← Chapters

လေဟာနယ်အလွှာ သန်းကိုးဆယ်....

Vol. 31 Ch. 472

လေဟာနယ်အလွှာ သန်းကိုးဆယ်....

Vol. 31 Ch. 472

" အမိန့်ဘုရားကျောင်းခေါင်းဆောင်က ငါတို့ခေါင်းဆောင်ကို ဘုရားကျောင်းနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်အောက်ခံနတ်ဘုရားနေရာကိုတောင် တောင်းဆိုပေးမယ်လို့ ကတိပေးခဲ့တယ်။ "

" လက်အောက်ခံနတ်ဘုရားက နတ်ဘုရားနိုင်ငံမှာ တစ်ယောက်တည်းနေထိုင်တဲ့ နတ်ဘုရားတွေထက် ပိုမြင့်တဲ့ အဆင့်အတန်းပဲ။ "

" ဒါပေမယ့် လုံရှန်ခေါင်းဆောင်က ချက်ချင်း သဘောမတူဘဲ စဉ်းစားဖို့လိုတယ်လို့ ပြောခဲ့တယ်။ "

" ငါတို့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ငါဆိုရင် ပင်မနတ်ဘုရားမပြောနဲ့ နတ်ဘုရားတစ်ပါး ​ဖိတ်ခေါ်ရင်တောင် ချက်ချင်း သဘောတူမိလိမ့်မယ်။ "

လုံရှန်မျိုးနွယ်ဝင်များက လေ့ကျင့်ရေးကွင်းတွင် ခေါင်းဆောင်မပေါ်လာသေးသောကြောင့် အချင်းချင်း စကားပြောနေကြသည်။ ထိုအချိန်တွင် လေ့ကျင့်ရေးကွင်း၏ အလယ်ရှိ စင်မြင့်ထက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

" ခေါင်းဆောင် ရောက်လာပြီ။ "

" ခေါင်းဆောင် ရောက်လာပြီ။ "

လုံရှန်မျိုးနွယ်ဝင်များက စကားပြောနေသည်များကို ရပ်တန့်လိုက်ကြပြီး စင်မြင့်ပေါ်မှ ပုံရိပ်ကို ကြည့်လိုက်ကြသည်။ လုံရှန်မျိုးနွယ်တွင် စီလန်အင်ပါယာနှင့် အမိန့်ဘုရားကျောင်းတို့က နောက်ဆုတ်ရန် လိုအပ်ပြီး ခေါင်းဆောင်က တစ်ခုတည်းသော ကောင်းကင်ဖြစ်သည်။

စင်မြင့်ပေါ်တွင် လင်းယွမ်က လက်နောက်ပစ်၍ ရပ်နေပြီး လုံရှန်မျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။

" နှစ်သုံးရာကြာသွားခဲ့ပြီ။ "

လင်းယွမ်က နှစ်သုံးရာအတွင်း သူ၏ ကျင့်ကြံခြင်းအပြင် သူ၏ မျိုးနွယ်ဝင်များကိုလည်း သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို လေ့ကျင့်ရာတွင် လမ်းညွှန်မှုများ ပေးခဲ့လေသည်။

လင်းယွမ်၏ လမ်းညွှန်မှုအောက်တွင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို လေ့ကျင့်သူအရေအတွက်က တိုးလာပြီး လုံရှန်မျိုးနွယ်ဝင် တစ်သောင်းကျော်က တတိယအလွှာသို့ ရောက်လာခဲ့သည်။ နှစ်ထောင်ကျော်က စတုတ္ထအလွှာနှင့် ငါးဆယ်ကျော်က ပဉ္စမအလွှာသို့ ရောက်ရှိခဲ့ကြသည်။ ထို့အပြင် ဆဋ္ဌမအလွှာသို့ ရောက်ခဲ့သူတစ်ယောက်ပင် ရှိနေပြီး ၎င်းက ဒဏ္ဍာရီစစ်သည်တစ်ယောက်နှင့် ညီမျှလေသည်။

