ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား....
Vol. 31 Ch. 473
လွန်ခဲ့သော နှစ်ပေါင်းသုံးရာကျော်က လင်းယွမ်မှာ အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့ကို စိုးရိမ်မှုအချို့ ရှိခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ပင်မနတ်ဘုရား ၂၄ပါးက သူနှင့် အဆင့်တူများဖြစ်ကြသည်။
ယခု မိုင်သန်းနှစ်ရာနီးပါးရှိသော အတွင်းကမ္ဘာနှင့် လေဟာနယ်အလွှာ သန်းကိုးဆယ်ကို ဖွင့်ပြီးနောက် လင်းယွမ်က ဤကမ္ဘာတွင် ဘာကိုမှမစိုးရိမ်တော့ပေ။
" လေဟာနယ်အလွှာတွေ ဆက်ဖွင့်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
အမှန်တွင် လင်းယွမ်က လေဟာနယ်အလွှာ ဆယ်သန်းဖွင့်ပြီးချိန်းကတည်းက ဒသမအလွှာသို့ တက်လှမ်းရန် ကြိုးစားနိုင်လေသည်။
ပင်မစကြာဝဠာတွင် မရေတွက်နိုင်သော သက်ရှိများ၏ ဒသမအလွှာသို့ တက်လှမ်းသော အတွေ့အကြုံများအရ လေဟာနယ်အလွှာဆယ်သန်းသို့ ရောက်သည်နှင့် ဒသမအလွှာသို့ တက်လှမ်းခြင်းက သတ်မှတ်ချက်တစ်ခု ဖြစ်လာသည်။
သို့သော် လင်းယွမ်က ဤဆင်းသက်မှုမှ အကြီးမားဆုံး အခွင့်အရေးကို လက်လွှတ်ရန် ဆန္ဒမရှိပေ။ ဒသမအလွှာသို့ တက်လှမ်းပြီးနောက် အတွင်းကမ္ဘာက ပြောင်းလဲသွားမည်ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ခိုင်မာမှုကို စတင်ပေလိမ့်မည်။ ထိုအချိန်တွင် နဝမအလွှာကဲ့သို့ လေဟာနယ်အလွှာများကို ဖန်တီးခြင်းက မလွယ်ကူတော့ပေ။
ထိုအစား နဝမအလွှာတွင် ရှိနေချိန် လေဟာနယ်အလွှာများကို ဖြစ်နိုင်သမျှ များများဖွင့်ခြင်းက ပိုကောင်းလေသည်။
ထျန်းယုမျိုးနွယ်မှ ဟွမ်ယိက လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော်ဖွင့်ပြီးသော်လည်း ဘာလို့ဒသမအလွှာကို မတက်လှမ်းခဲ့တာလဲ။
လေဟာနယ်အလွှာများက ကမ္ဘာတစ်ခု၏ နက်နဲမှုနှင့် ထူထဲမှုကို ကိုယ်စားပြုလေသည်။ ၎င်းက အရွယ်အစားအပြင် ဖုံးကွယ်ထားသော အခြေခံတစ်ခု ဖြစ်လေသည်။
နဝမအလွှာတွင် လေဟာနယ်အလွှာများကို ပို၍ ဖွင့်နိုင်ခြင်းက ဒသမအလွှာသို့ ဝင်ရောက်ချိန်တွင် များစွာအထောက်အကူပြုလေသည်။
၎င်းက လင်းယွမ် လေဟာနယ်အလွှာများကို စိတ်အားထက်သန်စွာ ဖွင့်နေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ အခွင့်အရေးရလာလျှင် အမိအရ ဖမ်းဆုပ်ရမည်ဖြစ်သည်။
ထို့အပြင် လင်းယွမ်က ဒသမအလွှာသို့ မတက်လှမ်းရသည့် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖြစ်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဒသမအလွှာနှင့် အထက်အဆင့်များကို ဝင်ရောက်ခွင့်ပိတ်ပင်ထားသည်။ ၎င်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဖွင့်ချိန်ကတည်းက သတ်မှတ်ထားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။
ကြီးမြတ်သူများပင် အတင်းအကျပ် ဝင်ရောက်၍ မရနိုင်ပေ။ လင်းယွမ်က အဆင့်တက်ပြီးချိန်တွင် သူ၏ စိတ်စွမ်းအားပြောင်းလဲမှုကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ခံစားမိသွားလျှင် နှင်ထုတ်ခံရနိုင်လေသည်။
