← Chapters

အခန်း (၃၉၂)

Vol. 16 Ch. 392

အခန်း (၃၉၂)

Vol. 16 Ch. 392

“ ရှေးအဆို စကား အရ ၊ လေ့ကျင့်မှု က ပြီးပြည့်စုံ စေတယ်။”

“ နှစ် ပေါင်းများစွာ စူးစမ်း ရှာဖွေ မှုတွေ မှတစ်ဆင့် ၊”

“ ယဲ့ယွီ သည် အစီရင်ပုံစံ တစ်ခု ကို တွေ့ရှိ ပြီးဖြစ်သည်။”

“ ကံကြမ္မာ ၏ သားတော်များ၊ ကြီးမား သော ကံ ရှိသူများကို များသောအားဖြင့် သုံး မျိုး အဖြစ် ခွဲခြား နိုင်တယ်။”

“ပထမ အမျိုးအစား ကတော့ စောစောစီးစီး ဖိအား အမျိုးမျိုး ကို ရင်ဆိုင်ရသူများပဲ၊ ဥပမာ- ပျက်ပြယ် သွားတဲ့ စေ့စပ် မှုများ၊ မျိုးနွယ် ဖျက်ဆီး ခံရမှုများ၊ စသည်တို့။”

“ဒုတိယ အမျိုးအစား ကတော့ အောက်တန်းကျ နှိမ့်ချ တဲ့ ဘဝအစ ကနေ စ သူများ၊ ကမ္ဘာကသူတို့နာမည် ကို မသိ ကြဘူး၊ ပြီးတော့ ရုတ်တရက် သူတို့ကိုယ်သူတို့ တလောကလုံးသိမ့်သိမ့်တုန် နာမည်ကြီး အောင် လုပ်ဆောင် ကြတယ်။”

“တတိယ အမျိုးအစား ကတော့ ထူးခြား တဲ့ ဘဝ ကို နေထိုင်သူများပဲ၊ အခြားသူ များ ဘယ်တော့မှ မရောက်နိုင် တဲ့ အားသာချက် တွေနဲ့ မွေးဖွား လာသူများ၊ ပြီးတော့ မရပ်မနား ဆက်ပြီး တိုးတက် နေသူများ။”

“ဒီ အခြေအနေ သုံးမျိုး က ကွဲပြား ပေမဲ့၊ သူတို့ရဲ့ တူညီတဲ့အချက်က မင်းသားစတိုင်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုမြင့်သော အပြုံးများပြုံးတတ်ကြတာပဲ။

“အဲ့အပြုံးကြီးနဲ့ လိုတာထက်ပို ဂိုက်ပေးကြမ်းနေရင် သူတို့သည် ကံကြမ္မာ ၏ သားတော်များ ဖြစ်နိုင်ခြေ ၉၀% ရှိတယ်။”

“ဒီ နည်းလမ်း ကို အသုံးပြုခြင်းအားဖြင့်၊ ယဲ့ယွီ သည် ကံကြမ္မာ ၏ သားတော်များကိုရှာဖွေရာတွင် အချိန် များစွာ ကို ချွေတာနိုင် ခဲ့သည်။”

“ ဝူဝေ မျှော်စင် မှ ထွက်ခွာ ပြီး နှစ်ရက် အကြာတွင်၊”

“ ယဲ့ယွီ သည် ကြီးမား သော ကံ ရှိတဲ့ ကံကြမ္မာ ၏ သားတော် နောက်တစ်ဦး ကို တွေ့ရှိ နှင့်ပြီးဖြစ်သည်။”

“ဒီ လူ ရဲ့ အမျိုးအနွယ် က လင် ဖြစ်သည်၊ ပြီးတော့ သူသည် လက်ရှိတွင် ရန်သူများ၏ ဖိနှိပ် ခံနေရသည်။”

“သူသည် ကောင်းကင်ဘုံ ဘုံ မှာ နှစ်ပေါင်း ၅၀,၀၀၀ ကြာ ကျင့်ကြံ ခဲ့ပြီး စစ်မှန် သော နတ်ဘုရားအဆင့် ၏ အစောပိုင်း အဆင့် မှာပဲ ရှိနေတုန်းပဲ။”