၎င်းက လုံရှန်မျိုးနွယ်အတွင်းမှာသာ ဖြစ်ပြီး ပြင်ပတွင်လည်း သိုင်းတာအိုကျင့်ကြံသူအရေအတွက် များစွာ တိုးတက်လာခဲ့သည်။ ထိုကဲ့သို့ အောင်မြင်ရခြင်း၏ အကြောင်းရင်းမှာ ပြုပြင်ထားသော သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဤကမ္ဘာနှင့် အလွန်သင့်တော်သောကြောင့်ဖြစ်သည်။

၎င်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် မြှုပ်နှံထားသော စွမ်းအားကို အသုံးပြုရန် အာရုံစိုက်လေသည်။ ၎င်းက အစောပိုင်းအဆင့်များတွင် လေ့ကျင့်မှုအရှိန်က အလွန်လျင်မြန်လေသည်။

သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ဖြန့်ဝေမှုက နှစ်သုံးရာအတွင်း လင်းယွမ်၏ အောင်မြင်မှုများထဲမှ တစ်ခုသာ ဖြစ်ပြီး သူ၏ အကြီးမားဆုံး အောင်မြင်မှုမှာ လေဟာနယ်အလွှာများက အလွှာသန်းကိုးဆယ်ထိ ဖွင့်လှစ်နိုင်ခဲ့သည်။ လေဟာနယ်အလွှာသန်းကိုးဆယ်က ဆင်းသက်မှုမတိုင်မီ လင်းယွမ်က အိပ်မက်ပင်မမက်ဖူးသော အရာဖြစ်သည်။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းအပြင် မူလအဆင့် စကြာဝဠာစွမ်းအားတစ်ခု၊ အဆင့်မြင့် စကြာဝဠာစွမ်းအားဆယ်ခုကျော်နှင့် စကြာဝဠာစွမ်းအားများစွာက အကူအညီပေးခဲ့လျှင်တောင် လင်းယွမ်က နှစ်တစ်ထောင်အတွင်း ရလဒ်ကိုသာ ခန့်မှန်းရဲသည်။

သူ၏ တိုးတက်မှုအရှိန်က တစ်ရက်လျှင် လေဟာနယ်အလွှာ တစ်သောင်းအထိ ရောက်ခဲ့သည်။ ၎င်းက အ​ခြားနဝမအလွှာများ မရရှိနိုင်သောအရှိန်ပင် ဖြစ်သည်။

သို့သော် ယခု သူက လေဟာနယ်အရည်အသွေးရှိသော နတ်ဘုရားအမြုတေများက သူ့ကို ဤကမ္ဘာ၏ လေဟာနယ်အလွှာများကို ဖွင့်သော သော့ကို ပေးခဲ့သလိုပင် ဖြစ်သည်။

လင်းယွမ်၏ လေဟာနယ်အလွှာ တိုးတက်မှုအရှိန်က သဘာဝကို လုံးဝ ဆန့်ကျင်သွားခဲ့သည်။

ပင်မစကြာဝဠာတွင် နဝမအလွှာများက သူတို့၏ လေဟာနယ်အလွှာများကို တစ်ခုပြီးတစ်ခု နားလည်ပြီး တိုးချဲ့ခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က မတူဘဲ ဤကမ္ဘာ၏ လေဟာနယ်အလွှာများကို သူ၏ ကိုယ်ပိုင်အဖြစ် ရိုးရှင်းစွာ အသုံးပြုနိုင်လေသည်။

သူက လေဟာနယ်အလွှာ တစ်ခုကို ဖွင့်လှစ်ပြီးသည်နှင့် ထိုလေဟာနယ်အလွှာနှင့် သက်ဆိုင်သော အသိအမြင်ကို ချက်ချင်း နားလည်သွားပေလိမ့်မည်။

