← Chapters

ငြိမ်ငြိမ်သက်သက်က ဘယ်သူလဲလို့တော့ ငါ့ကိုမမေးနဲ့

Vol. 1 Ch. 2

ငြိမ်ငြိမ်သက်သက်က ဘယ်သူလဲလို့တော့ ငါ့ကိုမမေးနဲ့

Vol. 1 Ch. 2

"အရှင်မင်းကြီးက ငယ်စဉ်ကတည်းက အမတ်ချုပ်ကြီးရဲ့ စံအိမ်မှာ ကြီးပြင်းလာခဲ့ပြီး နန်းတော်နဲ့ အကျွမ်းတဝင် မရှိဘူး။ အကယ်၍ တစ်စုံတစ်ယောက်က အရှင်မင်းကြီးကို လမ်းလျှောက်ရင်း ခေါင်းထပ်မှန်အောင် လုပ်ခဲ့ရင် အနားမှာရှိတဲ့ အစေခံတွေရော ဒီမှာရှိတဲ့ မင်းတို့အားလုံးကိုပါ ခွင့်လွှတ်မှာမဟုတ်ဘူး!"

"ကျွန်တော်မျိုးမတို့ အမှားကို သိပါပြီ၊ မယ်တော်ကြီးရဲ့ ကျေးဇူးတော်နဲ့ ကျွန်တော်မျိုးမတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်!"

သူမ၏ နားနားတွင် ကြားနေရသော စကားသံများကြောင့် နဉ်ရှောင်ယောင်း မျက်လုံးများ ပွင့်လာသည်။ ထိုသတင်းအချက်အလက်များမှ သူမ နားလည်သဘောပေါက်သင့်သည့် အရာတစ်ခုခု ရှိနေပုံရသဖြင့် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ ကုတင်ရှေ့တွင် ဝမ်းနည်းပူဆွေးခြင်းကိုပြသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ ထိုသို့သော ဝတ်စားဆင်ယင်မှုကြားမှပင် သူမ၏ ဆံထုံးတွင် ပုလဲနှင့် ကျောက်စိမ်းအဆင်တန်ဆာများဖြင့် အလှဆင်ထားသည်။ နဉ်ရှောင်ယောင်း လှုပ်ရှားလိုက်သံကြားသောအခါ သူမ လှည့်ကြည့်ပြီး စိုးရိမ်တကြီးဖြင့် "အရှင်မင်းကြီး နိုးလာပြီလား?" ဟု မေးလိုက်သည်။

နဉ်ရှောင်ယောင်းသည် သူမရှေ့မှ လူကိုကြည့်ကာ မိုးကြိုးပစ်ခံရပြီး ဇွန်ဘီကိုက်ခံရသလို တစ်ချိန်တည်းမှာ ခံစားလိုက်ရသည်။ ဒါက သူ့သမီးအရင်းကို ခုနကမှ သတ်လိုက်တဲ့ အမျိုးသမီး မဟုတ်ဘူးလား? ဒီမျက်နှာ၊ ဒီပုံစံ၊ ပြီးတော့ အဲ့ဒီအသံ - လုံးဝမမှားနိုင်ဘူး!

နဉ်ရှောင်ယောင်းက ဒါဟာ အဲ့ဒီ စိတ်ဓာတ်ခက်ထန်ပြီး ရက်စက်တဲ့ အမေဖြစ်ကြောင်း သေချာနေသည်! သူမ၏ မျက်နှာအမူအရာသည် ဇွန်ဘီကိုက်ခံထားရသကဲ့သို့ အကျည်းတန်သွားသည်။

မယ်တော်ကြီး၏ အမြင်တွင်မူ သူမသည် ငိုချင်နေပုံ၊ အမြဲတမ်းလိုလို ကြောက်တတ်ပြီး စိတ်ဓာတ်ပျော့ညံ့နေပုံ ပေါက်နေသည်။ အဖေက ဒီသမီးကို ဘာမှအသုံးမကျအောင် ပျိုးထောင်ခဲ့ပုံပဲ။ မယ်တော်ကြီး ရှဲ့သည် သူမ၏ မထီမဲ့မြင်ပြုမှုကို နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိုက်သည်။ အကယ်၍ သူတို့က သတ္တိရှိပြီး မနာခံတတ်တဲ့ ကလေးတစ်ယောက်ကို ပျိုးထောင်ခဲ့မိရင် သူတို့ချထားတဲ့ ကြောက်မက်ဖွယ်ရာ လိမ်ညာမှုကြီးက သူတို့အတွက် ကံဆိုးမိုးမှောင်ကျမှုအဖြစ် ပြောင်းလဲသွားလိမ့်မည်။

