နတ်ဘုရားကိုယ်ပွားများ ဆင်းသက်လာခြင်း....
Vol. 31 Ch. 474
လုံရှန်နယ်မြေက အမိန့်ဘုရားကျောင်း၏ နယ်မြေထဲတွင် တည်ရှိပြီး ၎င်းက အမိန့်နတ်ဘုရား၏ ဘုရားကျောင်းဖြစ်သည်။ အမိန့်နတ်ဘုရားက ထိုကိစ္စအပေါ် ဘယ်လိုသဘောထားမလဲမသိသောကြောင့် သူတို့၏ စိတ်ကို ထိန်းထားကြဆဲ ဖြစ်သည်။
" သွားကြစို့။ "
" ငါတို့ကိုယ်ပွားတွေနဲ့ လုံရှန်နယ်မြေကို သွားကြမယ်။ အမိန့်နတ်ဘုရားက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရမှာပေါ့။ "
" အမိန့်နတ်ဘုရားက စည်းမျဉ်းတွေကို ကျပ်မတ်ပြီး အဲ့ဒီလုံရှန်မျိုးနွယ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေက ရှုပ်ထွေးအောင် လုပ်နေတာပဲ။ အမိန့်နတ်ဘုရားက ဒီအကြောင်းကို မသိလောက်ဘူး။ "
နတ်ဘုရားများက တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။
အလင်းပင်လယ်ရှိ ပင်မနတ်ဘုရား ၁၂ပါးက ကြီးမြတ်သူများဖြစ်ကြပြီး အမိန့်နတ်ဘုရားကလည်း ခြွင်းချက်မရှိပေ။ အမိန့်နတ်ဘုရား၏ အဆင့်အတန်းနှင့် လူသားနယ်မြေမှ နတ်ဘုရားတစ်ပိုင်းအဆင့်များကို ဂရုစိုက်မည်မဟုတ်ပေ။ ထိုကိစ္စက လုံရှန်မျိုးနွယ်ခေါင်းဆောင်၏ လုပ်ရပ်ဖြစ်နိုင်ပြီး အမိန့်နတ်ဘုရားနှင့် ပက်သက်မှု မရှိနိုင်ပေ။
သို့သော် လုံရှန်နယ်မြေက အမိန့်ဘုရားကျောင်း၏ နယ်မြေအတွင်း ရှိသောကြောင့် သူတို့က အသိပေးရန် လိုအပ်လေသည်။
" ငါ အရင်က စီလန်အင်ပါယာက အမိန့်ဘုရားကျောင်းခေါင်းဆောင်နဲ့ ဆက်သွယ်ဖူးတယ်။ သူဒီကိစ္စကို သိမသိ မေးကြည့်လိုက်မယ်။ " နတ်ဘုရားတစ်ပါးက ပြောလိုက်ပြီး သူ၏ စွမ်းအားမျှင်တစ်ခုကို ခွဲထုတ်လိုက်သည်။
ဘုရားကျောင်းခေါင်းဆောင်တိုင်းက နတ်ဘုရားများနှင့် ဆက်သွယ်နိုင်လေသည်။ အမိန့်နတ်ဘုရားကျောင်း၏ ခေါင်းဆောင်၏ စိတ်ဝိညာဉ်က အမိန့်နတ်ဘုရား၏ အလိုကို သယ်ဆောင်ထားသူဖြစ်သည်။ ထိုကဲ့သို့သော စိတ်ဝိညာဉ်များက လွတ်လပ်ခြင်းမရှိဘဲ နတ်ဘုရားများ၏ အစေခံများဟုပင် ခေါ်နိုင်လေသည်။
" ငါတို့သွားကြမယ်။ "
" လုံရှန်နယ်မြေကို ဖြေရှင်းချက်တောင်းကြစို့။ "
ခန်းမထဲမှ နတ်ဘုရားများက နတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်ပြီး စီလန်အင်ပါယာသို့ ဦးတည်သွားကြသည်။
