← Chapters

လောင်းကြေး

Vol. 131 Ch. 1809

လောင်းကြေး

Vol. 131 Ch. 1809

ထိုအမျိုးသမီး၏ အပေါ်ဝတ်ရုံ ပျက်စီးသွားသည့်အခါ သူမ၏အသားအရေမှာ လှစ်ဟပေါ်လာ၏။ ဝမ်လင်းသည် သူ့ရန်သူများအပေါ် ရေခဲနှလုံးသား ထားသူ ဖြစ်၏။ သူတို့သည် အမျိုးသမီးများ ဖြစ်နေလျှင်ပင် ထောက်ထားမှု ပြလိမ့်မည် မဟုတ်ပေ။ တခြားတစ်ယောက်ယောက်ဆိုပါက ဒီအမျိုးသမီး၏ စွဲညှို့နိုင်လွန်းသည့် အနေထားကို တစ်ချက် ကြည့်ရုံနှင့် စိတ်ခဏ လွတ်သွားနိုင်သည်။

သွေးဓားက ဇီရှား၏ရင်ဘက်ကို ထွင်းဖောက်သွား၏။ သွေးများ နေရာအနှံ့သို့ ပန်းထွက်ကုန်ရင်း သွေးဓားသည် စိတ်လှုပ်ရှားဟန်ဖြင့် မြည်ဟိန်းသံ ပေးသည်။

သွေးဓားသည် သတ်ဖြတ်လိုစိတ် ပြည့်နှက်နေ၏။ ၎င်းက သွေးသောက်ပြီးမှ ပြန်လာတတ်သော ဓားတစ်လက်ပင်။

ရင်ဘက်မှ သွေးများ ပန်းထွက်နေစဉ် ဇီရှား၏မျက်နှာက ဖြူရောနေ၏။ သူမက သွေးအန်လိုက်ရသည်။ အောက်သို့ ပြုတ်ကျနေစဉ် သူမကိုယ်သူမ ထောက်ပိုးနိုင်အောင် ရတနာတစ်ခုကို ထုတ်ယူရန် ဟန်ပြင်သည်။ သို့ပေမည့် ဝမ်လင်းက သူမကို ထိုအခွင့်အရေး မည်သို့ပေးပါ့မည်နည်း။

သွေးဓားက သူမ၏ရင်ဘက်ကို ထွင်းဖောက်သွားသည့်အခိုက်တွင် ဝမ်လင်းက ဇီရှား၏ရှေ့တွင် ပေါ်လာ၏။ သူ၏အနှစ်သာရများ အရှိန်အဟုန်နှင့် ထိုးထွက်လာသည်။

ဇီရှားသည် တုန့်ပြန်ရန် အချိန်မမီတော့ပေ။ မီးအနှစ်သာရက ဟင်္သာငှက်အဖြစ်သို့ ပြောင်းကာ ဇီရှားကို ဝန်းရံ၏။ မီးစွမ်းအား မြင့်တက်လာသည်။

မီးစွမ်းအားနောက်၌ မိုးကြိုးအနှစ်သာရက မိုးကြိုးနဂါးအဖြစ်သို့ပြောင်း၏။ ၎င်းက ဟင်္သာငှက်နောက်၌ ဇီရှားထံ တိုးဝင်လာပြန်သည်။

သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်အမှား အနှစ်သာရများ ပေါ်လာသည်။ သွေးစင်းကြောင်းများ ဝမ်လင်း၏မျက်လုံးတွင် ပေါ်လာပြီး ပျံ့လွင့်သည်။ ထိုသွေးစင်းကြောင်းများက ဇီရှားကို ဝန်းရံခြုံလွှမ်းကာ သူမ၏ ဆုတ်လမ်းအားလုံးကို ပိတ်ဆို့သည်။

နောက်ဆုံးတွင် ဝမ်လင်း၏လက်ထံ သတ်ဖြတ်ခြင်းအနှစ်သာရ တိုးဝင်လာ၏။ ထိုအခါ သူ့လက်သည် သက်ရှိအားလုံးကို သတ်ဖြတ်နိုင်မည့်လက် ဖြစ်လာ၏။