"အရှင်မင်းကြီး၊ အခု ခေါင်းကိုက်နေတုန်းပဲလား?" မယ်တော်ကြီး ရှဲ့၏ အသံသည် နူးညံ့ပြီး သဘောကောင်းနေသည်။

နဉ်ရှောင်ယောင်းသည် ကုတင်ပေါ်မှ ခုန်ဆင်းကာ အခန်းထဲရှိ ကြေးမုံတစ်ချပ်ဆီသို့ ခြေဗလာဖြင့် ပြေးသွားသည်။ သူမ၏ အရိပ်ကို မြင်သောအခါ သူမသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို ဆုပ်ကိုင်လိုက်သည်။ ဘာလို့ သူမက ဒီလောက်ဆိုးရွားတဲ့ ကံကြမ္မာကို ရင်ဆိုင်နေရတာလဲ?! အခု သူမရဲ့ မျက်နှာက သူ့အမေရဲ့ အဆိပ်ခတ်ခြင်းကို ကံဆိုးစွာ ခံလိုက်ရတဲ့ နဂါးဝတ်ရုံနဲ့ ပုံရိပ်ရဲ့ မျက်နှာနဲ့ တစ်ထပ်တည်းတူနေတယ်!

မယ်တော်ကြီး ရှဲ့သည် သူမ၏သမီးက ရုပ်ရည်ကို စိတ်ပူတတ်ဆဲဖြစ်သော မိန်းကလေးတစ်ဦးဖြစ်သည်ဟုသာ တွေးလိုက်သည်။ သူမသည် ထရပ်ပြီး နဉ်ရှောင်ယောင်း၏ နောက်သို့ လျှောက်သွားသည်။ "အရှင်မင်းကြီး၊ ခေါင်းကိုက်နေသေးရင် သမားတော်တွေကို ကြည့်ခိုင်းရမလား? အရှင်မင်းကြီး ကိုယ့်ကိုယ်ကိုယ် တော်တော်ပြင်းပြင်းတိုက်မိသွားတာ၊ ဒါပေမယ့် အရေပြားတော့ မပေါက်ပြဲသွားဘူး။ အမာရွတ်ကျန်ခဲ့မှာ မဟုတ်ပါဘူး။"

"မလိုပါဘူး" နဉ်ရှောင်ယောင်းက ခေါင်းကိုအုပ်ထားရင်း ပြောလိုက်သည်။ "ကျွန်မ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်လေးနေချင်တယ်။ အဲ့ဒီ့ ငြိမ်ငြိမ်သက်သက်က ဘယ်သူလဲလို့တော့ လာမမေးနဲ့။"

"အရှင်မင်းကြီး?" မယ်တော်ကြီး ရှဲ့က နဉ်ရှောင်ယောင်း၏ ပခုံးကို ပုတ်ရန် လက်လှမ်းလိုက်သည်။ ဘေးနားရှိ ဘယ်သူမှ ဧကရာဇ်၏ စကားကို နားမလည်နိုင်ကြပေ။ သူ ရူးသွားတာလား?

နဉ်ရှောင်ယောင်းသည် ဘေးသို့ခြေတစ်လှမ်းဆုတ်ကာ မယ်တော်ကြီး ရှဲ့၏ လက်ကို ရှောင်တိမ်းလိုက်သည်။ လေထဲသို့ လက်ရောက်သွားပြီးနောက် မယ်တော်ကြီး ရှဲ့သည် နဉ်ရှောင်ယောင်းက သူမကို ရှောင်တိမ်းနေသည်ကို သိလိုက်သည်။ သူမ၏ ဖီးနစ်မျက်ဝန်းများတွင် ချက်ချင်း မျက်ရည်များ ပြည့်လျှံလာပြီး သူမ၏ လက်ကို နှလုံးသားပေါ်တင်လိုက်သည်။ "အရှင်မင်းကြီးက မယ်တော့်ကို အပြစ်တင်နေတာလား?"

