← Chapters

သော်ခို၏ ဒုတိယဝိညာဉ် ... ။

Vol. 40 Ch. 480

သော်ခို၏ ဒုတိယဝိညာဉ် ... ။

Vol. 40 Ch. 480

မိုးပြာမျိုးစေ့သည် ရှားပါးပြီး အံ့သြဖွယ်ကောင်းသော အသုံးပြုမှုနှစ်ခု ပါရှိသည်။

ပထမဆုံးအနေဖြင့် ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးမဲ့ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ၎င်းအပေါ်အားကိုးနိုင်မည်။

အထူးသဖြင့် မိုးပြာမူလစွမ်းအားများ ​တိုက်ကြီးအတွင်း ပျော်ဝင်ချိန်၌ မျိုးစေ့ကြောင့် ‘ကောင်းကင်ဘုံကံကြမ္မာ’ကို မျှဝေခံစားနိုင်သည် ။

ဉာဏ်ကြီးရှင်များကို ကြီးစွာသော ကံကြမ္မာနှင့် အဘယ့်ကြောင့် မွေးဖွားသနည်း။ အဓိကအနေဖြင့် ၎င်းတို့၏နားလည်နိုင်စွမ်းမှာ တာအိုအပေါ် လွယ်ကူစွာ နားလည်နိုင် သောကြောင့် ဖြစ်သည်။

တစ်ဖက်တွင် ၎င်းကို မိုးပြာမျိုးစေ့ဟု ခေါ်သောကြောင့် သဘာဝအတိုင်း ကြီးထွားရန် အလားအလာရှိ၏။

အမြစ်တွယ် အညှောက် ပေါက်ကာ ရှင်သန်ကြီးထွားလာနိုင်သော် ပြီးပြည့်စုံသော ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားနိုင်မည်။

လက်ရှိမိုးပြာတိုက်ကြီးသည် မိုးပြာမူလကြောင့် အဆုံးမဲ့နှစ်ပေါင်းများစွာ ပြောင်းလဲလာခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းက ဤတိုက်ကြီးသည် ဧကရာဇ်များ ရှင်သန်ရာ ကမ္ဘာကြီးဖြစ်ခဲ့သည်။ လာမည့်နှစ်များအတွင်း ကြီးကျယ်ခမ်းနားသော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲလာပေလိမ့်မည်။

မည်သို့သော ဧကရာဇ်သည် ဤသို့အခွင့်အရေးမျိုးကို မနာလို မဖြစ်ဘဲ နေနိုင်မည်နည်း။ သေချာသည်မှာ စုရီသည် ထိုအရာအတွက် ထူးထွေမက်မောခြင်း မရှိလှချေ။

မိုးပြာမျိုးစေ့အပေါ် အသွင်ပြောင်းရန် ဖြစ်စဉ်သည် သူ့ စိတ်ကူးယဉ်မှုထက် ကျော်လွန် နေသည်။

သာမန်အားဖြင့် ၎င်းအသွင်ပြောင်းမှု ဖြစ်လာစေရန် မဖြစ်နိုင်ချေ။ ဧကရာဇ်အဆင့် နှင့်ညီမျှသော သဘာဝရတနာများ သည်သာ အသွင်ကူးပြောင်းမှုအတွက် အာဟာရ ဖြစ်စေနိုင်မည်။

ထို့အပြင် အချိန်များစွာ ပေးဆပ်ရသည်။ သာမာန် ကျင့်ကြံသူတစ်ယောက် ပြီးမြောက်ရန် မဖြစ်နိုင်ချေ။

ယခုအချိန်တွင် သူ့အတွက် ဤမျိုးပြာမျိုးစေ့သည် ကျင့်ကြံမှုအပေါ် အနည်းငယ် အထောက်အကူ ပြုရုံသာရှိသည်။

ခွန်အားမြှင့်တင်ရန် သူလိုအပ်သော ဝိညာဉ်စွမ်းအင်ကို ၎င်းမှ ကူညီစုပ်ယူပေးခြင်း ဖြစ်သည်။

တစ်ဖက်တွင် သတ္တမတပည့် လိပ်မိုက်လေးအတွက် ပြန်လည်မွေးဖွားခြင်း ခရီးစဉ်၌ ကူညီပေးနိုင်မည်။

လိပ်မိုက်ကလေး၏ ဝိညာဉ်ကို နတ်ဆိုးသန္ဓေသားထဲတွင် တံဆိပ်ခတ်ရန်သာ လိုအပ်ပြီး ၎င်းအပေါ် မိုးပြာမူလဖြင့် ကျွေးမွေးရပေမည်။

