွင် ပေါ်လာသည်။

ခဏအကြာတွင် ဝဲကတေ့သည် စတင် ပျောက်ကွယ်လာ၏။ အတွင်းရှိ ပုံရိပ်မှာ ပိုရှင်းလင်းလာသည်။ ထိုအမျိုးသမီးက အပြာရောင်ဆံပင်ရှိကာ ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူမက အလွန်လှပသည်။

ထိုအမျိုးသမီးက ဆင့်ခေါ်ခြင်းမြစ်မှ ဇီရှား၊ ခုနစ်ယောက်မြောက် ကိုယ်လုပ်တော်လည်း ဖြစ်၏။ တခြား သူမ၏ညီအမများနှင့် မတူဘဲ သူမက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူအပေါ် အလွန်သစ္စာရှိသူပင်။ သူမက ဝမ်လင်းကိုလည်း အမိန့်ပေးဖို့ ကြိုးစားခဲ့ဖူးသေး၏။ ဝမ်လင်းထံ၌ လီကောင်း၏လေး ရှိနေခြင်းကြောင့် မဟုတ်ပါက သူမသည် ထိုစဉ်ကပင် ဝမ်လင်းကို သတ်ဖို့ ကြိုးစားခဲ့မည် ဖြစ်၏။

ထိုအမျိုးသမီးမှာ အားမနည်းပေ။ ဝမ်လင်း အတားအဆီးအနှစ်သာရကို နားမလည်ခင်က သူမကို တိုက်ခိုက်ဖို့ ခက်ခဲနိုင်၏။ ထိုစဉ်က သူမက သူ၏လီကောင်းလေးကိုသာ စိတ်ပူပန်ခဲ့သည်။ သို့ပေမည့် ခုချိန်၌ သူ့ထံတွင် အတားအဆီးအနှစ်သာရ ပိုင်ဆိုင်နေပြီ ဖြစ်သလို သူ့ရှေးတောက်သွေးမျိုးဆက်မှာလည်း ပိုသန်မာလာခဲ့ပြီ။ယဲ့မို၏ ညာလက်ကိုပါ ထည့်ပေါင်းပါက သည်နေရာရှိ သူ ချခင်းထားသော ဥပဒေသပါ ရှိနေရာ အခြေအနေသည် အရင်ကနှင့် လုံးဝ ပြောင်းပြန် ဖြစ်နေခဲ့လေပြီ။ လီကောင်း၏လေး မရှိလျှင်ပင် သူသည် ထိုခုနစ်ယောက်မြောက် ကိုယ်လုပ်တော်ကို သတ်ဖို့ စွမ်းအား ရှိနေပြီ ဖြစ်သည်။

“စီနီယာချင်းလင်က ကောင်းကင်ဘုံဖယ်ကြဉ်ခြင်းခေါင်းတလားဟာ သူမအပိုင်လို့ ပြောခဲ့ဖူးတယ်။ ဒီအမျိုးအသီးဟာ ကောင်းကင်ဘုံကိုယ်လုပ်တော်လည်း ဟုတ်တယ်။ ဒါ့ကြောင့် သူမက ဒီနေရာနဲ့ ပတ်သတ်လို့ လျှို့ဝှက်ချက်အချို့ကိုလည်း သိထားနိုင်တယ်…”  ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သွေးဓား ရှေ့သို့ ပျံသန်းသွား၏။ ခြေတစ်လှမ်းဖြင့် သူလည်း ပျောက်ကွယ်သွားသည်။

ထိုသွေးဓားသည် သာမန်မဟုတ်ပေ။ ၎င်းမှာ အသံတိတ်မဟုတ်ဘဲ ကျယ်လောင်စူးရှသော အသံကို ထုတ်ဖော်လျက် လေထုကို ခွင်းလာ၏။ ၎င်းက ဝဲကတော့မှ ထွက်ပေါ်လာသော ပုံရိပ်ထံသို့ တရှိန်ထိုး ဦးတည်လာသည်။

သည်ဓားခွင်းသံက ကျယ်လောင်လှသဖြင့် လူတစ်ယောက်သည် လန့်၍ နောက်သို့ အလိုလို ခြေလှမ်းအနည်းငယ် ဆုတ်သွားနိုင်လောက်၏။

