ဘာလို့ အချိန်ဖြုန်းနေရတာလဲ။
Vol. 40 Ch. 474
ကျန့်လင်ကျန်း၏ သေဆုံးမှုသည် အမှန်တကယ်ပေါ့လျော့မှုကြောင့် မမျှော်လင့်ဘဲ အသက်ပေးသွားရ၏။
ဦးခေါင်းကြီး မြေပြင်ပေါ် လိမ့်ဆင်းနေသည်ကို မြင်ပြီးနောက် ယန်ကျင်းယွင်က စုရီအပေါ် ခြိမ်းခြောက်ရန် စကားများ မတွေးနိုင်တော့ချေ။
“ ဒီမျဉ်းကို ဖြတ်ကျော်ဖို့ သတ္တိရှိရင် မင်းခေါင်းကို ငါဖြတ်မယ်။ ”
ဤအခိုက်တွင် အထက်ပါစကားသည် ကျန့်လင်ကျန်းအတွက် ကြီးမားသော ပြက်လုံး ဖြစ်သွားချေပြီ။
“ လူယုတ်မာ ... ။ ”
ကျန့်လင်ကျန်း သေဆုံးမှုသည် သွေးစွန်းနေသော အဝတ်အစား ဝတ်ဆင် ထားသည့် အမျိုးသားကို ရူးသွပ်သွားစေခဲ့၏။
“ ဝှီး ... ။ ”
လက်ဖဝါးပုံရိပ်ကြီးသည် နီမြန်းလျက် ရက်စက်ကြမ်းကြုတ်မှုကို ထင်ရှားစေသည်။ စုရီက မရှောင်တိမ်းဘဲ ဓားဖြင့် ပြန်၍ ခုတ်ပိုင်းချလိုက်သည်။
“ ရွှပ် ... ။ ”
လက်ထဲရှိ ကောင်းကင်ပြာဓားသည် ကြည်လင်သောမြည်သံနှင့်အတူ သံချေးတက် နေသည့် ဓားကိုယ်ထည်မှ အလင်းများ ပြိုးပြက်လာတော့၏။
ကမ္ဘာကြီး ကမောက်ကမ ဖြစ်ကာ ဓားစွမ်းအင်များလျှံထွက်ပြီး သွေးသားများ တဟုန်းဟုန်း တောက်လောင်သွားသည်။
တိုက်ပွဲသည် ပြင်းထန်လွန်းပြီး သွေးစွန်းနေသော အဝတ်အစားဖြင့် လူသည် စုရီကို အနိုင်မယူနိုင် ဖြစ်နေခဲ့တော့၏။
“ ဒီကောင်လေးရဲ့ တိုက်ပွဲဝင် စွမ်အားက မယုံနိုင်စရာပဲ။ ”
အဖြူရောင်ဝတ် အဖိုးအိုက ထိတ်လန့်တုန်လှုပ်သွားပြီး ငြိမ်သက် မနေနိုင်တော့ချေ။
သွေးစွန်းသော အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသားကို မင်ကျန်းဟု ခေါ်သည်။
ခန္ဓာကိုယ် မရှိသော်လည်း ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူကို အလွယ်တကူ ချေမှုန်းနိုင်၏။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ယန်ကျင်းယွင် အမူအရာသည်လည်း အနည်းငယ်တုန်လှုပ်သွားသည်။ ကျန့်လင်ကျန်း သေဆုံးမှုသည် သူ့ကိုအကြီးအကျယ် ထိတ်လန့်သွားစေ၏။
သည့်ပြင် မင်ကျန်းအပေါ် လက်ရည်တူ တိုက်ခိုက်နေသဖြင့် သာ၍ ဆိုးသွားလေသည်။ အကြောင်းပြချက်သည် အလွန်ရိုးရှင်း၏။
သူ့ဝှက်ဖဲများကို အကုန်အစင် ထုတ်သုံးသော်မှ မင်ကျန်း’၏ ပြိုင်ဘက်ဖြစ်ရန် အရည်အချင်းမရှိသေးချေ။
