← Chapters

ကြယ်သေသစ်ပင် ... ။

Vol. 40 Ch. 475

ကြယ်သေသစ်ပင် ... ။

Vol. 40 Ch. 475

စုရီက အသက်ပြင်းပြင်းရှူလျက် တိုက်ပွဲမြေပြင်ကို တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် အားကိုးရာမဲ့စွာခေါင်းယမ်းပြီး မြေပြင်ရှင်းလင်းရေးကို ကိုယ်တိုင် လုပ်ဆောင်လိုက်ရ၏။

လက်ရှိနယ်ပယ်သည် အရမ်းနိမ့်ကျလွန်းသောကြောင့် မြင်သမျှသည် ရတနာများဖြစ်နေသဖြင့် မထားရစ်နိုင်ချေ။

ရတနာများကို စုဆောင်းပြီးနောက် ပေတစ်ထောင်မြင့်မားသော ဘုံကျောင်းကြီးထံ တည့်တည့် လျှောက်လှမ်းသွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။

စွမ်းအင်ဆေးပြားကို ထုတ်ယူမျိုချကာ ခွန်အားကို ပြန်လည်ဖြည့်တင်းရန် ပြင်လိုက် တော့၏။

တစ်ဆက်တည်းမှာပင် ကောင်းကင်ပြာဓားထံ အကြည့်ရောက်သွား၏။ ဤဓားသည် အက်ကွဲကြောင်းအချို့ရှိပြီး အနီရောင် သံချေးများတက်နေသည်။

အတိတ်က အထွတ်အထိပ်အချိန်၌ အရည်အသွေးမြင့် ထိပ်တန်းဓားတစ်လက် ဖြစ်မည်မှာ သေချာ၏။

ယခုမူ ဤဓားသည် ပြင်းထန်စွာ ပျက်စီးသွားပြီး ၎င်း၏စွမ်းအားမှာ ဝိညာဉ်ရေးရာ ရတနာများထက် အနည်းငယ်မျှသာ အစွမ်းထက်တော့သည်။

ယန်ကျင်းယွင်နှင့် အခြားသူများသည် ဤဓားကိုယခင်က မနှိမ်နင်းနိုင်ခဲ့သည်မှာ ဓားရှိ ဝိညာဉ်ကြောင့်ဖြစ်သည်။

ထို့ပြင် ဤဓားသည် တားမြစ်တံခါး၏ စွမ်းအားကိုငှားယူနိုင်သည့် အကွာအဝေးအတွင်း ရှိနေသောကြောင့်လည်းဖြစ်၏။

“ ကံကောင်းထောက်မစွာနဲ့ပဲ ... ဒီဓားရဲ့ပါဝင်ပစ္စည်းက အမှောင်နတ်ဓားထက် အများကြီးပိုကောင်းတယ် အနာဂတ်မှာ ... ငါ ဝိညာဉ်တာအိုနယ်ပယ် ဝင်ရောက်တဲ့အခါ ...

... အမှောင်နတ်ဓားနဲ့ လိုက်ဖက်မှာ မဟုတ်ဘူး အဲဒီအချိန်ကျရင် ကောင်းကင်ပြာ ဓားနဲ့ ပေါင်းစည်းရလိမ့်မယ်။ ”

စုရီက တွေးတော ရေရွတ်လိုက်သည်။ ဝိညာဉ်တာအိုနယ်ပယ်သို့ ခြေချပြီးသည်နှင့် ဓားတစ်လက်လိုအပ်၏။

လက်နက်များ၏ အစွမ်းသတ္တိသည် တိုက်ပွဲဝင်စွမ်းအားအပေါ် များစွာထိရောက်မှု ရှိစေနိုင်သည်။ နာရီဝက်ကုန်လွန်ပြီးနောက် ခွန်အားများ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိလာသည်။

