အခန်း (၃၉၁)
Vol. 16 Ch. 391
ချင်းယွမ် ဂိုဏ်း ၏ လက်ငါးချောင်းတောင်ထိပ် ပေါ်တွင်။
ဟုန်လွမ်း သည် သူမ၏ ပုံရိပ်ကို ဖုံးကွယ် ထားသည်၊ လက်ငါးချောင်းတောင်ထိပ် တစ်လျှောက် တိတ်ဆိတ် စွာ လျှောက် နေသည်။
သူမ ယဲ့ယွီ ကို နောက်ဆုံး တွေ့ ခဲ့ကတည်းက ခုထိ ခုနစ်ရက် တိတိ ကြာခဲ့ပြီ။
ဒီ အချိန် အတွင်း၊
ဟုန်လွမ်း သည် တောင်ပေါ်တွင် လှည့်ပတ်ကာလမ်းလျှောက်နေသည်၊ သူမ ကြိုက်လှသော ဝိုင်ကို သောက် ချင်စိတ် မရှိ၊ လောင်းကစားနှင့် ဝိညာဉ် ကျောက်တုံး များကိုပင် ဂရုမစိုက်တော့ဘူး။
သူမ၏ စိတ် သည် ရုပ်ရှင်ပိတ်ကားပြသည့်နှယ်ပင် ယဲ့ယွီ ၏ ပုံရိပ်ဖြင့် ပြည့်နှက် နေသည်။
ဒါက လူတွေက သတိရ တယ်လို့ တင်စား ခေါ် တာ ဖြစ်နိုင်တယ်။
မူလက၊ ဟုန်လွမ်း သည် အချစ်ကိုတကယ်စတွေ့တော့ နည်းနည်းပဲ ခက်ခဲ တယ်လို့ ခံစားခဲ့ရသည်၊
ဒါပေမဲ့ သူမ ယဲ့ယွီ သည် ရှဲ့မူလင် နှင့် ထူအိုပါ ချီယွဲ့ တို့နှင့် တာအို စုံတွဲ များ ဖွဲ့စည်း ထားပြီးဖြစ်သည်ကို သိရှိ လိုက်သောအခါ၊
ဟုန်လွမ်း သည် ချက်ချင်း အပျိုပေါက်စလေးကဲ့သို့ တည်ငြိမ် မှု ပျောက်ဆုံး သွားသည်။
ကောင်းပြီ၊ ယဲ့ယွီသည် လက်ငါးချောင်းတောင်ထိပ် ၏ အချောဆုံးအလှဆုံး အတည်ငြိမ် ဆုံး စီနီယာအစ်မ များ အားလုံး ကိုပင် အချစ်တိုက်ပွဲတွင် အနိုင် ယူနိုင် ခဲ့သည်။
ပြီးတော့ အခု၊ ဆရာသခင် တစ်ဦး အနေဖြင့် သူမ၏ နှလုံးသားသည်ပင် ကုလားဘုရားပွဲနှင့် တရုတ်နှစ်သစ်ကူး ပူးပေါင်းကျင်းပနေသလို ဖြစ်လာသည်။
မဟုတ်ဘူး ၊ ဒီလို ဆက်ပြီး မဖြစ်နိုင် ဘူး၊ ဒါကို ဖြစ်ဖို့ သူမ လုံးဝ ခွင့်မပြု နိုင်ဘူး။
ဒါ့အပြင်၊ ဟုန်လွမ်း သည် သူမကိုယ်သူမအတွက် တပည့်များနှင့် အချစ်လုပွဲဝင်ရန် ဆင်ခြေပေးစရာ အကြောင်းပြချက် တစ်ခု ပင် တွေ့ရှိ ခဲ့သည်-
သူမသည် ပိုင် မြောင်လင် ကို စိတ်ဆိုး နေသည်။
ဒီ အမျိုးသမီး က အဓိက ဇနီး ဖြစ်ချင်တာလား? ငါက ဒီကလေးမကို ငါ့ရဲ့တပည့်နှလုံးသားနဲ့ပတ်သတ်တဲ့ ပွဲမှာ အရှုံးမပေးနိုင်ဘူး။
ဒါကြောင့်၊ ဟုန်လွမ်း သည် ဇနီး ရာထူး အတွက် တိုက်ခိုက် နေတာ မဟုတ်ဘူး၊ သူမ၏ မာန အတွက် တိုက်ခိုက် နေတာ။
သူမသည် ပိုင် မြောင်လင် ကို ပြသ ချင်သည်၊
သူမ ယှဉ်ပြိုင် ချင်ရင်၊ ဘယ်သူက သူမနဲ့ မယှဉ်ပြိုင် နိုင်မှာလဲ၊ကြောက်နေရမှာလဲ?