“ အတူတူ တိုက်ခိုက်ကြရအောင် ... သူ့ကိုအလွတ်မပေးနဲ့ ... ။ ”
ရုတ်တရက် အဖြူဝတ်လုံဝတ်ထားသည့် အဖိုးအို၏အသံက ယန်ကျင်းယွင်နားထဲသို့ တိုးဝင်လာသည်။
“ ထပ် ... ။ ”
ယန်ကျင်းယွင်က ခေါင်းညိတ်လိုက်စဉ် သူ့နောက်ရှိဓားသေတ္တာ ရုတ်တရက် ပွင့်သွား တော့၏။
အတွင်းမှ အသွင်သဏ္ဍာန် အကြမ်းထည်ဆန်လှသော ရှေးဟောင်း ဓားတစ်လက် ထွက်ပေါ်လာသည်။
ဓားကိုင်လိုက်သည်နှင့် ရောင်ဝါသည် ရုတ်တရက် ပြောင်းလဲသွားကာ မြေပြင်ပေါ် နင်းဖြတ်ပြီး စုရီကိုသတ်ရန် ပြေးဝင်လိုက်၏။
“ ရွှပ် ... ။ ”
ဓားအရိပ်များ အစီအရီထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လူသတ်ရောင်ဝါများ ဖုံးလွှမ်းသွားလေသည်။
ဓားရေး ကျွမ်းကျင်မှုတွင် ထူးချွန်သော အဆင့်သို့ ရောက်ရှိနေသည်မှာ မြင်သာ၏။ တစ်ချိန်တည်းမှာပင် အဖြူဝတ် အဘိုးအို သည်လည်း လှုပ်ရှားလာသည်။
“ သေလိုက်တော့ ... ။ ”
ရောင်ဝါများ နွေဦးမိုးခြိမ်းသံကဲ့သို့ တောက်လောင်လျက် အင်္ကျီလက် တဖျပ်ဖျပ် ခတ်ကာ ဓားဖြင့်ခုတ်ချလိုက်၏။
ယန်ကျင်းယွင်နှင့် ယှဉ်သော် အဖိုးအိုဓားသည် ပို၍အံ့သြစရာကောင်းကာ တောင်နှင့်မြစ်ကို လှန်ပစ်နိုင်သည့် စွမ်းအားမျိုး ပေးစွမ်းသည်။
ထိုအချိန်တွင် မင်ကျန်းသည် လက်တစ်ဖက်စီ၌ အနက်ရောင်လှံတိုကို ကိုင်ဆောင်ပြီး အစွမ်းကုန် တိုက်ခိုက်နေခဲ့သည်။
လေဟာနယ်တစ်ခုလုံး ကမောက်ကမဖြစ်လာကာ အလင်းလှိုင်းများ တဟုန်းဟုန်း တောက်နေ၏။
စုရီအတွက် ရုတ်တရက် အန္တရာယ်ရှိသောအခြေအနေသို့ ရောက်သွား တော့သည်။ ဤတစ်ကြိမ်တွင် ပြိုင်ဘက် သုံးဦးသာ ရှိသော်လည်း ဟွမ်ရှောင်ယုတို့ ကိုးယောက်နှင့် ရင်ဆိုင်ရသည်ထက် ပို၍ကြောက်စရာကောင်းလာ၏။
စုရီ၏လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် မင်ကျန်းကဲ့သို့သော တစ်စုံတစ်ယောက်ပင် ဆက်ဆံရခက်ပေသည်။
ယခု ဝတ်ရုံဖြူအဘိုးအိုနှင့် ယန်ကျင်းယွင်တို့သည်ပါ ထပ်တိုးလာသဖြင့် အခြေအနေသည် မရေမရာတော့ချေ။
“ နှမျောစရာ ကောင်းလိုက်တာ ... အချိန်မှားနေတယ် မဟုတ်ရင် ငါ့ခွန်အားကို မြှင့်တင်ဖို့ အသုံးချမိလိမ့်မယ်။ ”
