လူသတ်သမားဘယ်သူလဲ
Vol. 35 Ch. 517
"အမှုဖြစ်တဲ့နေရာမှာ ဘာကိုမှလျှောက်မထိနဲ့"
စုန့်ထန် အော်ဟစ်လိုက်သည်။ အခင်းဖြစ်သည့်နေရာ ပုံစံပျက်လျှင် လူသတ်သမားကို ဖော်ထုတ်ဖို့ ခက်ခဲသွားနိုင်သည်။
ထောင်ယော်ယဲ့နှင့်လန်ထင်က စာကြည့်ခန်းအနေအထားကို သေချာလေ့လာနေသည်။ အပြင်အဆင်ရိုးရှင်းသည်။ စာအုပ်စင်နှစ်တန်းရှိသည်။ နံရံတွင် ပန်းချီကားနှစ်ချပ်နှင့် မိစ္ဆာနှင်သည့် မှော်အဆောင်တစ်ချို့ရှိသည်။ ထို့အပြင် စားပွဲစောင်းတစ်ခု၊ သစ်သားထိုင်ခုံတစ်ခု၊ လက်ဖက်ရည်စားပွဲတစ်ခု၊ ထိုစားပွဲပေးတါင် ပန်းအိုးတစ်လုံး။..သာမန်စာကြည့်ခန်းတစ်ခုအတိုင်းသာဖြစ်သည်။
တံခါးကို အလုံပိတ်ထားသည်။ အိမ်ထိန်း၏ပြောစကားအရ ပြတင်းပေါက်များလည်း အလုံပိတ်ထားသည်။ အပြင်ဘက်မှ ဖွင့်မရ။
"ဒါက..."
ဖျက်ဝင်ထားသည့် ပြတင်းပေါက်က ထိုအတိုင်းရှိနေသည်။ ပြတင်းပေါက် ထောင့်စွန်းတစ်နေရာတွင် အပေါက်ငယ်တစ်ခု ရှိနေသည်။
အိမ်ထိန်းက ဘေးမှရှင်းပြသည်။
"ပြတင်းပေါက်ကို ဖျက်မဝင်ခင် သခင်ကြီး တကယ်ဒုက္ခရောက်နေသလားဆိုတာကြည့်ဖို့ အပေါက်တစ်ပေါက် ကျုပ်ဖောက်ခဲ့တာပါ"
"အကိုကြီး၊ အဖေ့ကိုသတ်လိုက်တာ မင်းပဲဖြစ်မယ်"
စုန့်ချင်က စုန့်ထန်အင်္ကျီကော်လာကိုဆွဲ၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။ ရူးသွပ်နေသည့်ခွေးတစ်ကောင်လို သူ့မျက်လုံးများက နီရဲနေသည်။
စုန့်ထန်က အလိုမကျဟန်ဖြင့် မျက်မှောင်ကျုံ့သွားပြီး သူ့ညီကို တွန်းဖယ်သည်။
"မင်းဘာတွေ ပေါက်တတ်ကရလျှောက်ပြောနေတာလဲ"
"ပေါက်တတ်ကရပြောတာမဟုတ်ဘူး။ ငါမသိဘူးမထင်နဲ့။ အဖေ့စီးပွားရေးကို မင်းလက်လွှဲယူပြီးကတည်းက မင်းတစ်ချိန်လုံး လုပ်ငန်းအရှုံးပေါ်နေတာ။ ရင်းနှီးမြှုပ်နှံတာ အမှားအယွင်းဖြစ်လို့ အကြီးအကျယ်အရှုံးခဲ့တာ။ မင်းက အဖေ့ကိုမပြောရဲဘူး။ အဖေစိတ်ဆိုးပြီး မိသားစုလုပ်ငန်းကို မင်းဆီက ပြန်သိမ်းယူသွားမှာစိုးလို့လေ။
အခု အဖေ့ကိုမင်းသတ်လိုက်ပြီဆိုတော့ မင်းက အဓိကအမွေခံဖြစ်လာပြီပေါ့။ မိသားစုစီးပွားရေးလုပ်ငန်းက အားလုံးမင်းအပိုင်ဖြစ်ပြီလေ"
စုန့်ထန် ဒေါသထွက်သွားသည်။
