ဖေးပိုင်....
Vol. 31 Ch. 467
လုံရှန်မြို့။
လင်းယွမ်က ကျင့်ကြံခြင်းအခန်းထဲတွင် ခြေချိတ်ထိုင်နေသည်။
" အချိန်နိယာမ... ငါတို့လူသားမျိုးနွယ်ရဲ့ ပညာရှင်တွေက အချိန်နိယာမရဲ့ သဘာဝအပေါ် အခြေခံပြီး အချိန်နိယာမပုံစံ ၂၁၇၃ခုကို အကျဉ်းချုပ် ဖော်ပြခဲ့ကြတယ်။ " လင်းယွမ်က တွေးလိုက်သည်။
လေဟာနယ်နိယာမပုံစံတစ်သောင်းနီးပါးနှင့်ယှဉ်လျှင် အချိန်နိယာမပုံစံက နည်းပါးလွန်းပေသည်။ သို့သော် ခက်ခက်မှုကလည်း များစွာပိုလေသည်။ ထို့အပြင် လူတစ်ယောက်က အချိန်နိယာမပုံစံ ၂၁၇၃ခုကို နားလည်ခဲ့လျှင်တောင် အချိန်နိယာမကို အပြည့်အဝ နားလည်သည်ဟု မဆိုလိုပေ။
အချိန်နိယာမကို နားလည်ရန်အတွက် လူတစ်ယောက်က နောက်ဆုံးအဆင့်ထိ ကိုယ်တိုင်တက်လှမ်းရန် လိုအပ်လေသည်။ အချိန်နိယာမပုံစံ ၂၁၇၃ခုက အချိန်နိယာမကို နားလည်ရန်အတွက် ရိုးရှင်းသော ဦးတည်ချက်တစ်ခုသာ ဖြစ်သည်။
" ငါက နဝမအလွှာကို မရောက်သေးတော့ လေဟာနယ်အလွှာတွေ မဖွင့်နိုင်သေးပေမယ့် အချိန်နိယာမကိုတော့ အတော်လေးနားလည်လာပြီ။ "
ရာစုနှစ်တစ်ခုအတွင်း လင်းယွမ်က အချိန်နိယာမပုံစံ တစ်ရာကျော်ကို နားလည်ခဲ့သည်။ ၎င်းက ဒသမအလွှာသို့ တက်လှမ်းလာသူများ၏ ပုံမှန်နားလည်နိုင်သောအရာဖြစ်သည်။ ထို့အပြင် လင်းယွမ်က လေဟာနယ်နိယာမနှင့် ပက်သက်ပြီး ပို၍ နက်ရှိုင်းသော အသိအမြင်များ ရရှိခဲ့သည်။
ပြည့်စုံသော လေဟာနယ်နိယာမကို နားလည်ပြီးနောက် လေဟာနယ်နိယာမတွင် လေ့လာရန် မကျန်တော့ဟု မဆိုလိုပေ။ လေဟာနယ်နိယာမက ကျယ်ပြန့်ပြီး အဆုံးမရှိသောကြောင့် ကွဲပြားသော ရှုထောင့်များစွာ ရှိလေသည်။
ကြီးမြတ်သူများက လေဟာနယ်နိယာမနှင့် ပက်သက်ပြီး နားလည်ထားသောအရာက သာမန်နဝမအလွှာများနှင့် လုံးဝ ကွဲပြားလေသည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကလည်း လေဟာနယ်နိယာမကို မတူညီသော ရှုထောင့်မှ ဖော်ပြထားပြီး လင်းယွမ်အတွက် များစွာ အကျိုးရှိခဲ့သည်။
" ဟင် ဒီစွမ်းအားက.." လင်းယွမ်က လှည့်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်တွင် ကျင့်ကြံနေကြသော လုံရှန်မျိုးနွယ်ဝင်များဆီမှ စွမ်းအားတစ်မျိုးက လင်းယွမ်ဆီသို့ လာရောက်ပေါင်းစည်းနေသည်။
" ဒီကမ္ဘာက ယုံကြည်မှုလမ်းစဉ်ကို လိုက်နာဖို့ တကယ်သင့်တော်တယ်။ " လင်းယွမ်က ထိုစွမ်းအားမှာ လုံရှန်မျိုးနွယ်ဝင်များ၏ သူ့အပေါ် ယုံကြည်မှုဖြစ်သည်ကို သိလေသည်။
ပင်မစကြာဝဠာတွင် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူအချို့က ယုံကြည်မှုလမ်းစဉ်နောက်သို့ လိုက်ရန် ကြိုးစားခဲ့ကြသော်လည်း ယုံကြည်မှုစွမ်းအားက စုဆောင်းရန် ခက်ခဲသည်ကို တွေ့ရှိခဲ့ကြသည်။ ဤကမ္ဘာတွင်တော့ များစွာပိုလွယ်ကူလေသည်။
