ကျန်းဖူက မင်းကိုခွင့်လွှတ်မှာ မဟုတ်ဘူး။
Vol. 40 Ch. 470
“ ဟားဟားဟား ချီကျန့်စု ... မင်းဘာတွေ အရမ်းပျော်နေတာလဲ အံ့သြစရာကောင်းတယ် ဆိုတာက ဘာကိုပြောနေတာလဲ။ ”
ရုတ်တရက် ရယ်မောမေးမြန်းသံကြောင့် ချီကျန့်စုခန္ဓာကိုယ် တုန်ခါသွားပြီး လှည့်ကြည့် လိုက်လေသည်။
ကျန်းဖူကို မြင်သောအခါ ကောင်မလေးမျက်နှာပေါ်ရှိ ရွှင်လန်းနေသော အပြုံးသည် ချက်ချင်းအေးခဲသွား၏။
“ ဟမ် ... နင်ဘယ်တုန်းက ရောက်နေတာလဲ။ ”
“ တောင်းပန်ပါတယ် အနိုင်ရသူဆိုတဲ့ နင့်ရဲ့အိပ်မက်တွေကနေ လှုပ်နှိုးလိုက်မိတယ်။ ”
“ နင် ... ။ ”
ချီကျန့်စုက ဆံပင်တိုတိုများကို သပ်တင်လျက်မှ ဒေါသထွက်လာတော့သည်။
“ ဟားဟားဟား ... ဒေါသမထွက်နဲ့ ငါတို့နှစ်ယောက်လုံး အတူတူပါပဲ ... ငါလည်း နံပါတ်တစ် မဟုတ်ဘူး။ ”
ထိုစကားကြောင့် ချီကျန့်စုတစ်ယောက် အံ့သြမှင်သပ်စွာဖြင့်၊
“ ပထမ ဘယ်သူလဲ။ ”
-ဟုမေးလျက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လေသည်။
“ စုရီကလွဲရင် ဘယ်သူဖြစ်နိုင်မှာလဲ။ ”
ကျန်းဖူအဖြေကြောင့် ချီကျန့်စု၏ တောက်ပသော မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပြီး ပြုံးရယ်ကာ၊
“ ဒါဆို နင်ဒုတိယပေါ့ ... ဒါကောင်းတယ် ဟား ဟား ဟား ... ။ ”
“ နင်ဘာကို ဆိုလိုချင်တာလဲ ငါ့ကို လှောင်ပြောင်နေတာလား။ ”
ချီကျန့်စုက လက်ပိုက်လျက် ကျန်းဖူကို စိုက်ကြည့်ကာ၊
“ ငါလှောင်ပြောင်နေတာ မဟုတ်ဘူး နင့်ရဲ့တတိယခြေထောက်ကို လှီးဖြတ်ပစ်ပြီး ခွေးစာကျွေးဖို့ စဉ်းစားနေတာ။ ”
-ဟု တုန့်ပြန်လာ၏။
ထိုအဖြေကြောင့် ကျန်းဖူခမျာ မသိစိတ်ဖြင့် သူ့ခြေထောက်များကို ပူးကပ်လိုက်၏။ နဖူးတွင် အေးစက်သော ချွေးများ သီးထလာပြီး၊
“ ကောင်မလေး ... မင်းရဲ့ရန်လိုတဲ့ အပြုအမူကို ပြောင်းလိုက်ရင် မင်းဘယ်လောက် လှလိုက်မလဲ။ ”
ထို့နောက် ချီကျန့်စုတစ်ယောက် စိတ်မသက်မသာ ဖြစ်သွားသဖြင့် ကျန်းဖူက အမြန်ပြင်ပြီး၊
“ ကောင်းပြီ ... ကောင်းပြီ၊ ငါပြောစရာရှိတယ်။ ”
-ဟု စကားဦးတည်ရာ ပြောင်းလဲလိုက်သည်။
“ ဟမ့် ... နင်မဖွယ်မရာ ပြောချင်နေတာဆိုရင် ငါသည်းခံမှာမဟုတ်ဘူး။ ”
“ ဟားဟားဟား ... ဒီတစ်ခါတော့ အခြားကိစ္စပါ စုရီက ငါ့ဆီမှာ အကူအညီတစ်ခု တောင်းထားတယ် ... ။ ”
သူ့စကားအဆုံးတွင် မာနကြီးသော အရိပ်အယောင်များ ပေါ်လာသည်။ ချီကျန့်စုမှ ခဏမျှအံ့အားသင့်သွားပြီး ရယ်မောလျက်၊