ဤနည်းဖြင့် ၎င်း၏တာအိုအုတ်မြစ်ကို ပြန်လည်ရယူနိုင်မည်ဖြစ်၏။ သွေးသုံးစက်သည် မမျှော်လင့်ထားသော ဆုလာဘ်အဖြစ် ယူဆနိုင်သည်။

အားချန်သည် အလွန်ရှားပါးသော မွေးရာပါရေခဲဝိညာဉ်ဖြစ်ပြီး မွေးရာပါ သဘာဝ ဝိညာဉ်များကြားတွင် ပထမအဆင့် အရည်အချင်းရှိသူပေပင်။

သူမ၏သွေးကို ‘ရေခဲဝိညာဉ် ရွှေသွေး’ဟုခေါ်သည်။ ၎င်းသည် သေသူများကို အသက်ပြန်ရှင်စေသည့် မှော်ဆန်သော အကျိုးသက်ရောက်မှုရှိ၏။

တာအိုအုတ်မြစ်ကို သန့်စင်ရာတွင် မယုံနိုင်လောက်အောင် အကူအညီပေးသည်။ တာအိုဂိုဏ်းကြီးများတွင် ၎င်းကိုနတ်အဆင့် ရတနာအဖြစ် ယူဆကြ၏။

ဂိုဏ်းအတွင်းရှိ အရေးကြီးပုဂ္ဂိုလ်များ ဒဏ်ရာရပြီး သေဆုံးနိုင်ချေ မြင့်မားမှသာလျှင် ထုတ်ယူအသုံးပြုမည်ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ်တစ်ပါးသည် အားချန်ကိုမြင်သော် သားကောင်အဖြစ် ရှုမြင် ကြမည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။

သို့သော် သူပေးခဲ့သော ကျင့်ကြံမှု နည်းစနစ်သည် မွေးရာပါဝိညာဉ်များအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

၎င်းတန်ဖိုးသည် သွေးသုံးစက်ထက် များစွာပို၏။ ယင်းကို ကံကြမ္မာဟု ခေါ်သည်။ သူ့ပင်ကိုယ်စရိုက်အရ ထိုသို့သောကိစ္စများတွင် အမျိုးသမီးတစ်ဦးအပေါ် အခွင့်ကောင်းယူမည် မဟုတ်ချေ။

နာရီဝက်ကုန်လွန်ပြီးနောက် တရားထိုင်နေရာမှ ထရပ်လျက် သော်ခိုကို ပြန်ကြည့်ကာ၊

“ မင်းနိုးနေပြီ ... အိပ်ချင်ယောင်ဆောင်နေတာ ရပ်လိုက်ပါ။ ”

-ဟု ပြောလိုက်၏။

သော်ခို မျက်တောင်များ အနည်းငယ် လှုပ်သွားပြီးလျင်မြန်စွာထရပ်ကာ ရှက်ရွံ့စွာဖြင့် အရိပ်အမြွက် ပြသလာသည်။

“ ငါ... ဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး ... မင်းရဲ့ကျေးဇူးကို ဘယ်တော့မှမမေ့ဘဲ နောင်မှာ သေချာပေါက် ပြန်ဆပ်မှာပါ။ ”

သူမ ပြောသည့်အခိုက်တွင် အသံသည် လေးနက်ခိုင်မာနေသည်။ စုရီက ဂရုမစိုက်ချေ။

“ သွားရအောင် ... ဒီကနေ အရင်ထွက်ကြမယ် စကားမစပ် ... မင်းရဲ့ ဒုတိယဝိညာဉ်အခြေအနေ ဘယ်လိုလဲ။ ”

လမ်းတွင် စုရီက မေးမြန်းလိုက်သည်။ ဤမိန်းကလေးကို စတွေ့ခဲ့စဉ် ထိုအရာအပေါ် သူ သိထားမိခဲ့သည်။ ဤသည်မှာ ခန္ဓာကိုယ် တစ်ခုတည်း၌ ဝိညာဉ်နှစ်ပါးဖြင့် မွေးဖွား လာခြင်း ပေပင်။

ထိုသို့သော အရည်အချင်းမျိုးသည် အလွန်ရှားချေ၏။ အရိုင်းမြေကိုးပါး၌ပင် ၎င်းကို ပထမတန်းစားအဖြစ် သတ်မှတ်နိုင်သည်။

ဤကဲ့သို့သော ပိုင်ရှင်များသည် ကြောက်မက်ဖွယ် အလားအလာနှင့် အခြေခံ အုတ်မြစ်များ ပိုင်ဆိုင်တတ်၏။

လိုအပ်ချက်နှင့် ကိုက်ညီသော ကျင့်ကြံမှုနည်းစနစ်သာရှိသော် ကောင်းကင်ပေါ် ပျံတက်သွားပေလိမ့်မည်။