စီလန်အင်ပါယာ၊ အမိန့်ဘုရားကျောင်း။
ဘုရားကျောင်းခေါင်းဆောင်က မျက်လုံးများဖွင့်လိုက်သည်။
" လုံရှန်မျိုးနွယ်ခေါင်းဆောင်က လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်က နတ်ဘုရားတစ်ပိုင်းအဆင့် အင်အားကြီးသူတွေကို ပြန်ပေးဆွဲခဲ့တဲ့ နောက်ကွယ်က အဓိက တရားခံလား။ "
" အခု နတ်ဘုရားကိုယ်ပွားတွေအများကြီးက ဒီကိုလာနေကြပြီ။ " ဘုရားကျောင်းခေါင်းဆောင်က မျက်ခုံးများ တွန့်သွားသည်။
သူက အလင်းပင်လယ်မှ စိတ်ဝိညာဉ်တစ်ခုဖြစ်ပြီး အမိန့်နတ်ဘုရား၏ အမိန့်များနှင့်အတူ ဘုရားကျောင်းများကို စီမံခန့်ခွဲရလေသည်။ အမိန့်နတ်ဘုရား သူ့ကို ပေးထားသော တာဝန်မှာ ဘုရားကျောင်းများကို စီမံခန့်ခွဲရန်သာမက နတ်ဘုရားတစ်ပိုင်းအဆင့်များကို အလင်းပင်လယ်ဆီလမ်းညွှန်ပေးပြီး အမိန့်နတ်ဘုရား၏ လက်အောက်ခံစိတ်ဝိညာဉ်များ ဖြစ်လာရန် ဖြစ်သည်။
နှစ်များစွာအတွင်း သူသဘောကျသောလူမှာ လုံရှန်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သည်။ သူက ငယ်ရွယ်ပြီး ကြီးမားသော အလားအလာရှိလေသည်။ ထို့အပြင် သူ၏ ယုံကြည်မှုအပေါ် စိတ်ဝင်စားခြင်းမရှိခြင်းက ခေါင်းဆောင်ကို အတော်လေး ဆွဲဆောင်နိုင်ခဲ့သည်။
" အဓိပ္ပါယ်မရှိဘူး။ နတ်ဘုရားတွေက သူတို့ရဲ့ မျက်နှာကို ဂရုမစိုက်ဘဲ နတ်ဘုရားကိုယ်ပွားတွေ ဆင်းသက်လာကြတာလား။ " ခေါင်းဆောင်က ချက်ချင်း ထပြီး လုံရှန်နယ်မြေဆီသို့ သွားလိုက်သည်။
သူကလည်း အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်။ ထိုနတ်ဘုရားများက ယခုကဲ့သို့ လှုပ်ရှားရဲလျှင် သူတို့တွင် ခိုင်မာသော သက်သေအထောက်အထား ရှိပေလိမ့်မည်။ သူတို့သာ ရောက်လာခဲ့လျှင် လုံရှန်ယွမ်အတွက် အခြေအနေကောင်းမည်မဟုတ်ပေ။
အမိန့်နတ်ဘုရားကလည်း စည်းကမ်းတင်းကျပ်ပြီး ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးသူဖြစ်သည်။ လုံရှန်ယွမ်က နတ်ဘုရားတစ်ပိုင်းအဆင့်များ ပျောက်ကွယ်သွားခြင်း၏ တရားခံဖြစ်လျှင် အမိန့်နတ်ဘုရားက စည်းမျဉ်းအတိုင်းသာ လုပ်ဆောင်ပေလိမ့်မည်။
