ဝန်ခံမည်
Vol. 35 Ch. 519
ရေသရဲမ လုယန်တို့ကို မတိုက်ခိုက်ချင်။ သို့သော် မတိုက်ခိုက်နိုင်သည်တော့မဟုတ်။
ထိုကျင့်ကြံသူပေါက်စများ အလွယ်တကူအနိုင်ယူနိုင်မည်ဟု ထင်နေကြသည်။ သူ့ကို ရွှံရုပ်ထင်နေကြသလားမသိ။
ပန်းချီကား လေထဲသို့ လွင့်တက်သွားသည်။ ရေတံခွန်ကဲ့သို့ ရေများအဆက်မပြတ် ထွက်ကျလာသည်။ လျှို့ဝှက်ခန်းတစ်ခုလုံး ပြည့်နက်သွားသည်။
လုယန် သခင်စုန့်ကို အင်္ကျီကော်လာမှဆွဲ၍ ပြေးထွက်သွားသည်။ လုယန်၏ ကျင့်စဉ်အဆင့်ဖြင့် ထိုအခြေအနေက ဘာမှမပြောပလောက်သော်လည်း သခင်စုန့်က သာမန်လူဖြစ်သည်။ ဤလျှို့ဝှက်ခန်းထဲတွင်ဆက်နေလျှင် ရေနစ်သေသွားမည်။
သူတို့လူစု ရေမျက်နှာပြင်ပေါ် ထိုးတက်လာချိန်မှာပင် ပေါက်ကွဲသံတစ်ခု ကြားလိုက်ရသည်။ လျှို့ဝှက်ခန်းအထက်တွင် တည်ဆောက်ထားသည့် အိမ်ငယ်က ပြိုကျသွားသည်။ ပန်းချီကားထဲမှရေများ ရေပန်းတစ်ခုလို ထိုးထွက်လာသည်။ ရေသရဲမက ထိုရေပန်းအထက်မှ လုယန်ကို ငုံ့ကြည့်နေသည်။
လုယန် မရည်ရွယ်ပဲ ရေစက်တစ်ချို့ကို အရသာမြည်းကြည့်ရင်း အံ့ဩသွားသည်။
"ဒါက...ရေချိုပဲ"
ထောင်ယော်ယဲ့ "..."
အကိုလု ဘာတွေပြောနေတာလဲ...ရေချိုဖြစ်ဖြစ် ရေငန်ဖြစ်ဖြစ် ဘာအရေးကြီးလို့လဲ...ရေချိုဖြစ်နေတာ ဘာဆန်းလဲ...
ထောင်ယော်ယဲ့နှင့် လန်ထင်က လှမ်းကြည့်နေသဖြင့် လုယန် ချောင်းတစ်ချက်ဟန့်ပြီး ဘာမှမဖြစ်ခဲ့သလို နေလိုက်သည်။
ဟန်ရွှေမြို့မှရေသရဲနှင့် ရင်ဆိုင်ရပြီးနောက် ရန်သူက ရေစွမ်းအားသုံးတိုင်း ရေချိုရေငန်ခွဲခြားသည့်အကျင့်တစ်ခု လုယန်တွင် စွဲကပ်လာသည်။
ရေသရဲမ အင်္ကျီကို တစ်ချက်ခါလိုက်သည်။ သူ့ခြေထောက်အောက်မှ ရေပန်းက ရေတန်းသုံးခုခွဲထွက်သွားပြီး မြွေသုံးကောင်အဖြစ် ပြောင်းလဲသွားသည်။ လုယန်တို့သုံးယောက်ဆီ ပြေးဝင်လာသည်။
လုယန်က ချင်ဖုန်းဓားကို ဟန်မပျက်ထုတ်လိုက်သည်။ အားပြင်းသည့်ဓားချီကိုက ကောင်းကင်သို့ ထိုးတက်သွားသည်။ ရေလှိုင်းမြွေကို ဓားဖြင့်ခုတ်သည်။ ရေလှိုင်းမြွေက အစပိုင်းတွင် ခွဲထုတ်ခြင်း ပုံရိပ်ပွားခြင်းလုပ်နိုင်သည်။ သို့သော် လုယန်၏ဓားတွင် ဓားစွမ်းအင်အမြောက်အများပါသည်။ ရေစက်ရေပေါက်များကို အဆက်မပြတ် ထိုးဖောက်သွားသည်။ ရေလှိုင်းမြွေအသစ်များ တည်ဆောက်ခွင့်မပေး။