စုရီက တိတ်တိတ်လေး သက်ပြင်းချ လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် အခြား အစီအစဥ်များနှင့်အတူ ဤမြေအောက်ကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် တိုက်ပွဲတွင် သဘာဝအတိုင်း စွမ်းအင်မဖြုန်းတီးလိုချေ။ စွမ်းအင်ကုန်ခမ်းပါက နောက်ထပ်လုပ်ငန်းစဉ်များတွင် မလွဲမသွေ ထိခိုက်စေမည်ဖြစ်သည်။
“ မြန်မြန်၊ သူ သိပ်ကြာကြာ မထိန်းနိုင်တော့ဘူး။ ”
မင်ကျန်းက ကျယ်လောင်စွာ အော်ဟစ်လျက် နှလုံးသားထဲ လူသတ်ချင် စိတ်များ ဆူပွက်လာခဲ့သည်။
“ သတ် ... ။ ”
အဖြူရောင်ဝတ်ရုံနှင့် အဖိုးအိုသည် ကြမ်းတမ်းသောတိုက်ပွဲဝင်ပုံစံသို့ ပြောင်းလဲ လိုက်တော့သည်။
“ စိတ်မပူနဲ့ ... ငါမင်းကို အရင်ပို့ပေးမယ်။ ”
စုရီအသံက လေထဲလွင့်မျောလာပြီး အနက်ရောင်ဓားအလင်းက အဖြူဝတ်အဖိုးထံ ပြေးဝင်သွား၏။
“ ချွင် ... ။ ”
၀တ်ရုံဖြူဝတ် အဘိုးအိုက ဓားနှင့် ပြန်၍ပက်ထုတ်လိုက်သည်။ ရလာဒ်အနေဖြင့် အဘိုးအိုဓားသည် အက်ကွဲလာခဲ့သည်။
အဆုံးတွင် ရတနာဓားကဲ့သို့သော ဖျက်ဆီး၍မရနိုင်သည့် ထိုဓားသည် ခါးလည်မှ ကျိုးကျသွားတော့၏။ ဖြစ်စဉ်သည် အဖြူဝတ် အဖိုးအိုကို အံ့အားသင့်သွားစေသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ ချက်ချင်းနောက်ဆုတ် ရှောင်တိမ်းလိုက်၏။
သို့သော် ဓားအလင်းသည် ခေါင်းပေါ် ကျဆင်းလာပြီဖြစ်သဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
“ အသက်ဝင် ... ။ ”
ရုတ်တရက် ရွှေရောင်အလင်းမှုန်များ ထွက်ပေါ်လာပြီး အံ့အားသင့်ဖွယ်ရာအလင်းဒိုင်း တစ်ခု ဖြစ်ပေါ်လာသည်။
အလွှာပေါင်း ဆယ့်ရှစ်လွှာပါရှိသည့် ရွှေရောင်အလင်းဒိုင်းဖြစ်၏။ ထိုက်ကျိဂိုဏ်းမှ ဆင်းသက်လာသော လျှို့ဝှက်နည်းစနစ် တစ်ရပ်ဖြစ်သည်။
ကောင်းကင်ကပ်ဘေးများကို ခုခံရန် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူများ သည်ပင် အသုံးပြုကြ၏။
သို့သော် စုရီဓားသည် ငရဲဘုံကိုးပါးဓား၏ အရိပ်အယောင်ကို အသုံးပြုထားပြီး ဖြစ်သည်။ တစ်ခုတည်းသော ခံစစ်လျှို့ဝှက်နည်းစနစ်ဖြင့် ထိုစွမ်းအားကို မည်သို့ခုခံနိုင်မည်နည်း။
“ ခရစ် ... ။ ”
အဆုံးတွင် ရွှေရောင်အလင်းတန်း (၁၈)လွှာသည် စက္ကူကဲ့သို့ ကွဲအက်သွားပြီး အလင်းမှုန်များ ပြန့်ကျဲသွား၏။
