← Chapters

နတ်ဘုရားသလင်းကျောက်များကို လုယက်ခြင်း...

Vol. 31 Ch. 468

နတ်ဘုရားသလင်းကျောက်များကို လုယက်ခြင်း...

Vol. 31 Ch. 468

" ပြီးတော့ မြို့စားလုံရှန်နဲ့ ချက်ချင်း ရင်းနှီးအောင်လုပ်ပါ။ သူ့ရဲ့ ဘွဲ့ကို ဘယ်ရွန်ဘွဲ့အဖြစ် မြှင့်တင်ပေးပြီး ပတ်ဝန်းကျင်က ပိုတဲ့နယ်မြေတွေနဲ့ မြို့စားအနည်းငယ်ရဲ့ နယ်မြေတွေကိုလည်း လုံရှန်မျိုးနွယ်ကို ပေးလိုက်။ " ဖေးပိုင်းက စဉ်းစားပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " အခြားသူများက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြောလိုက်သည်။

မြို့စားလုံရှန်အပေါ် ဖေးပိုင်က အထူးအားရုံစိုက်ထားသည်ကို သိနိုင်လေသည်။ မြို့စားလုံရှန်ကို ဘယ်ရွန်လုံရှန်အဖြစ် တိုက်ရိုက်မြှင့်တင်ပေးခြင်းက အင်ပါယာတည်ထောင်သည့်အချိန်ကစပြီး ထိုကဲ့သို့ မြှင့်တင်ပေးမှုမျိုး မရှိခဲ့ပေ။ ထို့အပြင် မြို့စားလုံရှန်က ထင်းရှားသော ထောက်ပံ့မှုများ မလုပ်ရသေးပေ။

နောက်ဆုံးတွင် အင်ပါယာ၏ ဘယ်ရွန်တိုင်းက သူတို့၏ ဘွဲ့နှင့် နယ်မြေများကို ထာဝရလက်ဆင့်ကမ်းပေးနိုင်လေသည်။

" သွားကြစို့ " ဖေးပိုင်က လုံရှန်မြို့ကို တစ်ချက်ကြည့်ပြီး သူ၏ လူများနှင့်အတူ ထွက်ခွာသွားသည်။

အဆင့်ခြောက် အထွတ်အထိပ်တစ်ယောက်ဖြစ်သော ဖေးပိုင်မသိသည်မှာ သူထွက်ခွာသွားချိန်တွင် အောက်မှ မြို့စားလုံရှန်က သူရပ်နေသော နေရာကို တစ်ချက်ကြည့်လိုက်ခြင်းပင်ဖြစ်သည်။

" သူက ဘာဖြစ်နေတယ်ဆိုတာ သိတယ်။ "

ဖေးပိုင်နှင့် သူ၏ အဖွဲ့က လင်းယွမ်၏ အာရုံမှမလွတ်မြောက်နိုင်ပေ။ လင်းယွမ်က သူတို့ကို သတိထားမိခဲ့ရုံသာမက သူတို့ပြောသော စကားများကိုလည်း ကြားခဲ့ရလေသည်။

သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ဖြန့်ဝေမှုက အင်ပါယာ၏ အာရုံစိုက်မှုအား ဆွဲဆောင်နိုင်မည်ကို လင်းယွမ်က ကြိုတင်တွေးထားခဲ့သည်။ အဆုံးတွင် စစ်သည်ကျင့်စဉ်များနှင့် နှိုင်းယှဉ်လျှင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အလွန်ထူးခြားပြီး ၎င်းတို့ကို အစားထိုးနိုင်လေသည်။

အစပိုင်းတွင် လင်းယွမ်မှာ အင်ပါယာက သူ့ကို ထိန်းချုပ်ခြင်းကဲ့သို့ အစီအစဉ်များ ပြုလုပ်လိမ့်မည်ဟု ထင်ခဲ့သည်။ အင်ပါယာမှ အဆင့်မြင့်သူများက အမြင်မကျဉ်ကြပေ။ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖိနှိပ်ရန် နည်းလမ်းမရှိ​ကြောင်း သဘောပေါက်သွားသောအခါ သူတို့က ကြားဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ မူလအစဖြစ်သော လင်းယွမ်ကိုပင် ဆုလာဘ်များပေးရန် စဉ်းစားခဲ့ကြလေသည်။

" မူလစိတ်ဝိညာဉ်နှစ်ခုက ဘုရားကျောင်းတွေထဲ ဝင်ရောက်နေပြီ။ " လင်းယွမ်က အဝေးသို့ ကြည့်လိုက်သည်။

ဤကုန်းမြေကြီးတွင် အင်ပါယာအရေအတွက်က တစ်သောင်းကျော်လေသည်။ လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက ဝေးလံသော အင်ပါယာများမှ ဘုရားကျောင်းများရှိ နတ်ဘုရားသလင်းကျောက်များကို စုဆောင်းနေခဲ့သည်။