စုရီတစ်ယောက် မတ်တပ်ထရပ်လိုက်ကာ အဝေးရှိကြေးတံခါးထံ လှမ်းကြည့်မိလေသည်။ ထိုတံခါးကို ကျယ်ပြောလှသော အာကာသ အတားအဆီးတစ်ခုဖြင့် ပိတ်ထား၏။

၎င်း၏ အတားအဆီး စွမ်းအားသည် အလွန်ကြောက်စရာ ကောင်းသည်။ ဧကရာဇ် အဆင့် ရှိသူတစ်ဦးသာလျှင် ထိုသို့သော တံဆိပ်ခတ်ခြင်းကို ပြုလုပ်နိုင်၏။

ယင်းသည် မျောက်ဘုရင်၏ လက်ရာ ဖြစ်ပေမည်။ မဟုတ်သော် ကောင်းကင်ပြာဓားမှ တစ်ချိန်လုံး စောင့်ကြပ်နေမည် မဟုတ်ချေ။

“ ဒီဓားကိုချန်ထားပြီး တံခါးအနား အပြင်လူတွေ မချဉ်းကပ်ဖို့ တားထားခဲ့ရအောင် ဒီမှာဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။ ”

စုရီမှ တွေးတောနေစဉ် လက်ဖဝါးကို ဖြန့်ကာ ရွှေသွေးတစ်စက် ထွက်ပေါ်လာသည်။ ရွှေသွေးစက်သည် အနည်းငယ် တုန်ခါလျက် တာအိုကျက်သရေများ ပွင့်ထွက်လာ၏။

တစ်ဆက်တည်းမှာပင် အနည်းငယ် ဂနာမငြိမ်ဖြစ်လာပြီး အဆုံးတွင် ကြေးတံခါးထံ ပြေးဝင်ချင်နေခဲ့သည်။

“ ဒီတံခါးအတွင်းမှာ အဲဒီမွေးရာပါ နတ်အဆင့် တစ်စုံတစ်ရာ ရှိနေရမယ် ဒါကြောင့် မျောက်ဘုရင်က ဒီနေရာကိုပိတ်ပြီး အပြင်လူ မချဉ်းကပ်နိုင်ဖို့ဟန့်တားနေရတဲ့ အကြောင်းရင်းများလား။ ”

တားမြစ်ထားသော တံခါးအတွင်း၌ မမြင်နိုင်သော အန္တရာယ်များ ရှိနေကြောင်း သေချာချေပြီ။

မြေအောက်လိုဏ်ဂူအဝင်ဝတွင် ဖုံးလွှမ်းနေသော ရေခဲဝိညာဉ်ယင်လေများသည် ထိုနတ်အဆင့် တစ်စုံတစ်ရာနှင့် သက်ဆိုင်နိုင်၏။

“ သွေးမြူတွေ၊ ကြယ်သေတွေ၊ မရေမတွက်နိုင်တဲ့သင်္ချိုင်းဂူတွေ၊ တားမြစ်တံခါး၊ နတ်အဆင့်တစ်စုံတစ်ရာ ... ဒါတွေအားလုံးက အမှောင်တားမြစ်စွမ်းအားနဲ့ ပတ်သတ်နေမလား။ ”

အတွေးများဖြင့် ‌ရွှေသွေးစက် ဝင်ရောက်ပျောက်ကွယ်သွားသည့် ကြေးတံခါး အပေါ် ငေးကြည့်နေမိ၏။

ထို့နောက်တွင် ထပ်မံတွန့်ဆုတ် မနေတော့ဘဲ တားမြစ်တံခါးထံ လျှောက်လှမ်း လာခဲ့သည်။

“ ဝှစ် ... ။ ”

ကောင်းကင်ပြာဓားကို မြှောက်လိုက်သည်နှင့် တံခါးရွက်မှာ တုန်ခါပြီး တာအိုရူရ်များစွာက တွန့်လိမ်လျက်ဖြင့် ဖြည်းညှင်းစွာပွင့်လာလေသည်။

