← Chapters

ပြိုင်ဘက်ကင်းသန္ဓေနှစ်ခု

Vol. 35 Ch. 518

ပြိုင်ဘက်ကင်းသန္ဓေနှစ်ခု

Vol. 35 Ch. 518

သခင်စုန့် ပြန်အသက်ရှင်သန်လာပြီးနောက် သူ့အိမ်ထဲမှလေထုက ထူးဆန်းနေသလို ခံစားရသည်။

သူ့မိသားစုသည် သူမသေခင်က အလွန်သဟဇာတဖြစ်ခဲ့သည်။ ထို့ကြောင့် သူသေပြီးတစ်နာရီမပြည့်မီ သူ့သားသမီးများကြားတွင် ပေါ်လာသည့်ပြဿနာအငွေ့အသက်ကို ထူးဆန်းသလို ခံစားနေရခြင်းဖြစ်သည်။

အထူးသဖြင့် သူ့သမီးက ကြမ်းပြင်ပေါ်ဒူးထောက်၍ ရှိုက်ကြီးတငင်ကိုကြွေးနေသည်။ သူသေ၍ ငိုနေခြင်းလားမသိ...။ အဖေကို တကယ်ချစ်သည့်သမီးအလိမ္မာလေးဖြစ်သည်။

သို့သော် ဘယ်လိုဖြစ်ဖြစ် ကျိုးမျိုးရိုးကောင်လေးနှင့်တော့ လက်ထပ်ပေး၍မဖြစ်။

....အကြောင်းမှာ ထိုကောင်လေးနှင့် သူ့သမီးသည် သွေးသားဆက်စပ်နေသည့် မောင်နှမများဖြစ်နေသောကြေင့်ဖြစ်သည်။

မိသားစုကိစ္စများကို သူဘေးဖယ်ထားလိုက်သည်။ ပန်းချီကားပြဿနာဖြေရှင်းဖို့သာ အာရုံစိုက်သည်။

သူမျက်နှာပျက်နေသည်။ သူ့မျက်နှာနှင့်အဝတ်အစားများ သွေးများစွန်းထင်းနေသည်။ ဝိညာဉ်ဆွဲထုတ်ခံရချိန်တွင် ခန္ဓာကိုယ်လည်ပတ်မှုများ မူမမှန်ဖြစ်သဖြင့် သွေးများအန်ထုတ်ခဲ့ခြင်းဖြစ်သည်။

"ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရှင်"

"မလိုပါဘူး သခင်စုန့်။ ဒါပေမယ့် ပန်းချီကားက ဘယ်လိုဒုက္ခပေးနေတာလဲ ကျုပ်မေးလို့ရမလား"

သခင်စုန့် သက်ပြင်းချ၍ ထိုင်ခုံတစ်လုံးတွင် ထိုင်သည်။ အတိတ်အကြောင်းများ ပြန်ပြောပြသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ကျုပ်လုပ်ငန်း အရှုံးပေါ်တယ်။ ကျောက်ကမ်းပါးပေါ်ကခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ တောထဲကိုသွားခဲ့တယ်။ အံ့ဩစရာကောင်းတာက ကျုပ်ခုန်ချတဲ့အချိန် သစ်ကိုင်းတစ်ခုပေါ် ချိတ်တင်နေတယ်။ ‌အောက်တည့်တည့်မှာ ကျောက်ငူအစွန်းတစ်ခုက ခံနေတယ်။ အဲဒီ့အပေါ် ကျုပ်ကျလာပြီးတော လှိုဏ်ဂူတစ်ခုတွေ့တယ်။

လှိုဏ်ဂူထဲကနေ တစ်ခုခုက ကျုပ်ကို ခေါ်နေသလိုပဲ။ အဲဒီ့အချိန်က ကျုပ်က သေရမှာကိုမကြောက်တဲ့အချိန်‌လေ။ အသံကြားတာနောက်ကို လိုက်သွားတယ်။ စကားပြောနေတဲ့ ပန်းချီကားတစ်ချပ်တွေ့တယ်။ ပန်းချီးကားက ကျုပ်စီးပွားရေးတိုးတက်ပြီး ချမ်းသာလာအောင် ကူညီမယ်လို့ပြောတယ်။ ဒါကြောင့် လှိုဏ်ဂူထဲကနေ ကျုပ်ယူလာခဲ့တယ်။