" ကံမကောင်းတာက ယုံကြည်မှုစွမ်းအားက သက်ရှိတွေအပေါ် အရမ်းမှီခိုနေတယ်။ နောက်လိုက်တွေ ပျောက်ကွယ်သွားတာ ဒါမှမဟုတ် သေဆုံးသွားရင် သူတို့ရဲ့ ယုံကြည်မှုအပေါ် မှီခိုတဲ့ နတ်ဘုရားလည်း စွမ်းအားအရင်းအမြစ်ကို ဆုံးရှုံးသွားလိမ့်မယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ယုံကြည်မှုလမ်းစဉ်နှင့်ယှဉ်လျှင် သူက ကိုယ်တိုင်ကျင့်ကြံခြင်းကို ပို၍ နှစ်သက်လေသည်။ သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေရခြင်းမှာ အန္တိမအသိအမြင်တွက်သာဖြစ်သည်။ သို့သော် သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မဖြန့်ဝေလျှင် သူက အလွှာဆယ့်နှစ်သို့ မရောက်နိုင်ဟု မဆိုလိုပေ။
လင်းယွမ်က လုံရှန်မျိုးနွယ်တွင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ပို၍ ဖြန့်ကျက်နိုင်ရန် သူက တစ်ခါတစ်ရံ သိုင်းတာအို၏ အသိအမြင်များကို ပြောပြလေ့ရှိသည်။
" ခေါင်းဆောင် အဲ့ဒါ ငါတို့ရဲ့ ခေါင်းဆောင်ပဲ။ "
" ခေါင်းဆောင်က အရမ်းစွမ်းအားကြီးတယ်။ သူ့ကိုကြည့်တာနဲ့တင် ငါရင်တွေတုန်နေပြီ။ "
" ငါတို့ လုံရှန်မျိုးနွယ်ခေါင်းဆောင်က အခြားမြို့စားနယ်မြေတွေမှာတောင် အသန်မာဆုံး အဆင့်လေးစစ်သည်အဖြစ် သတ်မှတ်ခံထားရတယ်။ အနာဂတ်မှာ သူက အဆင့်ငါး မဟာစစ်သည်တစ်ယောက်ဖြစ်လာနိုင်တဲ့ ပါရမီရှင်ပဲ။ "
လုံရှန်မျိုးနွယ်ဝင်များက စိတ်လှုပ်ရှားစွာ ပြောနေကြသည်။ ထိုနေရာတွင် အချို့က သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို လေ့ကျင့်သည်မဟုတ်ဘဲ လင်းယွမ်ကို မြင်ချင်သောကြောင့် လာရောက်ကြခြင်းဖြစ်သည်။
ရာစုနှစ်အတွင်း လုံရှန်မျိုးနွယ်၏ တိုးတက်မှုက အနီးရှိ မြို့စားနယ်မြေအချို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထိုမြို့စားနယ်မြေများက ပူးပေါင်းပြီး မြို့စားလုံရှန်ကို ဖိအားပေးရန် အဆင့်လေးစစ်သည်ဆယ်ယောက်ကျော်ကို လုံရှန်မြို့သို့ စေလွှတ်ခဲ့ကြသည်။
လင်းယွမ်က ထိုအဆင့်လေးစစ်သည်များကို တစ်ယောက်တည်း ရိုက်နှက်ခဲ့ပြီး သူတို့က ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။ ထို့နောက် အခြားမြို့စားနယ်မြေများက မြို့စားလုံရှန်ကို သွားမရှုပ်ရဲကြတော့ပေ။ သူတို့၏ အမြင်တွင် မြို့စားလုံရှန်၏ ခွန်အားက အဆင့်ငါး မဟာစစ်သည်တစ်ယောက်နီးပါး ရှိနေပြီဖြစ်သည်။
ထိုအဆင့်လေး စစ်သည်များ မသိသောအရာမှာ သူတို့ရင်ဆိုင်ခဲ့သော မြို့စားလုံရှန်က စစ်မှန်သော နတ်ဘုရားနှင့် အဆင့်တူပြီး ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်သည်ကိုပင် ဖြစ်သည်။
နှစ်နာရီကြာပြီးနောက် ဟောပြောမှုက ပြီးဆုံးရန် နီးကပ်လာပြီး ပတ်ဝန်ကျင်မှ လုံရှန်မျိုးနွယ်ဝင်များက အာရုံစိုက်ပြီး နားထောင်နေကြသည်။