"တော်စမ်းပါကွာ။ ငါ့ထက်စာရင် မင်းကတောင် အဖေ့ကိုသတ်နိုင်ခြေပိုများသေးတယ်။ နန်းတွင်းစာမေးပွဲ အကြိမ်ကြိမ်ကျတယ်။ အဖေဒေါသထွက်ပြီး မင်းခြေထောက်တစ်ဘက်ကို ရိုက်ချိုးခဲ့တယ်။ မင်းဘွဲထူးတစ်ခုခုမယူနိုင်ရင် မင်းကို အမွေတစ်ပြားမှမပေးဘူးလို့ အဖေပြောခဲ့တယ်။ မင်းက လူတွေစုပြီး အဖေ့ကိုသတ်မယ်လို့ ကြိမ်းဝါးနေတယ်ဆိုတာ မင်းသူငယ်ချင်းဆီကတစ်ဆင့် ငါသိပြီးသားကွ"
"ငါ့သူငယ်ချင်းကို မင်းကလာဘ်ထိုးခဲ့တယ်ပေါ့"
"မင်းသူငယ်ချင်းက ငွေမျက်နှာပဲကြည့်တဲ့ကောင်လေ"
စုန့်လန်အာက တုန်တုန်ရင်ရင်ဖြင့် သခင်စုန့်အလောင်းကို လက်ညှိုးထိုးပြသည်။
"ငြင်းခုန်မနေကြပါနဲ့တော့။ ကြည့်ပါဦး...အဖေ့မျက်လုံးတွေ ပွင့်နေတုန်းပဲ။ မျက်လုံးပွင့်လျက်သားနဲ့ သူသေခဲ့တာ"
အားလုံးလှမ်းကြည့်သည်။ စုန့်သခင်ကြီး၏မျက်လုံးများ ပြူးထွက်နေပြီး လက်ဖက်ရည်စားပွဲကို တည့်တည့်ကြည့်နေသည်။
အငယ်ဆုံးသား စုန့်ချီက သူ့အဖေကြည့်သည့်နေရာသို့ လှမ်းကြည့်သည်။ လက်ဖက်ရည်စားပွဲပေါ်မှ အဖြူနှင့်အပြာရောစပ်နေသည့် ကြွေပန်းအိုးကို မြင်သည်။
"ပန်းအိုး...ဖြူပြာကြွေပန်းအိုး...ချင်...စုန့်ချင်၊ အကိုနှစ်။ ဒါဟာ အဖေမသေခင်ချန်ခဲ့တဲ့ သဲလွန်စပဲ။ စုန့်ချင်၊ အဖေ့ကိုသတ်ခဲ့တာ မင်းပဲ"
စုန့်ချင် မျက်လုံးပြူးသွားသည်။
"မဟုတ်တာတွေမပြောနဲ့။ ဒီလိုအဓိပ္ပါယ်မရှိတာတွေပြောပြီး ငါသူ့ကိုသတ်တယ်လို့ စွပ်စွဲတယ်ပေါ့"
"အဖေက ညာလက်ညှိုးကို ဆန့်ပြထားတာဟာ အကိုကြီးကိုညွှန်းတာပဲ။ ပြီးတော့ အဖေ့ကိုသတ်ဖို့ အကြောင်းရင်းတွေ လူတိုင်းရှိတာပါပဲ။ ညီသုံး၊ မင်းရဲ့ငွေအသုံးစရိတ်ကို ဖြတ်တောက်လိုက်လို့ မင်းသူငယ်ချင်းတွေကြားမှာ အရှက်ရတဲ့အတွက် အဖေ့ကိုမင်းမကျေနပ်ဘူး။ အဖေ့ကိုသတ်ပြီး မိသားစုအမွေကို ခွဲယူနိုင်မှ မင်းမှာငွေရလာမှာလေ။
ပြီးတော့ ညီမလေး။ အဖေက ကျိုးမျိုးရိုးနဲ့အဆက်ပြတ်ဖို့ မင်းကိုပြောထားတယ်။ မင်းကနားမထောင်ဘဲ သူနဲ့ကျိတ်ပြီးဆက်သွယ်နေတယ်။ အဖေသေရင် မင်းနဲ့ကျိုးလက်ထပ်တာကို ဘယ်သူမှမှတားမယ့်လူမရှိတော့ဘူးမဟုတ်လား"
စုန့်ချင်က တစ်ယေက်ချင်းစီကို လက်ညှိုးထိုး၍ ပြောသည်။
ထောင်ယော်ယဲ့က ရုတ်တရက် ကြားဖြတ်မေးသည်။
"သခင်စုန့်ကို ရှင်တို့နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ"