" လေဟာနယ်အလွှာ သန်းကိုးဆယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်ပြီး အတွင်းကမ္ဘာမှ ထုတ်လွှတ်သော အဆုံးမဲ့ စွမ်းအားကို ခံစားလိုက်ရသည်။

ပင်မစကြာဝဠာ၏ မျိုးနွယ်များစွာက နဝမအလွှာကို အဆင့်ငါးဆင့် ခွဲခြားထားပြီး အလွှာဆယ်သန်းကို ရောက်ရှိခြင်းက နဝမအလွှာ၏ အထွတ်အထိပ်အဆင့်ပင် ဖြစ်နေသည်။

လေဟာနယ်အလွှာ သန်းသုံးဆယ်ကို ဖွင့်နိုင်ခဲ့သော ဟွမ်ယိပင် ထျန်းယုမျိုးနွယ်၏ အသန်မာဆုံး နဝမအလွှာ ဖြစ်ခဲ့သည်။ လေဟာနယ်အလွှာ သန်းကိုးဆယ်က ပင်မစကြာဝဠာရှိ မျိုးနွယ်များနှင့် အထူးသက်ရှိများကြားတွင် အလွန်ရှားပါးပေလိမ့်မည်။

ထို့အပြင် လေဟာနယ်အလွှာ သန်းကိုးဆယ်က လင်းယွမ်၏ ကန့်သတ်ချက်နှင့် ဝေးကွာနေဆဲ ဖြစ်ပြီး သူ၏ နေထိုင်ချိန်ကလည်း တစ်ဝက်ကျော် ကျန်နေသေးသည်။

" စိတ်မကောင်းစရာက လက်ရှိ နတ်ဘုရားတစ်ပိုင်းအမြုတေက ငါ့အတွက် သိပ်အသုံးမဝင်တော့ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

လွန်ခဲ့သော နှစ်သုံးရာအတွင်း သူက လေဟာနယ်အရည်အသွေးရှိသော နတ်ဘုရားတစ်ပိုင်းအမြုတေပိုင်ရှင်များကို ရှာဖွေရန် သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုကို စေလွှတ်ခဲ့သည်။

ဤကမ္ဘာ၏ လေဟာနယ်အရင်းအမြစ်ကို အလွှာတစ်သောင်းပိုင်းခြားလိုက်လျှင် နတ်ဘုရားတစ်ပိုင်းအဆင့်တစ်ယောက်က အမြုတေက ထိုအပိုင်း၏ အောက်ခြေသုံးပုံတစ်ပုံကိုသာ သိမ်းပိုက်ထားပေလိမ့်မည်။

အပေါ်ပိုင်းသုံးပုံနှစ်ပုံအတွက် နတ်ဘုရားတစ်ပိုင်းအမြုတေ၏ အဆင့်က နိမ့်နေသောကြောင့် ထိုမျှအထိ မမြင်နိုင်ပေ။ လင်းယွမ်က လေဟာနယ်အရင်းအမြစ်း အောက်ခြေသုံးပုံတစ်ပုံကို နားလည်လာသည်နှင့် နေရာအရည်အသွေးရှိသော နတ်ဘုရားတစ်ပိုင်းအမြုတေများက တဖြည်းဖြည်း အသုံးဝင်တော့မည်မဟုတ်ပေ။

" နတ်ဘုရားရဲ့ နတ်ဘုရားအမြုတေက ငါ့ကို ပိုပြီး တိုးတက်အောင် ကူညီပေးနိုင်မှာ သေချာတယ်။ " လင်းယွမ်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ၎င်းက အလင်းပင်လယ်နှင့် အမှောင်ချောက်နက်ကို ကြည့်နေခြင်းပင်ဖြစ်သည်။

" ဖြည်းဖြည်းပေါ့။ "

