ဆရာ့လိုပင် လောကကျင့်ကြသူ
Vol. 35 Ch. 514
"မစ်ရှင်လား"
လုယန် တွေးရခက်သွားသည်။ ဘာကြောင့် မစ်ရှင်အတွက် သူ့ကိုလာခေါ်နေသနည်း။
"ဟုတ်တကယ် အကိုလု။ အကိုက အတော်အတွေ့အကြုံများပြီး အပြင်လောကကို မကြာခဏခရီးထွက်နေတဲ့လူလေ။ ဒီတော ဂိုဏ်းမစ်ရှင်ဆောင်ရွက်တဲ့အလုပ်က အကို့အတွက် လွယ်လွယ်လေးပါပဲ။
ကျွန်မတို့ရဲ့ ပထမဆုံးမစ်ရှင်ကို မှတ်မိသေးလား။ အရေပြားသရဲကို ဖမ်းခဲ့တာလေ။ အကို့ကြောင့်သာမဟုတ်ရင် ဒီမကောင်းဆိုးဝါးလွတ်သွားမှာ။
အဲဒါပြီးကတည်းက ကျွန်မဘာသာ မစ်ရှင်နည်းနည်းထွက်ခဲ့တယ်။ မစ်ရှင်အားလုံးအောင်မြင်ခဲ့ပေမယ့် ခရီးစဉ်က သိပ်မချောမွေ့ဘူး။ ကံနဲ့ အများကြီးသက်ဆိုင်တယ်။
ဒါကြောင့် ဒီမစ်ရှင်အတွက် အကိုကျွန်မနဲ့အဖော်လိုက်ပေးနိုင်မလား သိချင်တာပါ"
လုယန် အံ့ဩသွားသည်။
"ဂိုဏ်းတပည့်တိုင်း တစ်နှစ်ကို မစ်ရှင်နှစ်ခုပြီးအောင်လုပ်ရတယ်။ ညီမထောင်၊ မင်းက သတ်မှတ်ချက်ပြည့်ပြီးသားမဟုတ်လား။ ပြီးတော့ မင်းရောင်းနေတဲ့ အိပ်မက်ရေပွက်တွေလည်း အရမ်းလူကြိုက်များတယ်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသတွေတောင် မင်းလောက်မချမ်းသာဘူး။ ကျိုးဆောင်မှတ်လည်း မင်းမလိုအပ်ဘူး။ ဘာလို့ အပြင်ကို မစ်ရှင်ထွက်ချင်တာလဲ"
ထောင်ယော်ယဲ့ တခစ်ခစ်ရယ်သည်။
"နတ်ဆိုးတွေသတ်ပြီး မကောင်းဆိုးဝါးတွေ နှိမ်နှင်းဖို့ပဲပေါ့။ လမ်းမှန်ဂိုဏ်းရဲံ တပည့်တွေအနေနဲ့ လောကကြီးရဲ့တရားမျှတမှုရှိအောင် ကူညီတည့်မတ်ပေးရမှာပဲမဟုတ်လား"
"ဟုတ်ပါတယ်လေ"
"ဒါဆို အကိုလု ကျွန်မနဲ့လိုက်မလား"
ထောင်ယော်ယဲ့က လက်နှစ်ဘက်နောက်ပစ်၍ ခန္ဓာကိုယ်ကိုရှေ့သို့ကိုင်းပြီး မျှော်လင့်ရိပ်သန်းနေသည့်အကြည့်ဖြင့် မေးသည်။
လုယန် စဉ်းစားသည်။ ပြီးခဲ့သည်သုံးလလုံး ရွှေသန္ဓေနောက်ဆုံးအဆင့်ရောက်ဖို့သာ အာရုံစိုက်ခဲ့သည်။ မုန်ကျင်းကျိုးလာခေါ်သည်ကိုပင် အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်။ ထောင်ယော်ယဲ့နောက်ကိုလိုက်ဖို့ သဘောတူလိုက်လျှင် ခင်မင်စိတ်ထက် နှာဗူးစိတ်ပိုများသည်ဟု စွပ်စွဲခံရတော့မည်။
"သွားကြစို့"
လောကကျင့်ကြံသူဝစီပိတ်၏ တပည့်အနေဖြင့် လုယန်လည်း ထိုလမ်းစဉ်သာလိုက်ည်။
လောကကျင့်ကြံသူများသည် ကျင့်ကြံမှုတစ်ခုတည်းကို အမြဲအာရုံစိုက်မနေတတ်။ ဂိုဏ်းအပြင်သို့ မစ်ရှင်ထွက်၍ လောကအတွေ့အကြုံရှာသည်မှာ သဘာဝကျသည်။
"ကောင်းတယ်"
ထောင်ယော်ယဲ့ ပျော်သွားသည်။