၎င်းက ဖြစ်နိုင်ခြေနည်းလေသည်။ သူက ဤကမ္ဘာတွင် ဒသမအလွှာသို့ တက်လှမ်းခဲ့လျှင်တောင် ပင်မစကြာဝဠာမှ မူလခန္ဓာကိုယ်က နဝမအလွှာတွင်သာ ရှိနေပေလိမ့်မည်။ သို့သော် ကဏ္ဍများစွာကို ထည့်သွင်းစဉ်းစားပြီးနောက် လင်းယွမ်က လေဟာနယ်အလွှာများ ထပ်မံဖွင့်လှစ်ရန်သာ ရွေးချယ်ခဲ့သည်။
နောက်ဆုံးတွင် သူ၏ လက်ရှိအဆင့်နှင့် ဒသမအလွှာသို့ အချိန်မရွေး တက်လှမ်းနိုင်လေသည်။ လေဟာနယ်အလွှာ ဆယ်သန်း ဖွင့်ထားသော နဝမအလွှာ အင်းအားကြီးသူများက သူတို့သက်တမ်းကုန်ဆုံးခါနီးသောကြောင့်သာ ဒသမအလွှာသို့ တက်လှမ်းခဲ့ကြခြင်းဖြစ်သည်။ သူတို့မှာ ရွေးချယ်စရာမရှိပေ။ လင်းယွမ်က သက်တမ်းများစွာ ကျန်နေသေးသောကြောင့် အလျင်စလိုလုပ်စရာမလိုပေ။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ..." လင်းယွမ်က တဖန် တစ်ဖက်မှ အခြေအနေကို ခံစားလိုက်သည်။
" ရှီလန်ရဲ့ အော်ရာက လေးပုံတစ်ပုံနီးပါး အားနည်းသွားပြီ။ " လင်းယွမ်က ရှီလန်ဆက်ထိန်းထားနိုင်သည်ကို နားလည်လိုက်သည်။
သူ၏ စိတ်စွမ်းအားကို လောင်ကျွမ်းစေခြင်းကြောင့် ရှီလန်၏ ကိုယ်ပွားကတော့ ပျက်စီးသွားပေလိမ့်မည်။ နောက်ဆုံးတွင် လင်းယွမ်က သူ၏ ဆင်းသက်မှုပြီးဆုံးပြီးနောက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ပြန်လာသောအခါ ရှီလန်ကို အခွင့်အရေးအချို့ ပေးနိုင်လေသည်။
လင်းယွမ်က ဆင်းသက်မှုမှ ပြန်လာချိန်တွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရှိ နဝမအလွှာ သက်ရှိအားလုံးကို ဖယ်ရှားနိုင်ပေလိမ့်မည်။
အလင်းပင်လယ်ရှိ ခန်းမတစ်ခုထဲတွင် နတ်ဘုရားများ စုစည်းနေကြသည်။
လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုက နတ်ဘုရားတစ်ပိုင်းအဆင့်များစွာကို ပြန်ပေးဆွဲခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်းသုံးရာကလည်း နတ်ဘုရားသလင်းကျောက်များကို လုယက်ခဲ့သည်။ ၎င်းတို့က နတ်ဘုရားအားလုံးကို ဒေါသထွက်စေခဲ့သည်။
" ငါ့ရဲ့ နောက်လိုက် နတ်ဘုရားတစ်ပိုင်း ရင်မိုစီက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့တယ်။ သူအသက်ရှင်နေတယ်လို့ ငါခံစားမိပေမယ့် သူ ဘယ်မှာရှိနေလဲဆိုတာ ငါမသိဘူး။ " ဦးချိုတစ်ချောင်းနှင့် နတ်ဘုရားက ပြောလိုက်သည်။
" ငါ့ရဲ့ နတ်ဘုရားတစ်ပိုင်း နောက်လိုက်နှစ်ယောက်လည်း အတူတူပဲ။ ငါတို့ရဲ့ အာရုံကို ရှောင်တိမ်းနိုင်တာ ဘယ်သူဖြစ်နိုင်လဲ။ " အဖြူရောင်တောင်ပံများနှင့် နတ်ဘုရားက ပြောလိုက်သည်။
" ငါ့ရဲ့ နောက်လိုက်တွေလည်း အတူတူပဲ။ "
" ငါတို့ရဲ့ အာရုံကို ရှောင်တိမ်းနိုင်တာ သူက အခြားနတ်ဘုရားနိုင်ငံတစ်ခုထဲမှာ နေနေတာလား။ "
" အဲ့ဒါ အမှောင်ချောက်နက်က နတ်ဘုရားတွေရဲ့ လက်ချက်လား။ "
" မဟုတ်လောက်ဘူး။ အမှောင်ချောက်နက်မှာ ပင်မနတ်ဘုရားတွေရှိတော့ ဒီလိုအရာမျိုး လုပ်မှာမဟုတ်ဘူး။ " တစ်ယောက်က ပြောလိုက်သည်။