“ ဟား ဟား ဟား ... ဒီလိုကိုယ့်ကိုယ်ကို မြှောက်ပင့်တတ်တဲ့ဟာသမျိုးက ရယ်စရာတော့ မကောင်းဘူးနော်။ ”
-ဟု တုန့်ပြန်လိုက်သည်။
စုရီကဲ့သို့သော ဇာတ်ကောင်သည် ဟွမ်ရှောင်ယုအပါအဝင် ဝိညာဉ်ထင်ရှားခြင်း အဆင့် ကျွမ်းကျင်သူကိုးဦးကို သတ်နိုင်ခဲ့၏။
ထို့ကြောင့် ကျန်းဖူအပေါ် အကူအညီတောင်းစရာ နည်းလမ်းမရှိချေ။ ကျန်းဖူမှ ချက်ချင်း ဒေါသထွက်သွားသည်။
“ ဒါအမှန်ပဲ ... စုရီက ငါ့ဆီလာပြီး ဝမ်ရှင်းကျောက်တို့ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တယ် ... ။ ”
“ တကယ်လား။ ”
အဆုံးတွင် ကျန်းဖူခမျာ ကူကယ်ရာမဲ့သွားသည်။ စုရီတစ်ယောက် သူ့ကို အကူအညီတောင်းသည်ကို ဤကောင်မလေး လက်မခံနိုင်သည်လော။ အဆုံးတွင် အသက်ပြင်းပြင်းရှူလျက်၊
“ ငါ့အဘိုးရဲ့ ဂုဏ်သတင်းနဲ့ ငါကျိန်ဆိုနိုင်တယ်။ ”
-ဟု ပြောကြားလိုက်ရသည်။
“ ဒါဆို ငါယုံပြီ ... ။ ”
ချီကျန့်စု မျက်ဝန်းထဲတွင် သူ့အဖိုး အရိုးနတ်မိစ္ဆာဧကရာဇ်၏ ဂုဏ်သတင်းသည် သူ့စကားထက် များစွာ ထိရောက်ချေပြီ။
“ ဒါဆို ဒီမြေအောက် လှိုဏ်ဂူထဲကိုသွားဖို့ နင့်မှာစိတ်ကူးရှိလား။ ”
ကျန်းဖူမှ မေးသည်။ ချီကျန့်စုက ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်ပြီးနောက်၊
“ မဟုတ်ဘူး၊ စုရီပြောတာကို ယုံတယ်။”
-ဟု ချက်ချင်း တုန့်ပြန်လာ၏။
ကျန်းဖူမှ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။ ထိုအချိန်တွင် ဗုဒ္ဓဂိုဏ်းတပည့်ချန်တု ထွက်ပေါ် လာလေသည်။
ကျန်းဖူနှင့် ချီကျန့်စုတို့သည် ချက်ချင်းပင် စကားရပ်စဲကာ အတူတူ လှည့်ကြည့်လိုက်ကြ တော့သည်။
“ မင်းတို့ နှစ်ယောက် ... ။ ”
ချန်လု မျက်လုံးများတွင် သိသိသာသာ ဝမ်းနည်းမှုတစ်ခု ထင်ဟပ်လာ၏။ ချီကျန့်စုက၊
“ ဘုန်းကြီးချန် မင်းစိတ်ဓာတ်ကျစရာ မလိုပါဘူး သူကဒုတိယပဲရှိတယ်၊ ငါကတတိယ မင်းက စတုတ္ထပါ။ ”
-ဟု ဝင်ပြောလိုက်သည်။
ထိုစကားကြောင့် ချန်လုက အံ့အားသင့်သွားပြီး ကူကယ်ရာမဲ့စွာပြုံးကာ၊
“ ငါက တတိယလို့ ထင်ခဲ့တာ ... ဘယ်လိုလုပ်စတုတ္ထလဲ ... ဒါဆို ဘယ်သူက ပထမလဲ။ ”
အဆုံးတွင် ပတ်ပတ်လည်ကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်သွား၏။ ကျန်းဖူမှ ရယ်ချင် သွားလေသည်။ ဘုန်းကြီးသည် သာလွန်မှုနှင့် ခွန်အားအပေါ် အလေးထားနေပုံရ၏။
“ နေဦး ... စုရီလား။ ”
ရုတ်တရက် ချန်လုမှ သတိရသွားသည်။ စုရီ၏စွမ်းရည်ဖြင့် စမ်းသပ်ကျောက်လှေခါးများ အပေါ် ပထမဆုံး ကျော်ဖြတ်နိုင်ရန် ခက်ခဲမည် မဟုတ်ချေ။ ကျန်းဖူက ခဏမျှ စဉ်းစားပြီး၊