" ငါ လုံရှန်ယွမ်ကို အဲ့ဒီနတ်ဘုရားကိုယ်ပွားတွေနဲ့ တွေ့ခွင့်ပေးလို့မရဘူး။ " ဘုရားကျောင်းခေါင်းဆောင်က လုံရှန်ယွမ်ကို ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနှစ်ဖက်က အချင်းချင်း မျက်နှာချင်းဆိုင်မတွေ့သရွေ့ အခြေအနေ တင်းမာဦးမည်မဟုတ်ဘဲ ပင်မနတ်ဘုရားကိုယ်စား စကားပြောရန် ပိုမိုလွယ်ကူလေသည်။
မကြာမီ သူက လုံရှန်ခန်းမ၏ ဝင်ပေါက်ဆီသို့ ရောက်လာသည်။
" ငါ လုံရှန်မျိုးနွယ်ခေါင်းဆောင်နဲ့ တွေ့ချင်တယ်။ "
" ခေါင်းဆောင်နဲ့ တွေ့ချင်တာလား။ " လုံရှန်လင်းနှင့် အခြားသူများက သူ၏ အဆင့်အတန်းကို သိကြသောကြောင့် နှုတ်ဆက်ရန် ပြင်လိုက်ကြသည်။
" မှန်တယ်။ လုံရှန်မျိုးနွယ်ခေါင်းဆောင်က လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်က နတ်ဘုရားတစ်ပိုင်းအဆင့်တွေ ပျောက်ကွယ်သွားတာနဲ့ ပက်သက်နိုင်လို့ အခု နတ်ဘုရားကိုယ်ပွားတွေက သူ့ဆီကို လာနေကြပြီ။ " သူက အကျဉ်းချုပ်ရှင်းပြလိုက်သည်။
" ဘာ...."
" ဒီကိစ္စမှာ အထင်လွဲတာတစ်ခုခုရှိရမယ်။ " လုံရှန်လင်းနှင့် အခြားသူများက တုန်လှုပ်နေကြသည်။
ထိုနတ်ဘုရားကိုယ်ပွားများက လုံရှန်နယ်မြေသို့လာပြီး ဖြေရှင်းချက်တောင်းခြင်းက အမိန့်ဘုရားကျောင်းကို မျက်နှာသာပေးခြင်းသာ ဖြစ်သည်။ မဟုတ်လျှင် နတ်ဘုရားများ၏ စိတ်ထားအရ သူတို့က ဘာမှမေးခွန်းမထုတ်ဘဲ လုံရှန်နယ်မြေကို တိုက်ရိုက် ဖျက်ဆီးပစ်ကြပေလိမ့်မည်။
" အခု အရေးကြီးဆုံးက နတ်ဘုရားတွေ ရောက်မလာခင် လုံရှန်ခေါင်းဆောင်ကို ငါတို့ဘုရားကျောင်းမှ ခဏလောက်ပုန်းနေဖို့ ခေါ်သွားရမယ်။ " ဘုရားကျောင်းခေါင်းဆောင်က လျင်မြန်စွာ ပြောလိုက်သည်။
" ဟုတ်တယ်။ " လုံရှန်လင်းနှင့် အခြားသူများကလည်း ချက်ချင်း နားလည်သွားကြသည်။
သူတို့က ဘုရားကျောင်းခေါင်းဆောင်နှင့်အတူ ခန်းမထဲသို့ ဝင်လာပြီး ကျင့်ကြံခြင်းအခန်းထဲသို့ ရောက်လာသည်။
" ခေါင်းဆောင် အရေးကြီးတာတစ်ခုဖြစ်နေတယ်။ " လုံရှန်လင်းက လင်းယွမ်ကို ဆက်သွယ်လိုက်သည်။
ကျင့်ကြံခြင်းအခန်းထဲတွင် လင်းယွမ်က မျက်လုံးများဖွင့်လာပြီး အခန်းတံခါးကလည်း ပွင့်သွားသည်။ သူက တည်ငြိမ်စွာဖြင့် အပြင်သို့ ထွက်သွားသည်။
