← Chapters

နဝမမြောက် ကြယ်အပျက်အစီးမြေ။

Vol. 40 Ch. 477

နဝမမြောက် ကြယ်အပျက်အစီးမြေ။

Vol. 40 Ch. 477

“ မင်းကို ငါမနှိမ်နင်းဘူးဆိုရင် မင်းဟာနာခံမှုရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်လိမ့်မယ်မထင်ဘူး။ ”

စုရီ ရေရွတ်သည်။ ဝေးကွာလှသော သစ်ကိုင်းတစ်ခုပေါ်ရှိ မီးခိုးရောင်ငှက်သည် တဖွီးဖွီးရယ်တော့၏။

“ ပုရွက်ဆိတ်လေး ... မင်း အရမ်းမာနကြီးတယ် လေတိုက်တာတွေ မရပ်ရင် ... မင်းလျှာကို ငါဖြတ်မှာ မကြောက်ဘူးလား။ ”

“ ရွှပ် ... ။ ”

ရုတ်တရက် ဓားအလင်းတစ်လက် မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိ မီးခိုးရောင်ငှက်ဆီ ပျံသန်းသွားသည်။

“ ဟမ့် ... ။ ”

မီးခိုးရောင် ငှက်သည် ချက်ချင်း ဘေးသို့ရှောင်ထွက်လိုက်ရာ ဓားအလင်းက သူ့တောင်ပံကို ပွတ်ဆွဲသွားတော့၏။

အဆုံးတွင် ဓားအလင်းသည် သစ်ကိုင်းတစ်ခုပေါ် ထိမှန်ပျက်ပြယ်သွား လေသည်။ သစ်ပင် အကိုင်းအခက်များသည် မာကျောပြီး ပြတ်ရှရာပင် မထင်ခဲ့ချေ။

“ ကောင်လေး ... မင်းမှာ အကျင့်သိက္ခာမရှိဘူးလား မင်းငါ့ကိုဘယ်လို ခိုးဝှက်တိုက်ခိုက်ရဲတာလဲ။ ”

“ မင်းတကယ် အရည်အချင်းရှိရင် ဘာလို့အဲဒီမှာ ပုန်းနေတာလဲ။ ”

စုရီက အံ့သြမှုကို ဖုံးကွယ်လျက် တုန့်ပြန်မေးမြန်းလိုက်သည်။ မီးခိုးရောင်ငှက်၏ ရှောင်တိမ်းနိုင်သည့် အမြန်နှုန်းသည် မယုံနိုင်စရာပေပင်။

“ မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို တိုက်ခိုက်ဖို့ ငါရိုးရိုးရှင်းရှင်းပဲ စိတ်မဝင်စားဘူး ငါတကယ်တိုက်ရင် ဧကရာဇ်တစ်ပါးကိုတောင် လက်လှိုင်းနဲ့ ဖျက်ဆီးနိုင်တယ်။ ”

မီးခိုးရောင်ငှက်သည် မာနကြီးပြီး ဧကရာဇ်ကိုပင် အလေးအနက်မထားဘဲ နှိမ့်ချ ရှုမြင်နေသည်။

စုရီက ငှက်တစ်ကောင်နှင့် ငြင်းခုန်ရန် ရည်ရွယ်ချက် မရှိသဖြင့် ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်၏။ ဤအခိုက်တွင် မီးခိုးရောင် ငှက်သည် ရုတ်တရက် ထခုန်ပြီး၊

“ ရပ် ... ရပ်လိုက်၊ ငါတို့လို မြင့်မြတ်သူတွေက အေးချမ်းမှုကိုလိုလားတယ် ရန်ဖြစ်ခြင်းကို ရှောင်ကြဉ်တယ် ...