ဒါပေါ့၊ ဒီ အကြောင်းပြချက် က တမင်လုပ်ယူနေတာဖြစ်၍ နည်းနည်း အားနည်း သည်၊
ဒါပေမဲ့ ဘာဖြစ်လဲ ? ဟုန်လွမ်း သည် ယဲ့ယွီ၏ ချစ်သူဖြစ်လာခြင်းသည်၊ သူမကိုယ်သူမအတွက် ကောင်း တယ်လို့ ခံစားရသည်။
မကြာခင်မှာ၊
ဟုန်လွမ်း သည် ယဲ့ယွီ ၏ ဝါး အိမ် အပြင်ဘက် သို့ ရောက်ရှိခဲ့သည်။
ဘယ်သူမှ မရှိတာကို မြင်တော့၊ သူမသည် သူမ၏ ခါး မှ ဝိုင် ပုလင်း ကို ချက်ချင်း ယူ သည်၊ ပြီးတော့ မြိန်မြိန်ရှက်ရှက် သောက် သည်။
ထို့နောက်၊ သူမသည် အတွင်းသို့ တည့်တည့် ဝင်သွား သည်။
သူမသည် စိတ်ဆုံးဖြတ် ထားပြီးပြီ—သူမက သူ့ကို ကြိုက် ရင်လဲ ဘာဖြစ်သေးလဲ၊ သူမသည်အရမ်းလှ အရမ်းတော်သောသူ ဖြစ်သည်၊ နဲနဲလောက်လောကကြီး၏ စည်းမျဉ်းကိုချိုးဖောက်လဲ သူမ၏အလှကြောင့် ခွင့်လွှတ်ကြလိမ့်မည် ?
သူမသည် ယဲ့ယွီ လည်း သူမကို ကြိုက် တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည် သည်။
ဒါပေမဲ့ ဟုန်လွမ်း သတိမထားမိခဲ့တာ တခုရှိတယ်၊
ဒီ အိမ် ထဲ ကိုခိုးဝင်ဖို့ ပြင်ဆင်နေတဲ့ နောက်ထပ် လူ တစ်ဦး လည်း ရှိတယ်၊ သူက ဖြစ်ပျက်နေတာ အားလုံး ကို မြင်လိုက်ရသည်။
ဝါး အိမ် ထဲသို့လှမ်း ဝင် လိုက်တော့၊ နွေးထွေးမွှေးပျံ့ယောကျာ်းဆန်တဲ့ အငွေ့သက်ကြောင့်
ဟုန်လွမ်း သည် အပြုံး တစ်ခု ကို မဖော်ပြဘဲ မနေနိုင်ခဲ့ဘူး။
မျှော်လင့်ထားသည့်အတိုင်း၊ သူမ ခန့်မှန်း ခဲ့သည့်အတိုင်းပဲ။
ယဲ့ယွီ သည် ပုန်းအောင်း နေခြင်း မရှိ၊ သူသည် အိပ်နေ သည်။
ကောင်းပြီ၊ ဒါက အရာ တွေကို ပိုပြီး လွယ်ကူ စေသည်။
ဒါက သူမ၏ ခံစားချက် များကို ဖော်ပြ ဖို့ အကောင်းဆုံး နည်းလမ်း ပဲ။
သူမသည် သူ့ကို တိုက်ရိုက် နိုးကာ ချစ်ခြင်းမေတ္တာပလီပလာများ အစပြု လိုက်လို့ ရသည်။
သို့သော်လည်း၊ ဟုန်လွမ်း သည် ယဲ့ယွီ ၏ ဘေးသို့ လျှောက် သည်၊ ပြီးတော့ သူမ၏ လက်ကို လှမ်းကိုင်ရန် မြှောက် သောအခါ၊ သူမသည် တွန့်ဆုတ်နေ ခဲ့သည်။
ငြိမ်းချမ်း သော အိပ်မက် မှ တစ်စုံတစ်ယောက် ကို နိုး တာက သိပ် သင့်လျော် ပုံ မရဘူးလား?