နတ်ဘုရားများက ဆွေးနွေးနေကြပြီး နောက်ဆုံးတွင် သူတို့၏ နောက်လိုက်များက အခြားနတ်ဘုရားနိုင်ငံများထဲတွင် ရှိနေနိုင်သည်ဟု ကောက်ချက်ချခဲ့သည်။ ၎င်းက နတ်ဘုရားများ၏ အမြင်အာရုံမှ ဖုံးကွယ်နိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
သို့သော် ထိုနတ်ဘုရားနိုင်ငံက အသက်ရှင်နေသော နတ်ဘုရားများဆီမှ မဟုတ်ပေ။ ၎င်းက သေဆုံးသွားသော နတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများ ဖြစ်နိုင်လေသည်။
" ဒါဆို မင်းတို့ပြောချင်တာက တစ်ယောက်ယောက်က ငါတို့နောက်လိုက်တွေကို ပြန်ပေးဆွဲပြီး ကျဆုံးသွားတဲ့ နတ်ဘုရားနိုင်ငံတစ်ခုထဲမှာ ဝှက်ထားတယ်ပေါ့။ "
" တစ်ဖက်လူက ဘာလိုချင်တာလဲ။ သူက ဘာလို့ သူတို့ကို တိုက်ရိုက်မသတ်ဘဲ ဒီလိုလုပ်နေတာလဲ။ "
နတ်ဘုရားများက အခြေအနေကို နားလည်နိုင်ရန် ကြိုးစားနေကြသည်။ သူတို့က အကြောင်းအရာများကို ဆက်စပ်ပြီး စဉ်းစားနေကြသည်။
" အစွမ်းထက်တဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် အဖွဲ့တစ်ဖွဲ့က ကံကောင်းပြီး ကျဆုံးသွားတဲ့ နတ်ဘုရားနိုင်ငံတစ်ခုကို ရရှိခဲ့တာလား။ ပြီးတော့ သူတို့က ရည်ရွယ်ချက်တစ်ခုကြောင့် ငါတို့ဘုရားကျောင်းတွေက နတ်ဘုရားတစ်ပိုင်းနောက်လိုက်တွေကို ပြန်ပေးဆွဲပြီး အဲ့ဒီမှာ ထားထားကြတာလား။ "
" အခု ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့နောက်လိုက်တွေက အတိအကျ ဘယ်မှာရှိနေတာလဲ။ ပြီးနောက် ဒီအရာအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ဘယ်သူလဲ။ သဲလွန်စတစ်ခုတောင်ရှိရဲ့လား။ " နတ်ဘုရားတစ်ပါးက သူ၏ သံသယများကို ပြောလိုက်သည်။
" စိတ်အေးအေးထားကြပါ။ " ထိုအချိန်တွင် အမြင့်ဆုံးမှ နတ်ဘုရားတစ်ပါးက စကားပြောလိုက်သည်။
သူက ပင်မနတ်ဘုရားများ၏ အောက်တွင် အစွမ်းထက်ဆုံးနှင့် ရာထူးအမြင့်ဆုံး အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်သည်။ သူက ခန်းမထဲမှ နတ်ဘုရားများကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
" ငါ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကတည်းက မင်းတို့နောက်လိုက်တွေရဲ့ အော်ရာတွေကို ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားဆီ ပို့ပေးပြီးပြီ။ သူက သူတို့ရဲ့တည်နေရာကို တွက်ချက်ပေးနိုင်လိမ့်မယ်။ "
ထိုစကားများကြားသောအခါ နတ်ဘုရားများက စိတ်အေးသွားကြသည်။ အလင်းပင်လယ်မှ ပင်မနတ်ဘုရား ၁၂ပါးထဲတွင် ရှေးဖြစ်ဟောခြင်းနတ်ဘုရား၏ စွမ်းအားက အနာဂတ်ကို ကြိုတင်ခန့်မှန်းခြင်းနှင့် ဟောကိန်းထုတ်ခြင်းဖြစ်သည်။
ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ကောင်းကင်၊ မြေကြီးနှင့် ပေါင်းစပ်ရှိ ကမ္ဘာပေါ်မှ အရာအားလုံး၏ ပြောင်းလဲမှုများကို ကြည့်ရှုနိုင်လေသည်။ ရိုးရှင်းစွာပြောရလျှင် သူက တန်ဖိုးတစ်ခုကို ပေးဆပ်နေသရွေ့ ကမ္ဘာပေါ်မှ မည်သည့်အရာကိုမဆို သိနိုင်လေသည်။