သတ်ဖြတ်ခြင်းအနှစ်သာရ ပေါ်လာသည့်အခါ ဒီကြယ်အဖွဲ့အစည်းမှာ အေးစက်လာသည်။ အနီရောင်နှင်းပွင့်များ ပေါ်လာပြီး စတင် ကျဆင်းသည်။ သူ၏အနှစ်သာရခုနစ်ခုလုံး မြန်ဆန်လှစွာ ထိုးထွက်လာခဲ့၏။ ဇီရှားသည် သုံးကြိမ်တိုင် သွေးအန်ရ၏။ ခုချိန်ထိ သူမသည် ရတနာတစ်ခုကို မထုတ်ယူနိုင်သေးပေ။

သူမက ချိပ်ဟန်တစ်ခု ဖြစ်စေဖို့ပင် အချိန်မရသေးပေ။ အနှစ်သာရ ခြောက်ခုက မြည်ဟိန်းလျက်ရှိစဉ် ဇီရှားသည် သူမ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသော ဧရာမလက်ဝါးချက်ကို ကြည့်နေရသည်။

ကျယ်လောင်စွာ တုန်ဟည်းသံ မြည်ဟိန်း၏။ ဇီရှားသည် သွေးအန်ရပြန်သည်။ သူမ၏ခန္ဓာကိုယ်၌ သွေးစင်းကြောင်းများစွာ ပေါ်လာပြီး သူမကို အစိတ်စိတ်ပိုင်းစေတော့မည့်အလား။

သူမ၏စိတ်နှလုံးထံမှ ပြင်းထန်သောနာကျင်မှု ထွက်ပေါ်လာ၏။ သူမ၏မူလစိတ်ဝိညာဉ်သည်လည်း အပြင်းအထန် ဒဏ်ရာရသည်။ သူမ၏ခန္ဓာကိုယ်၌ မျှော်လင့်ချက်မဲ့ဟန် ပြည့်လာသည်။

သို့ပေမည့် ထိုအခိုက်တွင် ပြုတ်ကျနေသော သူမ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်သွား၏။ ပျံသန်းခြင်းကို ဟန့်တားထားသော ဥပဒေသက စတင် ပျောက်ကွယ်လာခဲ့ပြီ။ သို့ပေမည့် ဤသည်မှာလည်း ဝမ်လင်းအစီအစဉ်၏ တစိတ်တပိုင်းသာ။ ဥပဒေသ ပျောက်ကွယ်တော့မည့်အခိုက်၌ ဝမ်လင်းက နီးကပ်လာကာ ဇီရှားထံ လက်ညွှန်၏။

ရပ်တန့်ခြင်း။

လက်ညွှန်ချက်တစ်ခုက ခန္ဓာ၊ စိတ်၊ စိတ်ဝိညာည်တို့ကို ရပ်တန့်စေနိုင်၏။ ကောင်းကင်နှင့်မြေကြီးကို ရပ်တန့်စေနိုင်၏။

ဇီရှား၏ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်ခြင်းမန္တာန် ခြုံလွှမ်းခြင်း ခံရသည်။ ဥပဒေသ ပျောက်ကွယ်သွားသော်ငြားလည်း သူမက ဆက်၍ ကျဆင်းလာသည်။ သူမသည် ရတနာများကို ထုတ်ယူနိုင်ခြင်း မရှိတော့သလို သူမ၏အတွေးများသည်ပင် ရပ်တန့်သွားရသည်။

ဝမ်လင်းသည် ပြန်ကန်အားကို ဖိနှိပ်၍ ဇီရှားအနား ရောက်လာ၏။ သူက မြန်ဆန်စွာပင် သူမထံသို့ ကိုးကြိမ်ကိုးခါ လက်ညွှန်သည်။ အကြိမ်တိုင်း၌ ဇီရှားသည် တုန်ယင်ရသည်။ ဝမ်လင်းက သူမထံ ချိပ်ပိတ်အားတစ်ခုကို စေလွှတ်လိုက်ခြင်းတည်း။

ထိုလက်ညွှန်ချက်ကိုးချက် ကျဆင်းပြီးနောက် ထိုချိပ်ပိတ်မှုသည် ပြီးပြည့်စုံလိမ့်မည်။

ဇီရှား၏ ပတ်လည်၌ ပင့်ကူအိမ်အလား အတားအဆီးတစ်ခု ဝန်းရံကာ သူမကို လုံးဝ ချိပ်ပိတ်ပစ်သည်။