ပန်းချီကားအကူအညီနဲ့ ကျုပ်ရဲ့စီးပွားရေးလုပ်ငန်းတွေ တကယ်တိုးတက်ချောမွေ့လာတယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း တစ်ခုပြီးတစ်ခုအောင်မြင်ပြီး ကောင်တီမြို့မှာ ထိပ်တန်းကုန်သည်တစ်ယောက် ဖြစ်လာတယ်။ နောက်ဆုံး ကျုပ်အိ်ထောင်ပြုပြီး သားသမီးတွေရတယ်။ ကျုပ်မိသားစုဘဝက သာယာလာပါတယ်"

သခင်စုန့်ဇာတ်ကြောင်းပြောနေချိန်တွင် လုယန်တို့သုံးယောက်က စုန့်မောင်နှမများနှင့် အိမ်ထန်းကို တစ်ချက်လှမ်းကြည့်ကြသည်။

"ဆက်ပြောပါဦး"

"ပြီးခဲ့တဲ့ သုံးလေးလောက်ကစပြီး ပန်းချီကားက ကျုပ်အသက်ကိုပေးဖို့ ညတိုင်းတောင်းဆိုနေတယ်။ ကျုပ်လည်း ကြောက်တာနဲ့ အဲဒါကို ရေနှစ်ဖို့၊ မီးရှို့ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် လုံးဝမရဘူး။

မြို့စွန်မှာ သွားလွှင့်ပစ်တာတောင် နောက်တစ်နေ့မနက်ကျရင် ဒီပန်းချီကားက အိမ်ကိုပြန်ရောက်လာတယ်"

သခင်စုန့်မျက်လုံးတွင် အကြောက်တရားရိပ်က အထင်းသားပေါ်နေသည်။ ဤရက်များအတါင်း ပန်းချီကားက သူ့ကိုအဆက်မပြတ် နှောက်ယှက်ခဲ့သည်။ အလွန်တရာ စိတ်ပင်ပန်းခဲ့သည်။ မကြာခဏ အိပ်ပျော်နေရင်းလန့်နိုးသည်။

လုယန် မေးစေ့ကိုပွတ်၍ စဉ်းစားသည်။ ထိုကိစ္စက တကယ်ထူးဆန်းသည်။

"ပန်းချီကားကို သွားကြည့်ရအောင်"

သခင်စုန့်က သူတို့သုံးယောက်ကို အကွေ့အပတ်လမ်းကြောင်းတစ်ခုအတိုင်း ဦးဆောင်ခေါ်သွားသည်။ အခန်းငယ်တစ်ခုထဲမှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ လျှို့ဝှက်လမ်းကြောင်းတစ်ခု ပွင့်သွားသည်။ အတွင်းထဲတွင် လုံးဝမှောင်မဲနေသည်။

လျှို့ဝှက်ခန်းက ရွှေငွေကျောက်မျက်ရတနာမျိုးစုံပြည့်နေသည်။ ထိုပစ္စည်းများက သေမျိုးများအတွက် တန်ဖိုးကြီးသော်လည်း လုယန်အမြင်တွင် သူ့ဓားရိုးမှပန်းပွားမြိတ်လောက်အဆင့်သာရှိသည်။

ထိုပစ္စည်းများအလယ်တွင် သိသားထင်ရှားသည့် သံသေတ္တာတစ်လုံးရှိသည်။ မှော်အဆောင်များ အပြည့်ရစ်ပတ်ထားသည်။ သခင်စုန့် မှော်အဆောင်များကို ဆုတ်ဖြဲ၍ သံသေတ္တာကို ဖွင့်သည်။ အထဲမှ ပန်းချီကားပေါ်လာသည်။

"ကျုပ်ဝိညာဉ်ကို ယူသွားတာ ဒါပဲ"

အဖြစ်အပျက်ကို ပြန်တွေးရင်း သခင်စုန့် တုန်လှုပ်နေဆဲဖြစ်သည်။ လုယန်၏ ဝိညာဉ်ခေါ်ဆေးကြောင့်သာမဟုတ်ရင် သူ့ဘဝတကယ်အဆုံးသတ်သွားလောက်သည်။

"ထင်တဲ့အတိုင်းပဲ"