သို့ပေမည့် ဇီရှားက မဆုတ်ပေ။ သူမ၏အမြင် ကြည်လင်လာသည့်အခါ သူမက ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် သူမထံ တိုးဝင်လာနေသည်ကို ခံစားမိ၏။ သူကမ ဟိန်းမြည်သံကိုလည်း ကြားသလို သွေးဓား သူမထံ ပျံသန်းလာသည်ကိုလည်း မြင်သည်။

သူမ၏အမြင်က ချက်ခြင်း ပြောင်းလဲသွားကာ သတ်ဖြတ်လိုစိတ် ပေါ်လာ၏။

“ဒီတော့ သူက ဒီမှာပေါ့…”  သူမ၏ခန္ဓာကိုယ်က နေရာတွင်သာ မလှုပ်မယှက် ရှိနေပြီး ညာလက်ကို ဝေ့ယမ်း၏။ ခရမ်းတိမ်တိုက်တစ်ခု ပေါ်လာကာ ခရမ်းရောင်ဖီးနစ်အဖြစ် ပြောင်း၍ သွေးဓားထံ ပျံသန်းဝင်လာသည်။

ခရမ်းရောင်ဖီးနစ်နှင့် သွေးဓား ထိပ်တိုက်တွေ့သည့်အခါ ကျယ်လောင်စွာ တုန်ဟည်းသံ မြည်ဟိန်းသည်။ ဒီကြယ်အဖွဲ့အစည်းသည် တုန်ယင်ကာ အက်ကြောင်းများစွာ ဟင်းလင်းပြင် ပေါ်လာပြီး စတင် ပြိုကျသည်။

ခရမ်းရောင်ဖီးနစ်က ပျက်စီးသွား၏။ သို့ပင်မည့်လည်း သွေးဓားက ရှေ့ဆက်မတိုးနိုင်ဘဲ နောက်သို့ လွင့်သွားရသည်။ ဇီရှားနောက်ရှိ ပျောက်ကွယ်နေသော ဝဲကတော့က တဖန် စတင်၍ လှည့်ပတ်လာ၏။ သူမက ဝမ်လင်းသည် လီကောင်း၏လေးကို အကြိမ်များစွာ အသုံးပြုခဲ့ပြီးသည်ကို တွေ့မြင်ခဲ့ထားပြီး ဖြစ်သော်လည်း သူ ၎င်းကို အကြိမ်မည်မျှ အသုံးပြုနိုင်အုံးမည်ကိုမူ မသိထားပေ။ ခဏတာ တုံ့နှေးပြီးနောက် သူမက ညာလက်ကို ပင့်မြှောက်ကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သူမက ထွက်ခွာတော့မည် ဖြစ်ပြီး လူအများ သည်နေရာသို့ ရောက်လာရန် သတင်းပို့ပေမည်။

သူမက ဝမ်လင်း၏ ရပ်တန့်ခြင်းမန္တာန်ကိုလည်း သတိထားနေ၏။ ထို့အတွက် သူမသည် ကျောက်စိမ်းပြားကို ထုတ်ယူပြီးနောက် ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းပင်။ သူမ၏ကျင့်ကြံမှုအဆင့်ဖြင့် ထိုသို့ လုပ်နိုင်စွမ်း ရှိပေသည်။

ထိုအမျိုးသမီးက ဉာဏ်များလှကာ သတိလည်း ကောင်းလှသည်။ သူမက စွန့်စွန့်စားစား အလေးမမူဘဲ မလုပ်ဆောင်ပေ။

သို့ပေမည့် သူမ ကျောက်စိမ်းပြားကို ခွဲချေတော့မည့် အခါ၌ ဝမ်လင်း၏ပုံရိပ်က အကွာအဝေးတစ်ခုတွင် ပေါ်လာ၏။ သူ့အသံက ဒီကြယ်အဖွဲ့အစည်းတွင် ပဲ့တင်ထပ်လာသည်။

“သင်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ သဘောကျတဲ့ ခုနစ်ယောက်မြောက် ကိုယ်လုပ်တော် ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်တယ်…”  ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလာ၏။ သူ့စကားများက ရုတ်ချည်းဆန်လှသည်။ သို့သော် ဇီရှားက သူ့အကြောင်း သိပေသည်။