“သူသည် နတ်ဘုရား များစွာ ၏ လှောင်ပြောင် ခြင်းကို ခံခဲ့ရသည်။”

“ဒါပေမဲ့ ယဲ့ယွီ သည် သူ၏ ဂိုက်ပေးကြမ်းလွန်းသော အပြုံး နှင့် သူ ဝတ်ဆင် ထားတဲ့ ရှေးဟောင်း လက်စွပ် မှ ဒီ သားတော်က သေချာပေါက် ထူးခြား သည်ကို ပြော နိုင်ခဲ့သည်။”

“ လင် အိုထျန်း ၊ အသက် ၅၁,၀၈၈ နှစ် ၊ စစ်မှန် သော နတ်ဘုရားအဆင့် ၏ အစောပိုင်း အဆင့် ။”

“ သုံးလ ကြာ ပြီးနောက်၊ ရှေးဟောင်း လက်စွပ် ထဲက အဘိုးကြီး ချောင်း ရိ ၏ လမ်းညွှန်မှု အောက်တွင်၊ သူသည် အလယ်ပိုင်း ကောင်းကင်ဘုံ ဒေသ ရှိ လျှို့ဝှက် ဒိုင်မန်းရှင်း(လောကအသေးလေး) တစ်ခုထဲသို့ ဝင်ရောက်လိမ့်မည်။”

“ဒီ နေရာ တွင်၊ သူသည် နတ်ဘုရား သခင် တစ်ပါး ၏ အမွေ ကို ရရှိ မည်။”

“အဲဒီ အချိန် ကစပြီး၊ လင် အိုထျန်း သည် လျင်မြန်စွာ တိုးတက် လာသည်။”

“ ငါးနှစ် ကြာ ပြီးနောက်၊ သူသည် မြေ နတ်ဘုရားအဆင့် သို့ တိုးဖောက် မည်။”

“ နှစ်ပေါင်း နှစ်ရာ့သုံးဆယ် ကြာ ပြီးနောက်၊ သူသည် နတ်ဘုရား ဘုရင် အဆင့် သို့ အောင်မြင်စွာ တက် သည်။”

“ လောကတခုလုံးကို မတူမတန်သလို ကြည့် နိုင်သောအဆင့်ထိရောက်ရှိလာပြီး ၊ မြင့်မားသော ရည်မှန်းချက် များဖြင့် ပြည့်နှက် နေသည်။”

“ငါ လက်ညှိုးညွှန်ရာမှာ ကောင်းကင်ရှိလာမယ်"ဟုပင်ကျွေးကြော်နိုင်သည်အထိ တန်ခိုးကြီးလာမည်။

“နှစ်ပေါင်း သုံးရာ ကြာ ပြီးနောက်၊ အင်အားကြီး တဲ့ နတ်ဘုရား ဘုရင် ရှန်ကွမ် ကျူကျူ ကို အသည်းအသန်ချစ်မိသွား ပြီးနောက်၊”

“သူသည် လက်ဆောင် အမျိုးမျိုး ကို ပို့ဆောင် ပြီး ပိုးပန်းကာ ချစ်ခင် မှုများကို ပြသ သည်။”

“သူသည် ရှန်ကွမ် ကျူကျူ ကြောင့် သေဆုံး သည်။”

“ လင် အိုထျန်း ၏ အချက်အလက် များကို ဖတ် ပြီးနောက်၊”

“ ယဲ့ယွီ သည် တစ်ချိန်တည်း မှာ ရယ်ရမလို ငိုရမလိုဖြစ်နေခဲ့တယ်။”

“သူသည် ကြုံရာ ကံကြမ္မာသားတော်တစ်ယောက် ကို ရွေး ချယ်လိုက်တာ ရှန်ကွမ် ကျူကျူ ၏ အကြီးစား အချစ်ရူးရူးမဲ့ကောင် ကို တွေ့လိမ့် မယ်လို့ တစ်ခါမှ မတွေး ခဲ့ဘူး။”