"ခဏနေဦး။ လောင်မုန်လိုက်မလားလို့ သွားမေးဦးမယ်"
ထောင်ယော်ယဲ့က အထာသိပြီးဟန်ဖြင့် ပြုံးသည်။
"အကိုမုန်ကို ကျွန်မမေးခဲ့ပြီးပါပြီ။ တံခါးပိတ်ကျင့်နေလို့ အချိန်မပေးနိုင်ဘူးတဲ့"
"ဪ သိပြီ။ ဒါဆို သွားကြစို့"
လုယန် နည်းနည်းစိတ်ပျက်သွားသည်။ ဤခရီးကို မြင်းရထားဖြင့်သွားမည်ဟု သူတွေးထားခဲ့သည်။
အောင်သွယ်တော်အုပ်စုကို ဝစီပိတ်က ကြိုတင်ရှင်းလင်းခဲ့၍သာ တော်တော့သည်။ ထိုသို့မဟုတ်လျှင် လုယန်အပြင်ထွက်ချိန်တွင် စုစည်းခြင်းကျင့်ကြံသူများ သူ့နားသို့ဝိုင်းအုံလာကြမည်။ သူတို့တပည့်မများ၊ သမီးများ၊ မြေးမများနှင့် မဲဆွယ်ကြပေလိမ့်မည်။
လှေပျံပေါ်တွင် သူတို့မစ်ရှင်အကြောင်း လုယန်စုံစမ်းသည်။
"ဒီကိစ္စက ယွန်ကျိုးပြည်နယ်၊ ချင်ရွှေဒေသ ယွမ်ဟဲမြို့က သခင်စုန့်အိမ်မှာ စဖြစ်ခဲ့တာပါ။ သူ့အိမ်မှာ နေ့တိုင်း ညာဉ့်သန်ခေါင်းရောက်လျှင် ထူးဆန်းသည့်အသံများထွက်လာသည့် ပန်းချီကားတစ်ချပ်ရှိနေသည်။ ကျင့်ကြံသူလေးငါးယောက် သခင်စုန့်အိမ်ကို ခေါ်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ ပန်းချီကားပြဿနာကို မရှင်းနိုင်ဘူး။ နောက်ဆုံးကျင့်ကြံသူက ဒီပန်းချီကားဟာ သာမန်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းရည်နဲ့ ဖြေရှင်းလို့မရဘူးလို့ပြောပြီး မသေမျိုးဂိုဏ်းဆီက အကူအညီတောင်းဖို့ သခင်စုန့်ကို အကြံပြုတယ်"
"သဘောပေါက်ပါပြီ"
လှေပျံက ချင်ရွှေဒေသတွင် ရပ်တန့်သည်။ နှစ်ယောက်သား မြင်းကိုယ်စီငှား၍ ယွမ်ဟဲကောင်တီသို့ ခရီးဆက်သည်။
ယွမ်ဟဲသို့ရောက်သည်နှင့် မြင်းများကို တစ်ချက်ပုတ်လိုက်သည်။ မြင်းနှစ်ကောင်က ငှားလိုက်သည့်သခင်ထံ လာရာလမ်းအတိုင်း ပြန်ပြေးသွားသည်။
"သခင်စုန့်အိမ်ကို သွားကြမလား"
လုယန် ခေါင်းခါသည်။
"စိတ်မလောပါနဲ့။ အရင်ဆုံး သခင်စုန့်တို့မိသားစုအကြောင်း နည်းနည်းစုံစမ်းကြတာပေါ့"
"ကောင်းပြီလေ"
ထောင်ယော်ယဲ့သည် ဂိုဏ်းဝင်စအချိန်ကနှင့် အတော်ကွဲပြားနေပြီဖြစ်သည်။ အရင်ကတည်းက သူ့အလှသည် ငြင်းစရာမရှိပါ။ သို့သော် အပြစ်ကင်းသည့် ငယ်မူငယ်သွေးမျိုး ရှိခဲ့သည်။ သို့သော်ယခု ဆယ့်ရှစ်နှစ်ပြည့်ပြီဖြစ်၍ သူ့အလှကခမ်းနားလာသည်။ ညှို့အားပြင်းလာသည်။ လမ်းတွင် လူပေါင်းများစွာ အာရုံစိုက်ခ့၇သည်။
သူတို့နှစ်ယောက်လုံး ထူးခြားသည့်ဟန်ပန်ရှိသဖြင့် လူအများကရှိန်ကြသည်။ ထောင်ယော်ယဲ့ကို ရိသဲ့သဲ့လာလုပ်သူမရှိ။