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူမ၏ခန္ဓာကိုယ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားကာ ဝမ်လင်း၏ ဖမ်းဆီးခြင်း ခံလိုက်ရချေပြီ။ သည်တိုက်ပွဲကား အလွန်ရှင်းလင်းသည်။ အသက်ဆယ်ရှိုက်စာပင် မကြာလိုက်ပေ။

ဝမ်လင်းသည် ဇီရှားကို မသတ်ပေ။ အကြောင်းမှာ သူမထံ၌ စိတ်ဝင်စားဖွယ်အရာများ ရှိနေခြင်းကြောင့်ပင်။ သူမကို ဖမ်းဆီးပြီးသည် ဖြစ်၍ သူ့အနေဖြင့် အချိန်မရွေး သတ်ပစ်နိုင်သည် မဟုတ်လား။

သွေးအလင်း လင်းလက်ကာ သွေးဓားက ဝမ်လင်းထံ ပြန်ရောက်လာ၏။ ၎င်းက ဟိန်းမြည်သံ ပေးနေလျက် ဝမ်လင်းက ရှေ့သို့ လှမ်း၏။ သူ၏အောက်တွင် ဝဲကတော့ကြီးတစ်ခု ပေါ်လာပြီး သူက ထိုဝဲကတော့အတွင်းသို့ ပျောက်ကွယ်လို့သွားသည်။

“ဒီလောကထဲ ဝင်ရောက်လာတဲ့ လူဟာ သုံးခါရှိသွားပြီ။ လေးကြိမ်မြောက် ရင်ဆိုင်ဖို့တော့ ခက်ခဲသွားပြီ ဖြစ်တဲ့အတွက် အခု ငါ ထွက်သွားသင့်တယ်…”

ဝမ်လင်းသည် အဖျက်အစီးလောကသုံးရာသည် ချိတ်ဆက်ထားသည်ကို သိ၏။ ထို့အတွက် သူသည် လောကတစ်ခုထံမှ တခြားလောကတစ်ခုဆီသို့ သွားနိုင်သည်။

အဖျက်အစီးလောကသုံးရာထဲမှ တစ်ခုထံ၌ ဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့က ကျယ်လောင်စွာ မြည်ဟိန်းသွားရာ သည်နေရာရှိ လူများ၏ အာရုံကို စွဲဆောင်သွားသည်။

ကျားဖြူဗိုလ်ချုပ်က ဂြိုဟ်တစ်ခု၏ ကောင်းကင်ထက်၌ ရပ်နေ၏။ သူ၏အောက်တွင် တိုက်ခိုက်နေသော စစ်သားသန်းချီ ရှိနေသည်။

သွေးများက မြစ်ကဲ့သို့ စီးဆင်းနေကာ အဆက်မပြတ် သေဆုံးနေကြသည်။ စစ်သားသန်ချီက တိုက်ပွဲကွင်းပြင်အနှံ့ မျက်စိတဆုံး ရှိသည်။ သေမျိုးများကြား သည်လိုစစ်ပွဲမျိုးက မြင်ရခဲ၏။

“ဒီနေရာမှာ ဒီလောက်သတ်ဖြတ်နေတဲ့ တိုက်ပွဲမျိုး ကြုံရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ပိုသတ်ကြ။ မင်းတို့ ပိုသတ်လေ ငါ သတ်ဖြတ်ခြင်းဆန္ဒကို ပိုစုပ်ယူနိုင်လေပဲ။ ငါ ဒီဆန္ဒကို အပြင်ကို ထုတ်မယူနိုင်ပေမဲ့လည်း ဒီမှာတော့ အသုံးပြုနိုင်တယ်…”