ပန်းချီကားနားသို့ သူတို့ကပ်လေ ထူးဆန်းသည့်စွမ်းအင်ရောင်က ပိုပြင်းထန်လာလေဖြစ်သည်။

လုယန် ပန်းချီစာလိပ်ကို ဆွဲဖြန့်လိုက်သည်။ "အလျှော်သည်မိန်းမပျို'က အသက်ဝင်လာသကဲ့သို့ ပန်းချီကားအပြင်ဘက်မှ လူများကို ခေါင်းလှည့်ကြည့်လာသည်။

(**'အဝတ်လျှော်နေသည့် မိန်းမပျို'ပုံဖြစ်၍ ရေသရဲအမျိုးအစားဖြစ်ပါသည်)

"နောက်ထပ်ကျင့်ကြံသူတွေလား"

ရေစက်များ ပန်းချီကားမှစိမ့်ထွက်၍ လေထဲသို့ ပျံတက်သွားပြီး မိန်းကလေးတစ်ယောက်အသွင်ပေါ်လာသည်။

"သူ့ဝိညာဉ်ကို ဆွဲယူသွားတာခင်ဗျားလား"

မိန်းမပျိုက လုယန်ကို စိုက်ကြည့်သည်။ လှပသည့်မျက်နှာက အလိုမကျဟန်ဖြင့် ရှုံ့မဲ့နေသည်။

"ကျင့်ကြံသူ၊ ငါ့ကိစ္စမှာ ဝင်မရှုပ်တာကောင်းမယ်နော်"

လုယန်တို့သုံးယောက်ထံမှ ထွက်ပေါ်နေသည့် အန္တရာယ်အငွေ့အသက်ကို ခံစားရသဖြင့် သူအရင်တွေ့ဖူးသည့် ကျင့်ကြံသူများနှင့်မတူကြောင်း ရိပ်မိသည်။

ထိပ်တိုက်ရင်မဆိုင်ရဘဲ ထိုသုံးယောက်ထွက်သွားအောင် နားချနိုင်လျှင် အကောင်းဆုံးဖြစ်မည်။

မိန်းမပျိုက သခင်စုန့်ကို လက်ညှိုးထိုးပြ၍ အေးစက်စက်ပြောသည်။

"လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က သူ့ကို နယ်ခံထိပ်တန်းလုပ်ငန်းရှင်တစ်ယောက် ဖြစ်အောင်ကူညီရင် သူ့ဝိညာဉ်ငါ့ကိုပေးမယ်လို့ သူကတိပေးခဲ့တယ်။

အခု နှစ်နှစ်ဆယ်ကြာသွားပြီ။ သူ့မိသားစု ပျော်ရွှင်နေပြီ။ သူ့စီးပွားရေးလည်း အောင်မြင်နေပြီ။ သူလည်း ထိပ်တန်းလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပြီ။

ဒီတော့ သူ့ကတိကို ဖြည့်ဆည်းဖို့ အချိန်ကျပြီလေ"

"ဒါအမှန်ပဲလား"

လုယန်အကြည့်က သခင်စုန့်ဆီ ရောက်သွားည်။ လုံးဝအံ့ဩဟန်မရှိ။ သခင်စုန့်ချန်လှပ်ထားသည့် ကိစ္စများရှိဦးမည်ဟု သူကြိုတွေးပြီးဖြစ်သည်။

ထိုသို့သာမဟုတ်လျှင် ပန်းချီကားက သူ့စီးပွားရေးလုပ်ငန်းများတိုးတက်အောင် ဘာကြောင့်ကူညီနေမည်နည်း။

အပြန်အလှန်ပေးဆပ်မှုတော့ ရှိရမည်။

ဟန်ရွှေ့တွင် သူတွေ့ကြုံဖူးသည့် ရေသရဲသည် လင်မယားနှစ်ယောက် အာမခံလိမ်လည်မှုတွင်ကူညီပြီး ဆားနှင့်လဲလှယ်ခဲ့သည်။ ယခုလည်း ထိုသဘောမျိုးသာဖြစ်မည်။

သခင်စုန့် ရှက်ရှက်ဖြင့် ခေါင်းငြိမ့်သည်။

"နင်တို့မြင်ပြီမဟုတ်လား"

မိန်းမပျိုက လှောင်ပြုံးပြုံး၍ သခင်စုန့်ကို မခိုးမခန့်ကြည့်သည်။

"အဲဒီတုန်းက နှစ်ဦးနှစ်ဘက် ကတိကဝတ်ထားခဲ့ကြတာ။ ဘာအလိမ်အညာမှမပါဘူး။ အခု ငါ့ဘက်သ‌ဘောတူထားတဲ့အတိုင်း ပြန်ယူတာလေ။ အဲဒါဘာမှားလို့လဲ"

လုယန် ဖြေးညှင်းစွာခေါင်းခါသည်။ သရဲမကို ကရုဏာသက်ဟန်ဖြင့်ကြည့်သည်။

"မဟာရှားရဲ့ ရာဇဝတ်ဥပဒေကို မင်းဖတ်ဖူးလား"

"ရာဇဝတ်ဥပဒေ.."