အကြောင်းပြချက်မှာ ရိုးရှင်းချေ၏။ ဆိုလိုသည်မှာ နှစ်ယောက်ခွဲကာ ကျင့်ကြံခြင်း ကဲ့သို့ နှစ်ဆတိုးတက်ခြင်းဖြစ်သည်။

“ ငါ့ရဲ့ ဒုတိယဝိညာဉ်ကို ... ငါဘာလုပ်ရမလဲတောင် မသိတော့ဘူး သူက အရူးတစ်ယောက်လိုပဲ ... ပန်းချီတာအိုကို စွဲလမ်းလွန်းနေတယ်။ ”

“ ပန်းချီတာအိုကို လေ့လာတာ ဘယ်လိုလုပ် လူမိုက်ဖြစ်ရတာလဲ။ ”

စုရီတစ်ယောက် အနည်းငယ် အံသြသွားသည်။ သော်ခိုခမျာ မျက်နှာနီမြန်း လာပြီးနောက်၊

“ သူ ... သူဆွဲနေတာ မိန်းမပုံတွေ။ ”

-ဟု ပြောကြားလိုက်သည်။

ယောက်ျားတစ်ယောက်တွင် ဤဝါသနာပါသော် ၎င်းအပေါ် သာမန်ဟု ယူဆနိုင်၏။

ယောက်ျားတိုင်း ချောမောလှပသည့် အမျိုးသမီးများအပေါ် သဘောကျနေသည်မှာ သဘာဝပေပင်။ သို့သော် မိန်းမတစ်​​ယောက် ​ဖြစ်လျှင်မူ ကွာခြားပေမည်။

ထိုကြောင့် ထိုဝိညာဉ်အကြောင်း ပြောသောအခါ အလွန်ရှက်ပြီး စိတ်မသက်မသာ ခံစားရသည်မှာ အံ့သြစရာ မဟုတ်ချေ။

သာမန်အခြေအနေ၌ မည်သို့သော အမျိုးသမီးသည် အမျိုးသမီးပုံသဏ္ဍာန်များ အပေါ် ရေးဆွဲနေမည်နည်း။

စုရီက ခဏမျှစဉ်းစားပြီးနောက်၊

“ ကမ္ဘာကြီးဟာ အံ့ဩစရာတွေ ပြည့်နှက်နေပြီး လူတွေအတွက်လည်း ဒီလိုပါပဲ ဒီလိုဝါသနာမျိုးက နည်းနည်းဆန်းပေမယ့် နားလည်ပေးနိုင်ပါတယ်။ ”

“ မဟုတ်ဘူး ... တာအိုစု မင်းသိဘူး သူဆွဲထားတဲ့ ပန်းချီကားတွေထဲမှာ တစ်ခုခု မှားနေတယ်။ ”

“ ဘာမှားလို့လဲ ... ။ ”

သော်ခိုတစ်ယောက် ခဏမျှစဉ်းစားပြီး အံကြိတ်ကာ စာလိပ်တစ်လိပ်ကို ထုတ်ယူလျက် ကမ်းပေးလာသည်။

“ ဒါသူအရင်တုန်းက ဆွဲခဲ့တာပဲ ... ၊ တာအိုစု မင်းကြည့်ရင် သိလိမ့်မယ်။ ”

စုရီက စာလိပ်ကိုဖွင့်ကာ ကြည့်လိုက်စဉ် အံ့အားသင့်သွားလေသည်။ အမျိုးသမီးတစ်ဦး ရေချိုးပြီးစပုံဖြစ်၏။

လှပနေသော ခန္ဓာကိုယ်ကောက်ကြောင်း ချောမွတ်သောကျောပြင်နှင့် ညာခြေထောက်ကို ရေဝတ်သုတ်နေသည်။

တင်ပါးများသည် မြူခိုးများဖြင့် ဖုံးလွှမ်းလုံးဝိုင်းနေကာ တစ်ဝက်မျှသာ ပုံဖော် ထားသည်။ သို့သော် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေသေး၏။

ဤသည်မှာ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်၏ အလှတရားပေပင်။ ပန်းချီဆရာသည် ထိုသို့ရင်သပ်ရှုမောဖွယ်ရာ ကိုယ်ဟန်အနေအထားကို အမိအရ ဖန်တီးပေးထား၏။

အကယ်၍သာ ဤပန်းချီကားကို သေမျိုးလောကအတွင်း ဖန်တီးခဲ့မည်ဆိုလျှင် ကျော်ကြားလာမည်မှာ မလွဲဧကန်ဖြစ်သည်။

