← Chapters

နတ်ဘုရားတစ်ပိုင်းအမြုတေ....

Vol. 31 Ch. 471

နတ်ဘုရားတစ်ပိုင်းအမြုတေ....

Vol. 31 Ch. 471

နတ်ဘုရားတစ်ပိုင်းအဆင့်ရှစ်ယောက်၏ အံ့အားသင့်သော အကြည့်များအောက်တွင် လင်းယွမ်က သူတို့ကို မော့ကြည့်လာသည်။

" သတိထား။ "

သူတို့ရှစ်ယောက်က ချက်ချင်း သတိဝင်ပြီး တုန့်ပြန်ရန် အသင့်ပြင်လိုက်ကြသည်။ ဘယ်ရွန်လုံရှန်၏ စကားများအရ သူတို့ကို လွန်ခဲ့သော အချိန်များကတည်းက ရှာတွေ့ခဲ့သည်ဟု ဆိုလိုလေသည်။

သို့သော် ၎င်းက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က အလွန်သတိထားနေခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်များပင် သူတို့ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ ဘယ်ရွန်လုံရှန်က နတ်ဘုရားတစ်ပိုင်းအဆင့်လား။

နတ်ဘုရားတစ်ပိုင်းအဆင့် ရှစ်ယောက် မသိနိုင်ခင်မှာပင် လေဟာနယ်၏ အနက်ရှိုင်းဆုံး နေရာမှ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက သူတို့ကို အစိတ်စိတ်အမြွှာမြွှာ ကြိတ်ခြေပစ်လိုက်သည်။

လုံရှန်ခန်းမထဲရှိ လင်းယွမ်၏ အကြည့်အောက်တွင် ထိုရှစ်ယောက်က ခုခံနိုင်စွမ်းမရှိဘဲ ပျက်စီးသွားကြသည်။

" အခွင့်အလမ်းအတွက် ငါ့ကို သတ်ချင်တာလား။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။

သူက သိုင်းတာအိုကျင့်ကြံခြင်းစနစ်က်ု ထုတ်ဖော်ပြီးနောက် ထိုဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားထားပြီးသား ဖြစ်သည်။ လုံလောက်သော ခွန်အားမရှိဘဲ သူက လုံရှန်ခန်းမ၏ ပလ္လင်ပေါ်တွင် ဘယ်လိုလုပ်ထိုင်နေဝံ့မှာလဲ။

" ဒါက ငါ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ပထမဆုံးအကြိမ် တိုက်ရိုက်သတ်ဖြတ်တာပဲ။ "

လွန်ခဲ့သော ဆယ်စုနှစ်များတွင် သူက တပ်မက်ခြင်းမိခင်နတ်ဘုရားကို သတ်ခဲ့သော်လည်း ၎င်းက အဝေးမှ ကျိန်စာတိုက်ပြီး သတ်ဖြတ်ခြင်းဖြစ်သည်။

" ဟမ် အဲ့ဒါ နတ်ဘုရားတစ်ပိုင်းအမြုတေလား။ " လင်းယွမ်က နတ်ဘုရားတစ်ပိုင်းအဆင့်ရှစ်ယောက် ရပ်နေသောနေရာတွင် သလင်းကျောက်ရှစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

ဤကမ္ဘာတွင် စစ်သည်များက အဆင့်ခုနှစ်သို့ ရောက်သောအခါ နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီး နတ်ဘုရားတစ်ပိုင်းအမြုတေကို ဖွဲ့စည်းကြသည်။ သူတို့က နတ်ဘုရားနိုင်ငံကို မြှင့်တင်လိုက်သည်နှင့် နတ်ဘုရားတစ်ပိုင်းအမြုတေက နတ်ဘုရားအမြုတေအဖြစ် ပြောင်းလဲသွားလေသည်။

နတ်ဘုရားတစ်ပိုင်း သို့မဟုတ် နတ်ဘုရားဖြစ်စေ ၎င်းက သူတို့၏ အနှစ်သာရပင်ဖြစ်သည်။

သလင်းကျောက်ရှစ်ခုက လင်းယွမ်ရှေ့သို့ လွင့်မျောလာသည်။ သလင်းကျောက်များက အရောင်အမျိုးမျိုးရှိပြီး မတူညီသော အော်ရာများ ထွက်ပေါ်နေသည်။ ဥပမာ အရိပ်ထဲတွင် အမြဲတမ်းပုန်းအောင်နေသော ပိန်လှီသည့် အဘိုးအိုကဲ့သို့၏ အမြုတေက အရိပ်အငွေ့အသက်များ ဖုံးလွှမ်းစီးဆင်းနေသည်။ မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ သလင်းကျောက်က အဆိပ်ရှိသော အော်ရာကို ထုတ်လွှတ်နေသည်။