... မင်းလိုငယ်ရွယ်သူရဲ့ မောဟတွေကို ဖြေရှင်းနိုင်ဖို့ ငါကရုဏာပြပြီး ... မေးခွန်းအချို့ ဖြေပေးမယ် မင်းဘာသိချင်သေးလဲ။ ”

“ မင်း ... စိတ်ပြောင်းသွားပြီလား။ ”

စုရီကပြုံးလျက် ငှက်တစ်ကောင်နှင့် ငြင်းခုံရန် အလွန်ပျင်းလာပြီး၊

“ အရင်ဆုံး ... မင်းငါ့ကိုဘာကြောင့် တိုက်ခိုက်ခဲ့တာလဲဆိုတာ ပြောပါ။ ”

-ဟု မေးမြန်းလိုက်သည်။

မီးခိုးရောင်ငှက်က ၎င်းကိုစဉ်းစားကာ၊

“ ဒါက ငါ့ကိုစမ်းသပ်ခိုင်းလို့ပဲ။ ”

-ဟု အပြစ်ရှိသော အသွင်ဖြင့် ပြောကြားလာခဲ့သည်။

“ အခိုင်းခံရတာလား ... ။ ”

မီးခိုးရောင်ငှက်မှ ဒေါသတကြီးနှင့် တစ်ခုခုပြောကြားရန် ပြင်လိုက်သော်လည်း အဆုံးတွင် ပြန်ဆုတ်ပြီး၊

“ မင်းလိုကောင်လေး တစ်ယောက်နဲ့ ငါငြင်းခုန်နေမှာ မဟုတ်ဘူး ... ။ ”

-ဟု အေးစက်စွာ ဟစ်အော်သည်။

“ ကောင်းပြီ ... မင်းလိုငှက်ကလေးနဲ့ စကားပြောဖို့ ငါမှာအချိန်မရှိဘူး ငါမေးခွန်းတွေ မင်းဖြေဖို့ပဲလိုတယ် ... မဟုတ်ရင် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့။ ”

“ မေ့လိုက်ပါ ... မင်းမေးနိုင်တယ်။ ”

“ ဒီမိန်းကလေးကို ဘာလို့ဖမ်းတာလဲ။ ”

“ ပြင်ပကမ္ဘာကြီးအကြောင်း သိဖို့ တစ်ယောက်ယောက် ငါလိုတယ်။ ”

“ ဒါဆို ... မင်းဒီနေရာကနေ မထွက်နိုင်ဘူးလား။ ”

“ ဒီလိုမသက်ဆိုင်တဲ့ မေးခွန်းတွေကို ငါမဖြေနိုင်ဘူး။ ”

“ ကောင်းပြီ ... ဒီနေရာက ဘယ်မှာလဲ။ ”

“ ဟား ဟား ဟား ... စိတ်ဝင်စားဖို့ ကောင်းတယ် ယွမ်မိုရှင်းရဲ့ တားမြစ်တံခါးကို ဖွင့်ပြီး ရောက်လာနိုင်ပေမယ့် ဒီနေရာကို ...

... ဘယ်ရောက်နေမှန်းတောင် မင်းမသိပါလား အခုခေတ်လူငယ်တွေအားလုံး ဉာဏ်ရည်ညံ့ဖျင်းကုန်ပြီ။ ”

မီးခိုးရောင်ငှက်မှ လှောင်ပြောင် ရယ်မောလေသည်။ စုရီက မျက်မှောင်ကြုတ် လိုက်၏။

“ ငါ့ရဲ့ စိတ်ရှည်မှုဟာ အကန့်အသတ်ရှိတယ်။ ”

“ ဒါဟာ ဟာသတစ်ခုပဲ ... ဘာလို့အဲဒါကိုအလေးအနက် ထား​နေရတာလဲ ငါတို့က ကျိန်ဆိုခဲ့တာမဟုတ်ရင် ... မင်းဒီလို ပြောတာနဲ့ ငါမင်းကိုသတ်ခဲ့တာကြာပြီ ...