ဝမ်လင်းက သူမ နောက်ထပ်တစ်လှမ်း မလှမ်းခဲ့ဘဲ မလှုပ်မယှက် ရပ်နေခဲ့၏။ ထိုထူးဆန်းသော အပြုအမူက သူမသည် ဒီအဖျက်အစီးလောကသုံးရာအကြောင်း သိထားရုံသာမက သည်နေရာရှိ ဥပဒေသများအကြောင်းပါ သိထားကြောင်းကို ဖော်ပြနေရာ ရောက်သည်။

သို့ပေမည့် သူမသည် မလှုပ်ရှားပါက မည်သည့်ဥပဒေသကမျှ သက်ရောက်လိမ့်မည် မဟုတ်ပေ။ သူမသာ ခြေလှမ်းလိုက်ပါက သူမသည် ဒီလောကထဲသို့ လုံးဝ ဝင်ရောက်သွားကာ ဥပဒေသများ၏ သက်ရောက်ခြင်း ခံရလိမ့်မည် ဖြစ်၏။

ဝမ်လင်းသည်လည်း ထိုအချက်ကို ကောင်းကောင်းနားလည်ထား၏။

ဇီရှားကလည်း သိထားပေသည်။ သူမက တခြားကိုယ်လုပ်တော်များထက် ပိုကောင်းကောင်း နားလည်ထား၏။ သူမက အဖျက်အစီးလောက ဒါဇင်ကျော် သွားရောက်ခဲ့ပြီး ဖြစ်ကာ ဝင်ရောက်သည်နှင့်မလှုပ်ရှားဘဲ နေပြီး သူမ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်၍သာ လူအများ သူမထံ ရောက်လာအောင် လုပ်ဆောင်သည်။

“နင် ထွက်သွားချင်မှတော့ ငါ လိုက်မပို့တော့ဘူး…”  ဝမ်လင်းက ဇီရှား ထုတ်ယူလိုက်သော ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် လှည့်၍ ပြန်ထွက်သွား၏။ သို့ပေမည့် သူ့စိတ်ထဲ၌မူ သုန်မှုန်နေသည်။ သူက တာအိုခုနစ်ခုကလန်မှ တပည့်ဖြစ်သူ အမွှေးတိုင်တစ်ခုကို ထုတ်ယူခဲ့သည်ကိုလည်း မြင်ခဲ့ပြီး ဖြစ်၏။ အခု သည်ဇီရှားကလည်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြန်သည်။ ဤသည်မှာ ထိုလူများသည် မဝင်ရောက်လာခင် သဘောတူညီချက်အချို့ လုပ်ခဲ့မှန်း သိသာစေသည်။

“ဒီဇီရှားဟာ သတိရှိလွန်းတယ်။ သူမ ထွက်သွားဖို့ ရွေးချယ်ရင် ငါ သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူမရဲ့ ကျောက်စိမ်းပြားဟာ ခုနစ်ရောင်စုံတာအိုသခင်လား၊ ဒါမှမဟုတ် တစ္ဆေအိုကြီးကျန့်ရှိကိုလည်း ဘယ်သူ့ကို သတင်းပေးတာလဲ ငါ မသိဘူး။ ဒါပေမဲ့ အရင်တုန်းက သူမ ပြောခဲ့ဆိုခဲ့ပုံအရဆို သူမဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူအပေါ် အလွန်သစ္စာရှိတဲ့ပုံပဲ။ ဒါ့ကြောင့် သူမဟာ ဗိုလ်ချုပ်လေးယောက်နဲ့ ဆက်သွယ်တာလည်း ဖြစ်နိုင်တယ်…”

“ဒါပေမဲ့ ခုနစ်ရောင်စုံတာအိုသခင်နဲ့ တစ္ဆေအိုကြီးကျန့်တို့ မဟုတ်ရင် ပြဿနာမရှိဘူး။ ငါက သူတို့ရောက်လာရင် ပြင်ဆင်ထားပြီး ဖြစ်တယ်။ ဒီဇီရှားက သတိရှိလွန်းနေလို့သာ ငါ သူမကို ဒီတစ်ကြိမ် မသတ်နိုင်ရင် နောက်တခါဆို ပိုသတိထားနေမှာ ဖြစ်တဲ့အတွက် သူမကို သတ်ဖို့ဟာ ပိုလို့တောင် ခက်ခဲသွားလိမ့်မယ်…။ လီကောင်းရဲ့လေးကိုတော့ အသုံးပြရမယ့် အချိန်မဟုတ်သေးဘူး…”