“ ဟုတ်တယ် ... တာအိုစုက ငါ့ကိုအကူအညီတစ်ခု တောင်းထားတယ် ... ။ ”
“ ဟမ့် ... ဘယ်လို ... တာအိုစုက မင်းဆီကနေ အကူအညီ တောင်းထားတယ်လို့ မင်းပြောနေတာလား။ ”
-ဟု သံသယဖြင့် ပြန်မေးတော့၏။
ဘေးမှ ရပ်နားထောင်နေသော ချီကျန့်စုတစ်ယောက်ရယ်ချင်သွားသည်။ ချန်လု စိတ်ထဲတွင် စုရီကဲ့သို့သော တစ်စုံတစ်ယောက် အနေဖြင့် အကူအညီတောင်းလိမ့်မည်ဟု မထင်ထားသည်မှာ သဘာဝပေပင်။
ကျန်းဖူက နှာခေါင်းကိုပွတ်သပ်ကာ သက်ပြင်းချလျက်၊
“ ဒါကိုအရင်ကတော့ အရမ်းမိုက်တယ်လို့ ခံစားခဲ့တယ် ... အခုတော့ ငါ့ရဲ့ပျော်စရာတွေကို ပျက်ပြားစေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ”
-ဟု ညည်းတွားလိုက်၏။
“ ဟား ဟား ဟား ... ။ ”
ချီကျန့်စုက ကျန်းဖူစကားအပေါ် ရယ်မောလျက် ဖြစ်စဉ်ကို ချန်လုထံ ပြန်လည် ပြောပြလိုက်သည်။
“ မင်းမယုံဖို့ ရွေးချယ်နိုင်ပြီး ... မြေအောက်ဂူထဲကိုသွားလို့ရတယ် ဒါမှမဟုတ် မင်းယုံပြီး ဒီမှာပဲရပ်နိုင်တယ်။ ”
ချန်လုက ခဏမျှ နှုတ်ဆိတ်နေကာ၊
“ တာအိုစုကို ယုံကြည်တယ် ဒီဂူထဲမှာ အန္တရာယ်တွေ ရှိနေတယ်လို့ ပြောတဲ့အတွက် တကယ်ရှိနေမှာ သေချာတယ်။”
-ဟု တုန့်ပြန်လာတော့၏။
ကျန်းဖူခမျာ ပို၍ဝမ်းနည်းလာသည်။ ဤလူများသည် စုရီနှင့် ရင်းနှီးသောဆက်ဆံရေး မရှိသည့်တိုင် လွယ်လွယ်ယုံကြည်နေကြ၏။
ထို့နောက်တွင် လီဟန်၊ ယွီဝမ်ရှ၊ ကျန့်လီ၊ ဝမ်ရှင်းကျောက်၊ ယွီရှစ်ချန်နှင့် အခြားသူများ အားလုံး တောင်ထိပ်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာသည်။
ချီကျန့်စုထံမှ စုရီပြောသွားသည့် သတိပေးချက်ကို သူတို့အားလုံးထံ ပြန်ပြောင်း ပြောပြလိုက်၏။
“ အစ်ကိုစုက ... ဒီလောက် အန္တရာယ်ရှိတဲ့နေရာကို တစ်ယောက်တည်း ဘယ်လိုများသွားရတာလဲ။ ”
ကောချင်မှ စိတ်ပူလာသည်။
“ ဘာတွေ ထိတ်လန့်နေရတာလဲ အစ်ကိုစု အဆင်ပြေလိမ့်မယ်။ ”
ဝမ်ရှင်းကျောက်မှ ချက်ချင်းတုန့်ပြန်၏။ သို့သော် သူမ မျက်နှာပေါ်တွင် စိုးရိမ်နေသော ခံစားချက်များ ထင်ဟပ်လာသည်။ ထို့နောက် သူမက ယွီရှစ်ချန်ထံ လှည့်ကြည့်ကာ၊
“ ယွီရှစ်ချန် ... ငါတို့ဒီမှာနေပြီးတော့ အစ်ကိုစုပြန်လာတာကို စောင့်ကြမယ် မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
ယွီရှစ်ချန်က ခေါင်းညိတ်၏။