"ဆိုင်ရှင်၊ ပေါက်စီနှစ်ပွဲပေးပါ။ တစ်ပွဲကို အချဉ်ရည်များများထည့်ပေးပါ"
လုယန် ပေါက်စီဆိုင်တစ်ဆိုင်သို့ဝင်သည်။
"ကောင်းပါပြီခင်ဗျာ"
ပေါက်စီနှစ်ပွဲရောက်လာသည်။ ထောင်ယော်ယဲ့မြည်းကြည့်ပြီးနောက် မှတ်ချက်ပေးသည်။
"အကို၊ အရသာက သာမန်ပဲနော်"
"သာမန်ဆိုတာလည်း ကောင်းတာပါပဲ။ အခု ညစာချိန်နဲ့နီးနေပြီ။ ဒါပေမယ့် ဒီမှာပေါက်စီစားနေတဲ့လူ တစ်ယောက်မှာမရှိဘူး။ အရသာက သိပ်မကောင်းလို့ပဲပေါ့"
"ဒါဆိုဘာလို့မှာစားနေတာလဲ"
"စီးပွားရေးမကောင်းဘူးလေ။ ဆိုင်ရှင်က ငါတို့လိုရှားပါးဖောက်သည်တွေနဲ့ စကားစမည်ပြောချင်လာလိမ့်မယ်။
...ဆိုင်ရှင်၊ ဒီဆိုင်ဖွင့်တာ ဘယ်လောက်ကြာပြီလဲ"
"နှစ်သုံးဆယ်နီးပါးရှိပါပြီ။ ယွမ်ဟဲကလူအားလုံး ကျုပ်ပေါက်စီဆိုင်ကို သိကြပါတယ်။ ခင်ဗျားတို့ကို ကြည့်ရတာ ဒီပြည်နယ်ကမဟုတ်ဘူးထင်တယ်"
"ကျုပ်တို့ ဖန်လုန်ကောင်တီက သမားတော်တွေပါ။ သခင်စုန့်အိမ်မှာ ရောဂါဖြစ်နေတဲ့လူရှိတယ်။ သူတို့က ကျုပ်ကိုလာကြည့်ဖို့ တောင်းဆိုထားလို့ပါ။ ကျုပ်တို့အခုမှရောက်တာ။ သခင်စုန့်အိမ်ကို ဘယ်လိုသွားရမယ်မသိဘူး"
"ဪ...သခင်စုန့်ကိုသွားတွေ့ဖို့လား။ ဒီကနေဆို သိပ်မဝေးပါဘူး။ ဒီအတိုင်း တည့်တည့်လျှောက်သွား။ လမ်းဆုံရောက်ရင် ချိုးလိုက်။ နောက်တစ်ကွေ့ချိုးပြီးတာနဲ့ သူ့အိမ်ကိုရောက်ပါပြီ"
သခင်စုန့်အိမ် သိပ်မဝေးမှန်း လုယန်သိပြီးဖြစ်သည်။ ထို့ကြောင့်လည်း အိမ်နှင့်နီးသည့် ပေါက်စီဆိုင်သို့ တမင်ဝင်ခြင်းဖြစ်သည်။
လုယန်ခေါင်းငုံ့၍ ပေါက်စီကိုအသံတိတ်စားနေသည်။ ဟင်းရည်တစ်ဇွန်းသောက်သည်။ အရသာကချဉ်စူးနေသည်။
လုယန်ဘာဝေဖန်ချက်မှမပေးသဖြင့် ဆိုင်ရှင်က စကားစမြည်ပြောချင်လာသည်။
"သမားတော်။ သခင်စုန့်အိမ်မှာ နေမကောင်းဖြစ်နေတာ ဘယ်သူလဲ။ သခင်စုန့်ကိုယ်တိုင်လား"
တစ်ခြားကောင်တီမှ သမားတော်ကို ဖိတ်ခေါ်သည်ဆိုလျှင် ရောဂါပြင်းထန်၍သာဖြစ်ရမည်။ စကားစမြည်ပြောဖို့ အကြောင်းအရာကောင်းတစ်ခုဖြစ်သည်။
"ကျုပ်မသိဘူး"
လုယန် ခေါင်းခါသည်။ ထို့နောက် တစ်စုံတစ်ခုတွေးမိလာဟန်ဖြင့်
"စုန့်မိသားစုနဲ့ ခင်ဗျားရင်းနှီးလား"
"စုန့်မိသားစုက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကမှ စပြီးကြီးပွားလာတာပါ။ အဓိကကတော့ သခင်စုန့်ကြောင့်ပေါ့။ သူကအတော်ပေတေခဲ့တဲ့လူပါ။ ငယ်ငယ်တုန်းက စာပေပညာရှင်ဖြစ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ဘာအောင်မြင်မှုမှမရဘူး။ သူသက်လတ်ပိုင်းရောက်တော့ သူ့ဇနီးနဲ့သားကို ဆုံးရှုံးလိုက်ရပြီး စိတ်ပျက်စရာဘဝနဲ့ တစ်ကိုယ်တည်းနေရတယ်။