" ခေါင်းဆောင်..." လုံရှန်လင်းက အခြေအနေကို လျင်မြန်စွာ ရှင်းပြလိုက်သည်။ " ခေါင်းဆောင် အခု ဘုရားကျောင်းကို သွားပြီး ရှောင်နေဖို့ လိုပါတယ်။ "
သူမက လင်းယွမ်ကို အလွန်လေးစားသော်လည်း နတ်ဘုရားများစွာ၏ ကိုယ်ပွားများနှင့် ရင်ဆိုင်ရချိန်တွင် လင်းယွမ်က အသက်ရှင်နိုင်မည်မဟုတ်ပေ။ လုံရှန်မျိုးနွယ်၏ အဓိကထောက်တိုင်တစ်ခုက သေခြင်းရှင်ခြင်း အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် လုံရှန်လင်းက မစိုးရိမ်ဘဲ မနေနိုင်ပေ။
" လုံရှန်ခေါင်းဆောင် မင်း ဘုရားကျောင်းမှာ ပုန်းနေသရွေ့ အဲ့ဒီနတ်ဘုရားတွေ အတင်းအကျပ်လာရဲမှာ မဟုတ်ဘူး။ " ဘုရားကျောင်းခေါင်းဆောင်က အလျင်စလိုပြောလိုက်သည်။
" ပုန်းတာလား။ " လင်းယွမ်က လုံရှန်ခန်းမ၏ အပြင်ဘက် ကောင်းကင်သို့ ကြည့်လိုက်သည်။ အဝေးတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ချဉ်းကပ်လာကြသည်။
" အင်း..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် သူ၏ အင်္ကျီလက်များက လေတိုက်သကဲ့သို့ လှုပ်ရှားလာသည်။ သူ၏ လက်ကို ပြန်ချလိုက်ချိန်တွင် အဝေးမှ စွမ်းအားများစွာက သူ၏ လက်ထဲတွင် ပေါ်လာသည်။
" ပုန်းဖို့လိုလို့လား။ "
ကျယ်ပြောလှသော ကောင်းကင်အထက်တွင် စွမ်းအားကြီးသော အော်ရာများစွာက လုံရှန်နယ်မြေဆီသို့ ဦးတည်လာနေသည်။ ၎င်းတို့က အလင်းပင်လယ်မှ ဆင်းသက်လာသော နတ်ဘုရားများ၏ စွမ်းအားကိုယ်ပွားများပင် ဖြစ်သည်။ သူတို့က ကိုယ်ပွားများသာ ဖြစ်သော်လည်း သူတို့၏ ခွန်အားက နတ်ဘုရားတစ်ပိုင်းအဆင့်ထက် များစွာ ကျော်လွန်နေသည်။
အထူးသဖြင့် ရှေ့ဆုံးမှ ကိုယ်ပွားဆယ်ယောက်ကျော်က အဆင့်မြင့်နတ်ဘုရားများ၏ စွမ်းအားကိုယ်ပွားများဖြစ်ပြီး သူတို့၏ အော်ရာက သာမန်နတ်ဘုရားအဆင့်တွင် ရှိနေလေသည်။
နတ်ဘုရားများကြားတွင် သူတို့ပိုင်ဆိုင်ထားသော နတ်ဘုရား သလင်းကျောက်များ၏ နိယာမများနှင့် နတ်ဘုရားစွမ်းအားများအပေါ် မူတည်ပြီး ကွာခြားချက်များ ရှိလေသည်။ အရေးကြီးဆုံးမှာ သူတို့စုဆောင်းထားသော ယုံကြည်မှုဖြစ်သည်။
ယုံကြည်မှုက နတ်ဘုရားများ၏ အခြေခံဖြစ်သည်။ သက်ရှိများ၏ ယုံကြည်မှုကို အသုံးပြုပြီး နတ်ဘုရားတစ်ပိုင်းအဆင့်များက နတ်ဘုရားနိုင်ငံများကို တည်ထောင်ကြခြင်းဖြစ်သည်။