သူက ညာလက်ကို ပင့်မြှောက်လိုက်ရာ သွေးဓားသည် သူ့ဘေးနားသို့ ငြိမ်သက်စွာ ပြန်ရောက်လာ၏။ ၎င်းက သူ့နောက်သို့ အကွာအဝေးတစ်ခုရှိ လိုက်ပါလာသည်။

ဝမ်လင်း ပျောက်ကွယ်သွားတော့မည်ကို မြင်သည့်အခါ ဇီရှားသည် ဝဲကတော့အတွင်း၌ ရှိနေဆဲပင်။ သူမက စတင် တွေဝေလာ၏။ သူမသည် သည်သတင်းကို ပို့ပေးသင့်၊ မပို့သင် မသိဘဲ ဖြစ်နေ၏။

“ဒီဝမ်လင်းမှာ လီကောင်းရဲ့လေး ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ သူဟာ ငါ့လက်ထဲက ကျောက်စိမ်းပြားကို မြင်တဲ့အခါမှာ ဒါကို မထုတ်ဖို့ ရွေးချယ်လိုက်တယ်။ အဲ့အစား သူက ထွက်သွားဖို့ကို ရွေးချယ်လိုက်တယ်။ ကြည့်ရတာ သူက နည်းနည်း အလျင်စလို နိုင်နေတဲ့ ပုံပဲ။ သူဟာ ငါ မရောက်လာခင် တခြားသူတွေနဲ့ တိုက်ခိုက်ခဲ့တုန်းက ဒဏ်ရာရခဲ့တာများလား…”

“အစောပိုင်းတုန်းက သူဟာ ဓားနဲ့ပဲ တိုက်ခိုက်ခဲ့ပြီး  လူ ကိုယ်တိုင် မတိုက်ခဲ့ဘူး။ ပိုပြီး အရေးကြီးတာက သူ့ဓားသံဟာ ကျယ်နေတာပဲ။ သူဟာ ဒီအသံနဲ့ လူတွေကို လှန့်ပြီး ထွက်သွားစေချင်တာများလား…”

“သူ ဒဏ်ရာအပြင်းအထန် ရထားပြီး လီကောင်းရဲ့လေးကို အသုံးမပြုနိုင်တာရော မဖြစ်နိုင်ဘူးလား။ ငါ ထွက်သွားတာနဲ့ သူ့ ဆင်ကွက်ထဲ ကျသွားနိုင်တယ်။ ငါ သတင်းစကား ပို့လိုက်ရင်၊ ငါခန့်မှန်းမိတာသာ အမှန်ဖြစ်ခဲ့ရင် ဗိုလ်ချုပ်လေးယောက်ဟာ တတိယစိတ်ဝိညာဉ်ကို ဘာမှ အားမစိုက်ရဘဲ ရသွားနိုင်တယ်။ ဒီလိုတော့ ငါ ဖြစ်ခွင့် မပြုနိုင်ဘူး…”

“ဒါပေမဲ့လည်း ဒီလူဟာ ဉာဏ်များလွန်းလှတယ်။ သူ တကယ်ပဲ ဒဏ်ရာရထားတာလား။ ဒါမှမဟုတ် ဒဏ်ရာရချင်ယောင် ဟန်ဆောင်တာလား…”  ဇီရှား၏အမူအရာသည် ဆက်တိုက် ပြောင်းလဲနေ၏။ သူမက မသေချာမရေရာ ဖြစ်နေသည်။ ဝမ်လင်း၏ ပုံရိပ်က ပျောက်ကွယ်တော့မည့်အခိုက်၌ သူ့ထံမှ အလျင်စလို နိုင်မှု လှစ်ဟပေါ်သွားသည်။