... ဒီနေရာက နဝမမြောက် ကြယ်အပျက်အစီးမြေဖြစ်ပြီး မိုးပြာတိုက်ကြီးရဲ့ ဖရိုဖရဲတွင်းနက်လို့ခေါ်တယ်။ ”

စုရီတစ်ယောက် အံ့သြသွား၏။ နဝမကြယ်အပျက်အစီးမြေ​ကြီး အကြောင်းကို သူ ပထမဆုံးအကြိမ် ကြားဖူး​ခြင်းပေပင်။ ဖရိုဖရဲတွင်းနက်ကိုမူ ကြားခဲ့ဖူး၏။

ကောလဟာလများအရ မိုးပြာမူလ​သည် ထိုဖရိုဖရဲ တွင်းနက်တွင် ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းက ဧကရာဇ်တစ်ပါးသည် ထိုဖရိုဖရဲတွင်းနက်အတွင်း ဝင်ရောက်ပြီး လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်တစ်ခုကို ယူခဲ့သည်။

ရှေးခေတ် အမှောင်တားမြစ်စွမ်းအားသည် ထိုဖရိုဖရဲတွင်းနက်မှ ပေါက်​ကြားကာ ကမ္ဘာအနှံ့ ပျံ့နှံ့သွားတော့၏။

ထို့အတွက်ကြောင့် ဖရိုဖရဲတွင်းနက်သည် အမှောင်တားမြစ်စွမ်းအား၏မူလဟုပင် လူတိုင်း ယုံကြည်ကုန်သည်။

“ မိုးပြာမူလက ဒီမှာရှိ​​နေတာလား။ ”

စုရီမှ မေးလိုက်သည်။

“ မင်း ... မဆိုးဘူး။ ”

မီးခိုးရောင်ငှက်က တုန့်ပြန်၏။ စုရီမှ ဟိုဟိုသည်သည် လိုက်ကြည့်ကာ နောက်ဆုံး၌ ကြယ်​သေများနှင့် ဖုံးလွှမ်း​နေ​သော ရှေးဟောင်း သစ်ပင်ကို ကြည့်ပြီး၊

“ ဒါလား ... ။ ”

-ဟု မေးမြန်းလိုက်သည်။

“ မျက်စိကောင်းတယ် ... လွန်ခဲ့တဲ့ နှစ်သုံးသောင်းလောက်က ဒီနေရာကို ကာကွယ် မပေးထားခဲ့ရင် ဒီကြယ်မုန်တိုင်းတွေကြောင့် မိုးပြာတိုက်ကြီး ပြိုပျက်သွားတာကြာပြီ။ ”

စုရီ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားကာ နောက်ဆုံးတွင် သူနားလည် သွားတော့၏။

ဤစာကလေး စကားသာ မှန်​သော် ကြယ်သေများဖုံးအုပ်ထားသည့် သစ်ပင်သည် ကြယ်မုန်တိုင်းကို ဟန့်တား​ပေးနေခြင်း ဖြစ်သည်။

သံသရာတောင်တန်းပေါ်တွင် လွင့်မျောနေသော ကြယ်အပျက်အစီးများနှင့် မြေအောက်ကမ္ဘာရှိ ကြယ်အပျက်အစီးများ ပင်လျှင် တူညီသော အရင်းအမြစ်မှ ဖြစ်နိုင်လေသည်။

ယခင်ဘဝ အတွေ့အကြုံများအရ ကမ္ဘာကြီးသည် ကပ်ဆိုးတစ်ခု ကြုံတွေ့ရသော အခါ ကမ္ဘာ့မူလစွမ်းအားသည် အလိုလိုခုခံပေး နိုင်ကြောင်း သိရှိထားသည်။

ကမ္ဘာ့မူလ ပျက်စီးသွားသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး နစ်မြုပ်ပျက်​​ပြယ်နိုင်မည့် အလားအလာရှိ၏။