သို့သော် ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားကို တောင်းဆိုခြင်းကလည်း ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလေသည်။ သူတို့၏ နတ်ဘုရားတစ်ပိုင်းနောက်လိုက်များသာ မဆုံးရှုံးလျှင် အဆင့်မြင့်နတ်ဘုရားက ထိုသို့လုပ်မည်မဟုတ်ပေ။
" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက မကြာခင်ရလဒ်တွေ ထွက်လာလိမ့်မယ်လို့ပြောတယ်။ " အဆင့်မြင့်နတ်ဘုရားက ပြောလိုက်သည်။
" ကောင်းပြီ။ " ဒါဆို ကျွန်တော်တို့ စောင့်ကြတာပေါ့။ "
" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားကို တောင်းဆိုတဲ့ အဖိုးအခကိုလည်း ကျုပ်တို့ မျှခံပါ့မယ်။ "
နတ်ဘုရားများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြောလိုက်ကြသည်။
လအနည်းငယ် ကြာပြီးနောက် အဆင့်မြင့်နတ်ဘုရား၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ အခြားနတ်ဘုရားများကလည်း သူ့ကို ကြည့်လိုက်ကြသည်။
မကြာမီ သူ၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခန်းမထဲမှ နတ်ဘုရားများကို ကြည့်လိုက်သည်။ " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ရလဒ်တွေ ပေးလိုက်ပြီ။ "
" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားဆိုတဲ့ဘွဲ့နဲ့ ထိုက်တန်ပါတယ်။ "
" ငါတို့နောက်လိုက်တွေ နောက်ဆုံး ပျောက်ကွယ်သွားတဲ့နေရာက ဘယ်မှာလဲ။ "
နတ်ဘုရားများက မျှော်လင့်ချက်များနှင့် အဆင့်မြင့် နတ်ဘုရားကို ကြည့်လိုက်ကြသည်။
" မင်းတို့ နောက်လိုက်တွေရဲ့ အော်ရာတွေအားလုံး နောက်ဆုံး ပျောက်ကွယ်သွားတဲ့နေရာက စီလန်အင်ပါယာက လုံရှန်နယ်မြေမှာပဲ။ "
" စီလန်အင်ပါယာက အမိန့်နတ်ဘုရားရဲ့ နယ်မြေပဲ။ "
" လုံရှန်နယ်မြေ... ငါမှတ်မိပြီ။ လုံရှန်နယ်မြေရဲ့ လက်ရှိခေါင်းဆောင်က အရည်အချင်းရှိတဲ့သူပဲ။ ပြင်ပကမ္ဘာမှာ သူက နတ်ဘုရားမျက်နှာသာပေးမှုကိုတောင် ရရှိခဲ့တယ်လို့ ထင်ကြေးပေးကြတယ်။ "
" နတ်ဘုရားမျက်နှာသာပေးမှု။ ငါသိပြီ။ ငါတို့ရဲ့ နတ်ဘုရားတစ်ပိုင်းနောက်လိုက်တွေကို ပြန်ပေးဆွဲတာ လုံရှန်နယ်မြေရဲ့ အရှင်သခင်ဖြစ်ရမယ်။ အဲ့ဒါက ငါတို့နောက်လိုက်တွေကို ကျဆုံးသွားတဲ့ နတ်ဘုရားနိုင်ငံတစ်ခုထဲမှ ဝှက်ထားတဲ့ဆိုတဲ့ ထင်ကြေးနဲ့လည်း ကိုက်ညီတယ်။ "
" လုံရှန်နယ်မြေရဲ့အရှင်သခင်၊ လုံရှန်မျိုးနွယ်ရဲ့ ခေါင်းဆောင်၊ အသက်ငါးရာအောက်ရှိတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် သူက ငါတို့အပေါ် လျို့ဝှက်လှုပ်ရှားရဲတာ သေသင့်တယ်။ "
" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားကြောင့်သာ မဟုတ်ရင် ငါတို့ အခုထိ ဘာမှသိဦးမှာ မဟုတ်ဘူး။ လုံရှန်မျိုးနွယ်ခေါင်းဆောင်က သေဖို့ ထိုက်တန်တယ်။ "
နတ်ဘုရားများက ဒေါသထွက်နေကြသော်လည်း အလျင်စလို မလုပ်ခဲ့ကြပေ။