လင်းယွမ်က ၎င်းတို့ကို ကြည့်ပြီး အရိပ်အမြုတေကို ဆုပ်ကိုင်၍ လေ့လာလိုက်သည်။ ထို့နောက် လင်းယွမ်က နတ်ဘုရားတစ်ပိုင်းအမြုတေ၏ ရှုထောင့်ကို ခံစားလိုက်ရသည်။

ရုတ်တရက် သူ၏ အမြင်တွင် ကမ္ဘာကြီးက ကွဲပြားသွားသည်။ လှုပ်ရှားမှုအမျိုးမျိုးနှင့် ပြည့်နှက်နေသော ကမ္ဘာကြီးက ယခု လေဟာနယ်နှင့် အရိပ်များသာ ကျန်တော့လေသည်။

ထိုနှစ်ခုသာ ကျန်ရှိသော်လည်း လင်းယွမ်၏ အမြင်အာရုံက အလွန်ရှင်းလင်းလာခဲ့သည်။ ယခင် ပင်မစကြာဝဠာ၏ စစ်မြေပြင်များမှ လေဟာနယ်လှုပ်ရှားမှုများ၏ အကူအည်ိနှင့်ပင် လေဟာနယ်နိယာမအပေါ် သူ၏ အမြင်အာရုံက မှေးမှိန်နေခဲ့သည်။ သို့သော် ယခု ၎င်းက အလွန်ရှင်းလင်းနေသည်။

ဤကမ္ဘာရှိ လေဟာနယ်နှင့် အရိပ်များစွာက နက်ရှိုင်းနေပြီး လင်းယွမ်၏ ရှေ့တွင် လေဟာနယ်အလွှာ သန်းပေါင်းများစွာက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာ၏ နိယာမအနှစ်သာရများကို လေ့လာပြီး လေဟာနယ်နှင့် အရိပ်များအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာ၏ နိယာမအနှစ်သာရများကို လေ့လာပြီး လေဟာနယ်နှင့် အရိပ်များအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

အတွင်းကမ္ဘာက မိုင်သန်းနှစ်ရာနီးပါးရှိပြီး လေဟာနယ်အလွှာ အရေအတွက်က သုံးသိန်းနီးပါးရှိနေသည်။ အတွင်းကမ္ဘာ၏ လေဟာနယ်အလွှာအရေအတွက်က တစ်နေ့လျှင် အလွှာ ၃၀မှ ၅၀နှုန်းအထိ တိုးတက်နေခဲ့သည်။

သို့သော် လက်းယွမ်က နတ်ဘုရားတစ်ပိုင်းအမြုတေ၏ ရှုထောင်းကို သုံးပြီး လေဟာနယ်အလွှာများကို ကြည့်လိုက်ချိန်တွင် အတွင်းကမ္ဘာမှ လေဟာနယ်အလွှာများ၏ ဖွင့်လှစ်မှုက အလွန်အမင်းမြင့်တက်လာခဲ့သည်။

အလွှာသုံးဆယ်မှ ငါးဆယ်။

အလွှာသုံးရာမှ ငါးရာ။

အလွှာသုံးထောင်မှ ငါးထောင်။

ဝုန်း ဝုန်း....

အလွှာများစွာ ဖြစ်ပေါ်ပြီးနောက် လေဟာနယ်အလွှာများ ဖွံ့ဖြိုးလာပြီး အတွင်းကမ္ဘာ၏ မြေကြီးကို ထူးထဲစေကာ ကောင်းကင်ကို နက်ရှိုင်းလာစေသည်။

" ဘာလဲဟ..." လင်းယွမ်က ယခင်ခံစားရသော ရှုထောင့်မှ ခွာပြီး သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

" ဒီကမ္ဘာက နတ်ဘုရားတစ်ပိုင်းတွေရဲ့ နတ်ဘုရားတစ်ပိုင်းအမြုတေတွေက ကမ္ဘာနိယာမတွေကနေ စုစည်းပြီး ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေကို နားလည်ဖို့ ခွင့်ပြုတာလား။ " လင်းယွမ်က အနည်းငယ် တုန်လှုပ်သွားသည်။

ဤကမ္ဘာမှ နတ်ဘုရားတစ်ပိုင်းအဆင့်များ၏ နိယာမတိုက်ခိုက်ခြင်းနည်းလမ်းများက သူတို့၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားတစ်ပိုင်းအမြုတေကို လုံးဝမှီခိုနေလေသည်။ ထိုအမြုတေ၏ စွမ်းအားနှင့် သူတို့က နိယာမတိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်ခြင်းဖြစ်သည်။