ထောင်ယော်ယဲ့က ပုံရိပ်တစ်ထောင်ထီးကိုဖွင့်သည်။ အနီရောင်ထီးက ဒိုင်းတစ်ခုအဖြစ်ကာကွယ်ပေးသည်။ ရေလှိုင်းမြွေက ထီးနှင့်ထိပ်တိုက်တွေ့သည်နှင့် ချက်ချင်းပျောက်ကွယ်သွားသည်။
လန်ထင်၏ခါးတွင်စည်းထားသည့် ပိုးကြိုးက ဝေ့ဝဲလွင့်ပျံ၍ ရှည်ထွက်လာသည်။ သူ့ထံဦးတည်တိုးဝင်လာသည့် ရေလှိုင်းမြွေကိုရစ်ပတ်သည်။ ရေလှိုင်းမြွေက မြေပေါ်သို့ ဝုန်းခနဲပစ်ကျ၍ မြေပြင်တုန်ခါသွားသည်။ ပိုးကြိုးမှ အတင်းရုန်းထွက်ရန် ကြိုးစားနေသည်။
"အင်း...နင်တို့ကို ငါလျှော့တွက်ခဲ့မိတဲ့ပုံပဲ"
ရေသရဲမစိတ်ထဲ အံ့အားသင့်သွားသည်။ သာမန်နတ်ဝိညာဉ်ကျင့်ကြံသူကိုပင် ဒုက္ခပေးနိုင်သည့် သူ့အလစ်တိုက်ခိုက်မှုကို ဤလူငယ်သုံးယောက်က ကာကွယ်နိုင်ခဲ့သည်။
"ရုတ်သိမ်းမယ်"
သူ့အမိန့်ကြောင့် ရေလှိုင်းမြွေသုံးကောင် နှင်းအရည်ပျော်သကဲ့သို့ တစ်စစီပြိုကွဲသွားသည်။ ထို့နောက် မီတာနှစ်ဆယ်ခန့်မြင့်မားသည့် ရေတံခွန်တစ်ခုအဖြစ် ပြန်ဖွဲ့စည်းသည်။
ရေတံခွန် အောက်သို့ကျလာပြီး သုံးယောက်လုံးကို ဖုံးလွှမ်းသွားသည်။
"ဝင်ကြစမ်း"
ရေသရဲမ အော်ဟစ်လိုက်သည်။ သူအပါအဝင် လုယန်တို့သုံးယောက်ရော ရေတံခွန်ပါ ပျောက်ကွယ်သွားသည်။ ကြမ်းပြင်ပေါ်ပြုတ်ကျလာသည့် ပန်းချီကားနဲ့ မင်သက်မိနေသည့် သခင်စုန့်သာ ကျန်ရစ်ခဲ့သည်။
"အခု ပန်းချီကားထဲမှာလား"
လုယန် သူ့လက်သူငုံ့ကြည့်သည်။ လက်နှစ်ဘက်တွင် အရေပြား၊ အသားများ သွေးများ မမြင်ရ။ မင်နက်ရောင်သာမြင်ရသည်။
သူသည် ပန်းချီကားထဲမှ လူတစ်ယောက်ဖြစ်လာသည်။ တစ်ကိုယ်လုံး ဆေးမင်ရောင်လွှမ်းနေသည်။
"ညီမထောင်နဲ့လန်ထင်ကို မမြင်ရဘူး။ ငါတို့ တစ်ယောက်တစ်နေရာစီ ခွဲထားတာလား။ ရေသရဲမက ငါထင်ထားတာထက် ပိုပါးနပ်တာပဲ"