"ဒီမနက် ကျုပ်စာဖတ်နေတုန်းက ခြံထဲမှာ အဖေ့ကိုမြင်တယ်။ ပြီးတော့ ကျုပ်အခန်းထဲဝင်ပြီး ကျုပ်စာဆက်ဖတ်တယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်နာရီခွဲလောက်ကပါ"
စုန့်ချင်က ပြောသည်။
စုန့်ချီက တုံ့ဆိုင်းဆိုင်းလေသံဖြင့်
"လွန်ခဲ့တဲ့ တစ်နာရီက စာကြည့်တိုက်ကိုလာပြီး ငွေနည်းနည်းယူတယ်။ ကျုပ်ထွက်လာတဲ့အချိန် အဖေက စာကြည့်ခန်းထဲဝင်လာတာနဲ့တိုးပြီး ကျုပ်ကိုဆူငေါက်သေးတယ်"
စုန့်လန်အာက
"လွန်ခဲ့တဲ့နာရီဝက်က စားကြည့်ခန်းကို အဖေ့အတွက် လက်ဖက်ရည်တစ်ခွက်လာပို့ပါတယ်"
အိမ်ထိန်းက အလိုက်သင့်ဝင်ပြောသည်။
"သခင်မလေး လက်ဖက်ရည်ယူလာတဲ့အချိန် ကျုပ်က တံခါးအပြင်ဘက်မှာရှိပါတယ်။ အဲဒီ့နောက်ပိုင်း သခင်ကြီးနဲ့ မတွေ့ဖြစ်တော့ဘူး"
လန်ထင်ခေါင်းငြိမ့်သည်။
"ဒါဆို သခင်စုန့်က လွန်ခဲ့တဲ့နာရီဝက်အတွင်းမှာ သေသွားတာပေါ့။ အဲဒီ့နာရီဝက်အတွင်း ရှင်တို့အားလုံး ဘာလုပ်နေလဲ။ ဘယ်သူသက်သေခံနိုင်လဲ"
အကြီးဆုံးသား စုန့်ထန်က ဦးဆောင်၍ပြောသည်။
"အဲဒီတုန်းက ဆိုင်မှာငွေစာရင်းစစ်နေတာပါ။ ဆိုင်စာရေးတွေ သက်သေခံနိုင်ပါတယ်"
စုန့်ချင်ကလည်း ဝင်ပြောသည်။
"ကျုပ်က စာဖတ်နေတာပါ။ ကျုပ်ကိုမြင်တဲ့လူ ဘယ်သူမှမရှိပေမယ့် ကျုပ်က စာဖတ်ရင် အသံထွက်ဖတ်တတ်တယ်။ ကျုပ်အဆောင်နားကဖြတ်သွားတဲ့ အိမ်စေတွေ ကြားမှာပါ"
တတိယသားစုန့်ချီက
"ကျုပ်က ဆောင်ကြာမြိုင်မှာ သူငယ်ချင်နဲ့အတူ ကတာတွေကြည့်နေတာပါ။ ဝမ်မိသားစုက ဒုတိယသား၊ ခုန်မိသားစုက အကြီးဆုံးသားနဲ့ စွန်းမိသားစုကလူတွေအားလုံး ကျုပ်နဲ့အတူရှိတယ်။ ဒါပေမယ့် ကျုပ်မူးပြီးအိပ်ပျော်သွားတယ်။ ကျုပ်နိုးလာတော့ အိမ်ပြန်ရောက်နေပြီ။ ဘယ်သူပြန်ပို့လည်းတော့မသိဘူး"
စုန့်လန်အာက မျက်ရည်ဝဲလျက်
"အဖေ့ဆီ လက်ဖက်ရည်ပို့ပြီးတော့ အကိုကြီးလာခေါ်တဲ့အထိ ကျွန်မအခန်းထဲမှာပဲနေတာပါ"
"ဒါကိုသက်သေခံနိုင်တဲ့လူရှိလား"
စုန့်လန်အာအသံက ပို၍တိုးညှင်းသွားသည်။
"မရှိပါဘူး"
ထောင်ယော်ယဲ့က အာရုံထက်မြက်သူဖြစ်၍ မူမမှန်သည့်အချက်ကို သတိထားမိသည်။
"နေပါဦး။ သခင်စုန့်ဆီကို လက်ဖက်ရည်လာပို့တယ်လို့ မင်းပြောတယ်နော်။ ဒါဆို လက်ဖက်ရည်ခွက်က ဘယ်မှာလဲ"
လက်ဖက်ရည်စားပွဲပေါ်တွင် ဖြူပြာရောင်ပန်းအိုးတစ်လုံးသာရှိသည်။ လက်ဖက်ရည်ခွက် မတွေ့ရ။