လက်ရှိနတ်ဘုရားတစ်ပိုင်းအမြုတေများက သူ့အတွက် အကျိုးသက်ရောက်မှု နည်းသွားသော်လည်း အသုံးဝင်နေဆဲ ဖြစ်သည်။ နတ်ဘုရားများကို မကိုင်တွယ်မီ နတ်ဘုရားတစ်ပိုင်းအမြုတေနှင့် မြင်နိုင်သော သုံးပုံတစ်ပုံကို အသေးစိတ်နားလည်ရန် ရည်ရွယ်ထားသည်။

" ငါ့ရဲ့ အတွင်းကမ္ဘာက ၁၈၃သန်းမိုင် ရှိသွားပြီ။ "

လင်းယွမ်က နှစ်ပေါင်းသုံးရာအတွင်း ဘူးသီးခြောက်မှ အပြာရောင်အရည်များကို စုပ်ယူခဲ့သည်။ သီအိုရီအရ သူက ဘူးသီးခြောက်မှ အရောင်ခြောက်မျိုးကို စုပ်ယူပြီးသည်နှင့် လင်းယွမ်၏ အတွင်းကမ္ဘာက ၁၉၉.၈သန်းမိုင်ကို ရောက်ရှိသွားပေလိမ့်မည်။

" ငါ့ရဲ့ အတွင်းကမ္ဘာက မိုင်နှစ်ဘီလီယံနီးပါး ရှိပြီး လေဟာနယ်အလွှာ သန်းကိုးဆယ်ပါပေါင်းလိုက်ရင် ငါ့ရဲ့ လက်ရှိစွမ်းအားက နဝမအလွှာ တားဆီးမရသူလို့ ပြောလို့ရနေလောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

သို့သော် နဝမအလွှာတွင် တားဆီးမရသူဟူသော အယူအဆ မရှိပေ။ နဝမအလွှာ အင်အားကြီးသူများကြား ထိပ်တိုက်ရင်ဆိုင်မှုက စွမ်းအားများကို ယှဉ်ပြိုင်ခြင်းမဟုတ်ပေ။ နဝမအလွှာများကြား ရင်ဆိုင်မှုက လေဟာနယ်အလွှာများစွာကို ဖြတ်သန်းနိုင်ခြင်းအပေါ် မူတည်လေသည်။

ဥပမာ အခြေအနေအမျိုးမျိုးအောက်တွင် လေဟာနယ်အလွှာ တစ်သန်းမပြည့်သေးသော ရှီလန်က လေဟာနယ်အလွှာ သန်းသုံးဆယ်ဖွင့်ထားသော ဟွမ်ယိကို ရှောင်တိမ်းနိုင်နေဆဲ ဖြစ်သည်။

သို့သော် လင်းယွမ်က မတူပေ။ သူ၏ အတွင်းကမ္ဘာအရွယ်အစားနှင့် လေဟာနယ်အလွှာအရေအတွက်အရ ဟွမ်ယိအပါအဝင် အခြားနဝမအလွှာများကို အလွယ်တကူ ဖိနှိပ်နိုင်လေသည်။

" အခုချိန် ငါက ဆင်းသက်မှုကို ရပ်တန့်လိုက်ရင်တောင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကိစ္စကို ကိုင်တွယ်နိုင်နေပြီ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

သို့သော် ထိုသို့လုပ်ခြင်းက ယခုဆင်းသက်မှုကို ဖြုန်းတီးရာ ​ရောက်လေသည်။ သူက ကမ္ဘာဆုံမှတ်များနှင့် ထပ်မံဆင်းသက်နိုင်သော်လည်း ၎င်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ဆယ်မျှင်ကုန်လေသည်။

" အချိန်...." လင်းယွမ်က အတွင်းကမ္ဘာထဲတွင် သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ချောမွေ့စွာ စီးဆင်းနေသော အချိန်က စတင်လှုပ်ရှားလာပြီး မြန်ခြင်း သို့မဟုတ် ရပ်တန့်ခြင်းများ ဖြစ်ပေါ်လာသည်။

" အချိန်ရပ်တန့်ခြင်း။ "