လုယန် နှုတ်ခမ်းထောင့်တွင် တွန့်ပြုံးရိပ်အနည်းငယ်ပေါ်လာသည်။ ပြိုင်ဘက်ကင်းသန္ဓေကို အသက်သွင်းလိုက်၍ ပြောသည်။

"မဟာရှားဥပဒေက ဖော်ပြထားတယ်။ ဒဏ်ရာရထားတဲ့လူက တစ်ဘက်လူကို ဥပဒေကြောင်းအရကာကွယ်ထားတဲ့ အကျိုးစီးပွားအတွက် ပေးတဲ့ကတိစကား ...ဥပမာ ပိုင်ဆိုင်မှု သိမ်းယူခွင့်၊ ဒဏ်ရာအနာတရလုပ်ခွင့် ...အဲဒါမျိုးတွေဟာ သူသေသွားရင် အကျုံးမဝင်တော့ဘူး။

လူသေရင် ကတိအားလုံး အကျုံးမဝင်ဘူးလို့တော့ မဟုတ်ဘူး။ အတင်းအကြပ်ဖိအားပေးတာမျိုးမပါတဲ့ သေတမ်းစာလို ကတိကဝတ်မျိုးတွေကတွေကတော့ ဥပဒေအရ အတည်ပြုပေးလို့ရတယ်။ ဒါမေမယ့် ခင်ဗျားလုပ်ရပ်တွေက ဒီရှားပါးအခြေအနေမျိုးနဲ့ အကျုံးမဝင်ဘူး။

ခင်ဗျားပိုပြီး စာဖတ်ခဲ့မယ်၊ မဟာရှားဥပဒေသမိုင်းကြောင်းကို လေ့လာခဲ့မယ်ဆိုရင် အရင်က နတ်ဆိုးလမ်းစဉ် မှော်ရတနာတွေ အများကြီးရှိခဲ့တာကို ခင်ဗျားသိပါလိမ့်မယ်။ ဒါတွေကို ဆန္ဒဖြည့်တဲ့ ငါးစားအဖြစ်သုံးပြီး တစ်ခြားလူတွေကို အသက်နဲ့လဲလှယ်ဖို့ ဆွဲဆောင်ခဲ့တယ်။ ဒီလိုနည်းနဲ့ သူတို့ဝိညာဉ်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်တယ်လေ။

အဲဒီ့အချိန်မှာ တရားရေးဝန်ကြီးက ဒီအခြေအနေကို သတိထားမိသွားပြီး မဟာရှားဥပဒေထဲကို ဒီစည်းမျဉ်းတစ်ခု ထပ်ဖြည့်ခဲ့တာ။ ခင်ဗျားလို မှော်ရတနာတွေ ဒီလိုလုပ်ရပ်မျိုး မလုပ်နိုင်အောင်လို့ပေါ့"

လုယန် သက်ပြင်းချသည်။ ‌ရေသရဲမကို မသိနားမလည်သည့်လူတစ်ယောက်ဟု လုယန်မြင်မိသည်။

"ကြည့်ရတာ ဥပဒေပညာကို ဖြန့်ဝေတဲ့နေရာမှာ အားနည်းနေကြသေးတဲ့ပံပဲ"

သူ့ဆရာမကြာခဏ အဖမ်းခံရသည်ကို သိပြီးကတည်းက အချိန်ရတိုင်း ဥပဒေပညာကို လုယန်စိတ်နှစ်လေ့လာခဲ့သည်။ သူ့ဆရာခြေရာအတိုင်း အမီလိုက်နိုင်ဖို့ဖြစ်သည်။