“ပြီးတော့ တကယ်ပဲ၊ သူ့ရဲ့ ဇနီး ရဲ့ စိတ်နေစိတ်ထား က အက်တမ်ဗုံးတစ်လုံးလို ပေါက်ကွဲ တတ်သည်။”

“သူမက သူ့ကို ညှာတာချင်းမရှိပဲ တိုက်ရိုက် သတ် ပစ်လိုက်သည်။”

“ဒါက နတ်ဘုရား ဘုရင် ဖြစ်မဲ့ ကံကြမ္မာသားတော်တစ်ယောက်ပဲ၊ နတ်ဘုရား ဧကရာဇ် ပြီးနောက် ဒုတိယ အစွမ်းကြီးဆုံးဖြစ်မဲ့သူပဲ။”

“ ကျွတ်ကျွတ်ကျွတ်....... ၊ မင်းကိုငါရှာတွေ့ တာ ကံကြမ္မာ အလိုအရပဲ။”

“ဒီ အခွင့်အရေးကို ၊ ငါမင်းအတွက် ယူ လိုက်ပြီ။ မင်းအချစ် ဒုက္ခ မခံရတော့ဘူး ၊ ကိုယ့်ကိုမချစ်တဲ့ မိန်းမအတွက်နဲ့ ဘဝဆုံးမခံပါနဲ့။”

“အဲဒီနောက်၊ ယဲ့ယွီ သည် ထွက်ခွာ ဖို့ အလျင်စလို မလုပ် ခဲ့ဘူး။”

“အစားထိုးအနေနဲ့၊ သူသည် လင် အိုထျန်း ကို အဝေးက နေ စောင့်ကြည့် ခဲ့သည်။”

“ခဏတာ တွေး ပြီးနောက်၊ သူသည် ဒီ လူ၏ကံကြမ္မာကို လုယူ ဖယ်ရှား ဖို့ အကြံ ကို နောက်ဆုံးတွင် စွန့်လွှတ် ခဲ့သည်။”

“ အကြောင်းပြချက် က ရိုးရှင်း သည်- ရှေးဟောင်း လက်စွပ် ၏အဘိုးကြီး ၊ ဒီလို သရဲဆန်ဆန် ဆရာသမားဇာတ်ကောင် တည်ရှိမှု များ၊ ဘယ်သိုင်း စာအုပ် ကိုပဲ ကြည့်ကြည့် ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းထဲမှာလဲပါတယ် ၊ လက်ဆောင် ပေး တဲ့ ဆရာက အရမ်းအားကောင်းနေရင် ကြောက်ရတယ်။”

“အဲ့ဒီဆရာကြီးတွေက ဒီကံကြမ္မာသားတော်ဆိုတဲ့ကောင်တွေကို သူတို့ရဲ့အတွေ့အကြုံနဲ့ ပညာတွေပေါင်းစပ်ပြီး အခွင့်အရေး အမျိုးမျိုး ကို အဓိက ဇာတ်ကောင်ဆီကို အမြဲ ပေး ပို့ကြတယ်။”

“ လင် အိုထျန်း ၏ လျှို့ဝှက် ဘုံ ရှိ အမွေ ကို ယဲ့ယွီက ခိုးယူခဲ့ရရင်တောင်၊ အဘိုးကြီး က သူ့အတွက် ကျင့်ကြံမှု လမ်း ကို ခင်း ဖို့ နောက်ထပ် နည်းလမ်း တစ်ခု ကို သေချာပေါက် ရှာဖွေ လိမ့်မယ်။”

“အဲဒီ အချိန် ရောက်လာ တဲ့အခါ၊ ယဲ့ယွီ သည် တခေါက် ပြန်လာ ပြီး သူ့ဆီကနေ အခွင့်အရေး အသစ် အချို့ ကို ခိုးယူ လို့ မရဘူးလား? ဒါက ကောင်း တဲ့ အကြံ မဟုတ်ဘူး လား?”