လင်းယွမ်ရှိနေသော အင်ပါယာက စီလန်အင်ပါယာဖြစ်ပြီး အမိန့်နတ်ဘုရား၏ ယုံကြည်မှုနေရာတစ်ခုဖြစ်သည်။ ပင်မနတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရန် လင်းယွမ်က မတော်တဆဖြစ်ရပ်မျိုး ဖြစ်ခံမည်မဟုတ်ပေ။

စီလန်အင်ပါယာနှင့် အလွန်ဝေးကွာသော အင်ပါယာတစ်ခုတွင်။

ထိုနေရာက ကြယ်တာယာနတ်ဘုရား၏ ယုံကြည်မှုနေရာဖြစ်ပြီး ကြယ်တာယာဘုရားကျောင်းက ထိုအင်ပါယာတွင် တန်ဖိုးအထားဆုံးနေရာတစ်ခုဖြစ်သည်။

ကြယ်တာယာဘုရားကျောင်း။

နောက်လိုက်များစွာက သစ္စာရှိစွာ ကိုးကွယ်နေကြပြီး ယုံကြည်မှု စွမ်းအားမျှင်များက ကြယ်တာယာနတ်ဘုရားရုပ်တုပေါ်သို့ စုစည်းသွားကြသည်။

ဘုရားကျောင်း၏ နက်ရှိုင်းသောနေရာတွင် ဘုရားကျောင်းခေါင်းဆောင်က သူ၏ ရှေ့မှ နတ်ဘုရားသလင်းကျောက်များ ဆက်လက်စုစည်းနေသည်ကို ကျေနပ်စွာ ကြည့်နေသည်။

" ငါ့ရဲ့ နတ်ဘုရားက စိတ်ကြည်နေတဲ့ပုံပဲ။ နတ်ဘုရားသလင်းကျောက်တွေ အများကြီး ချီးမြှင့်ခဲ့တယ်။ " ဘုရားကျောင်းခေါင်းဆောင်က ပျော်ရွှင်စွာ တွေးလိုက်သည်။

နတ်ဘုရားသလင်းကျောက်များတွင် အလွန်သန့်စင်သော စွမ်းအားများပါဝင်လေသည်။ ၎င်းက နတ်ဘုရားကိုယ်ပွားများကို ထောက်ပံ့နိုင်ရုံသာမက ကျင့်ကြံခြင်းအတွက်လည်း များစွာအထောက်အကူပြုလေသည်။ ကြယ်တာယာနတ်ဘုရား ဤတစ်ကြိမ်တွင် ချီးမြှင့်ခဲ့သော နတ်ဘုရားသလင်းကျောက်များက အဆင့်ငါးနှင့် အထက်ရှိသူများကို ရာစုနှစ်ကြာအောင် ထောက်ပံ့ပေးနိုင်လေသည်။

" တကယ်လို့ ငါသာ ဒီနတ်ဘုရားသလင်းကျောက်တွေကို စုပ်ယူနိုင်ခဲ့ရင် အဆင့်ခုနှစ်ကို ဝင်ရောက်နိုင်လိမ့်မယ်။ အဲ့ဒီနောက် နတ်ဘုရားနိုင်ငံကို မြှင့်တင်ပြီး ငါ့ရဲ့ နတ်ဘုရားနဲ့အတူ အလင်းပင်လယ်ထဲဝင်ရောက်ပြီး ထာဝရတည်ရှိနိုင်လိမ့်မယ်။ " ခေါင်းဆောင်က သူ၏ ရှေ့မှ သလင်းကျောက်များကို ကြည့်ပြီး လောဘစိတ်အနည်းငယ် ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက သူ၏ ဘေးတွင် တိတ်ဆိတ်စွာ ပေါ်လာသည်။ ထိုပုံရိပ်က မရှင်းလင်းဘဲ ဆန်းကြယ်သော အော်ရာတစ်ခုက ဖုံးလွှမ်းထားသည်။

ခေါင်းဆောင်က ထိုပုံရိပ်ကို ကြည့်ပြီး တုန်လှုပ်သွားသည်။ " မင်းက..."