“ အဲဒီကြယ်မုန်တိုင်းက ဘယ်ကလာတာလဲ။ ”

“ အာကာသထဲကနေ လာတာ​ပေါ့။ ”

စုရီက တစ်ခုခုကို သတိရလာသည်။ ဤကြယ်မုန်တိုင်းသည် ဟွမ်မိုရှင်းပြောခဲ့သည့် ကြယ်များထူထပ်သော ကောင်းကင်၏ ကြောက်မက်ဖွယ်ကပ်ဘေး ဖြစ်နိုင်​​ပေမည်။

“ ယွမ်မိုရှင်းက ဘယ်လိုလုပ် ပြုတ်ကျလာတာလဲ မင်းသိလား။ ”

“ မင်းမျောက်ကလေးအကြောင်း ပြောနေတာလား သူ့မူလက မိုးပြာမူလကနေ မွေးဖွားလာတဲ့ ​ကျောက်တုံးဝိညာဉ်ပဲ မိုပြာ တိုက်ကြီကနေ အသိအမှတ်ပြုထားတဲ့ အုပ်စိုးရှင်ပါ။ ”

မီးခိုးရောင်ငှက် အသံသည် ရုတ်တရက် တိုးကျသွားပြီး သူ့စိတ်အခြေအနေ အနည်းငယ် မှုန်မှိုင်းသွား​လေသည်။

“ ကံမကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့နှစ်ပေါင်း (၃)သောင်းက ကြယ်မုန်တိုင်းကြီး ရုတ်တရက် ရောက်လာပြီး မျောက်ကလေးကို ထွက်သွားဖို့ ဆွဲဆောင်ခဲ့ပေမယ့် သူက ငြင်းဆန်ပြီး တိုက်ပွဲ ဝင်ခဲ့တယ် ရလဒ်ကတော့ ... မင်းမြင်တဲ့ အတိုင်းပဲ။ ”

မီးခိုးရောင်ငှက်ကလေး၏ အသံတွင် ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေ တော့သည်။

“ ဒါဆို အမှောင်ခေတ် တားမြစ်စွမ်းအားတွေက အဲဒီကြယ်မုန်တိုင်းနဲ့ ပါလာတာလား။ ”

“ ထက်မြက်တယ် မင်းပြောခဲ့တဲ့ အမှောင်တားမြစ်စွမ်းအားဆိုတာ တကယ်တော့ မဟာတာအိုအတွက် ကပ်ဘေးတစ်ခုပဲ ဒါဟာ မဟာတာအိုနိယာမနဲ့ ကမ္ဘာကြီးရဲ့မူလကို ဖျက်စီးပစ်နိုင်တဲ့ စွမ်းအားမျိုးပါ ...

... ဒီနေရာကို စောင့်ရှောက်နေတဲ့ ကြယ်သေသစ်ပင်ကြီးကြောင့်သာ မဟုတ်ရင် မိုးပြာတိုက်ကြီးဟာ ပျောက်ကွယ်သွားတာ ...

.. ကြာပါပြီ အမှောင်တားမြစ်စွမ်းအား အောက်မှာ အခုအချိန်အထိရှင်သန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ”

ထိုစကားကိုကြားပြီးနောက် စုရီမှ လေးလေးနက်နက် တွေးတောမိသွားသည်။ မီးခိုးရောင်ငှက်၏ စကားများသည် သူ့သံသယ များစွာကို ဖြေရှင်းပေးခဲ့၏။

လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းခန့်က မိုးပြာတိုက်ကြီး ပြင်ပမှ ကြယ်မုန်တိုင်းတစ်စင်း ၀င်ရောက်ခဲ့ပြီး အမှောင်တားမြစ်စွမ်းအားများ ဖုံးလွှမ်းသွားသည်။

ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင်များ ရှားပါးပြီး တာအိုနိယာမ အချို့ပျက်စီးသွား၏။