“သူသာ တကယ်ပဲ ဒဏ်ရာရထားခဲ့ရင် ဒါဟာ အခွင့်ကောင်းပဲ။ ငါ သူ့ကို သတ်ပြီး တတိယစိတ်ဝိညာဉ်ကို ယူနိုင်တာနဲ့ ငါဟာ ဒါကို ခုနစ်ရောင်စုံတာအိုသခင်ကို ဖြစ်ဖြစ်၊ တစ္ဆေအိုကြီးကျန့်ကိုပဲ ဖြစ်ဖြစ် ပေးလိုက်ရင် အကျိုးအမြတ် အများကြီး ရမှာ။ အနာဂတ်မှာ ငါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာတောင် နေရာတစ်ခု ရနိုင်တယ်…”  ဇီရှားက အံတင်းတင်းကြိတ်၏။ သူက ထွက်ခွာမည်ကို လက်လွှတ်လိုက်သည်။ သို့သော် သူမသည် တွေဝေနေဆဲပင်။ သူမက ညာလက်ကို ဝေ့ယမ်းလိုက်ရာ ခရမ်းရောင်မြူထု ပေါ်လာ၏။ ယင်းအတွင်းမှ ခရမ်းရောင်ဓားတစ်လက် ပျံသန်းထွက်ကာ ဝမ်လင်းထံ ဦးတည်သည်။

“ငါ တစ်ကြိမ်တော့ ကြိုးစားကြည့်လိုက်မယ်။ သူ သရုပ်ဆောင်တာ သိသာနေရင်လည်း တစ်ခုခုတော့ မှားနေလို့ပဲ…”  ဇီရှားက ရှေ့တည့်တည့်သို့ စိုက်ကြည့်လျက် သူမ၏မျက်လုံးသည် အရောင်တောက်လာသည်။

ခရမ်းရောင်ဓားက မြန်ဆန်စွာ ပျံသန်းလာ၏။ ချက်ခြင်းပင် ဝမ်လင်းနားသို့ ရောက်လာသည်။ ၎င်းက ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်း ရောက်လာ၏။ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူ့ညာလက်ညှိုးကို ပင့်မြှောက်လိုက်သည်။ ထိုဓား၌ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံခြင်း ပါဝင်ကာ ဝမ်လင်း၏လက်ချောင်းက ထိုဓားနှင့် ထိပ်တိုက်တွေ့တော့သည်။

သူက ဓားထိပ်သို့ လက်ညွှန်လိုက်သည့်အခိုက်၌ သူ့အတွေးများက အလျင်စလို ဖြစ်ကုန်၏။ သူက သူ ဒဏ်ရာရထားသည်ကို ပြသခြင်းကို လက်လျှော့ကာ ထိုအစား သူ၏ကျင့်ကြံမှုအပြည့်အဝကို အသက်သွင်းသည်။ ခုနစ်ခုမြောက်အနှစ်သာရကလွဲ၍ သူ၏အနှစ်သာရခြောက်ခုလုံး သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ သူ့ညာလက်ညှိုးထံ ဦးတည်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ ထိုဓားက ခရမ်းရောင်မြူကို ပြိုလဲသွားစေသည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သို့သော် သူက နောက်မဆုတ်ပေ။ ထိုအစား သူက အကွာအဝေးတစ်ခုရှိ ဇီရှားထံ စိုက်ကြည့်ကာ သူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာလေ၏။

သူ၏အနှစ်သာရခြောက်ခုက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားကာ သူ၏အရှိန်အဟုန်က ပြင်းထန်သည်။ သူသည် ဒဏ်ရာ လုံးဝ မရထားသည့်အလား။ သူက ဇီရှားကို ခဏတာ စိုက်ကြည့်ပြီးနောက် နှာခေါင်းရှုံ့ကာ လှည့်ထွက်လိုက်သည်။

ဝဲကတော့အတွင်းရှိ ဇီရှား၏မျက်လုံးများသည် တောက်ပလာသည်။

“သူ ဒဏ်ရာ ရထားတာပဲ။ ပြီးတော့ ဒါဟာ ဒဏ်ရာ သေးသေးမွှားမွှား မဟုတ်ဘူး။ သူသာ ငါ့ကို လှည့်စားဖို့ ကြိုးစားမယ်ဆိုရင် သူ့နောက် ငါလိုက်လာအောင် ပိုအားနည်းချင်ယောင် ဆောင်မှာပဲ…”