“ဒီလောကကို ဝင်ရောက်လာတာ ငါ ပထမဆုံးပဲ။ ဒီနေရာက ဥပဒေသတွေကို ငါ ချမှတ်ထားတာ။ ခုနစ်ရောင်စုံတာအိုသခင်နဲ့ တစ္ဆေအိုကြီးကျန့်တို့ မဟုတ်ရင် ဘယ်သူပဲ ရောက်လာလာ ငါ့ဥပဒေသတွေရဲ့ သက်ရောက်မှု ခံရလိမ့်မယ်…”  ကျားဖြူဗိုလ်ချုပ်က ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူနောက်သို့ အချိန်ကြာမြင့်စွာ လိုက်ပါခဲ့သူပင်။ ထို့ကြောင့် သူက အဖျက်အစီးလောကသုံးရာအကြောင်း သိထားပေ၏။ သည်အခိုက်၌ သူသည် အလွန်စိတ်လှုပ်ရှားမိနေသည်။

မြေပြင်ထက်၌ စစ်တပ်နှစ်တပ်၌ ဗိုလ်ချုပ်များ အသီးသီး ရှိနေကြ၏။ တစ်ဖက်ရှိ ဗိုလ်ချုပ်က အဖြူရောင်မြင်းကို စီးနင်းထားသည်။ သူက အဖြူရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏မျက်လုံးတို့၌ အေးစက်နေ၏။ သို့ပေမည့် စိတ်လှုပ်ရှားဟန်လည်း လှစ်ဟပေါ်နေသည်။

ချက်ခြင်းပင် သူနှင့် ကျားဖြူဗိုလ်ချုပ်တို့ကြား မမြင်ရသောဆန်းကြယ်သည့် ချိတ်ဆက်မှု တစ်ခုပေါ်လာ၏။

ကောင်းကင်ထက်၌လည်း ကျားဖြူဗိုလ်ချုပ်၏ ရှေ့တွင် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေသည်။ သူ၏အမူအရာက သုန်မှုန်နေ၏။ သူက လေတိုက်သည်နှင့် ပျောက်ကွယ်သွားတော့မည်ဟု ထင်ရသည်။ သူက မျက်လုံးမှိတ်ထားပြီး ကြောက်လန့်လွန်းဟန် ပေါ်နေကာ နှဖူးထက်မှ ချွေးသီးချွေးပေါက်များ ကျနေသည်။

သူသည် ကျားဖြူဗိုလ်ချုပ်ကဲ့သို့ ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေသည်။ သူတို့နှစ်ယောက်မှလွဲ၍ မည်သူကမျှ သူတို့ကို မမြင်ရနိုင်ပေ။

မြေပြင်ထက်၌ ကျားဖြူဗိုလ်ချုပ် စစ်တပ်နှင့် တိုက်ခိုက်နေသော ရန်သူစစ်တပ်ထဲ၌ စစ်သားတစ်ယောက် ရှိနေ၏။ သူက ကြောက်လန့်တကြား ဖြစ်နေကာ သူ့လက်ထဲရှိ လှံရှည်ကို ဝေ့ယမ်းကာ မာန်သွင်းအော်ဟစ်သည်။ သူက သူ့ပတ်လည်ရှိ ရန်သူများစွာကို သတ်ပစ်ခဲ့ပြီးပင်။ သို့သော် သူ့ခန္ဓာကိုယ်က တုန်ယင်လျက် ကောင်းကင်ထက်သို့ ဒေါသ၊ကြောက်ရွှံ့စိတ်တို့ဖြင့် မကြာမကြာ မော့မော့ကြည့်သည်။

သူ၏ပုံပန်းသွင်ပြင်မှာ ကောင်းကင်ထက်ရှိ သတ်လတ်ပိုင်းလူနှင့် အတူတူပင်။

ဝမ်လင်းသာ သည်မှာ ရှိပါက သူသည် ထိုလူသည် ဒြပ်စင်ငါးခုဂြိုဟ်ပေါ်ရှိ ခုနစ်ထပ်မြောက်မျှော်စင်မှ လူဖြစ်သည်ကို ချက်ခြင်း သိပေမည်။

သည်လောကမှာ ကျားဖြူဗိုလ်ချုပ် အပိုင်ပင်။ သူက ဒီနေရာ၌ ဥပဒေသကို အမိန့်ပေးနိုင်သည်။

သည်အခိုက်တွင် ပုံရိပ်ယောင်ကျားဖြူဗိုလ်ချုပ်က အပေါ်သို့ မော့ကြည့်ကာ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်သည်။ မြေပြင်ထက်ရှိ မြင်းဖြူစီးနင်းထားသော ဗိုလ်ချုပ်ကလည်း ကောင်းကင်ထက်သို့ မော့ကြည့်ကာ နှာခေါင်းရှုံ့သည်။