“သူက ဒီကောင်နဲ့သူ့ဆရာကြီးကို နို့စားနွားမကြီးတွေလိုသဘောထားပြီး နို့ ကို ဆက်ပြီး ညှစ် နိုင်ရင် ပိုပြီးတောင် ကောင်း လိမ့်မယ်။ ဒါက စိတ်ကျေနပ် စရာကောင်းလိမ့်မယ်။”

“ဒီအရာကို ငါကောင်းကောင်း နားလည် လိုက်ပြီ၊”

“ ယဲ့ယွီ သည် နောက်သို့ လှည့် သည်၊ ပြီးတော့ အလယ်ပိုင်း ကောင်းကင်ဘုံ ဒေသ သို့ သွားရန်တယ်လီပို့အစီရင်သုံးလိုက်သည်။”

“ထိုနေရာတွင် သူသည် လျှို့ဝှက် ဘုံ တစ်ခုကို တွေ့ရှိ သည်။”

“ တည်နေရာ က လင် အိုထျန်း တွေ့ရှိရမဲ့ လျို့ဝှက်ဒိုင်မန်းရှင်း(လောကငယ်လေး)ဘုံ ရှိမယ့် နေရာ မှ မီတာ တစ်ရာ လောက် ကွာ နေသော်လည်း၊”

“ ယဲ့ယွီ သည် ဒါကို သိပ် တွေးမနေ ခဲ့ဘူး။”

“ မီတာ တစ်ရာ သက်သက် ကွာဟမှု က မပြောပလောက်ပါဘူး၊ ပုံမှန် ဖြစ်နိုင်တယ်။”

“ လင် အိုထျန်း သည် သုံးလ ကြာ ပြီးမှ ဒီကို လာမှာဆိုတော့ ဒီ အချိန် အတွင်းမှာ၊ လျှို့ဝှက် ဘုံ ၏ နေရာအနေအထား က အနည်းငယ် ရွှေ့လျား သွားနိုင်တာလား?”

“ ယဲ့ယွီ သည် တွန့်ဆုတ် ခြင်းမရှိတော့ဘူး၊ ပြီးတော့ ချက်ချင်း လျှို့ဝှက် ဘုံ ထဲသို့ ဝင်ရောက် သည်။”

“သို့သော်လည်း၊ ဝင်ရောက် ပြီးနောက်၊”

“ ယဲ့ယွီ သည် သူ လုံးဝကိုမှားနေတဲ့ လျှို့ဝှက် ဘုံ ထဲသို့ ဝင်ရောက် ခဲ့သည်ကို ချက်ချင်း သဘောပေါက် လိုက်သည်။”

“ဒီ လျှို့ဝှက် ဘုံ က မီးတွေအပြည့်လောင်ကျွမ်းနေသော မီးမုန်တိုင်းကမ္ဘာ ဖြစ်သည်။”

“ ပြင်းထန် သော ကောင်းကင် မီးလျှံ များသည် အရမ်း အားကောင်း သည်၊ မြေ နတ်ဘုရားအဆင့် မှာရှိတဲ့ ယဲ့ယွီ ပင် ၎င်းတို့ကို ခံနိုင် ဖို့ ရုန်းကန် ခဲ့ရသည်။ စစ်မှန် သော နတ်ဘုရားအဆင့် မှာရှိတဲ့ လင် အိုထျန်း ကတော့ မပြော နဲ့တော့။”

“ဒီ သားတော်က ဒီမှာ သေချာပေါက် သေ လိမ့်မယ်။ ဒီမှာ သူက ဘယ်လိုလုပ် အမွေ ရရှိ နိုင်မှာလဲ?”