ဒါပေမဲ့ ရိုးသားစွာ ပြောရရင် ၊ ယဲ့ယွီ သည် အိပ်နေ သောအခါ တော်တော်လေး ချစ်စရာ ကောင်းပုံ ရသည်။
အထူးသဖြင့် သူ့၏ မျက်တောင် များ၊ အရမ်း ရှည် ပြီး သူမကို ပင်မနာလို ဖြစ်စေသည်။
ပြီးတော့ ဒီ အပြင်ဘက် က အရာအားလုံး အတွက်၊
ယဲ့ယွီ သည် လုံးဝ မသိ ရှိသေးဘူး။
သူ၏ အိပ်မက် သည် ဆက်လက် ဖြစ်ပေါ် နေတုန်းပဲ!
---
နှစ်ရက် ကြာ ပြီးနောက်၊ ယဲ့ယွီ သည် ကောင်းကင် နတ်ဘုရားအဆင့် သို့ တိုးမြှင့် ဖို့ အခွင့်အရေး တစ်ခု ကို ရှာဖွေ ရန် ဝူဝေ မျှော်စင် မှ ထွက်ခွာဖို့ တစ်ဖန် ပြန်လည် ပြင်ဆင် နေသည်။
သူ၏ ထွက်ခွာ မှုမတိုင်မီ၊ နတ်ဘုရားဂိုဏ်း တစ်ခုလုံးက သူ့ကို နှုတ်ဆက် ပို့ဆောင် ခဲ့သည်။
နတ်ဘုရားဂိုဏ်း တစ်ခုလုံးဆိုတော့ ခမ်းနား တယ်လို့ထင်စရာပဲ ၊ ဒါပေမဲ့ လက်တွေ့ မှာ၊ ဒါက လူ နှစ်ဦး နှင့် မျောက် တစ်ကောင် သာ ဖြစ်သည်။
မျောက် ၏ နဖူး ပတ်ပတ်လည်တွင် ပတ်တီး တစ်ခု ကို စည်းနှောင် ထားသည်။
ရှီးကျင်းရှီး နှင့် နောက်ဆုံး တိုက်ပွဲ အတွင်း၊
စစ်ကောင်းကင်မည်းရောင် မျောက် အာကုန်း သည် တကယ်ကို ကြီးမား တဲ့ သတ္တိ နှင့် စွမ်းအား ကို ပြသ ခဲ့သည်။
နောက်ဆုံးတော့ ၊ ရွှေရောင် နတ်ဘုရား အဆင့် ရှိတဲ့ ကျွမ်းကျင်သူ တစ်ဦး ကို ခေါင်း မှ ဆွဲကိုင် ပြီး မျက်နှာ ကို ရိုက် ရဲတဲ့ ကောင်းကင် နတ်ဘုရား အဆင့် ရှိတဲ့ သားရဲ ဘယ်နှစ်ကောင် ရှိသလဲ?
ဒါက အာကုန်း ရဲ့ ဇာတ်လမ်းတခုလုံးမှာ တောက်ပ တဲ့ အချိန် လို့ ယူဆ နိုင်တယ်။
ကံမကောင်းစွာနဲ့၊ ဒါက စက္ကန့် အနည်းငယ် တောင် မကြာ ခဲ့ဘဲ သူ ရိုက်နှက် ခံရသည်။
ဒါပေမဲ့ ငြင်းပယ် လို့မရတာက၊ ဒါက အတော်လေးကို မိုက်တဲ့အချိန် တစ်ခု ပဲ။
ရွှေရောင် နတ်ဘုရား ကျွမ်းကျင်သူ တွေက တကယ်ကို အရမ်း အားကောင်း တယ်လို့ မပြောဘဲ မနေနိုင်ခဲ့ဘူး။
ဒါက အာကုန်း ကို နည်းနည်း ဒဏ်ရာများရရှိ ခံစား ရစေခဲ့သည်။
အခု၊ ဒဏ်ရာ က အများစု ပျောက်ကင်း နေပြီဖြစ်သော်လည်း၊
သူ့၏ နဖူး ပေါ်က ပတ်တီး က ဆက်ပြီး ရှိနေသည်၊ ပြီးတော့ ဖယ်ရှား ဖို့ ရည်ရွယ်ချက် မရှိဘူး။
ဘာလို့လဲဆိုတော့ အာကုန်း က ဒါက သူ့ကိုမျောက်သူရဲကောင်းကြီးလိုခံစားရစေပြီး ခန့်ညား တယ်လို့ ထင် သောကြောင့်ပဲ။
ဒီ အရာ အတွက်၊ ယဲ့ယွီ နှင့် ရှန်ကွမ်ကျူကျူ တို့ကလဲလွှတ်ထားပေးလိုက်တယ်။
နောက်ဆုံးတော့ ၊ ဒီလို မျောက်လေးစိတ်ချမ်းသာရင် နတ်ဘုံတခုလုံးအေးချမ်းတယ်လေ?