တစ်နေ့ကျတော့ သူရုတ်တရက်အသိဝင်လာပြီး စီးပွားရေးစလုပ်တယ်။ ဘယ်လိုလုပ်လိုက်သလဲဆိုတာတော့မသိဘူး။ တစ်နေ့တစ်ခြား ချမ်းသာလာတယ်။ သူ့ဟန်ပန်ကလည်း ပိုတက်ကြွတဲ့ပုံစံပေါ်လာတယ်။ နောက်အိမ်ထောင်ပြုပြီး သားသုံးယောက် သမီးတစ်ယောက်မွေးခဲ့တယ်။
သခင်စုန့်က လူကောင်းတစ်ယောက်လို့ ပြောလို့ရပါတယ်။ ကျောင်းနှစ်ကျောင်းဆောက်ပြီး စာအုပ်တွေအများကြီး လှူဒါန်းခဲတယ်"
သူ့စကားနားထောင်ပြီးနောက် ထောင်ယော်ယဲ့ခေါင်းငြိမ့်သည်။ မည်သို့ဆိုစေ သခင်စုန့်သည် လူကောင်းတစ်ယောက်ဖြစ်ပုံရသည်။ ဘယ်လိုတိုးတက်ချမ်းသာလာသည်ကိုတော့ ကွဲကွဲပြားပြာမသိရ။
သို့သော် ထိုကိစ္စက သူတို့မစ်ရှင်နှင့် မသက်ဆိုင်ပါ။
"ဟေး၊ အကိုလုမဟုတ်လား"
အံ့ဩဝမ်းသာရိပ်စွက်နေသည့် စကားသံတစ်ခုက သာယာညှင်းပြောင်းသည့် ဆည်းလည်းသံလိုပေါ်လာသည်။
လုယန် အသံရှင်ကို လှည့်ကြည့်ပြီးနောက် အံအားသင့်သွားသည်။
"ညီမလန်ထင်"
ပေါက်စီဆိုင်ထဲမှ သူရင်းနှီးနေသည့်လူတစ်ယောက်ကို အဝေးမှသူလှမ်းမြင်ပြီးဖြစ်သည်။ သို့သော် လုယန်ဟုတ်မဟုတ် သူအတည်မပြုရဲသေး။
လန်ထင် ချဉ်းကပ်လာသည်ကိုမြင်သည်နှင့် ထောင်ယော်ယဲ့ ချက်ချင်းထရပ်ပြီး သူတို့နှစ်ယောက်ကြားတွင် ကာရပ်လျက် ဖော်ရွေစွာ နှုတ်ဆက်သည်။
"အမလန်၊ ဒီကိုဘယ်လိုရောက်လာတာလဲ"
လန်ထင်မျက်နှာတွင် အံ့ဩရိပ်အပြုံးတစ်ချက်ပေါ်လာသည်။
"ဪ...ညီမထောင်ပဲ။ ငါက ခုနက အကိုလုကိုပဲမြင်တာ။ နင့်ကိုသတိမထားလိုက်မိဘူး။ တောင်းပန်ပါတယ်"
"ကျင့်ကြံသူဆိုတာ ကိုယ့်ပတ်ဝန်းကျင်ကို အမြဲတမ်း သတိထားသင့်တယ်။ အမလန်ရဲ့ ကျင့်စဉ်စွမ်းရည်တွေက တိုးတက်ဖို့လိုနေသေးသလိုပဲ"
"ညီမထောင်၊ မင်းစကားတွေက နည်းနည်းမဟုတ်သေးဘူးထင်တယ်။ ကျင့်ကြံသူတွေဆိုတာ အန္တရာယ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အမြဲသတိရှိတဲ့လူတွေပါ။ ဒီနေရာမှာ ဘာအန္တရာယ်တွေရှိနေလို့လဲ"
လန်ထင်မျက်နှာတွင် ဝေဆာသည့်အပြုံးတစ်ပွင့်ရှိနေသည်။
"ပြီးတော့...အကိုလုရှိနေရင် ဘာအန္တရာယ်မှမရှိနိုင်ပါဘူး။ ညီမထောင်က အကိုလုကို အထင်သေးနေသလိုပဲနော်"
မိန်းကလေးနှစ်ယောက်ပြောသည့်စကားကို နားထောင်နေရင်း လုယန်စိတ်ထဲ သူတစ်ခုခုဝင်ပြောသင့်သည်ဟု ယူဆလိုက်သည်။
"ဆိုင်ရှင်၊ ပေါက်စီနောက်တစ်ပွဲပေးပါဗျို့"
*********************************