“ ယဲ့ယွီ သည် တော်တော်လေး စိတ်မကျေနပ် ဖြစ်သွားရသည်၊ ပြီးတော့ ထွက်ခွာ ဖို့ နောက်ကို လှည့် သည်။”

“ဒါပေမဲ့ ရုတ်တရက် သူသည် လျှို့ဝှက် ဘုံ ၏ ဝင်ပေါက် က ပိတ် သွားပြီဆိုတာကို တွေ့ရှိ လိုက်သည်။”

“ အပြင် သို့ ထွက် ဖို့၊ သူသည် နောက်ထပ် နည်းလမ်း တစ်ခု ကို ရှာဖွေ ဖို့ လိုအပ်လိမ့်မည်။”

“ဒါက တကယ်ကို စိတ်ပျက် စရာကောင်းတယ်။”

“ ကောင်းကင် မီးလျှံ များသည် အရမ်း အားကောင်း သည်။ ယဲ့ယွီ သည် သူ့ကိုယ်သူ ကာကွယ် ဖို့ နည်းနည်းလေး ပဲ တတ်နိုင်တယ်။ သူသာ လျှို့ဝှက် ဘုံ ကို စူးစမ်း ချင်ရင်၊ အခက်အခဲ က စိတ်ကူး လို့ မရနိုင် ဘူး!”

“ဒါပေမဲ့ လက်ရှိ အခြေအနေ ကို ကြည့် ပြီး၊ အသက်ရှင်ဖို့ အပြင်ကိုထွက်ဖို့ ကြိုးစားတိုက်ခိုက် ခြင်းအပြင်၊ နောက်ထပ် ရွေးချယ်စရာ မရှိ တော့ပုံရသည်။”

“ ယဲ့ယွီ သည် သူ၏ စိတ် ကို တည်ငြိမ်အောင်ထားလိုက်ကာ အတွေးများကိုကြည်လင်လာစေသည်။”

“သူသည် ရှေ့သို့ စတင် တိုက်ခိုက် တော့မည့် အချိန် ၊ သူ ရုတ်တရက် ရပ် လိုက်သည်။”

“သူ၏ မျက်နှာ သည် စိတ်ပျက် ခြင်းဖြင့် ပြည့်နှက် နေသည်၊ သူ၏ စိတ် သည် အတွေးပေါင်း ထောင်ချီကာ လည်ပတ် နေသည်။”

“သူ့ရှေ့တွင်၊ ကောင်းကင် မီးလျှံ များမှ ဖွဲ့စည်း ထားတဲ့ ရုပ်ဆိုးဆိုး ဧရာမ မီးလျှံ နတ်ဆိုး အကောင် နှစ်ဆယ် ပေါ်လာ သည်။”

“ နတ်ဆိုး တစ်ကောင် ချင်းစီသည် မီတာ တစ်ရာ ကျော် မြင့် သည်။”

“သူတို့ပတ်လည်ရှိ နတ်ဘုရား ချီ စွမ်းအင် မှ ကြည့် လျှင်၊ ဒီ နတ်ဆိုး တစ်ကောင် ချင်းစီ၏ ခွန်အား သည် ရွှေရောင် နတ်ဘုရား ရှီးကျင်းရှီး ကို ကျော်လွန် သည်။”

“ ငါနိုးပဲကွာ !”

“ဒါက သက်သက်မဲ့ငါ့ကို သေခိုင်းတာ မဟုတ်ဘူး လား? ငါ ဘာထပ်လုပ်နိုင်မှာလဲ?”

“ ဆယ်သက်ရှူချိန် အကြာ တွင်။”

“ အိပ်မက် ပုံစံ သည် ရုတ်တရက် ကြေမွ သွားသည်။”

ယဲ့ယွီ သည် ဖြည်းဖြည်းချင်း သူ၏ မျက်လုံး များကို ဖွင့် လိုက်သည်။

ဒါပေမဲ့ သူသည် ဟုန်လွမ်း၏ ပန်းဆီရောင်သန်းနေသော မျက်နှာလှလှလေးက သူ့ဆီကို အရမ်း နီးကပ် နေတာကို ရုတ်တရက် တွေ့ရှိ လိုက်သည်။