စကားမဆုံးမီ သူ၏ စိတ်အသိက အမှောင်ကျသွားခဲ့သည်။ သူပြန်နိုးလာချိန်တွင် နှစ်ပေါင်းများစွာ စုဆောင်းထားသော နတ်ဘုရားသလင်းကျောက်များက မရှိတော့ပေ။

" ဘယ်သူလဲ။ " ဘုရားကျောင်းခေါင်းဆောင်က အလွန်ဒေါသထွက်သွားသည်။

ဘုရားကျောင်း၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်က ပြန်လည်ဖွဲ့စည်းလာသည်။

" မဆိုးဘူး။ " လင်းယွမ်က ရရှိလာသော နတ်ဘုရားသလင်းကျောက်များကို ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။

လမ်းတစ်လျှောက်တွင် ဘုရားကျောင်းဆယ်ခုကျော်မှ စုဆောင်းထားသော နတ်ဘုရားသလင်းကျောက်များက သူ၏ လက်ထဲတွင် ရှိနေလေသည်။

" ဆက်သွားရမယ်။ " လင်းယွမ်က မြန်မြန်လှုပ်ရှားရမည်ကို သိလေသည်။

သူ၏ ရည်ရွယ်ချက်က နတ်ဘုရားများ မတုန့်ပြန်နိုင်မီ နဝမအလွှာသို့ တက်လှမ်းရန်အတွက် လုံလောက်သော နတ်ဘုရားသလင်းကျောက်များ စုဆောင်းရန် ဖြစ်သည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ကြာသွားခဲ့သည်။ ထိုဆယ်နှစ်အတွင်း လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက ကုန်းမြေတစ်ဝက်ကျော်ကို သွားခဲ့သည်။ နတ်ဘုရားများ၏ ဘုရားကျောင်းများစွာက လင်းယွမ်၏ လုယက်ခြင်းကို ခံခဲ့ရသည်။ လင်းယွမ်က နတ်ဘုရားသလင်းကျောက်များကိုသာ စိတ်ဝင်စားပြီး အခြားသူများကို ထိခိုက်စေခြင်းမရှိခဲ့ပေ။

လုံရှန်နယ်မြေ၏ မြေအောက်လှိုဏ်ဂူတစ်ခုထဲတွင် လင်းယွမ်က သူ၏ ရှေ့မှ နတ်ဘုရားသလင်းကျောက်ပုံကြီးကို ကြည့်လိုက်သည်။

သူက အသက်ရှူလိုက်ချိန်တွင် နတ်ဘုရားသလင်းကျောက်များက ကွဲကြေသွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားသည်။ သူ၏ အတွင်းကမ္ဘာက ကျယ်ပြန့်လာပြီး လေဟာနယ်အလွှာများက ပို၍ ထူထဲလာသည်။

ပင်မစကြာဝဠာတွင် နဝမအလွှာသို့ ဝင်ရောက်သော အတွေ့အကြုံရှိသောကြောင့် လင်းယွမ်အတွက် အခက်အခဲမရှိဘဲ နဝမအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။ နက်ရှိုင်းသော အော်ရာတစ်ခုက လေထဲတွင် ပြည့်နှက်နေခဲ့သည်။

စီလန်အင်ပါယာမှ လုံရှန်နယ်မြေ၏ အရေးမပါသော နေရာတွင် ပင်မနတ်ဘုရားများနှင့် အဆင့်တူသော တည်ရှိမူတစ်ခု မွေးဖွားလာသည်ကိုတော့ ဘယ်သူမှမသိနိုင်ခဲ့ပေ။

လင်းယွမ်က ဂူထဲမှ ကျေနပ်စွာ ထွက်လာသည်။ နဝမအလွှာကို ပြန်ရောက်ခြင်းက လေဟာနယ်အလွှာများကို ဖွင့်ရန် အချိန်ပိုမိုရရှိရုံသာမက ဤကမ္ဘာတွင် ကြောက်ရွံ့ခြင်းမရှိဘဲ နေနိုင်ပြီဖြစ်သည်။

အခြားနတ်ဘုရားများနှင့် နှိုင်းယှဉ်လျှင် လင်းယွမ်က ယုံကြည်မှုကြောင့် စိုးရိမ်စရာမရှိပေ။ သူက လူသားနယ်မြေတွင် ရှိ​ေနသရွေ့ ပင်မနတ်ဘုရားတစ်ပါးတောင် သူ့ကို ဆန့်ကျင်ရဲမည်မဟုတ်ပေ။

လင်းယွမ်၏ သွေးပြန်လည်မွေးဖွားခြင်းနှင့် ဒြပ်စင်ခန္ဓာတို့ကို ပေါင်းစပ်လိုက်လျှင် ပင်မနတ်ဘုရား ၂၄ပါး၏ ဝန်ရံတိုက်ခိုက်ခြင်းခံရလျှင်တောင် အချိန်ကြာခုခံနိုင်ပြီး အသက်လည်းသေဆုံးမည်မဟုတ်ပေ။

ထိုသို့ဖြစ်လျှင် အကျိုးဆက်က လူသားနယ်မြေတစ်ဝက်ကျော် ပျက်စီးနိုင်ပြီး သက်ရှိများစွာ သေဆုံးရပေလိမ့်မည်။ ၎င်းက လင်းယွမ်အတွက် ဆုံးရှုံးမှုမရှိဘဲ သူ၏ လမ်းစဉ်ကို ဖြန့်ဝေနိုင်ခြင်းမရှိရုံသာဖြစ်သည်။