“ ကျွီ ... ။ ”

ထို့နောက် စုရီက လှမ်းဝင်လိုက်၏။ တခဏအတွင်းမှာပင် ကြယ်များရွေ့လျားလျက် ကောင်းကင်ကြီး လည်ပတ်သွားသည်။

အချိန်ဥမင်လိုဏ်ခေါင်းထဲ ဝင်သကဲ့သို့ အမြင်အာရုံများ ပြန်၍ကြည်လင်လာသောအခါ သစ်ပင်ကြီးတစ်ပင်ကို ဦးစွာမြင်၏။

သစ်ပင်ကြီးသည် ကောင်းကင်ပေါ် ထိုးဖောက်မြင့်တက်ပြီး အကိုင်းအခက်များမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ပြန့်ကားနေချေပြီ။

မည်သည့် အကိုင်းအခက်မဆို ရှည်လျားကွေ့ကောက်သော တောင်တန်းကြီး တစ်ခုနှင့်တူ၏။

“ ဒါ ... ။ ”

စုရီတစ်ယောက် မျက်လုံးပြူးသွားသည်။ ကောင်းကင်နှင့်မြေကြီးကြား ပြည့်နှက်နေသော ဧရာမသစ်ပင်ကြီးပေါ်တွင် ကြယ်သေများ ပြည့်ကျပ်စွာ သီးပွင့်နေ၏။

ကြယ်သေကြီး တစ်ခုစီသည် ကုန်းမြေကြီးတစ်ခုနီးပါး ကြီးမားပြီး ရှေးဟောင်း တားမြစ်ရောင်ဝါများ ဖုံးအုပ်ထားသည်။

ထိုမြင်ကွင်းကြောင့် စုရီသည် ခဏမျှစဉ်းစားပြီး ရုတ်တရက်တစ်ခုခုကို ပြန်သတိရသွား၏။

“ ဟမ့် ... ။ ”

ချက်ချင်း လက်ဖဝါးကိုဖွင့်ကာ အနက်ရောင်ကြေးခေါင်းလောင်းငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ မရဏမိုးကြိုး ခေါင်းလောင်း။

ဤအရာသည် များစွာပျက်စီးနေသော မှော်ရတနာတစ်ခု ဖြစ်သည်။ မူလတွင် သူ့မိခင် ရီယုဖေးနှင့်အတူ ပါရှိလာသော ရတနာဖြစ်၏။ နောက်ပိုင်းတွင် သူ့ဖခင် စုဟုန်လီမှ ထိန်းချုပ်ခဲ့သည်။

ထို့နောက် ဤခေါင်းလောင်းအတွင်းမှ လျှို့ဝှက်မြေပုံကဲ့သို့ အမှတ်အသားတစ်ခုကို သူ ရှာတွေ့ခဲ့သည်။

အဆိုပါလျှို့ဝှက်မြေပုံ‌ပေါ်တွင် အလွန်ထူးဆန်းသော ဧရာမသစ်ပင်ကြီးတစ်ပင် ကောင်းကင်ပေါ် ထိုးတက်ကာ ကြယ်သေများပွင့်နေ၏။

လျှို့ဝှက်မြေပုံပေါ်တွင် အလွန်ရှေးကျသော နတ်ဆိုးဘာသာဖြင့်၊

“ မိုးပြာမူလ၊ ဧကရာဇ်ကိုးပါး လျှို့ဝှက်ချက်။ ”

-ဟု ရေးသားထား၏။

မိုးပြာရင်းမြစ်ဟူသည် သဘာဝအားဖြင့် မိုးပြာတိုက်ကြီး၏ မူလဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်း အမှောင်တားမြစ်စွမ်းအား များသည် ၎င်းနှင့် ဆက်စပ်နေနိုင်၏။