သူတို့နှုတ်ခမ်းများသည် လက်ချောင်း တစ်ချောင်း အကျယ် လောက်သာ ကွာဝေးတော့ သည်။

ယဲ့ယွီ သည် သူမ၏ မျက်လုံး သူငယ်အိမ် ၏ အရောင် ကိုပင် ရှင်းရှင်းလင်းလင်း မြင် နိုင်ခဲ့သည်။

အဲဒီ အချိန် မှာ၊

သူတို့ နှစ်ဦး စလုံး ရုတ်တရက်ဘာလုပ်ရမှန်းမသိကြတော့ပဲ အေး ခဲသလိုဖြစ်နေသည်၊ အချိန်က ရပ်တန့် သွားသကဲ့သို့။

ယဲ့ယွီ ၏ မျက်လုံး များသည် ရှုပ်ထွေး မှုများဖြင့် ပြည့်နှက် နေသည်။

သူ ရုတ်တရက် နိုးထ သွားတာလား?

သူက ဘယ်လိုလုပ် ဟုန်လွမ်း ကို ဒီလောက် လှလှပပလေး နီးကပ် စွာ မြင် ရတာလဲ?

ဒါက အိပ်မက် ၏ ရလဒ် က အရမ်း ညံ့ဖျင်းလွန်းတာကြောင့် လျော်ကြေးပေး တဲ့ သဘောအနေနဲ့ ဝက်ဒရင်း(အိပ်မက်စို ရမက်ထစေသောလိင်မှုဆိုင်ရာအိပ်မက်)ထပ်မက်ပေးနေတာလား?

ဒါပေမဲ့ ဘာလို့ ဒီလောက် ပြင်းထန် တဲ့ ရမက်ကိုနှိုးဆွပေးတဲ့ မိန်းမအစစ်ရဲ့ ကိုယ်သင်း အနံ့ ရှိနေ တာလဲ?

ယဲ့ယွီ ၊ ရှုပ်ထွေး နေတုန်းပဲ၊ သူ၏ မျက်လုံး များကို ပိတ် သည်၊ ပြီးတော့ တစ်ဖန် ပြန်လည် ဖွင့် သည်။

ဒါပေမဲ့ ဒီ တစ်ခါ ၊ ဟုန်လွမ်း သည် ဆယ် လှမ်း အကွာ ရှိ ထိုင်ခုံ ပေါ်တွင် တည်ငြိမ်စွာ ထိုင် နှင့်ပြီးဖြစ်သည်။

သူမသည် အရမ်း တည်ငြိမ်နေ ပုံရသည်။

ဒါပေမဲ့ တုန်ခါ နေသော လက်ယာခြေထောက် နှင့် သူမ၏ မျက်နှာ ပေါ်ရှိ နီမြန်း မှုက သူမက၏ သရုပ်ဆောင်ရန်ကြိုးစားမှုကို သစ္စာဖောက်နေ ခဲ့သည်။

သံသယဖြစ်စရာမရှိ- ခုလေးတင် ဖြစ်ပျက် ခဲ့တာက အိပ်မက် မဟုတ်ဘူး။

ယဲ့ယွီ သည် ရုတ်တရက် မတ်တပ် ရပ် သည်။

အလျင်စလို မေး သည်၊ “ ဆရာသခင် ၊ ခုလေးတင် ဘာလုပ် နေတာလဲ?”

“ ဘာလုပ် နေတာလဲ? ငါ ဘာမှ မလုပ် နေဘူး။ ငါ ဒီမှာ ထိုင် နေတာ ပဲ ။”

“မင်း အရက်မူး နေတာပဲ ဖြစ်ရမယ်။ ဟင်း ဟင်း အဟွတ်....”