သူ ပတ်တီး ဝတ်ချင်ရင်၊ ဝတ်ပါစေ။
ပြီးတော့ အမည်းရောင် အမွေး နှင့် အဖြူရောင် ပတ်တီး ၊ အမည်း နှင့် အဖြူ ၊ ဒါက တကယ်ကို ဂန္တဝင် အရောင် ပဲ။
ဒီ တစ်ခါ ၊ ထွက်ခွာ သောအခါ၊ ရှန်ကွမ်ကျူကျူ နှင့် အာကုန်း တို့သည် မူလက ယဲ့ယွီ နှင့်အတူ ထွက်ခွာ ဖို့ စီစဉ်ခဲ့သည်။
ဒါပေမဲ့ သူက သူတို့ကို ငြင်းပယ် ခဲ့သည်။
ယဲ့ယွီ၏ လက်ရှိ ခွန်အား အတော်လေးထပ်ပီးကြီးမားလာပြီဖြစ်၍ အာကုန်း ၏ ကာကွယ်မှု ကို တကယ် မလိုအပ် တော့ဘူး။
အစားထိုးအနေနဲ့၊ ရှန်ကွမ်ကျူကျူ ကို ကာကွယ် ဖို့ အာကုန်း ကို ထားခဲ့တာက ပိုပြီး ထိရောက် လိမ့်မယ်။
ရှန်ကွမ်ကျူကျူ သည် စိတ်မပါ ့တပါ ဖြစ်သည်။
သူမသည် နည်းနည်း စိတ်ပူ နေသည်၊ ပြီးတော့ လေးနက်စွာ ပြောသည်၊ “ရှင် ဘယ်ကိုပဲ သွား သွား၊ နှလုံးသား ရှာဖွေ ခြင်း လက်စွပ် ကို မချွတ်ပါနဲ့။”
“ရှင်ရဲ့ တည်နေရာ ကို ကျွန်မကို သိပါရစေ၊ အဲ့လိုဆိုရင်တော့ ကျွန်မ ပိုပြီး စိတ်အေး လိမ့်မယ်။”
ယဲ့ယွီ သည် ခေါင်းညိတ်သည်၊ ပြီးတော့ ပြောသည်၊ “ စိတ်မပူ ပါနဲ့ သဲလေးရေ ၊ ကို နှစ်လ တစ်ခါ ပြန်လာ လိမ့်မယ်။ ကို့ကို စိတ်ရှည် စွာ စောင့် ပါ။”
“ဒါ့အပြင်၊ ဘာပဲ ဖြစ်ဖြစ် ၊ သိပ် အလွန်အကျွံ မတွေး ပါနဲ့။”
“သဲရဲ့ အနာဂတ် က ကောင်းကင်ဘုံ ဘုံ ရဲ့ အထွတ်အထိပ် ကို ရောက်နိုင်တယ်။ ဒီ အခွင့်အရေး ကို မဖြုန်းတီး ပါနဲ့။”
နောက်ဆုံး စကားလုံး နှစ်လုံး ကို သူ၏ နှလုံးသား နှင့် နှလုံးသား ချင်း ဆက်သွယ်မှု ကို အသုံးပြုပြီး ထုတ်လွှတ် ခဲ့သည်။
သူသည် အန္တရာယ် က နေရာတိုင်း မှာ ရှိနေတယ်ဆိုတာကို သဘောပေါက် နှင့်ပြီးပြီ၊ ဒါကြောင့် ရှန်ကွမ်ကျူကျူ နှင့် စကားအလွန်အကျွံမပြောတာက ပိုကောင်းသည်။
မမျှော်လင့်တဲ့ အဖြစ်အပျက် များ ဖြစ်ပွား ခဲ့ရင်၊ သူမသည် ကောင်းကောင်း နေထိုင် ပြီး သူ့အတွက်ကိုယ့်ကိုကိုအဆုံးစီရင်ပြီး မသေ ဖို့ သူ မျှော်လင့်ခဲ့သည်။
နောက်ဆုံးတော့ ၊ အနာဂတ် ပြောင်းလဲ တိုင်း၊ ရှန်ကွမ်ကျူကျူ သည် မကြာခဏ အောက်ချင်းငှက်မလို လင်နောက်လိုက်ပီး အဆုံးသတ်မဲ့ လမ်းကြောင်း ကို ရွေးချယ် လိမ့်မယ်။ ဒါက သတိထား ရမယ့် အရာ ပဲ။