သို့သော် ကျင့်ကြံသူတစ်ဦးမှ ဖော်ပြသောအခါတွင် ခမ်းနားကြီးမြတ်သော လေထုကို သိုင်းခြုံထားသည်။ စုရီက သက်ပြင်းချလိုက်၏။

“ ဒီလိုပန်းချီကားမျိုးက တကယ့်ကို ရှားရှားပါးပါးပါပဲ အရမ်းလှပြီး သဘာဝအတိုင်း ကျက်သရေရှိတယ် ... ရိုးစင်းတဲ့ ပန်းချီကား တွေထက် အများကြီး ကောင်းပါတယ်။ ”

ချီးမွမ်းသံကြောင့် သော်ခိုတစ်ယောက် ပို၍ရှက်ရွံ့လာသည်။ ထိုမြင်ကွင်းထံ ကြည့်ပြီး စုရီက၊

“ ဒါရှက်စရာ မဟုတ်ပါဘူး ... ဆန့်ကျင်ဘက်အနေနဲ့ တာအိုရှာဖို့ ပန်းချီဆွဲတာ သာမန်ပါပဲ ... အစွမ်းထက်တဲ့ ပန်းချီဆရာက စုတ်တံတစ်ချက်နဲ့ ကောင်းကင်ဘုံကို မှောက်လှန်နိုင်ပါတယ် ... ။ ”

-ဟု ရှင်းပြလိုက်၏။

ထိုအကြောင်းနှင့် စပ်လျဉ်း၍ စုရီမျက်လုံးများ၌ အောက်မေ့သတိရခြင်းများ ပြည့်နှက်လာခဲ့သည်။

“ အဲဒီတုန်းက ပန်းချီဆွဲတာ ကောင်းမွန်လှတဲ့ ဘုန်းကြီးတစ်ပါးကို ငါ မြင်ဖူးတယ် ...

... မင်းရဲ့ ဒုတိယဝိညာဉ်လည်း နောင်မှာပန်းချီတာအိုကို နားလည်ပြီး ရှားပါး လွန်းတဲ့ ... ဝိညာဉ်ရေးပန်းချီကားတွေကို ရေးဆွဲလာနိုင်လိမ့်မယ် ... ဒါနဲ့ပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲ။ ”

ဤမေးခွန်းကြားချိန်၌ ပွင့်လင်းပြီး အထိန်းအကွပ်မဲ့နေသော ဤလူငယ်လေးသည် အမျိုးသမီးများအပေါ် စိတ်ဝင်စားကြောင်း သော်ခိုမှ နားလည်လာသည်။

ထို့ကြောင့် စကားများ ပို၍ပင် လွတ်လွတ်လပ်လပ် စကားပြောဆိုလာနိုင်၏။ ယောက်ျားတိုင်း ဤသို့ဖြစ်နိုင်သည်လော။

“ အဲဒါငါပဲ ... ။ ”

သော်ခိုမျက်နှာက နီရဲလျက် ဂုဏ်ယူစွာ ပြန်ဖြေလေသည်။ ပန်းချီကားနှင့် ပတ်သတ်ပြီး စုရီမှတ်ချက်ပေးချိန်တွင် သော်ခိုတစ်ယောက် အရမ်းရှက်နေသည်မှာ အံ့သြစရာ မရှိချေ။

ချက်ချင်းပင် စုရီက သော်ခိုကို ပြန်ကြည့်လိုက်မိ၏။ ထိုအကြည့်သည် သူမ အပေါ် အဝတ်ဗလာ ဖြစ်စေသည်။ စိတ်မသက်မသာစရာ ပေပင်။

“ စိတ်မပူပါနဲ့ မင်းရဲ့လျှို့ဝှက်ချက်ကို ငါဘယ်သူ့ကိုမှ မပြောပါဘူး။ ”

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျောက်စိမ်းပြားတစ်ချပ်တွင် တစ်စုံတစ်ခုကို ရေးထွင်းလျက် စုရီက သူမထံ ပေးအပ်လိုက်သည်။

“ ဒါက ပန်းချီတာအိုနဲ့ သက်ဆိုင်တဲ့ နည်းစနစ်တစ်ခုပဲ ငါ့အတွက် အသုံးမဝင်ပါဘူး ဒါပေမယ့် မင်းရဲ့ဒုတိယဝိညာဉ်ကို အကူအညီ ပေးနိုင်လိမ့်မယ်။ ”

“ တာအိုစု ... ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဒါကိုငါဘယ်လိုများ ... ။ ”

“ ယူပါ ... ။ ”

စုရီမှ သူမစကားကို ဆုံးအောင် နားထောင်မနေတော့ဘဲ သော်ခိုလက်အတွင်း ထည့်ပေးကာ လှည့်ထွက်လာခဲ့တော့၏။

***

Book-40

All Chapters