“ ဝုန်း ... ။ ”
အဖြူဝတ်အဖိုးအိုခမျာ မျက်ခုံးမွှေး နှစ်ဖက်ကြား သွေးမျဉ်းတစ်ကြောင်းပေါ်လာပြီး နှာခေါင်း၊ နှုတ်ခမ်း၊ မေးရိုး၊ လည်ချောင်းနှင့် ရင်ဘတ်တစ်လျှောက် ဆင်းသွားတော့သည်။
“ ငါစုန့်ချီဟာ ဒီလိုမျိုး ကြယ်စုစည်းခြင်းအဆင့် တစ်စုံတစ်ယောက်ရဲ့ လက်မှာ သေရလိမ့်မယ်လို့ မထင်ခဲ့မိဘူး ... ။ ”
အဖြူဝတ်အဖိုးအိုက သက်ပြင်းချ၏။ တစ်ဆက်တည်းမှာပင် ဝိညာဉ်နှစ်ခြမ်းကွဲသွား ပြီးနောက် အလင်းမှုန်များအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းသည် မင်ကျန်းနှင့် ယန်ကျင်းယွင်တို့ကို တုန်လှုပ်သွားစေကာ မျက်နှာလုံးဝပြောင်းလဲသွားတော့၏။
“ အခု မင်းအလှည့် ... ။ ”
စုရီက ပြိုင်ဘက်ကို အသက်ရှူရန် အခွင့်အရေး မပေးလိုဘဲ မင်ကျန်းထံဦးတည် လိုက်လေသည်။
ယင်းသည် ရိုးရှင်းသော ဓားတစ်လက် ဖြစ်သေးသော်လည်း မင်ကျန်းအတွက် တစ်ခုခု မှားနေပြီဟု ခံစားမိစေ၏။
ထို့ကြောင့် ပယ်ဖျက်ရန် စိတ်ကူး မရှိတော့ဘဲ ချက်ချင်း လှည့်ထွက်ပြေးသည်။ ကျန့်လင်ကျန်းသေဆုံးမှုမှာ ပေါ့လျော့မှုကြောင့် ဆိုသော် အဖြူဝတ်အဖိုးအိုသည် မည်သို့ ဖြစ်နိုင်သနည်း။
“ မင်း ... မလွတ်မြောက်နိုင်ပါဘူး။ ”
စုရီမျက်လုံးများတွင် အထင်အမြင် သေးခြင်းများဖြင့် ပြည့်နှက်လာခဲ့တော့သည်။ အပြာရောင် ဓားပျံတစ်လက် သူ့မျက်ခုံးကြားမှ ပျံထွက်လာ၏။ နတ်ဘုရားသတ်ဓား။
ထွက်ပြေးနေသော မင်ကျန်းသည် ရုတ်တရက် ထိတ်လန့်သွားကာ၊
“ မလုပ်နဲ့ ... ။ ”
-ဟု အော်ဟစ်ပြီး လှံတိုဖြင့် ဟန့်တားတော့သည်။
သူနှင့် ခြေတစ်လှမ်းအကွာ၌ အပြာရောင်ဓားပျံတစ်လက် ထွက်ပေါ်လာကာ အပိုင်းအပိုင်း ဖြတ်တောက်သွား၏။
သို့မှသာ သက်ပြင်းတစ်ချက်ချလျက် သေမင်းနှုတ်လမ်းဝမှ လွတ်မြောက်လာသူကဲ့သို့ မော့ကြည့်လိုက်စဉ် ဓားတစ်လက် ကျဆင်းလာ သည်ကို မြင်လိုက်ရတော့သည်။
“ မင်း ... ။ ”
အဆုံးတွင် ထိန်လန့်စွာဖြင့် လှံတိုကို ကန့်လန့်ဖြတ် ပိတ်ဆို့လိုက်လေသည်။ သို့သော် လှံတိုသည် တို့ဟူးကဲ့သို့ ပြတ်တောက်သွား၏။
အေးစက်သောအငွေ့အသက်သည် သူ့လည်ချောင်းထဲသို့ ချက်ချင်း ထိုးဖောက် ဝင်ရောက်လာခဲ့သည်။