ဤမှော်ပညာမျိုး အရင်က သူမြင်ဖူးသည်။ သူ့စီနီယာအကိုအမများ သူ့ကိုတစ်လှည့်စီ ရိုက်နှက်ခဲ့စဉ်က ပန်းချီကျွမ်းကျင်သည့် အမတစ်ယောက် ထိုပညာမျိုးသုံးဖူးသည်။
ထိုမှော်ပညာကို ချိုးဖျက်နည်းက ရိုးရှင်းသည်။ မှော်ပညာသုံးသူကို အနိုင်ယူနိုင်လျှင် မူလအနေအထားသို့ သူပြန်ရောက်မည်။
မှော်ပညာသုံးသူက လုယန်ကို အနိုင်ယူနိုင်လျှင်လည်း မူလအခြေအနေသို့ ပြန်ရောက်မည်။ ထိုပညာအကြောင်း သူဘယ်လိုသိထားသည်ကို ရှင်းပြစရာမလို။
"ငါပန်းချီကားထဲ ရောက်နေတာလား"
လန်ထင် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်၍ သုံးသပ်သည်။
သရဲမက သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသဖြင့် လန်ထင် သတိအနေအထားဖြစ်သွားသည်။
ရေသရဲမက လက်ကာပြ၍ လန်ထင်ကို ရပ်ရန်အချက်ပြသည်။
"မတိုက်ခိုက်နဲ့။ ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။
ကောင်မလေး..မင်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုခုရှိလား။ အဲဒီ့ဆန္ဒကို ငါဖြစ်အောင်လုပ်ပေးမယ်။ အပြန်အလှန်အနေနဲ့ မင်းငါ့အသက်ကို ချမ်းသာပေးရမယ်"
အစောပိုင်းက တိုက်ပွဲတွင် ထိုသုံးယောက်လုံးကို တစ်ပြိုင်တည်းအနိုင်မယူနိုင်ကြောင်း ရိပ်မိသဖြင့် တစ်ယောက်ချင်း ခွဲထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အပေးနှင့်အယူစည်းမျဉ်းများကို ပန်းချီကားဖန်တီးသူက ချမှတ်ထားခြင်းဖြစ်သည်။ ရေသရဲမပင် ထိုစည်းမျဉ်းများဖြင့် ရစ်ပတ်ချည်နှောင်ခံရသည်။
ကတိပေးထားသည့်အတိုင်း သူမဖြည့်ဆည်းနိုင်လျှင် သူအပြစ်ပေးခံရမည်။ အကယ်၍ သူဖြည်ဆည်းနိုင်လျှင် သူ့တိုက်ခိုက်စွမ်းအားမြင့်တက်လာမည်။
"ဘယ်လိုဆန္ဒမဆိုရလား"
လန်ထင် သူ့ကို မယုံမရဲကြည့်နေသည်။
"ပြောသာပြောပါ။ ငါစွမ်းအားနဲ့တတ်နိုင်တဲ့ အတိုင်းအတာအတွင်းဆိုရတယ်"
လန်ထင်၏ အသံတိုးညှင်းသွားသည်။ သူ့ပါးနှစ်ဘက် အနည်းငယ်နီရဲလာသည်။
"ဥပမာ အကိုလုကို ကျွန်မခံစားချက်တွေထုတ်ပြောပြီး သူလက်ခံလာအောင်လုပ်တာမျိုးပေါ့"