“နောက်တစ်ယောက် ထပ်လာပြန်ပြီ။ ဘယ်သူ ဖြစ်နိုင်မလဲ…”

သတ်လတ်ပိုင်းလူကလည်း ဝဲကတော့ကို ခံစားမိသည့်အခါ ချက်ခြင်း အပေါ်သို့ မော့ကြည့်သည်။

“လာခဲ့…လူတွေ ပိုလာလေလေ ဒီကျားဖြူကို သတ်နိုင်မယ့် အခွင့်အရေး ပိုရလေပဲ။ ဒီသောက် ဥပဒေသကတော့ကွာ…”

ဝဲကတော့သည် လှည့်ပတ်နေလျက် ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာလေသည်။ ထိုပုံရိပ်သည် တဖြည်းဖြည်း ထင်ရှားလာပြီးနောက် ဝဲကတော့က စတင် ပျောက်ကွယ်သည်။

ဝဲကတော့သည် လုံးဝ ပျောက်ကွယ်တော့မည့်အခိုက်၌ သွေးအလင်းလင်းလက်ကာ သွေးဓားသည် ဒီဧရိယာတခွင် ပျံသန်းသွား၏။ သွေးအလင်း ပျံ့နှံ့ကာ သည်ဧရိယာတစ်ခုလုံးကို သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်ဖုံးသည်။

ဝမ်လင်းသည် နေရာတွင် ရပ်ကာ တည်ငြိမ်စွာဖြင့် ရှေ့တည့်တည့်သို့ ကြည့်၏။

သူ၏နတ်ဘုရားအာရုံသည် ရုတ်တရက် ပျံ့လွင့်လာ၏။ သူ ပေါ်လာရုံ ရှိသေး သူ၏နတ်ဘုရားအာရုံ ပျံ့နှံ့လာသည့်အခါ ကျားဖြူဗိုလ်ချုပ်၏နှင့် သက်လတ်ပိုင်းလူတို့၏ အမူအရာများ ပြောင်းလဲသွားကြည်။

ကျားဖြူဗိုလ်ချုပ်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်လာသည်။ သူက ကောင်းကင်ထက်၌ ကျယ်လောင်စွာ စတင် ရယ်မောလိုက်လေ၏။

“သူ ဒီကို တကယ် ရောက်လာတာပဲ။ ကံတရားက ငါ့ဘက်မှာပဲ…”

သက်လတ်ပိုင်းလူကလည်း မင်သက်သွားကာ ငြိမ်သက်စွာ စဉ်းစားနေ၏။ သို့သော် သူက နှာခေါင်းရှုံ့လိုက်၏။ သူက တစ်ယောက်ယောက် ခံရတော့မည်ကို စောင့်ကြည့်ရတော့မည့်အလား။

ဝမ်လင်း၏နတ်ဘုရားအာရုံက ဒီကြယ်အဖွဲ့အစည်းအနှံ့ ပြန့်နှံ့လာသည်။

သည်လောကမှာ ဝမ်လင်း အစောပိုင်းတုန်းက အသုံးပြုခဲ့သော လောကထက် ပိုကြီးမားသည်။ ၎င်းသည် တောက်ပသောလေဟာနယ်နှင့် အလုံးစုံကောင်းကင်တို့ ပေါင်းထားသလောက် ရှိ၏။ သို့ပေမည့် ဒီလောကတွင်လည်း ဂြိုဟ်ကိုးလုံးသာ ရှိနေသည်ပင်။

နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီးနောက် ဝမ်လင်းသည် ကျားဖြူဗိုလ်ချုပ်နှင့် သက်လတ်ပိုင်းလူတို့၏ အော်ရာကို တွေ့ရှိသည်။ သို့သော် သူက ထိုနှစ်ယောက်၏ ပုံရိပ်များကို ရှာမတွေ့နိုင်ပေ။

ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ သည်ကြယ်အဖွဲ့အစည်းကို အသေအချာ စူးစမ်းကြည့်သည်။