လင်းယွမ်၏ ခွန်အားနှင့် သူက တပည့်များကို သင်ကြားသည့်နေရာတွင် ကျွမ်းကျင်မှုမရှိလျှင်တောင် သူ၏ ဖော်ပြချက်များက သိုင်းတာအို၏ အဓိကအနှစ်သာရကို ညွှန်ပြနေလေသည်။
လုံရှန်မြို့၏ အထက်ရှိ ပုံပျက်နေသော လေဟာနယ်တစ်ခုတွင် လူအချို့က ထိုနေရာတွင် ရပ်နေကြပြီး အောက်မှ ဟောပြောနေသော လင်းယွမ်ကို ကြည့်နေကြသည်။
ရှေ့မှသုံးယောက်က တည်ငြိမ်သော အော်ရာများနှင့် အဆင့်ခြောက် အထွတ်အထိပ် ဒဏ္ဍာရီစစ်သည်များဖြစ်ပြီး အင်ပါယာ၏ အမြင့်ဆုံးအင်အားများဖြစ်သည်။
နိုင်ငံများစွာကုန်မြေတွင် အစွမ်းထက်ဆုံးအင်ပါယာများတွင် အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းများ ရှိနိုင်သော်လည်း အများစုမှ အဆင့်ခြောက်သာ ရှိကြလေသည်။
အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းများက ရွေးချယ်စရာနှစ်ခုရှိလေသည်။ တစ်ခုမှာ စစ်မှန်သော နတ်ဘုရားတစ်ပါးကို လက်အောက်ခံရန်ဖြစ်ပြီး နောက်တစ်ခုမှာ သူတို့ကိုယ်တိုင် နတ်ဘုရားဖြစ်လာရန် သူတို့၏ ယုံကြည်မှုကို လျို့ဝှက်စွာ ဖြန့်ဝေခြင်းဖြစ်သည်။
" သခင်ဖေးပိုင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို မြို့စားလုံရှန်က ဖြန့်ဝေနေတာပါ။ " ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ယောက်က ရှေ့မှ အကြီးအကဲကို ကြည့်ပြီး ပြောလိုက်သည်။
ဖေးပိုင်က အင်ပါယာ၏ ဒဏ္ဍာရီတစ်ခုဖြစ်သည်။ သူက နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီး အဆင့်ခုနှစ်သို့ ဝင်ရောက်နိုင်ဖွယ်ရှိလေသည်။
" ကျွန်တော်ရဲ့ အမြင်တော့ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဘာမှမထူးခြားပါဘူး။ ဒါက သွေးမျိုးဆက်အများစုကို လွှမ်းခြုံနိုင်ပေမယ့် သီးခြားသွေးမျိုးဆက်တစ်ခုကို ပစ်မှတ်ထားတဲ့အခါ ကျွန်တော်တို့ အင်ပါယာကျင့်စဉ်နဲ့ နှိုင်းယှဉ်လို့မရပါဘူး။ " နောက်ထပ်လူငယ်တစ်ယောက်က ပြောလိုက်သည်။
လုံရှန်မျိုးနွယ်က သူတို့၏ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခဲ့ပြီး ၎င်းက အင်ပါယာ၏ တော်ဝင်မျိုးနွယ်ဆီသို့လည်း ရောက်လာခဲ့သည်။
ဖေးပိုင်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ အရေးပါမှုကို ချက်ချင်း နားလည်ခဲ့သည်။ ၎င်းက စစ်သည်များ၏ ကျင့်စဉ်များကို ဆန့်ကျင်နေပြီး မြို့စားလုံရှန်ကို စောင့်ကြည့်ရန်အတွက် သူ့လူများကို ခေါ်ပြီး လုံရှန်မြို့သို့ ချက်ချင်း လာခဲ့လေသည်။
" ငါတို့ အင်ပါယာကျင့်စဉ်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်နဲ့ နှိုင်းယှဉ်လို့မရဘူးလို့ မင်းပြောသင့်တယ်။ " ဖေးပိုင်က လူငယ်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " အဲ့ဒီမြို့စားလုံရှန်က အကန့်အသတ်မရှိတဲ့ အလားအလာကို ပိုင်ဆိုင်ပြီး အဆင့်ခုနှစ်ကို ဝင်ရောက်နိုင်ခြေ အရမ်းများတယ်။ "