သရဲမက လုယန်ကို တစ်ချက်အကဲခတ်သည်။ ရုပ်ရည်လှသည်။ ကိုယ်လုံးကိုယ်ပေါက်လည်းလှသည်။ ယောက်ျားများကို ဆွဲဆောင်နိုင်မည့်မိန်းကလေးမျိုးဖြစ်သည်။
"ဒါက သိပ်မခက်ပါဘူး"
သရဲမက လန်ထင်အသွင်ပြောင်းလိုက်သည်။
"ငါနင့်ကိုယ်စား သွားပြောပေးတာ စောင့်ကြည့်နေပါ"
ထောင်ယော်ယဲ့နှင့်လည်း ထိုအခြေအနေမျိုးပင် ကြုံရသည်။ သရဲအတော်ခေါင်းရှုပ်သွားသည်။ ထိုယောက်ျားက ဘယ်လိုဆွဲဆောင်မှုမျိုးရှိ၍ မိန်းမလှနှစ်ယောက်၏ စိတ်နှလုံးကို ထိန်းထားနိုင်သည်မသိ။
"အကိုလုယန်၊ အခုမှပဲ အကိုနဲ့တွေ့တယ်။
သရဲမက နှစ်ကိုယ်ခွဲ၍ လန်ထင်နှင့် ထောင်ယော်ယဲ့အသွင်ပြောင်းထားသည်။ ထိတ်လန့်ကြောက်ရွံ့သည့်ဟန်ပန်ဖြင့် လုယန်ဆီ ပြေးလာသည်။
နှစ်ယောက်လုံး လုယန်ရင်ခွင်ထဲ ပြေးဝင်လာသည်။ လုယန် လန့်ဖျတ်သွားသည်။
ထိုအခြေအနေမျိုး သူတစ်ခါမှမကြုံဖူး။
'ထောင်ယော်ယဲ့'က မျက်ရည်ဝေ့လျက် ပါးနှစ်ဘက်နီရဲနေသည်။ လုယန်ကို ကြိုဆိုနေသည့်မျက်ဝန်းများဖြင့် ကြည့်သည်။
"အကိုလုယန်၊ ကျွန်မကအမြဲတမ်း..."
'လန်ထင်' က အမြန်ဖြတ်ပြောသည်။
"တကယ်တော့ ကျွန်မလည်း..."
လုယန် လက်မြှောက်၍ နှစ်ယောက်လုံးကို စကားဖြတ်ပြောသည်။
"ညီမတို့၊ ညီမတို့နှစ်ယောက်ရဲ့စိတ်ကို ငါနားမလည်ဘူးထင်နေလား။ ဒါပေမယ့် ငါတို့က ဂိုဏ်းတူမောင်နှမတွေလေ။ ကျင့်ဝတ်သိက္ခာနဲ့ သွေဖယ်တဲ့ကိစ္စတွေလုပ်လို့ မသင့်တော်ဘူး။ တစ်ခြားလူတွေက ငါတို့ကိုဘယ်လိုမြင်ကြမလဲ"
'ထောင်ယော်ယဲ့'၏မျက်လုံးများက ပြတ်သားသည်။
"အကို၊ တစ်ခြားလူတွေ ဝေဖန်မှာကို ကျွန်မမကြောက်ဘူး"
'လန်ထင်'ကလည်း အလိုက်သင့်ဝင်ပြောသည်။
"ဟုတ်တယ် အကို၊ ကျွန်မတို့က ကိုယ့်ဘဝနဲ့ကိုယ်နေတာ။ တစ်ခြားလူတွေအမြင်နဲ့ ရပ်တည်နေတာမဟုတ်ဘူး။ တစ်ခြားလူတွေအမြင်က အရာအားလုံးကိုဆုံးဖြတ်နိုင်လို့လား"
လုယန် တဖြေးဖြေးအကြပ်ရိုက်လာသည်။ သူစဉ်းစားလေ တစ်ခုခုမူမမှန်ဟု ခံစားလာရလေဖြစ်သည်။
"ဒါပေမယ့် ငါ့ကျင့်စဉ်စွမ်းအားနဲ့ အတွေ့အကြုံ မရှိသေးဘူး။ မင်းတို့ထင်သလောက် ငါကမပြည့်စုံမှာပဲစိုးတယ်"
"ရပါတယ် အကို၊ မပြည့်စုံဘူးလည်း အဆင်ပြေပါတယ်"