“ ဟမ့် ... စုရီပြောတာတွေ အမှန်ဆိုရင် ဒီလှိုဏ်ဂူထဲမှာ အလွန်ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေ ရှိနိုင်လိမ့်မယ် ... ။ ”
ယွီဝမ်ရှမှ သက်ပြင်းချသည်။
“ စုရီပြောတာကို နားထောင်ပြီး ... ဒီမှာပဲဆက်နေရင် အန္တရာယ်မတွေ့နိုင်ပေမယ့် တစ်ချိန်တည်းမှာဘဲ အကျိုးအမြတ်လည်း ဆုံးရှုံးသွားနိုင်ပါတယ်။ ”
လီဟန်ထောင်မှ သူ့အမြင်ကို ထုတ်ပြောလာသည်။ သူ့စကားကြောင့် လူတိုင်း တိတ်ဆိတ်သွား၏။ ဝမ်ရှင်းကျောက်သာလျှင် ထိုစကားအပေါ် မကျေနပ်သဖြင့်၊
“ ဒါဆို တာအိုလီက ... ဂူထဲက အခွင့်အရေးအတွက် မပြိုင်ဖို့ ဒီနည်းလမ်းကို တာအိုစုသုံးနေတာလို့ သံသယရှိနေတာလား။ ”
-ဟု မျက်မှောင်ကြုတ်မေး၏။
“ အဟား ... အရမ်းကြီး မတွေးပါနဲ့ မိန်းကလေးဝမ် ... ငါအမှန်အတိုင်းပြောနေတာ ... ငါတို့က အခွင့်အရေးအတွက် ဒီကိုလာခဲ့တာ မဟုတ်လား ... ဒီမြေအောက် လှိုဏ်ဂူထဲမှာ အခွင့်အရေး အစစ်အမှန်ရှိမယ်ဆိုတာ လူတိုင်းသိတာပဲ ...
... ဒီလိုအခြေအနေမျိုးမှာ ဒီမှာပဲရပ်လိုက်တာ ရှက်စရာကောင်းပါတယ် လူတိုင်း ... ငါ့အမြင်အရ ငါတို့တွေအတူတကွ လုပ်ဆောင်နေသမျှ ဒီမြေအောက်လှိုဏ်ဂူထဲမှာ အခွင့်အလမ်းတွေ ရှာတွေ့နိုင်မှာပါ။ ”
ထိုသို့ပြောပြီးနောက် တုန့်ပြန်မှုအပေါ် စောင့်နေလိုက်၏။ သို့သော် မည်သူမျှတုန့်ပြန်မှု မပြုခဲ့ဘဲ ငြိမ်သက်နေသဖြင့် ခါးသက်သော အမူအရာဖြစ်ပေါ်လာလေသည်။
ကျန်းဖူက ပြုံးလျက် ခပ်လှမ်းလှမ်းရှိ မြေအောက်လှိုဏ်ဂူ ဝင်ပေါက်ကို ညွှန်ပြကာ၊
“ ဒါဆို ... မင်းတို့သွားလို့ရတယ် ... ဘယ်သူမှတားမှာမဟုတ်ဘူး တာအိုစုစကားကို ယုံခြင်း ... မယုံခြင်းက လူတိုင်းရဲ့ ဆန္ဒပါပဲ။ ”
-ဟု ပြောကြားလိုက်၏။
လီဟန်ထောင်တစ်ယောက် မျက်နှာပျက်ယွင်းကာ ရပ်တန့်သွားလေသည်။ ချီကျန့်စုက လက်ပိုက်နေရာမှ၊
“ ကောင်းပြီ ... ငါတို့ ခြေတစ်လှမ်းဆုတ်ပေးမယ် အဲဒီမြေအောက် လှိုဏ်ဂူထဲမှာ အခွင့်အရေး တကယ်ရှိနေတယ် ဒါဆို ... ဒီအတွက် စုရီနဲ့ နင်တိုက်ပွဲဝင်ရဲလား။ ”
-ဟု ပွင့်လင်းစွာ မေးမြန်းလိုက်၏။
သူမ စကားများသည် လီဟန်ထောင် နားထဲသို့ ကမောက်ကမ ဝင်ရောက်သွားသည်။ အနည်းငယ် ငြိမ်သက်သွားပြီးနောက် လီဟန်ထောင်က၊
“ မင်းတို့နှစ်ယောက် နားလည်မှုလွဲနေပြီ ငါလီဟန်ထောင်က မင်းတို့နဲ့ လက်တွဲပူးပေါင်းဖို့ ပြောနေတာ မဟုတ်ဘူး ... နောက်ဆုံးမှာတော့ မတူညီတဲ့ စိတ်ကူးစိတ်သန်းရှိတဲ့လူတွေနဲ့ လက်တွဲစရာမလိုပါဘူး။ ”
-ဟု ဆိုကာ လျစ်လျူရှု လိုက်လေသည်။