" ဒီအရိပ်နတ်ဘုရားတစ်ပိုင်းအမြုတေက ငါ့ကို လေဟာနယ်အလွှာ အများကြီးဖွင့်ဖို့ ကူညီနိုင်လောက်တယ်။ "

နတ်ဘုရားတစ်ပိုင်းအမြုတေကိုယ်တိုက်က လေဟာနယ်အလွှာ သန်းပေါင်းများစွာ၏ နက်နဲမှု ပါဝင်နေခြင်းမဟုတ်ဘဲ နတ်ဘုရားတစ်ပိုင်းအမြုတေ မြင်နိုင်သော နေရာက ထိုမျှအထိ ကျယ်ပြန့်နေခြင်းဖြစ်သည်။ မြင်ခြင်းနှင့် ပိုင်ဆိုင်ခြင်းက မတူပေ။

လင်းယွမ်က နဝမအလွှာတွင် ရှိနေပြီး သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူက သာမန်နတ်ဘုရားတစ်ပိုင်းအမြုတေနှင့်ပင် ထိုကဲ့သို့သော ရလဒ်ကို ထုတ်ဖော်နိုင်လေသည်။

" ကောင်းကင်ကို ဆန့်ကျင်တယ်။ " လင်းယွမ်က တိတ်ဆိတ်သွားသည်။ " ဒါက တကယ်ကောင်းကင်ကို ဆန့်ကျင်တာပဲ။ "

" နတ်ဘုရားတစ်ပိုင်းအမြုတေက ဒီလိုသက်ရောက်မှုမျိုးရှိရင် နတ်ဘုရားအမြုတေဆိုရင် ဘယ်လိုနေမလဲ။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

ထိုနတ်ဘုရားတစ်ပိုင်းအမြုတေက အရိပ်နှင့် လေဟာနယ်နှစ်မျိုးပါဝင်လေသည်။ လေဟာနယ်က လင်းယွမ်အတွက် အလွန်အရေးပါလေသည်။ အခြားအမြုတေခုနှစ်ခုထဲတွင် လေဟာနယ်နှင့် ပက်သက်သောအရာနှစ်ခုရှိနေသေးသည်။

ထိုနတ်ဘုရားတစ်ပိုင်းအမြုတေသုံးခုပေါင်းလိုက်သောအခါ လင်းယွမ်က လေဟာနယ်အလွှာ သန်းနှစ်ဆယ်ကို ဖွင့်နိုင်လေသည်။ လင်းယွမ်က နဝမအလွှာကို တက်လှမ်းချိန်တွင် စကြာဝဠာစွမ်းအားများစွာဖြင့်ပင် လေဟာနယ်အလွှာ သုံးသိန်းအောက်သာ ဖွင့်နိုင်ခဲ့သည်။

" လေဟာနယ်အရည်အသွေးရှိတဲ့ နတ်ဘုရားတစ်ပိုင်းအမြုတေတွေ..." လင်းယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။

လေဟာနယ်အရည်အသွေးရှိသော နတ်ဘုရားတစ်ပိုင်းအမြုတေများက လေဟာနယ်၏ အနှစ်သာရ အစိတ်အပိုင်းတစ်ခုကို မြင်နိုင်ပြီး လင်းယွမ်၏ လေဟာနယ်အလွှာ တိုးတက်မှုအတွက် အလွန်အသုံးဝင်လေသည်။

" အခုကစပြီး မူလစိတ်ဝိညာဉ်နှစ်ခုကို အဲ့ဒီနတ်ဘုရားတစ်ပိုင်းအဆင့်တွေကို ရှာဖွေခိုင်းရမယ်။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။

သူက လေဟာနယ်အမြုတေရှိသော နတ်ဘုရားတစ်ပိုင်းအဆင့်များကို သတ်လိုစိတ်မရှိပေ။ တစ်ဖက်က ပူးပေါင်းပြီး သူတို့၏ နတ်ဘုရားတစ်ပိုင်းအမြုတေကို ခံစားခွင့်ပြုလျှင်ဖြစ်သည်။

လင်းယွမ်က လေ့လာမှုပြီးသည်နှင့် သူတို့ကို ချိပ်ပိတ်ပြီး သူ၏ နေထိုင်ချိန် နှစ်တစ်ထောင်ပြည့်လျှင် ပြန်လွှတ်ပေးမည်ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်သုံးရာကြာသွားခဲ့သည်။

လုံရှန်နယ်မြေကလည်း အံ့အားသင့်စရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့သည်။ လုံရှန်မျိုးနွယ်၏ နယ်မြေက အကြိမ်ကြိမ် တိုးချဲ့လာပြီး စီလန်အင်ပါယာ၏ ငါးပုံတစ်ပုံကိုပင် သိမ်းပိုက်ထားခဲ့သည်။ အမိန့်ဘုရားကျောင်းသာမရှိလျှင် ၎င်းက လုံရှန်အင်ပါယာဖြစ်နေလောက်ပြီဖြစ်သည်။