မယ်တော်ကြီး ရှဲ့ ထိုသို့ပြောလိုက်သည်ကို ကြားသောအခါ သူမ၏ ယုံကြည်ရသော အထိန်းတော်မော့မော့ကြီးများ [(嬷嬷) – သက်ကြီးရွယ်အို အမျိုးသမီးအစေခံကို ခေါ်ဝေါ်သော အသုံးအနှုန်း၊ နို့ထိန်းလည်း ဖြစ်နိုင်သည်] အားလုံးသည် နဉ်ရှောင်ယောင်း၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

အထိန်းတော်မော့မော့ကြီးက "အရှင်မင်းကြီး၊ မယ်တော်ကြီးလည်း ဒီနှစ်တွေအတွင်းမှာ အရှင်မင်းကြီးကို မတွေ့ရလို့ ဒုက္ခခံစားခဲ့ရပါတယ်!" ဟု ပြောလိုက်သည်။

နဉ်ရှောင်ယောင်းသည် ဒီမယ်တော်ကြီးက ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ သူမနှင့် စကားပြောသည့်အခါ မျက်နှာတွင် အလွန်ခါးသီးနာကျင်သော အမူအရာကို ဆောင်ထားသည်! ဒီအမျိုးသမီးက သူမ၏ ခင်ပွန်းကို သားတော်မွေးဖွားကြောင်း လိမ်ညာပြီး သမီးကို မတွေ့ဘဲနေရသည့်အကြောင်းရင်းမှာ သူမကို မိဘအိမ်တွင် တစ်သက်လုံး ဖုံးကွယ်ထားရန် စီစဉ်နေသောကြောင့်သာ မဟုတ်ပါလော?!

"အရှင်မင်းကြီး၊ မယ်တော့်ကို ခွင့်လွှတ်ပါနော်?" မယ်တော်ကြီး ရှဲ့က မျက်ရည်များ တသွင်သွင်စီးကျရင်း ပြောလိုက်သည်။

နဉ်ရှောင်ယောင်းက ရယ်လိုက်သည်။ "ဟီးဟီး။"

သူမသည် ရှေ့တန်းတိုက်ခိုက်ရေးသမား မဟုတ်သော်လည်း ကမ္ဘာပျက်ကပ်ကမ္ဘာမှ ဆေးဘက်ဆိုင်ရာအရာရှိတစ်ဦးအနေဖြင့် ဇွန်ဘီများကို ခုတ်ထစ်ခဲ့ဖူးသည်။ ပတ်ဝန်းကျင်ကို သေချာလေ့လာပြီးနောက် နဉ်ရှောင်ယောင်းသည် အနာဂတ်တွင် သူမကို သတ်မည့် ဒီရက်စက်သော အမျိုးသမီးကို ဘယ်လိုသတ်ရမလဲဟု စဉ်းစားနေသည်။ သူမကို ကန်သတ်လိုက်ရမလား၊ ဒါမှမဟုတ် ဓားတစ်ချောင်းရှာပြီး ထိုးသတ်ရမလား?

မယ်တော်ကြီး ရှဲ့သည် သူမ၏ သမီးကို မြင်ပြီးနောက် ငိုခဲ့သည်။ ဒီကောင်မလေးက နန်းတော်ထဲဝင်လာပြီးနောက် သူမအပေါ် မှီခိုပြီး ရင်းနှီးဖို့ အမြဲကြိုးစားခဲ့သည်။ သို့သော် ယခုမူ သူမသည် အေးစက်ပြီး ဂရုမစိုက်သော အမူအရာဖြင့် ရပ်နေသဖြင့် မယ်တော်ကြီး မျက်မှောင်ကြုတ်သွားသည်။ ဘာဖြစ်သွားတာလဲ?

"မင်းတို့အားလုံး ထွက်သွားကြ" မယ်တော်ကြီး ရှဲ့က အခန်းထဲရှိ လူများကို အမိန့်ပေးလိုက်သည်။ "ဒီမယ်တော်ကြီး အရှင်မင်းကြီးနဲ့ နှစ်ယောက်တည်း စကားပြောစရာရှိတယ်။"

အခန်းထဲမှ လူများ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ သူတို့နှစ်ယောက်တည်း ကျန်တော့သည်ကို မြင်သောအခါ နဉ်ရှောင်ယောင်းသည် သူမ၏ လက်များကို လက်သီးဆုပ်လိုက်သည်။ ဒီအမျိုးသမီးကို သတ်ဖို့ အခွင့်အရေး ရပြီ!

***

All Chapters