ထိုအချိန်တွင် ကျန့်လီက ရုတ်တရက် ခေါင်းယမ်းလျက်၊
“ တာအိုလီ၊ ငါတို့က မဟာမိတ်တွေ ဖြစ်ခဲ့ပေမယ် ... ငါ စုရီရဲ့စကားကိုယုံပါတယ် ဝင်သွားဖို့ အစီအစဉ်မရှိပါဘူး။ ”
-ဟု ငြင်းဆန်တော့၏။
ယွီဝမ်ရှသည်လည်း ခေါင်းညိတ်ကာ၊
“ ငါလဲ အတူတူပါပဲ။ ”
-ဟု ပြောကြားလိုက်သည်။
သူတို့၏ ပြောဆိုချက်များသည် လီဟန်ထောင်ကို တုန်လှုပ်ခြောက်ခြားစေကာ အဆုံးတွင် ချန်လု၊ ချန်ရှင်းနှင့် အခြားသူများထံ လှည့်ကြည့်လိုက်တော့၏။
သို့သော် မေးခွန်းမထုတ်မီ ချန်လုက လက်ဝှေ့ရမ်းပြီး၊
“ ကြင်နာခြင်းက လူတွေအပေါ် မကယ်တင်နိုင်ဘူး သူတို့ကိုပျက်စီးစေတယ် တာအိုလီ ... နောင်တရရဖို့ အချိန်တန်ပြီ။ ”
-ဟု လေးနက်စွာ သတိပေးသည်။
လီဟန်ထောင်တစ်ယောက် မျက်နှာဖြူဖျော့လျက် ရှက်စိတ်နှင့် ဒေါသများ ထွက်လာတော့သည်။
သူသည် အာရုံစိုက်ခံရရန် ဆွဲဆောင်မှု ကြိုးစားနေသော မျောက်တစ်ကောင်နှင့်တူပြီး တွားသွားရန်အတွက် အက်ကွဲကြောင်းကို ရှာလိုလာ၏။
ကျန်းဖူနှင့် ချီကျန့်စုကဲ့သို့သော သန်မာလွန်းသည့် ပါရမီရှင်များသည် ထိုစုရီကို အဘယ်ကြောင့် ရွေးချယ်ခဲ့မှန်း သူ နားမလည်နိုင်တော့ချေ။
ချန်လုကဲ့သို့ ယနေ့ခေတ် ဘီလူးသည် ရပ်တန့်ကာ အခွင့်အလမ်းများ ရှာဖွေခြင်းကို အမှန်ပင် စွန့်လွှတ်လိုနေ၏။
သို့သော် လီဟန်ထောင် အကြည့်သည် ဝမ်ရှင်းကျောက်တို့ထံ ရောက်ရှိသွားသောအခါ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး၊
“ ဘုန်းကြီးချန်၊ မင်းရဲ့စိုးရိမ်မှုတွေကို ငါနားလည်ပါတယ် ... ငါအကြံတစ်ခု ရလာပြီ ဒီနည်းလမ်းကိုသုံးရင် စုရီပြန်ထွက်လာတဲ့အခါ အလွယ်တကူဖမ်းနိုင်လိမ့်မယ်။ ”
-ဟု ခပ်တိုးတိုး လှမ်းပြောလိုက်၏။
သို့သော် ချန်လု၏ မျက်ဝန်းများ မှေးစင်းသွားကာ သူ့အပေါ် သနားကြင်နာဟန် ပြန်ကြည့်လာချေပြီ။
“ တာအိုလီ ... ဝမ်ရှင်းကျောက်နဲ့ တခြားသူတွေကို ခြိမ်းခြောက်ဖို့ မင်းသုံးချင်တဲ့ ဒီလိုနည်းဗျူဟာတွေက ... စက်ဆုပ်ရွံရှာစရာ ကောင်းလွန်းပါတယ် ...
... ဒီအကြံကို အခုချက်ချင်း စွန့်လွှတ်လိုက်ဖို့အကြံပေးတယ် မဟုတ်ရင် ကျန်းဖူက မင်းကိုခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
“ ကျန်းဖူလား ... ။ ”
လီဟန်ထောင်ခမျာ မျက်နှာအသွင် ရုတ်တရက်ပြောင်းသွားပြီး အဝေးရှိကျန်းဖူထံ လှမ်းကြည့်လိုက်၏။ ကျန်းဖူက ထိုနေရာတွင် ရပ်လျက်ဖြင့် သူ့ထံ ပြုံးကာ ကြည့်နေတော့သည်။
***