များမကြာခင် မင်ကျန်း၏ ဝိညာဉ်သည် အလင်းအပိုင်းအစများအဖြစ် အတင်းအကျပ် ပြန့်ကျဲသွားတော့၏။
ဤနည်းဖြင့် ဝိညာဉ် ပေါင်းစည်းခြင်း အဆင့်မှ ကျွမ်းကျင်သူ နှစ်ယောက်ခမျာ သေဆုံးသွားချေပြီ။
ထိုမြင်ကွင်းက စုရီထံ အပြေးအလွှား တိုက်ခိုက်ရန် ပြင်နေသော ယန်ကျင်းယွင်ကို လေထုအလယ် အေးခဲအသက်မဲ့သွားစေ၏။
ရေခဲဂူထဲ ပြုတ်ကျသွားအလား တုန်လှုပ်ချောက်ချားမှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်လာသည်။
“ နှမျောစရာပဲ ... ။ ”
မင်ကျန်း ဝိညာဉ်အကြွင်းအကျန် ပျောက်ကွယ်သွားသည်ကို ကြည့်လျက် စုရီမှ အနည်းငယ် ဝမ်းနည်းသွားသည်။
မင်ကျန်းဖြစ်စေ၊ အဖြူရောင်ဝတ်လုံနှင့် အဖိုးအိုဖြစ်စေ သင့်လျော်ကောင်းမွန်လှသော ကျောက်တုံးများအဖြစ် သတ်မှတ်နိုင်၏။
တစ်ဦးချင်း အခြေအနေတွင် ရင်ခုန်စရာ ကောင်းသော်လည်း နှစ်ယောက် ပူးပေါင်းသော် အန္တရာယ်ရှိသော ဖိအားမျိုးပေးစွမ်းနိုင်သည်။
သူ့တွင် ရွေးရွယ်ခွင့်ရှိပါက ဤမျှမြန်မြန် အဆုံးသပ်လိုက်မည် မဟုတ်ချေ။ အတွေးဖြင့် အဝေးမှ ယန်ကျင်းယွင်ထံ လှည့်ကြည့်လိုက် တော့၏။
ထိုအကြည့်ကြောင့် ယန်ကျင်းယွင် တစ်ယောက် ခန္ဓာကိုယ်တောင့်တင်းလာပြီး အဆုံးတွင် သက်ပြင်းချကာ၊
“ ရှုံးနိမ့်တာကို ဝန်ခံဖို့ ငါအရမ်း နောက်ကျနေပြီလား။ ”
-ဟု ညည်းတွားလိုက်သည်။
ဤမတိုင်မီ ဓားရူးတစ်ယောက်အဖြစ် မောက်မာသောသဘောထားနှင့် ယုံကြည်မှုများ ပျောက်ကွယ်သွားချေပြီ။
“ ဒါ ... အနိုင်အရှုံး ပြိုင်ဆိုင်မှုမဟုတ်ဘူး ... မင်းဘဝကို ကိုယ်တိုင်အဆုံးသတ်ဖို့ အခွင့်အရေး ငါပေးနိုင်တယ်။ ”
စုရီစကားကြောင့် ယန်ကျင်းယွင်ခမျာ အံ့အားသင့်သွားပြီး စိတ်ပျက်နေသောပုံစံမှသည် တဖြည်းဖြည်း လေးနက်လာတော့သည်။
ခဏအကြာတွင် အရာအားလုံးစွန့်ရန် အသင့်ဖြစ်သွားနေသကဲ့သို့ အသက်ပြင်းပြင်းရှူ လိုက်၏။
“ ဓားခုတ်သမား တစ်ယောက်အနေနဲ့ တိုက်ပွဲမှာ သေရတာကို ငါပိုကြိုက်တယ် … ။ ”
သို့သော် သူ့ဓားမဆွဲမီ စုရီက လှုပ်ရှားလိုက်သည်။ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်လဲကျသွားတော့၏။
“ သေရတော့မဲ့ ... လူတစ်ယောက်က ဘာလို့စကားတွေပြောပြီး မိုက်မဲစွာ အချိန်ဖြုန်း နေရတာလဲ။ ”
***