" ခနနေဦး။ " ပျံသန်းနေချိန်တွင် နတ်ဘုရားကိုယ်ပွားရာချီက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။
အထူးသဖြင့် အဆင့်မြင့်နတ်ဘုရားများက မျက်ခုံးများ တွန့်သွားပြီး သူတို့၏ ပတ်ဝန်းကျင်ကို ဆက်တိုက်ကြည့်ရှုနေကြသည်။ နတ်ဘုရားများကလည်း တစ်စုံတစ်ခုကို ခံစားနေရဆဲ ဖြစ်သည်။
" လေဟာနယ်က ပြောင်းလဲသွားတယ်။ "
" ကမ္ဘာရဲ့ လေဟာနယ်က ဒီလိုမဟုတ်ဘူး။ "
" ငါလည်း ထူးဆန်းတယ်လို့ ခံစားနေရတယ်။ "
" ငါတို့ ကမ္ဘာထဲကို မရောက်သေးတာလား။ "
" မဖြစ်နိုင်ဘူး။ ငါတို့ နတ်ဘုရားကိုယ်ပွားတွေရဲ့ ဆုံမှတ်က ဘုရားကျောင်းတွေပဲ။ ဘယ်လိုလုပ်ကမ္ဘာမြေပေါ်မရောက်ရမှာလဲ။. "
နတ်ဘုရားများက တစ်ယောက်နှင့်တစ်ယောက် စကားပြောနေရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေကြသည်။
" ငြင်းမနေနဲ့။ " အဆင့်မြင့်နတ်ဘုရားတစ်ပါးက ပြောလိုက်သည်။ " ငါတို့ရဲ့ အရှိန်နဲ့ဆို လုံရှန်နယ်မြေကို ရောက်နေလောက်ပြီ။ ဒါပေမယ့် အခု လုံရှန်နယ်မြေက ဘယ်မှာလဲ။ "
နတ်ဘုရားများ၏ အမူအရာများက လေးနက်သွားကြသည်။ နတ်ဘုရားတစ်ပါး၏ အရှိန်က မယုံကြည်နိုင်လောက်အောင် လျင်မြန်လှသည်။ ကမ္ဘာမြေကြီးက ကျယ်ပြောလျှင်တောင် နတ်ဘုရားများ ထိုမျှအရှိန်နှင့် ပျံသန်းနေခြင်းက ရောက်သင့်နေပြီဖြစ်သည်။
" အဲ့ဒါဘာလို့လဲ။ "
" လုံရှန်နယ်မြေကို ရွှေ့ပစ်လိုက်တာလား။ "
အဆင့်နိမ့်နတ်ဘုရားအချို့က လေဟာနယ်၏ အနှစ်သာရကို သိပ်နားမလည်သေးသောကြောင့် မတုန့်ပြန်ကြသေးပေ။
" လုံရှန်နယ်မြေကို ရွှေ့ပစ်တာမဟုတ်ဘူး။ "
" ငါတို့ကို ရွှေ့ပစ်လိုက်တာ။ "
" ငါတို့မသိလိုက်ခင် ငါတို့ကို ချိပ်ပိတ်ထားတဲ့ နေရာတစ်ခုထဲ ရွှေ့ပစ်လိုက်တာပဲ။ "
အဆင့်မြင့်နတ်ဘုရားတစ်ပါးက သူ၏ အတွေးကို ပြောလိုက်သည်။ ၎င်းက မယုံကြည်နိုင်စရာကောင်းသော်လည်း ၎င်းအပြင် အခြားဖြစ်နိုင်ခြေမရှိပေ။
" မင်းတို့မယုံရင် အလင်းပင်လယ်ကို ပြန်ကြည့်လေ။ " ထိုအဆင့်မြင့်နတ်ဘုရားက မယုံကြည်နိုင်ဖြစ်နေသော နတ်ဘုရားများကို ကြည့်ပြီး ထပ်ပြောလိုက်သည်။
င် ဝက်များ၊ ခွေးများလို သတ်ဖြတ်ခံနေရလေသည်။