သို့သော် နတ်ဘုရားများအတွက် ၎င်းက သူတို့၏ ယုံကြည်မှု အခြေခံအုတ်မြစ်ဖြစ်သည်။ နတ်ဘုရားများက စစ်ပွဲဖြစ်ခဲ့လျှင်တောင် စစ်မီးများကို လူသားနယ်မြေဆီ ပျံ့နှံ့ခွင့်ပြုမည်မဟုတ်ပေ။ သူတို့အားလုံးက လူသားများ၏ ယုံကြည်မှုနှင့် တည်ရှိနေကြပြီး သူတို့၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးမည့်အရာကို လုပ်ဆောင်ကြမည်မဟုတ်ပေ။

သို့သော် လင်းယွမ်က မတူပေ။ သူက လူသားများ၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။ ၎င်းက ယုံကြည်မှုလမ်းစဉ်၏ အားနည်းချက်တစ်ခုလည်းဖြစ်သည်။

ပင်မစကြာဝဠာတွင် သတ္တမအလွှာ အထွတ်အထိပ်တစ်ယောက်က အတွင်းကမ္ဘာကို ဖွင့်လှစ်ရန် အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းရလေသည်။ သို့သော် ဤကမ္ဘာတွင် လူသားများ၏ ယုံကြည်မှုကို စုဆောင်းရန်သာ လိုအပ်လေသည်။ သို့သော် လူတစ်ယောက်၏ အောင်မြင်မှုနှင့် ကျရှုံးမှုက ယုံကြည်မှုအပေါ်မှာပင် မူတည်နေသည်။

လင်းယွမ်ကလည်း မလိုအပ်သရွေ့ ပင်မနတ်ဘုရား ၂၄ပါးကို ဆန့်ကျင်မည်မဟုတ်ပေ။ သူက နဝမအလွှာ ခွန်အားကို ပြန်လည်ရရှိပြီဖြစ်သောကြောင့် ပင်မနတ်ဘုရားများနှင့် ဆွေးနွေးရန် အရည်အချင်းရှိနေပြီဖြစ်သည်။

" ဒီနှစ်တွေမှာ ဘုရားကျောင်းတွေက နတ်ဘုရားသလင်းကျောက်တွေကို လုယက်တာက နတ်ဘုရားတွေရဲ့ အာရုံစိုက်မှုကို ရရှိပြီးလောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်ပင် နတ်ဘုရားများ၏ ဘုရားကျောင်းများကို လုယက်ရန် ပစ်မှတ်ထားမည်မဟုတ်ပေ။ သူတို့က ယုံကြည်မှုကို စုဆောင်းချင်ရုံသာဖြစ်ပြီး နတ်ဘုရားများကို ဆန့်ကျင်ရဲမည်မဟုတ်ပေ။

သို့သော် လင်းယွမ်က ဂရုမစိုက်ပေ။ နတ်ဘုရားသလင်းကျောက်များသာ မရှိလျှင် သူက နဝမအလွှာကို ပြန်ရောက်ရန် နှစ်ငါးဆယ်မှ နှစ်ခြောက်ဆယ်အထိ ကြာနိုင်လေသည်။ ထို့အပြင် လင်းယွမ်ပစ်မှတ်ထားသော ဘုရားကျောင်းများက အခွင့်အာဏာမရှိသော နတ်ဘုရားများသာဖြစ်ပြီး သူက ပင်မနတ်ဘုရားများကို မဆွဲဆောင်သရွေ့ အဆင်ပြေလေသည်။

" လေဟာနယ်အလွှာတွေက တစ်ခါတည်းနဲ့ နှစ်သိန်းကျော်သွားပြီ။ " လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားပြီး လေဟာနယ်အလွှာများကို ကြည့်ရှုလိုက်သည်။

" ဒီကမ္ဘာမှာ လေဟာနယ်အလွှာ ထရီလီယံပေါင်းများစွာ ရှိတယ်။ "

နဝမအလွှာသို့ ရောက်ပြီးနောက် လေဟာနယ်အလွှာများအပေါ် လင်းယွမ်၏ အာရုံခံစားမှုက ပို၍ ရှင်းလင်းလာပြီး သူက အလွန်အစွမ်းထက်သော လေဟာနယ်အလွှာနှစ်ခု၏ တည်ရှိမှုကိုပင် ခံစားလိုက်ရသည်။

၎င်းက အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့ဖြစ်သည်။ နတ်ဘုရားများနေထိုင်သော နေရာနှစ်ခုက ပင်မလေဟာနယ်အလွှာထဲတွင် မတည်ရှိပေ။

All Chapters