ထို့နောက်တွင် ဤကပ်ဆိုးကြီးသည် တိုက်ကြီးကြား အတားအဆီးကို အက်ကြောင်း များစွာ ပေါ်လာစေပြီး အခြားကမ္ဘာမှ ကျင့်ကြံသူများကို ဝင်ရောက်ရန် အခွင့်အရေးပေးခဲ့သည်။

“ ကောင်လေး ... မင်းကြယ်စုစည်းခြင်း အဆင့်မှာပဲ ရှိသေးတယ် ဒီလျှို့ဝှက်ချက်တွေကို နားလည်မယ်ထင်နေလား စိတ်ကူးယဉ်တာကို ရပ်လိုက်ဖို့ ...

... ငါ အကြံပေးတယ် ... ဒါကမ္ဘာကြီး တစ်ခုလုံးနဲ့သက်ဆိုင်တဲ့ အဖြစ်အပျက်ဖြစ်ပြီး မင်းနဲ့ဘာမှမဆိုင်ဘူး။ ”

စုရီထံမှ တုန့်ပြန်မှုမရှိတော့ဘဲ စဉ်းစားနေသည်ကို မြင်သဖြင့် မီးခိုးရောင်ငှက်မှ မထီမဲ့မြင်ပြုကာ၊

“ လူတစ်ယောက်အနေနဲ့ မင်း အရမ်းကြီး ရည်မှန်းချက်ကြီးလို့ မရဘူး။ ”

-ဟု လှောင်ပြောင်လိုက်၏။

စုရီသည် စက်ဆုပ်ဖွယ်ကောင်းသော ငှက်ကလေးကို တစ်ချက်ကြည့်ပြီးနောက် ထိုစကားအပေါ် လျစ်လျူရှုကာ၊

“ ဧကရာဇ်ကိုးပါးရဲ့ လျှို့ဝှက်ချက်ကို မင်းသိလား။ ”

-ဟု မေးမြန်းသည်။ မီးခိုးရောင်ငှက်မှ အံ့သြသွား၏။

“ ဒါကို မင်းသိသေးတာလား။ ”

“ ငါလိုချင်တာက အဖြေပဲ။ ”

“ ဟားဟားဟား အဖြေက အရမ်းရိုးရှင်းပါတယ် ... ဒါက မိုး​ပြာမူလရဲ့ မွေးရပ်မြေဖြစ်တဲ့ ​နဝမမြောက်ကြယ်နယ်မြေပဲ၊ ဧကရာဇ်ကိုးပါးရဲ့ လျှို့ဝှက်ချက် ဆိုတာကတော့ မိုးပြာမူလကို နားလည်ပြီး ထိန်းချုပ်နိုင်သူတိုင်း ဧကရာဇ်ဖြစ်နိုင်တယ်။ ”

စုရီက မျက်ခုံးပင့်လိုက်တော့၏။ ဧကရာဇ်ကိုးပါး လျှို့ဝှက်ချက် ဟူသည် ထူးခြား ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်များဖြစ်မည်ဟု ထင်ခဲ့သည်။ ယခုမူ ဧကရာဇ်နယ်ပယ်သို့ ပို့ဆောင်မည့်လမ်းသာ ဖြစ်​နေ၏။

“ ဘာလဲ ... မင်းဧကရာဇ်နယ်ပယ်ကို မကြားဘူးလား ... ဟုတ်တယ် အမှန်ပြောရရင် မင်းဟာ ​ကြယ်စုစည်းခြင်းအဆင့်ပဲ မူလတာအို နယ်ပယ်မှာ ပျံဝဲနေတုန်းပါ ... နက်နဲတာအို အထွတ်အထိပ် နယ်ပယ်ကို ... ဘယ်လို သိနိုင်မှာလဲ။”

စုရီ၏ နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသည်။ ဤစာငှက်ငယ်သည် သတ္တိရှိလွန်းချေ၏။