ယခု သူ့လေ့လာထားသမျှ တကယ်အကျိုးရှိလာသည်။

လူအတော်များများက ဥပဒေအကြောင်း သိကြသည်။ သို့သော် ဘယ်ဥပဒေစည်းမျဉ်း ဘယ်အချိန်အသုံးချရမည်ကို ဝေခွဲမရဖြစ်တတ်ကြသည်။

သို့သော် လုယန်က ထိုသို့မဟုတ်။ ပြိုင်ဘက်ကင်းသန္ဓေရှိသည်။ ဥပဒေကိစ္စ အငြင်းပွားစရာရှိသည်နှင့် ပြိုင်ဘက်ကင်းသန္ဓေကိုအကူအညီတောင်းပြီး အသင့်တော်ဆုံး ဥပဒေစည်းမျဉ်းများကို အချိန်တိုအတွင်း ရွေးထုတ်နိုင်သည်။

သို့သော် ပြိုင်ဘက်ကင်းသန္ဓေသည် လုယန်မလေ့လာဖူးသည့် ဥပဒေပညာရပ်များကို ခွဲခြားစစ်ထုတ်ခြင်းမပြုနိုင်။ အနိုင်ယူနိုင်ဖို့ ပြိုင်ဘက်ကင်းသန္ဓေ ရွေးထုတ်ပေးသည့် အရာအားလုံးက လုယန်၏ သိထားသမျှဗဟုသုတပေါ်သာ အခြေခံသည်။

သိစိတ်နယ်မြေမှ အကဲခတ်နေသည့်နတ်မယ် အံ့အားသင့်သွားသည်။ ပြိုင်ဘက်ကင်းသန္ဓေ၏ ဖန်တီးသူဖြစ်၍‌သော်လည်း ထိုသန္ဓေကို ထိုသို့သုံးနိုင်မည်ဟု တစ်ခါမှ မတွေးမိခဲ့။

ထောင်ယော်ယဲ့က လန်ထင်ကို သိစိတ်အာရုံမှ လှမ်းပြောသည်။

"အမလန်၊ ဒီဥပဒေစည်းမျဉ်းကို အမလန်သိလား"

လန်ထင် ခေါင်းခါသည်။

"မသိဘူး။ ငါတို့ဂိုဏ်းက ဒါမျိုးတွေမသင်ဘူး"

နှစ်ယောက်လုံး၏ မျက်လုံးတွင် ရှုပ်ထွေးသည့်အရိပ်များ ပေါ်နေသည်။ အကိုလုနှင့်သူတို့ကြား မမြင်နိုင်သည့် ချောက်နက်တစ်ခု ခြားနေသလို ခံစားကြရသည်။

"သခင်စုန့်ဝိညာဉ်ကို သိမ်းယူဖို့ကြိုးစားတာဟာ ဥပဒေဖောက်ဖျက်တာပဲ။ လူသတ်ဖို့ကြိုးစားမှုနဲ့ အကျုံးဝင်တယ်။ ကျုပ်တို့နဲ့လိုက်ခဲ့ပါ"

ရေသရဲမက အေးစက်စက်ရယ်သည်။ လုယန်ခြိမ်းခြောက်မှုကို အရေးမစိုက်။

"ဥပဒေစာအုပ်ဖတ်ဖူးရုံနဲ့ နင်တစ်ယောက်ပဲ လူတတ်ကြီးလို့ထင်မနေနဲ့။ ငါက မှော်ရတနာလေ။ ရာဇဝတ်ဥပဒေအောက်မှာ အကျုံးမဝင်ဘူး"

လုယန် မော့ကြည့်သည်။

"ဪ ဟုတ်လား။ ဒါဆို ပိုတောင်ကောင်းသေးတယ်။ ခင်ဗျားက ပိုင်ရှင်မဲ့ရတနာတစ်ခုဆိုတော့ ကျုပ်ခင်ဗျားကိုဖျက်ဆီးလိုက်လည်း ဘာပြဿနာမှမရှိနိုင်တော့ဘူးပေါ့"

လန်ထင် နည်းနည်းတွေးရခက်နေဟန်ရှိသည်။ ထိုပြောပုံဆိုပေါက်မျိုးကို သူအတော်ရင်းနှီးနေသလိုရှိသည်။

"အတင့်ရဲလှချည်လား။ နင်တို့လို ကျင့်ကြံသူပေါက်စသုံးယောက်ကို ငါတို့ကကြောက်မယ်လို့ထင်နေလား"

********************************

All Chapters