နှစ်သုံးရာအတွင်း သူက အချိန်နိယာမပုံစံနှစ်ရာကျော်ကို နားလည်ခဲ့ပြီး အံ့အားသင့်စရာကောင်းစွာပင် အချိန်ရပ်တန့်ခြင်းကိုလည်း နားလည်ခဲ့သည်။

" အချိန်ကြာကြီးထိန်းထားလို့မရဘူး။ "

လင်းယွမ်က အချိန်ရပ်တန့်ခြင်းကို ကြာရှည်စွာ ထိန်းလိုက်သည်နှင့် အချိန်၏ ရိုက်ခတ်မှုက ပို၍ ပြင်းထန်ပေလိမ့်မည်။ ၎င်းက စီးဆင်းနေသော မြစ်တစ်စင်းကို ရေကာတာတစ်ခု တည်ဆောက်လိုက်ခြင်းနှင့် တူလေသည်။ မြစ်ရေကို ခဏရပ်တန့်နိုင်သော်လည်း အထက်မှ ရေများစုလာသည်နှင့် နောက်ဆုံးတွင် ရေကာတာကျိုးပဲ့ပြီး ဘေအန္တရာယ်ကို ဖြစ်ပေါ်စေပေလိမ့်မည်။

အချိန်ကို ရပ်တန့်ခြင်းကလည်း အချိန်နိယာမ၏ ရိုက်ခတ်မှုကို ဆက်တိုက်ခံစားရပေလိမ့်မည်။ လင်းယွမ်၏ လက်ရှိအခြေခံနှင့် သူက သီးခြားနေရာတစ်ခုတွင် အချိန်ကို အသက်ရှူချိန်နှစ်ဆယ်အထိ ရပ်တန့်ထားနိုင်လေသည်။

လင်းယွမ်က စဉ်းစားနေရင်း လုံရှန်မျိုးနွယ်ဝင်များကို သိုင်းတာအိုကျင့်ကြံခြင်းစနစ်အကြောင်း ပြောပြနေသည်။ သူ၏ ဟောပြောမှု အဆုံးသတ်သို့ ရောက်ချိန်တွင် လင်းယွမ်က စင်မြင့်ထက်မှ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။

မြေအောက်ကျင့်ကြံခြင်းအခန်းတွင် လင်းယွမ်က ပြန်ပေါ်လာသည်။

" ငါက နှစ်သုံးရာအတွင်း နတ်ဘုရားတစ်ပိုင်းအဆင့်တွေကို ထိန်းချုပ်ခဲ့တာက ထင်ရှားတဲ့ သက်ရောက်မှုရှိမှာသေချာတယ်။ " လင်းယွမ်က တွေးလိုက်သည်။

လေဟာနယ်အနှစ်သာရကို ပို၍ နားလည်ပြီး လောဟာနယ်အလွှာများ ပို၍ ဖွင့်လှစ်နိုင်ရန် လင်းယွမ်က နတ်ဘုရားတစ်ပိုင်းအဆင့်များကို ပြန်ပေးဆွဲခဲ့လေသည်။ ၎င်းက ယခင် နတ်ဘုရားသလင်းကျောက်များကို လုယက်ခြင်းထက် ပိုဆိုးလေသည်။

ဘုရားကျောင်းများတွင် နတ်ဘုရားတစ်ပိုင်းအဆင့်များက အသန်မာဆုံးစစ်သည်များပင် ဖြစ်သည်။ နတ်ဘုရားကိုယ်ပွား ဆင်းသက်ခြင်းက နောက်ဆုံး နည်းလမ်းဖြစ်သည်။ ကိစ္စအများစုနှင့် အခြားဘုရားကျောင်းများကြား ပဋိပက္ခများက နတ်ဘုရားတစ်ပိုင်းအဆင့်များပေါ်တွင် မှီခိုနေသည်။

" ပြဿနာမရှိဘူး။ " လင်းယွမ်က စိုးရိမ်စိတ်မရှိပေ။

All Chapters