“ဒါပေမဲ့ အခုက သူ ဒဏ်ရာမရထားသလို ဟန်ဆောင်နေတယ်။ အဲ့အစား သူ့ကျင့်ကြံမှုအပြည့်အဝကိုတောင် ထုတ်ဖော်ပြပြီး ငါ့ကို လှည့်စားဖို့ လုပ်လိုက်သေးတယ်…”

အထူးသဖြင့် သူမက ဝမ်လင်းပတ်လည်ရှိ ဝဲကတော့တစ်ခုကို တွေ့မြင်နေရသည်။ ၎င်းမျာ သူ ဒီလောကမှ ထွက်သွားတော့မည့် အရိပ်အယောင်ပင်။ ဤသည်က သူမကို ပို၍ သေချာသွားစေသည်။

“ငါ မမှားနိုင်ဘူး။ ဝမ်လင်း…နင် မလွတ်နိုင်တော့ပါဘူး…။ သူတို့အားလုံးက နင်ဟာ မြေခွေးတစ်ကောင်လို ဉာဏ်များတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ နင်ဟာ နင့်အားနည်းချက်ကို နင်ကိုယ်တိုင် ထုတ်ပြလိုက်တာပဲ…”

ဇီရှားသည် ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး သတင်းမပို့တော့ရန် ဆုံးဖြတ်လိုက်၏။ သူမ၏မျက်လုံးထဲတွင် လောဘ ဖြစ်ပေါ်လာကာ သူမသည် ဝမ်လင်း လွတ်မြောက်သွားမည်ကို စိတ်ပူလာသည်။ တုံ့နှေးမနေဘဲ သူမက ဝဲကတော့အတွင်းမှ ခြေလှမ်းထွက်လိုက်၏။

သူမ ရှေ့သို့ ခြေလှမ်းလိုက်သည်နှင့် ဝဲကတော့မှာ ပျောက်ကွယ်သွားပြီး ထွက်သွားနိုင်မည့် အခွင့်အလမ်းကို လက်လွှတ်ပြီး ဖြစ်တော့သည်။

သို့ပေမည့် သူမ ခြေလှမ်းလိုက်ရုံ ရှိသေး သူမ၏ခန္ဓာကိုယ်သည် ရုတ်တရက် စတင်၍ ပြုတ်ကျလာ၏။ ထိုရုတ်တရက် ပြောင်းလဲမှုက သူမ၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။

“မကောင်းတော့ဘူး…”

ထိုအခိုက်တွင် ဝမ်လင်းက လှည့်လာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လာသည်။ သူက ချက်ခြင်းပင် သူမထံ တိုးဝင်လာကာ သွေးအလင်းလင်းလက်ပြီး သူမထံသို့ ပျံသန်းလာတော့သည်။

အဖြစ်အပျက်များသည် မြန်လွန်းလှ၏။ ဇီရှားသည် အချိန်မီ မတုန့်ပြန်နိုင်တော့ပေ။ သူမက ကျောက်စိမ်းပြားကို ထုတ်ယူရန်ပင် အချိန်မရတော့ဘဲ သွေးဓား နီးကပ်လာခဲ့ပြီ။

ဝမ်လင်း၏ပုံရိပ်က သူမ၏အမြင်ကို စိုးမိုးသွားတော့၏။

ဇီရှား၏ ရင်ဘက်ထံမှ သွေးများပန်းထွက်ကာ သူမ၏ခရမ်းရောင်ဝတ်ရုံရှည်ကို စွန်းထင်းသွားစေသည်။ သို့ပေမည့် ထိုသွေးတို့မှာ အနီရောင် မဟုတ်ပေ။ အနက်ရောင် ဖြစ်၏။ သူမ၏ ဝတ်ရုံပျက်စီးသွားသဖြင့် အသားအရည် လှစ်ဟပေါ်လာသည်။ ထိုမြင်ကွင်းကား လူတစ်ယောက်၏စိတ်နှလုံးကို ဝုန်းဒိုင်းကြဲသွားစေလောက်သည်။

All Chapters