သူမ အလွန်အကျွံ မတွေး သရွေ့၊ ကောင်းကောင်း နေထိုင် ပြီး အနာဂတ် ကောင်းကင် ဧကရာဇ် အဆင့်ကိုရောက်ဖို့ အတွက် ကြိုးစား သရွေ့၊ ပြဿနာ ရှိမှာ မဟုတ်ဘူး။
ဒါက အိပ်မက် ဖြစ်ရင်တောင် ၊ ဒါက တန်ဖိုးရှိတဲ့ အတွေ့အကြုံ ပဲ။ နိုးထပြီးနောက်၊
သူသည် အဆင့်များစွာကို ချိုးဖျက်ပြီး ပိုပြီး လျင်မြန်စွာ တက် နိုင်တယ်။
ဒါကို မဖြုန်းတီး သင့်ဘူး။
သို့သော်လည်း၊ ဒီ စကားလုံး နှစ်လုံး က ရှန်ကွမ်ကျူကျူ ကို စိတ်ပူ စေသည်။
ဘာလို့ ဒါက သူ၏ နောက်ဆုံး စီစဉ်မှု များကို လုပ်ဆောင် နေသလို ခံစားရတာလဲ?
ရှန်ကွမ်ကျူကျူ သည် ပြောသည်၊ “ရှင် သေ ခဲ့ရင်၊ ကျွန်မ တစ်ယောက်တည်း အသက်မရှင် နိုင်ဘူး။ မသွား ပါနဲ့၊ ရမလား ?”
ဒါက ယဲ့ယွီ ကို ဒါကို ပြောခဲ့ တာကို နောင်တ ရစေသည်။
သူသာ သိခဲ့ရင်၊ သူ ဒါကို ပြော ခဲ့မှာ မဟုတ်ဘူး။
ဒါကြောင့်၊ ယဲ့ယွီ သည် သူမကို ထပ်တလဲလဲ စိတ်ချ စေသည်၊ ဒါက ကျပန်း ဒီတိုင်း ပီးပီးရော အလာပ္ပသလာပ ပြောဆိုမှု တစ်ခုပဲ၊ လေးနက်စွာ မယူဖို့ ပြောခဲ့သည်။
ထို့နောက်၊ သူသည် ဝူဝေ မျှော်စင် မှ အလျင်အမြန် ထွက်ခွာ သည်။
မျက်တောင် တစ်မှိတ် အတွင်း၊ သူသည် ပျောက်ကွယ် သွားသည်။
သူ ထွက်ခွာ ပြီးနောက်၊ ရှန်ကွမ်ကျူကျူ သည် စိတ် မအေးမသာ ရှိနေ တုန်းပဲ၊ ယဲ့ယွီ အပြင် မှာ ရှိနေ တုန်း တစ်ခုခု ဖြစ်ပျက် လိမ့်မယ်လို့ အမြဲ ခံစား နေရသည်။
သူမ၏ သူငယ်ချင်း ၊ ကျူအိုလန်ချင် သည် အားမလိုအားမရ ဖြစ်နေ ပြီး ပြောသည်၊ “ ကောင်းပြီ ကောင်မလေးရေ ၊ သူ့ကို မီးပြင်းဖိုကြီးလို တောက်လျောက်စိတ်ပူ တာ ရပ် လိုက်တော့။”
“မင်းရဲ့ ခင်ပွန်း က ရွှေရောင် နတ်ဘုရား တစ်ပါး ကိုတောင် ဝိညာဉ်ပါမကျန် အပြောင်ရှင်း အနိုင်ယူ နိုင်တဲ့ ထိပ်ခေါင် ဆရာ့ဆရာကြီး ပဲ။”
“ဒီ နတ်ဘုရား ချီ ပြန်လည် ရှင်သန် ခြင်းရဲ့ အဆင့် မှာ၊ အမြင့်ဆုံး နတ်ဘုရား က ရွှေရောင် နတ်ဘုရား အဆင့် မှာပဲ ရှိတယ်။”
“သူက အခြားသူ များကို လိုက်ပီးရန်စနေတာမှ မဟုတ်တာ; ဘယ်လိုလုပ် အန္တရာယ် ရှိနိုင်မှာလဲ? စိတ်လျှော့ လိုက်ပါ။”