၎င်းကို ကြားသောအခါ အခြားသူများက မှင်သက်သွားကြသည်။ ဖေးပိုင်က အခြားတစ်ယောက်က ထိုကဲ့သို့ ချီးကျူးသည်ကို သူတို့တစ်ခါမှ မမြင်ဖူးခဲ့ပေ။
" မင်းတို့ မယုံကြဘူးလား။ " ဖေးပိုင်၏ အသံက တည်ငြိမ်နေသည်။ သူက အောက်တွင်ရှိသော လင်းယွမ်၏ ဟောပြောမှုကို ဆက်လက်နားထောင်နေသည်။
သူက လင်းယွမ်၏ ခွန်အားကို မြင်နိုင်ခြင်းမရှိဘဲ ထူးခြားမှုတစ်စုံတစ်ရာကို မတွေ့ခဲ့ပေ။ သို့သော် သူ၏ ဟောပြောမှုအနှစ်သာရများအရ သူ၏ အောင်မြင်မှုကို ခန့်မှန်းနိုင်လေသည်။ ဖေးပိုင်က သူ့ခေတ်တုန်းက ထိုအသက်အရွယ်တွင် စွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာကိုသာ သိခဲ့ပြီး လက်ရှိမြို့စားလုံရှန်လောက် စွမ်းအားအနှစ်သာရကို များစွာနားလည်ခြင်းမရှိခဲ့ပေ။
" သခင် ကျွန်တော်တို့ မယုံတာမဟုတ်ပါဘူး။ အဲ့ဒါက မယုံကြည်နိုင်စရာဖြစ်နေလို့ပါ။ " သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြောလိုက်သည်။
နက်ရှိုင်းသော သွေးမျိုးဆက်များပင် အဆင့်ခုနှစ်သို့ ရောက်ရန် ခက်ခဲလှသည်။ လုံရှန်မျိုးနွယ်၏ တောင်တန်းနဂါးသွေးမျိုးဆက်က ထူးခြားသော်လည်း ၎င်း၏ ကန့်သတ်ချက်က အဆင့်ငါးဖြစ်သည်။ အဆင့်ခုနှစ်သို့ ရောက်ရှိရန် ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲပေလိမ့်မည်။
" ကိစ္စမရှိဘူး။ မင်းတို့မယုံရင် နှစ်ငါးရာပဲ စောင့်ကြည့်နေကြ။ " ဖေးပိုင်က သာမန်အတိုင်း ပြောလိုက်သည်။
မြို့စားလုံရှန်က နှစ်ငါးရာအတွင်း အဆင့်ခြောက်သို့ ဝင်ရောက်ရန် မသေချာလျှင် သူက ထိုစကားကို ပြောမည်မဟုတ်ပေ။ အကြောင်းမှာ အဆင့်ခြောက်များသာ နှစ်ငါးရာကျော်အောင် အသက်ရှင်နိုင်ကြလေသည်။
" သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ငါတို့တော်ဝင်မျိုးနွယ်မှာ ဖြန့်ဝေရမယ်။ ဒီလိုမှမဟုတ်ဘဲ ငါတို့ဆက်ပြီး စောင့်ကြည့်နေရင် ပတ်ဝန်းကျင်က အင်ပါယာတွေက သတိထားမိသွားလိမ့်မယ်။ " ခဏလောက်တွေးပြီး ဖေးပိုင်က ပြောလိုက်သည်။
သူတို့က သိုင်းတာအိုကျင့်ကြံခြင်းစနစ်အပေါ် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အငြင်းပွားမှုများ ရှိနေခဲ့သော်လည်း ယခု မြို့စားလုံရှန်ကို ကိုယ်တိုင်မြင်တွေ့ပြီး ဖေးပိုင်က ဆုံးဖြတ်ချက်ချခဲ့လေသည်။
သတင်းများကို ပိတ်ဆို့ပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို တော်ဝင်မျိုးနွယ်အတွက်သာ ထားရှိရန် မဖြစ်နိုင်ပေ။ ယခုအချိန်တွင် အင်ပါယာအတွင်းရှိ စစ်သည်များစွာက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို သိရှိနေကြပြီဖြစ်သည်။ အခြားအင်ပါယာများလည်း အတူတူပင်ဖြစ်သည်။ သူတို့မလှုပ်ရှားရသည့်အကြောင်းရင်းမှာ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို လေ့လာနေကြဆဲဖြစ်သည်။