နိုင်ငံများစွာကုန်းမြေတွင် အင်ပါယာတစ်ခု တည်ထောင်ရန် အမိန့်ဘုရားကျောင်း၏ ခွင့်ပြုချက်ကို လိုအပ်လေသည်။ ၎င်းက အလင်းပင်လယ်မှ နတ်ဘုရားများ သတ်မှတ်ထားသော သံမဏိစည်းမျဉ်းဖြစ်သည်။

သို့သော် အင်ပါယာတစ်ခု တည်ထောင်ခြင်းမရှိလျှင်တောင် ယနေ့ခေတ် လုံရှန်မျိုးနွယ်၏ ဩဇာအာဏာက အင်ပါယာတစ်ခုထက် အားနည်းမည်မဟုတ်ပေ။

လုံရှန်မျိုးနွယ်၏ ဒဏ္ဍာရီလာခေါင်းဆောင်က လွန်ခဲ့သော နှစ်တစ်ရာကျော်ကတည်းက နတ်ဘုရားတစ်ပိုင်းအဖြစ် ကြေညာခဲ့ပြီး လုံရှန်မျိုးနွယ်အတွက် အဆုံးမရှိသော ဂုဏ်သိက္ခာများနှင့် ပြည့်နှက်နေခဲ့သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်တစ်ယောက်က အမိန့်ဘုရားကျောင်းကို ဆန့်ကျင်ပြီး နောက်လိုက်များ လျို့ဝှက်စွာ မစုဆောင်းသရွေ့ အလွန်သက်သောင့်သက်သာ နေထိုင်နိုင်လေသည်။

အမိန့်ဘုရားကျောင်း၏ ခေါင်းဆောင်က လုံရှန်ခေါင်းဆောင် အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်း ဖြစ်လာသည်ကို ပထမဆုံး သိခဲ့ရသောအခါ စိုးရိမ်ခဲ့သည်။ တစ်ဖက်လူမှာ လုံရှန်နယ်မြေကို အသုံးပြုပြီး နောက်လိုက်များစုဆောင်းမည်ဟု ထင်ခဲ့သည်။

သို့သော် ခဏစောင့်ကြည့်ပြီးနောက် ဘုရားကျောင်း၏ ယုံကြည်မှုစုစည်းခြင်းကို ခံစားနိုင်သော ထူးခြားသည့်စွမ်းရည်ကို အသုံးပြုပြီးတာတောင် လုံရှန်နယ်မြေတွင် ယုံကြည်မှုစုဆောင်းသော လှုပ်ရှားမှုများ မရှိသည်ကို တွေ့ခဲ့ရသည်။

နောက်လိုက်များကို စု​ဆောင်းရန် စိတ်မဝင်စားသော နတ်ဘုရားတစ်ပိုင်းတစ်ယောက်က ဘုရားကျောင်းကို စိုးရိမ်မှုများ သက်သာစေလေသည်။ အမိန့်ဘုရားကျောင်းနှင့် တိတ်တဆိတ်သဘောတူညီမှုနှင့်အတူ လုံရှန်မျိုးနွယ်၏ တိုးတက်မှုက အလွန်ချောမွေ့နေခဲ့သည်။

ယနေ့တွင် လုံရှန်မျိုးနွယ်၏ အဖွဲ့ဝင်များက မျိုးနွယ်လေ့ကျင့်ရေးကွင်းဆီတွင် စုဝေးနေကြသည်။

"ဒီနေ့က ခေါင်းဆောင်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်အကြောင်း ပြောမယ့်နေ့ပဲ။ "

" ငါ နောက်ဆုံးတော့ ခေါင်းဆောင်ကို တွေ့ခွင့်ရပြီ။ ဒီလိုနေ့မျိုးက ဆယ်နှစ်မှ တစ်ကြိမ်ပဲလာတာ။ "

" ငါတို့ လုံရှန်မျိုးနွယ်ရဲ့ လက်ရှိခေါင်းဆောင်က အလွန်ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ အသက်ငါးရာမပြည့်ခင် အဆင့်ခုနှစ်ကို ရောက်သွားတာက တကယ်ကို မယုံကြည်နိုင်စရာကောင်းလွန်းတယ်။ "

လုံရှန်မျိုးနွယ်ဝင်များ၏ မျက်နှာများက ဂုဏ်ယူမှုများနှင့် တောက်ပနေပြီး သူတို့၏ လေသံများက စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေသည်။

All Chapters