စုန့်လန်အာသည် သခင်စုန့်လက်ဖက်ရည်သောက်ပြီးချိန်ထိစောင့်၍ လက်ဖက်ရည်ခွက်ကို ပြန်ယူသွားခြင်းမဖြစ်နိုင်။
စုန့်လန်အာ ဆွံ့အသလိုဖြစ်နေသည်။ စကားသံလုံးဝထွက်မလား။
"ညီမလေး၊ မင်းတစ်ခုခုပြောဦးလေ"
စုန့်ချီ အမြန်တိုက်တွန်းသည်။ သူ့နဖူးတွင် ချွေးသီးများ ကျလာသည်။
နောက်ဆုံးတွင် စုန့်လန်အာ အားတင်း၍ပြောသည်။
"အဖေနဲ့သမီးကြားမှာ ဖြေရှင်းမရတဲ့ပြဿနာဆိုတာ မရှိဘူးလို့ အိမ်ထိန်းက ပြောပါတယ်။ ကျိုးနဲ့ပတ်သက်တဲ့ကိစ္စ ကျွန်မအဖေကိုပြောဖို့ တိုက်တွန်းတယ်။ ကျွန်မက အဖေ့ဆီလက်ဖက်ရည်ပို့ပြီး ကျွန်မနဲ့ကျိုးကိစ္စကို ဖျောင်းဖျဖို့ ကြိုးစားတယ်။ သူက ဒီအကြောင်းကြားတာနဲ့ ဒေါသထွက်ပြီး လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါက် ပေါက်ခွဲပစ်တယ်။ အိမ်ထိန်းက လက်ဖက်ရည်ခွက် သိမ်းသွားတယ်။ ကျွန်မက ကျွန်မအခန်းကိုပြန်ပြီး ငိုနေခဲ့တာပါ"
စုန့်ထန် မျက်မှောင်ကျုံ့၍ အိမ်ထိန်းကို လှမ်းကြည့်သည်။
"အိမ်ထိန်း၊ ဒီအကြောင်း ဘာလို့အစောကြီးကတည်းက ကြိုမပြောခဲ့တာလဲ။ ကျုပ်တို့အဖေက ညီမလေးကိစ္စကို ဘယ်တော့မှသဘောတူမှာမဟုတ်ဘူးဆိုတာ ခင်ဗျားလည်ရိပ်မိမှာပါ"
စုန့်ထန်အကြည့်ကြောင့် အိမ်ထိန်း ထိတ်လန့်၍ အကြည့်လွှဲသွားသည်။
"ကျုပ်မျက်လုံးကို သေချာကြည့်စမ်းပါ။ ခင်ဗျားမှာ ဘယ်လိုရည်ရွယ်ချက်မျိုးရှိနေတာလဲ"
စုန့်ထန် ခပ်တင်းတင်းအော်ဟစ်လိုက်သည်။
အားလုံးက အလိုမကျဟန်ဖြင့် ကြည့်နေသဖြင့် ရှောင်လွှဲ၍မရတော့မှန်း အိမ်ထိန်း နားလည်သွားသည်။ သက်ပြင်းတစ်ချက်ချ၍
"တကယ်တော့ သခင်မလေး သဘောကျနေတဲ့ကောင်လေးက ကျုပ်ရဲ့တရားမဝင်သားပါ။ သူတို့ချင်းနီးစပ်စေချင်တယ်လေ။ ဒါပေမယ့် သခင်ကြီး အဲလောက်ခေါင်းမာမယ်လို့ ထင်မထားဘူး"
စုန့်လန်အာ အိမ်ထိန်းကိုကြည့်၍ မင်သက်မိနေသည်။ အိမ်ထိန်းနှင့်ကျိုး ထိုသို့ပတ်သက်နေမည်ဟု ထင်မထား။
သူ့ကို အိမ်ထိန်းအမြဲတိုက်တွန်းအားပေးခဲ့သည့်စကားများက အချစ်စစ်နှင့်ဆုံစည်းစေလိုသည့် စေတနာကြောင့်မဟုတ်။ သားဖြစ်သူကို ကောင်းစားစေချင်သည့်ဆန္ဒကြေင့်သာဖြစ်သည်။
စုန့်လန့်အာ ငေးကြောင်နေသည်။ သူ့နှလုံးသားထဲမှ အရာတစ်ခု ကြေမွသွားသည်။