ထိုအချိန်တွင် သူ့မိခင်ရီယုဖေးသည် မရဏမိုးကြိုးခေါင်းလောင်းကို သူမနှင့်အတူ ယူဆောင်လာရသည့် အကြောင်းအရင်းမှာ ‘ဧကရာဇ်ကိုးပါး လျှို့ဝှက်ချက်’များ ရှာဖွေရန် ဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည်။

ကံမကောင်းစွာဖြင့် ရောဂါတစ်ခုကြောင့် ကွယ်လွန်သွားပြီး သဲလွန်စများ ပြတ်သွားသည်။ ယခုမူ တားမြစ်တံခါးအတွင်းတွင် ထိုမြေပုံနှင့် အတိအကျနီးပါးတူသည့် သစ်ပင်ကြီးကို မြင်လိုက်ရချေပြီ။

“ ဒီသစ်ပင်ဟာ မိုးပြာအရင်းအမြစ်နဲ့ ဆက်စပ်နေသလား ... ပြီးဧကရာဇ်ကိုးပါးရဲ့ လျှို့ဝှက်ချက်ကရော ဘယ်မှာလဲ။ ”

အတွေးထဲ နစ်မျောသွားခဲ့သည်။ များမကြာခင် အာရုံထွေပြားသော အတွေးများ ဘေးဖယ်ကာ လှည့်ပတ်ကြည့်မိ၏။

ဤကမ္ဘာကြီးသည် အဆုံးမရှိ မှောင်မိုက်နေသော လွင်ပြင်ကြီး ဖြစ်နေသည်။ တားမြစ်တံခါးသည် အာကာသလမ်းကြောင်း တစ်ခုဖြစ်နိုင်၏။

အဝေါးများဖြင့် စုရီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်လှည့်ကြည့်သည်။ ကြေးတံခါးသည် မူလနေရာ၌ ရှိနေ၏။

“ ကံကောင်းတယ် အနည်းဆုံးတော့ ငါပြန်လာနိုင်တယ် မဟုတ်ရင် ဒီငရဲတွင်းထဲမှာ ပိတ်မိပြီး ... ပြန်လမ်းကို ဘယ်လိုရှာရမလဲ ငါသိမှာမဟုတ်ဘူး။ ”

စုရီက စိတ်သက်သာရာ ရသွားသည်။ ထိုအကြောင်းကို တွေးပြီးနောက် ကြယ်သေများ ပြည့်နေသည့် သစ်ပင်ကြီးထံ စစ်ဆေးရန် ပျံသန်းသွားလိုက်၏။

ဤသစ်ပင်သည် အလွန်ထူးခြားသည်။ အကိုင်းအခက်များတွင် ကြယ်သေများစွာဖြင့် ပြည့်နေပြီး အမှောင်တားမြစ် စွမ်းအားအချို့ ရစ်သိုင်းနေ​၏။

“ ဝှစ် ... ။ ”

ယခင်ဘဝ၌ပင် ဤမျှထူးဆန်းသော သစ်ပင်မျိုး မမြင်ဖူးချေ။ ဆယ့်ငါးမိနစ်ကုန်လွန် ပြီးနောက် ပျံသန်းခြင်းကို ရပ်နားလိုက်၏။

ဤမိုးမျှော်သစ်ပင်ကြီးသည် အမှန်ပင် အာကာသလမ်းကြောင်းတစ်ခု ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ရချေပြီ။

အကိုင်းအခက်များသည် အရပ်ရပ်သို့ပျံ့ကားနေကာ မည်သည့်အရပ်သို့ ဦးတည်နေမှန်း မသိနိုင်ချေ။ အဆုံးမရှိ ပျောက်ကွယ်နေ၏။

တစ်ဆက်တည်းမှာပင် ၎င်းတို့ပေါ်၌ ရှေးခေတ် အမှောင်တားမြစ်စွမ်းအားများဖြင့် ဖုံးလွှမ်းထားသည်။