ဟုန်လွမ်း သည် တည်ငြိမ် နေဖို့ ကြိုးစားသည်။

ဒါပေမဲ့ သူမ၏ နှလုံးသား သည် ရှုပ်ထွေး နေသည်၊ အရှက်ရ လွန်းသည်အထိ ဖြစ်နေ သည်။

သူမသည် ယဲ့ယွီ ၏ မျက်တောင် များကို နီးကပ်စွာ ကြည့် ချင်ရုံပဲ။

ဒါပေမဲ့ သူမသည် မမျှော်လင့် ခဲ့ဘူး၊

သူ့မှာ မှော် စွမ်းအား အမျိုးအစား တစ်ခုခု ရှိပုံရသည်၊

သူမကို နည်းနည်းချင်းစီ သူ့အနားကပ်ချင်လာအောင် ဆွဲဆောင် နိုင်သည်။

ဝန်ခံ ရမည်မှာ ဟုန်လွမ်း ၏ နှလုံးသားတခုလုံး သည် ခဏတာ “ဘာကိုမှမသိတော့ပဲ ဆိုးပစ်ချင်သော.. ဆိုးသွမ်း ” တဲ့ အတွေး များဖြင့် ပြည့်နှက် နေခဲ့သည်။

ဒါပေမဲ့ သူမသည် ကောင်းကင် များကို ကျိန်ဆို သည်၊ သူမသည် ဒါတွေကို လက်တွေ့ လုပ်ဆောင် ခဲ့ခြင်း မရှိဘူး။

ခနနေတော့ လုပ်ရင်လုပ်မိတော့မှာပေါ့နော်။

ယဲ့ယွီ သည် ထိုမတိုင်ခင် နိုးထ နှင့်ပြီးဖြစ်သည်။

မိန်းမဆိုးလေးတယောက်၏ အလုပ် တစ်ခု ကို လုပ်နေ တာကို ဖမ်းမိ တာကြောင့်၊ ဟုန်လွမ်း သည် လုံးဝ အရှက်ရ ခဲ့သည်။

ဒါပေမဲ့ ယဲ့ယွီက မေး ခဲ့သည်၊

သူသည် ဘာဖြစ်ခဲ့လဲဆိုတာကို သေချာ မသိ ဘူး။

သူသေချာ မသိ တာကြောင့်၊ ဟုန်လွမ်း သည် ဒါကို သေ တဲ့အထိ ငြင်းပယ် လိမ့်မည်။

သူမသည် ဒီလို အရှက်ရ စရာကောင်းတဲ့ အရာ ကို သေချာပေါက် ဝန်ခံ မှာ မဟုတ်ဘူး။

ယဲ့ယွီ ၏ မျက်နှာ သည် နဲနဲလေး စိတ်ရှုပ်သလိုဖြစ်သွားသည်။

ရိုးသားစွာ ပြောရရင် ၊ သူသည် သူ၏ သခင် ၊ ဟုန်လွမ်း သည် လိမ် ရာတွင် တကယ်ကို စိတ်ပျက် စရာကောင်းတယ်ဆိုတာကို သဘောပေါက် လိုက်သည်။

သူမ၏ ခြေထောက် က ဘဲလေး ကခြေသည်တယောက် ကပြ ဖျော်ဖြေ နေသကဲ့သို့ ပင်တဆတ်ဆတ် တုန်ခါ နေသည်။

ပြီးတော့ သူမသည် ဘာမှ မလုပ် ဘူးလို့ ပြောတာလား?

ဒါက လုံးဝ လှည့်စား ခြင်း မဟုတ်ဘူး လား?

ယဲ့ယွီ သည် လျှောက် သည်။

ဟုန်လွမ်း ၏ ပြီးပြည့်စုံ သော မျက်နှာ ကို ကြည့် သည်။

သူမသည် စိတ်ပူ နေသည်၊ ပြီးတော့ သူမ၏ နီမြန်း မှုက ပိုပြီး နက်ရှိုင်း သွားသည်။

သူတို့ ဘာမှ မသိ တာကတော့၊

ဒီ အချိန် မှာပဲ၊ ယဲ့ယွီ ၏ ဇနီး ရှစ် ဦး သည် ဝါး အိမ် အပြင်ဘက် မှာ ဘောလုံးကန်ခါနီး တသင်းလုံးသွေးပူလေ့ကျင့်ခန်းလုပ်သည့်အထာမျိုးဖြင့် စုဝေး နေကြပြီ။

၃၉၃ ဆက်ရန်

All Chapters