“ဒီမှာ ဥပဒေသတစ်ခု ချမှတ်ထားပြီးပဲ။ ဘာဥပဒေသလဲတော့ ငါ မသိဘူး။ ဒါ့အပြင် ငါဟာ ကျားဖြူဗိုလ်ချုပ်နဲ့ တခြားတစ်ယောက်တို့ကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေတယ်…”

ဝမ်လင်း၏ နတ်ဘုရားအာရုံက တတိယမြောက်ဂြိုဟ်ပေါ်တွင် စုစည်းသွားကာ တစ်ဖက်နှင့်တစ်ဖက် သတ်နေသော စစ်သားထောင်သောင်းသိန်းချီပေါ်သို့ ကျရောက်သည်။

သူ၏မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ အချိန်အတန်ကြာပြီးနောက် သူက နားလည်သွား၏။

ဒီတော့ ဒါက ဒီလိုပေါ့…” ဝမ်လင်းသည် နေရာတွင် ရပ်ကာ ခြေတစ်ဝက်ပင် မလှမ်းပေ။ သည်နည်းဖြင့် သူသည် ဒီနေရာရှိ ဥပဒေသများ၏ သက်ရောက်မှုကနေ လွတ်ကင်းနိုင်မည်ပင်။ သူက အရာအားလုံးကို တွေ့မြင်ပြီးနောက် သူ့အဖို့ နေမလား၊ ထွက်သွားမလား ဆုံးဖြတ်နိုင်မည်။

“ဒီနေရာမှာ ဥပဒေသ ချထားတဲ့သူက အကျိုးများမှာပဲ။ ငါ ဒါကို တွေ့မြင်ရဖို့ ကြိုးစားကြည့်လိုက်မယ်…”  ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းရာ ပျောက်ကွယ်နေသော ဝဲကတော့သည် တဖန် ပေါ်လာသည်။ လူတိုင်းသည် ထိုအဖြစ်ကို တွေ့သည်နှင့် သူတို့က ဝမ်လင်းထွက်သွားတော့မည်ဟု ယူဆမိမည်သာ။

“ရောင်းရင်းကျင့်ကြံသူဝမ်..ဘာကြောင့် ထွက်သွားဖို့ အလျင်လိုနေတာလဲ…။ ဒီအဘိုးအိုက ဒီမှာ ဥပဒေသ ချမှတ်ထားတယ်။ သင် ဝင်လာရဲရင် ငါတို့ အလောင်းအစားတစ်ခု လုပ်ကြရအောင်…”

ကျားဖြူဗိုလ်ချုပ်၏ အသံသည် ဝမ်လင်း၏နားထဲ တိုးဝင်လာ၏။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်လျက်သာ။ သို့သော် သူက စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ သူက သူ လိုချင်သောအဖြေကို ရလိုက်ပေပြီ။

“ဘယ်လိုမျိုးလဲ…”

“အို…သင်က ဘယ်လိုပုံစံနဲ့ အလောင်းအစား လုပ်ချင်တာလဲ…”  ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြည်းဖြည်းချင်း ဖြန့်ကျက်သည်။

“သင် ရှုံးရင် တတိယစိတ်ဝိညာဉ်ဟာ ဒီအဘိုးအိုရဲ့ အပိုင်ပဲ။ သင်နိုင်ရင် ငါဟာ သင့်ရဲ့ ကျေးကျွန်အဖြစ် နှစ်ပေါင်းတစ်သောင်း နေထိုင်ပေးဖို့ ကောင်းကင်ဘုံကျိန်ဆိုချက် ပြုလုပ်ပေးမယ်။ ဒီအဘိုးအိုက ဒီကတိစကားကို ငါ့ရဲ့ ကောင်းကင်ဘုံသွေးမျိုးဆက်အပေါ် အခြေခံပေးမှာ ဖြစ်တယ်…”

ကျားဖြူဗိုလ်ချုပ်၏အသံက ဟိန်းထွက်လာ၏။

ဝမ်လင်း၏အမူအရာက ပုံမှန်အတိုင်းပင်။ သို့ပေမည့် သူ့မျက်နှာထက်၌ မဆိုသလိုအပြုံးတစ်ခု လှစ်ဟပေါ်သွားသည်။

All Chapters