ရှန်ကွမ်ကျူကျူ သည် ဒီအရာမှာ အမှန်တရား အချို့ ရှိတယ်လို့ ခံစားရသည်၊ ဒါပေမဲ့ သူမသည် တည်ငြိမ် လို့ မရခဲ့ဘူး။
သူတို့သည် ဂိုဏ်း သို့ ပြန်လာ တော့မည့် အချိန် ။
မျက်နှာ အေးစက် သော လူငယ် တစ်ဦး ရုတ်တရက် ပေါ်လာ သည်။
ဒီအရာကို မြင်တော့၊
အာကုန်း သည် ရှန်ကွမ်ကျူကျူ နှင့် ကျူအိုလန်ချင် တို့၏ ရှေ့တွင် အလိုအလျောက် ရပ် သည်။
သူသည် အော်ဟစ် သံ အနိမ့် တစ်ခု ကို ထုတ်လွှတ် သည်။
မရင်းနှီး သော နတ်ဘုရား ကို အမြန် ထွက်ခွာ ဖို့ သတိပေး ချင်သည်။
လူငယ် သည် သူ၏ မျက်ခုံး ကို အနည်းငယ် မြှောက် သည်။ အသက်မပြည့် သေးတဲ့ စစ်ကောင်းကင်မည်းရောင် မျောက် က အလယ်အလတ် ကောင်းကင် နတ်ဘုရား အဆင့် တွင် ရှိနေပြီ—တကယ်ကို ရှားပါး သည်။
ဒါပေမဲ့ သူသည် မည်သည့် ကြောက်ရွံ့မှု ကိုမှ မပြခဲ့ဘူး။ အစားထိုးအနေနဲ့၊ သူသည် ဂိုဏ်း စာရွက်စာတမ်း တစ်စောင် ကို ထုတ်ယူ သည်။
ဂိုဏ်းမိတ်ဆက်ကြော်ငြာစာရွက် ကို ညွှန်ပြ ပြီး၊ သူသည် ပြောသည်၊ “ဒီ အသစ် တည်ထောင် ထားတဲ့ နတ်ဘုရား ဂိုဏ်း က ရွှေရောင် နတ်ဘုရား တစ်ပါး ကို သတ် ခဲ့တာ မှန် သလား?”
ဒီအရာကို ကြားတော့၊ ကျူအိုလန်ချင် သည် သူ ဂိုဏ်း ကို ဝင် ချင်တယ်လို့ တွေး လိုက်သည်။
စိတ်လှုပ်ရှား စွာနဲ့၊ သူမသည် ပြောသည်၊ “ သေချာ တာပေါ့ မှန် တာပေါ့၊ ငါတို့က ရိုးသား တယ် မမှန်တာကို မပြောဘူး! နတ်ဘုရား မိတ်ဆွေ ၊ ငါတို့ ဂိုဏ်း ကို လာ ဝင် ပါ! ဒီမှာရမဲ့ အကျိုးကျေးဇူး တွေက မြင်းမိုရ်တောင်လိုပဲ ကြီးမား တယ်။”
“ဒါနဲ့၊ သင့်ရဲ့ နာမည် က ဘာလဲ? ကျွန်မကို မှတ်ပုံတင် ခွင့်ပြုပါ။”
လူငယ် သည် ညင်သာစွာ ပြောသည်၊ “ မို မိသားစု ၊ မို ကျူမင် ။ ဂိုဏ်း ကို ဝင် တာအတွက်ကတော့၊ ထား လိုက်တော့။ သေဆုံး သွားတဲ့ ရွှေရောင် နတ်ဘုရား နာမည် က ရှီးကျင်းရှီး ဟုတ်မဟုတ် ဆိုတာကို ကျွန်တော် အတည်ပြု ချင်ရုံပဲ။”
“ စိတ်မပူ ပါနဲ့၊ ကျွန်တော်က လက်စားချေ ဖို့ လာ တာ မဟုတ်ဘူး။ သူ တကယ် သေ သွားပြီလားဆိုတာကို အတည်ပြု ချင်ရုံပဲ။”
“သူ မသေ သေးရင်၊ ကျွန်တော်က အလုပ် ကို ပြီး အောင်ဆက်လုပ်ရဖို့ရှိလို့ပါ!”
၃၉၂ ဆက်ရန်