ထောင်ယော်ယွဲ့တီးတိုးပြောသည်။
"ဒီလိုဆိုရင် အိမ်ထိန်းနဲ့စုန့်လန်အာ ပူးပေါင်းကြံစည်တာဖြစ်နိုင်တယ်။ အိမ်ထိန်းက ပြတင်းပေါက်ကနေ အဆိပ်ရေခဲအပ်ပစ်လွှတ်ပြီး သခင်စုန့်ကို သတ်မယ်။ ပြီးတော့ အခန်းအခြေအနေကြည့်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပ်ပေါက်နေရာက ပြတင်းစက္ကူကို ထပ်ဖောက်လိုက်တာဖြစ်မယ်"
လန်ထင် ခေါင်းခါသည်။
"အဲလိုဆိုရင် စုန့်ထန်ကို အိမ်ထိန်းက သူ့အဖေအလောင်းကို ဘယ်ကြည့်ခွင့်ပေးမှာလဲ။ ငါတို့လာမယ်ဆိုတာ သူကြိုမသိဘူးလေ။
ငါ့အမြင်အရတော့ ဒုတိယသား စုန့်ချင်ပဲဖြစ်နိုင်တယ်။ သူကအခန်းထဲမှာ စာဖတ်နေတယ်လို့ပြောတယ်။ ဒါပေမယ့် ကုန်သင်းအသင်းက မှတ်တမ်းမှော်စက်လုံးလိုဟာမျိုးသုံးနဲ့ သူ့အသံကိုအဆက်မပြတ်ဖွင့်ပြီး သူရှိနေသလို ဟန်ဆောင်ထားလို့ရတာပဲ"
နှစ်ယောက်သား တီးတိုးငြင်းခုန်နေကြသည်။ ကောက်ချက်မချနိုင်ကြ။ ထို့ကြောင့် လုယန်ကို သူလှည့်ကြည့်သည်။
"အကိုလု၊ ဘယ်သူ့ကို လူသတ်သမားလို့ထင်လဲ"
လုယန် ပြန်မဖြေ။ တိတ်တဆိတ်လျှောက်သွားပြီး သခင်စုန့်ဘေးတွင် ဆောင့်ကြောင့်ထိုင်သည်။ ဝိညာဉ်ခေါ်ဆေးတစ်လုံး ထုတ်လိုက်သည်။
အရိုင်းနယ်မြေသို့သွားစဉ်က ကြိုတင်ကာကွယ်သည့်အနေဖြင့် မစ်ရှင်ခန်းမမှ သူဝယ်ခဲ့သည့်ဆေးလုံးဖြစ်သည်။ ယခုထိ မသုံးရသေး။
ဆေးလုံးက သခင်စုန့်ပါးစပ်ထဲတွင် ပျော်ဝင်သွားပြီး တဖြေးဖြေး သတိရလာသည်။ နည်းနည်းအူကြောင်ကြောင်ဖြစ်နေသည်။
လုယန်ရှင်းပြသည်။
"သခင်စုန့်မသေပါဘူး။ သူ့ဝိညာဉ်အခိုးခံလိုက်ရတာ။ ဝိညာဉ်ခေါ်ဆေးလုံးသုံးပြီး သူ့ဝိညာဉ်ကို ငါပြန်ခေါ်လိုက်တာ"
လုယန် မကြာခဏဝင်ပူးခံရဖူးသူဖြစ်၍ ဝိညာဉ်များနှင့်ဆက်ဆံရာတွင် သူညီမနှစ်ယောက်ထက် ပိုအတွေ့အကြုံများသည်။
"သခင်စုန့်၊ ကျုပ်တို့သုံးယောက်က မသေမျိုးဂိုဏ်းက လာတာပါ။ ခင်ဗျားအဖေဝိညာဉ်ကို ဘယ်သူခိုးသွားတာလဲ"
အစောပိုင်းက သခင်စု နည်းနည်းနားမလည်ဖြစ်နေခဲ့သည်။ သို့သော် လုယန်စကားကြားပြီးနောက် သူ့မျက်လုံးများ ကြည်လင်ရှင်းလင်းလာသည်။
"ပန်းချီကားပါ"
လုယန်က အားလုံးကိုလှည့်ပြောသည်။
"ကြည့်လေ၊ လူသတ်သမားကို တွေ့ပြီပဲမဟုတ်လား"
စုန့်မောင်နှမများ "..."
အိမ်ထန်း "..."
*****************************