အရိုင်းမြေကိုးပါးတွင် ထိုစကားသာ ပျံနှံ့ခဲ့မည်ဆိုသော် ရယ်စရာအကောင်းဆုံး ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။

“ ကောင်လေး စိတ်ဓာတ်မကျနဲ့ ... ဧကရာဇ်နယ်ပယ်ကဝေးကွာပြီး မင်းတစ်သက် ဘယ်တော့မှ မရောက်နိုင်ပေမယ့် မင်းဂုဏ်ယူ နေသင့်တယ် အနည်းဆုံးတော့ ...

... ဒီနယ်ပယ်အကြောင်းကို မင်းသိခွင့် ရသွားပြီ ဟီးဟီး အများစုက ဧကရာဇ်နယ်ပယ် ရှိတယ်ဆိုတာတောင် မသိကြဘူး။ ”

မီးခိုးရောင်ငှက်သည် မာနကြီးသော အကြည့်ဖြင့် စုရီအပေါ် ငုံ့ကြည့်နေခဲ့သည်။ စုရီမှ ထပ်မံလျစ်လျူရှုကာ၊

“ ကောင်းပြီ၊ ငါမင်းကိုမေးချင်တာ ဒါဘယ်သူ့သွေးလဲ။ ”

-ဟု လက်ဖဝါးဖြန့်ပြလိုက်၏။

​ချိပ်ပိတ်ထားသော ရွှေ​​သွေး​တစ်စက် ထွက်ပေါ်လာသဖြင့် မီးခိုးရောင်ငှက်ငယ်ခမျာ ထိတ်လန့်သွားပြီး၊

“ မင်း လူယုတ်မာ ... အားချန်ကို ဓားနဲ့ထိုးခဲ့တာပဲ။ ”

-ဟု ဟစ်အော်လာတော့၏။

“ မင်းပြောနေတဲ့ အားချန်က ဒီသစ်ပင်ကြီးမဟုတ်လား။ ”

စုရီက ကြယ်သေများ ဖုံးလွှမ်းနေသော သစ်ပင်ကြီးဆီသို့ မော့ကြည့်ကာ မေးမြန်းလိုက် တော့၏။ သူလက်ဖဝါးမှ ရွှေသွေးသည် ပြင်းစွာ ရုန်းကန်နေသည်ကို ခံစားနိုင်ပြီး သစ်ပင်ကြီးထံ ပျံသန်းရန် စိတ်အားထက်သန်နေချေပြီ။

ထိုအချိန်တွင် သူ့ယခင်ခန့်မှန်းချက် မမှားကြောင်း နားလည်လိုက်၏။ ရွှေသွေးသည် မွေးရာပါနတ်အဆင့် တစ်စုံတစ်ရာထံမှ ဆင်းသက်လာခြင်းပေပင်။

သို့သော် ပိုင်ရှင်သည် အံသြစရာ ကောင်းသည်။ မိုးပြာမူလ၏ အသွင်ပြောင်း သစ်ပင်ကြီးဖြစ်နေ၏။

“ မဟုတ်ဘူး ... မင်းရဲ့အရည်အချင်းနဲ့ အားချန်ကို ဘယ်လိုလုပ်ပြီး ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ ... နေဦး ဒါက ... ။ ”

မီးခိုးရောင်ငှက်က ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး စုရီကို ပြန်ကြည့်လိုက်တော့၏။

စုရီသည်လည်း မျက်ဝန်းများ အနည်းငယ်မှေးစင်းလျက် သံသယများဝင်ပြီး၊

“ အခု ငါသံသယဝင်နေတယ် ... မင်းရဲ့အားချန်က အဲဒါကို တမင်ရည်ရွယ်ပြီး လုပ်လိုက်တာလားဆိုတာ ... ။ ”

-ဟု ပြောကြားလိုက်လေသည်။

***

All Chapters