ဤသည်မှာ မိုးပြာတိုက်ကြီးကို နှစ်ပေါင်း(၃)သောင်းတိုက်စားပြီး တာအိုများ ပျောက်ကွယ်စေသော စွမ်အားဖြစ်၏။

အင်အားကြီးမားသော ဧကရာဇ်နယ်ပယ်ဂိုဏ်းကြီးများသည် ပင်လျှင် ရှင်သန်ရန် ခက်ခဲသွားခဲ့သည်။

ရုတ်ရက် သင်္ချိုင်းဂူတစ်လုံးကို မြင်လိုက်ရသဖြင့် စုရီမျက်လုံးများ မှေးစင်းသွား တော့၏။ ထိုသင်္ချိုင်းဂူရှေ့တွင် အထီးကျန် ပုံရိပ်တစ်ရိပ်ရှိနေသည်။

ဤသည်မှာ မျောက်မျက်နှာနှင့် လူတစ်ယောက်ဖြစ်၏။ အသက်စွန့်သွားသည်မှာ မည်မျှကြာပြီးမှန်း မသိနိုင်ဘဲ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။

“ ဝူး ... ။ ”

ထိုမျောက်မျက်နှာနှင့် လူကို မြင်ချိန်၌ ကောင်းကင်ပြာဓားက ငိုကြွေးလိုက်သကဲ့သို့ ညည်းတွားသံ ထွက်ပေါ်လာသည်။

ဤအလောင်းသည် တစ်ချိန်က ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားခဲ့သော မျောက်ဘုရင်ယွမ်မိုရှင်းပေပင်။

ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာများမရှိချေ။ သေဆုံးနေသည်မှာ ကြာပြီ ဖြစ်သောကြောင့် အက်ကွဲနေရုံသာရှိသည်။

“ ဟမ့် ... ။ ”

ရုတ်တရက် စုရီက တစ်စုံတစ်ရာကို သတိပြုမိပြီး လက်များ ဝှေ့ယမ်းလိုက်သည်။ အလောင်းရှေ့မြေပြင်ရှိ ဖုန်မှုန့်များလွင့်စင်ပြီး စာတစ်ကြောင်း ပေါ်လွင်လာ၏။

“ ကြယ်တွေ ထူထပ်နေတဲ့ ကောင်းကင်ကြီးထဲမှာ၊ ကြောက်စရာ ကပ်ဘေး ... ။ ”

ယင်းသည် အလွန်တရာ အလျင်လိုနေခဲ့သည်မှာ ထင်ရှားနေသည်။ ဧကရာဇ်တစ်ပါးအတွက် နောက်ဆုံးစကား တစ်ခွန်းကို ချန်မထားနိုင်လောက်အောင် မည်သို့သောအရာများ ဖြစ်ပျက်သွားသနည်း။

ကြယ်တွေထူထပ်နေသော ကောင်းကင်ကြီးနောက်တွင် ကြောက်လန့်စရာ တစ်စုံတစ်ရာ ရှိနေသည်လော။

ဤယွမ်မိုရှင်းသေဆုံးခြင်းသည် ကြယ်ထူထပ်သော ကောင်းကင်ရှိ ထိုစွမ်းအား အချို့နှင့် ဆက်စပ်နေပုံပေပင်။

စုရီတစ်ယောက် လေးနက်လာသည်။ အရိုင်းမြေကိုးပါးရှိ ထိပ်တန်းဧကရာဇ်များသည် ကောင်းကင်အပြင်ဘက်ကို တားမြစ်ရာနေရာ အဖြစ် မှတ်ယူထားသည်။

ရှေးခေတ်မှသည် ယနေ့တိုင်အောင် ကြယ်များပွင့်နေသော ကောင်းကင်ကြီးဆီသို့ ထွက်ခွာသူတိုင်း မည်သူမျှ အသက်ရှင်လျက် ပြန်မလာနိုင်သည်မှာ သဘာဝပေပင်။

***

All Chapters