"ဟုတ်တယ်၊ ဟုတ်တယ်။ ပြည့်စုံတဲ့လူ ဘယ်သူရှိလို့လဲ"
လုယန် ခေါင်းခါသည်။
"ငါက လက်ခံရင်တောင် ဆဋ္ဌမအကြီးအကဲနဲ့ သံလွင်နန်းတော်သခင်က ဒီလိုကိစ္စမျိုးကို သဘောမတူလောက်ဘူး"
"သူတို့ သဘောတူမှာပါ"
လုယန် ကိုယ့်ကိုယ်ကို တတ်နိုင်သမျှရှောင်ပြီးပြီဟု ယူဆလိုက်သည်။ သူ့ညီမများ၏ ဆုံးဖြတ်ချက်က ပြတ်သားနေသည်ကို မြင်ရသဖြင့် သူရွေးချယ်စရာမရှိတော့။
"ဒါပေမယ့် မင်းတို့နှစ်ယောက်လုံးက မသေမျိုးခန္ဓာပိုင်ရှင်တွေပါ။ ငါက ဓားဝိညာဉ်မြစ်ပိုင်ရှင်လေ။ မသေမျိုးခန္ဓာတွေအကြောင်း ငါသိပ်မသိဘူး။ မင်းတို့ငါ့ကို ဆရာအဖြစ်လက်ခံရင်တောင် ငါမင်းတို့ကို ဘာမှသင်မပေးနိုင်လောက်ဘူး"
"ဆရာအဖြစ်လက်ခံရမယ်..."
"ဟုတ်တယ်လေ၊ မင်းတို့နှစ်ယောက် နောက်ဆုံးပြိုင်ပွဲမှာတုန်းက ငါ့စွမ်းဆောင်ရည်ကို လေးစားလို့၊ ရွှေသန္ဓေအလတ်တန်းဆင့်မှာ နံပတ်တစ်ဖြစ်လာလို့ ငါဆီမှာ တပည့်ခံချင်ကြတာမဟုတ်လား"
ချစ်ရေးချစ်ရာကိစ္စတွင် တစ်ခါမှ အတွေ့အကြုံမရှိသည့်လုယန်သည် မိန်းမတို့အပြုအမူကို အပြည့်အဝနားမလည်နိုင်ရှာ။ ပြိုင်ဘက်ကင်းသန္ဓေကလည်း ထိုကိစ္စမျိုးကို ကူညီမပေးနိုင်။
သို့သော် နတ်မယ်၏အကူအညီရှိသည်။ အရင်က သူနိုးထချိန်တွင် မိန်းကလေးများအကြောင်း မိန်းကလေးချင်းသာ နားအလည်ဆုံးဖြစ်၍ လုယန်သဘောကျသည့်မိန်းကလေးများနျင့် အဆင်ပြေအောင် ကူညီပေးနိုင်သည်ဟု ပြောခဲ့သည်။
ရေသရဲမ "..."
ရင်ဖွင့်သည့်မစ်ရှင်မအောင်မြင်တော့။ ဆန္ဒမဖြည့်ပေးနိုင်သဖြင့် ရေသရဲမ၏စွမ်းအင်ရောင် မှေးမှိန်သွားသည်။ ပန်းချီကားကို ထိန်းမထားနိုင်တော့ဘဲ လုယန်တို့သုံးယောက် အပြင်ပြန်ထုတ်လိုက်ရသည်။
လုယန်ကို သူကြည့်နေသည်။
"ငါနင့်ကို လျှော့တွက်ခဲ့မိတာပဲ။ နင်က ငါ့အစီအစဉ်တွေကို ခန့်မှန်းနိုင်ခဲ့တယ်ပေါ့"
လုယန် တွေးမရ။ ရေသရဲမ ဘာပြောနေသည်ကို သူနားမလည်။
ဘာကြောင့် ပန်းချီကားအပြင်ဘက်သို့ ရုတ်တရက် ရောက်လာသနည်း။ အပြင်ထွက်လိုလျှင် သရဲမကို အနိုင်ယူမှရမည်မဟုတ်လော...
**********************************