နတ်ဘုရားတွေ မလာနိုင်တော့ဘူး...
Vol. 31 Ch. 475
အလင်းပင်လယ်က အခြားလေဟာနယ်တွင် တည်ရှိခြင်းဖြစ်စည်။ နတ်ဘုရားတစ်ပိုင်းအဆင့်များက မည်မျှရှာဖွေနေကြသည်ဖြစ်စေ နတ်ဘုရားများနေထိုင်ရာဖြစ်သော အလင်းပင်လယ်နှင့် အမှောင်ချောက်နက်ကို ဘယ်တော့မှ ရှာတွေ့မည်မဟုတ်ပေ။
နတ်ဘုရားတစ်ပိုင်းအဆင့်များအတွက် အလင်းပင်လယ်က အလှမ်းဝေးနေသော်လည်း လက်ရှိနတ်ဘုရားများအတွက် ကျောက်တုံးတစ်တုံး ပစ်သလောက်သာ ဝေးလေသည်။
သူတို့၏ မူလခန္ဓာကိုယ်များကို အမှတ်အသားအနေဖြင့် အသုံးပြုပြီး နတ်ဘုရားကိုယ်ပွားများက အလင်းပင်လယ်ရှိသော နေရာကို အလွယ်တကူ ပြန်သွားနိုင်လေသည်။ နောက်ဆုံးတွင် သူတို့က လေဟာနယ်ကို ဖြတ်ကျော်ရန်သာ လိုအပ်လေသည်။
" ငါတို့ကို အားစိုက်စရာမလိုပဲ နေရာရွှေ့နိုင်တဲ့ စွမ်းအားကြီးသူတစ်ယောက်က ကမ္ဘာပေါ်မှာ ရှိနေတာကို မယုံကြည်နိုင်ဘူး။ "
" မှန်တယ်။ ငါတို့ အလင်းပင်လယ်ကို ပြန်ရမယ်။ "
" ပင်မနတ်ဘုရားကလွဲအပြင် ငါတို့ကို ဒီလိုလုပ်နိုင်တဲ့လူ မရှိဘူး။ "
နတ်ဘုရားကိုယ်ပွားတစ်ခုက မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်လျှင် လေဟာနယ်ကို ဖြတ်ကျော်ပြီး အလင်းပင်လယ်သို့ ပြန်ရောက်နိုင်လေသည်။
သူတို့က အမှန်တကယ် လေဟာနယ်ကို ဖြတ်ကျော်သွားကြသော်လည်း ခဏအကြာတွင် နတ်ဘုရားကိုယ်ပွားများက မူလနေရာတွင် ဖြူဖျော့နေသော မျက်နှာများနှင့် ပြန်ပေါ်လာကြသည်။
သူတို့က အလင်းပင်လယ်၏ တည်နေရာကို ခံစားလိုက်ရသော်လည်း သူတို့က ထိုနေရာသို့ မရောက်နိုင်ကြပေ။ တစ်စုံတစ်ခုက သူတို့ကို တားဆီးနေသကဲ့သို့ ဖြစ်သည်။ သို့မဟုတ် သူတို့၏ ကိုယ်ပွားများက လေဟာနယ်အကျဉ်းထောင်တစ်ခုထဲသို့ ရောက်နေခြင်းကို ဆိုလိုလေသည်။ ထိုအတွေးက နတ်ဘုရားကိုယ်ပွားများကို ကြောက်ရွံ့သွားစေခဲ့သည်။
၎င်းသာအမှန်ဖြစ်ခဲ့လျှင် ထိုလုပ်ရပ်၏ နောက်ကွယ်က ဖြစ်နိုင်လဲ။ ပင်မနတ်ဘုရားလား။ ပင်မနတ်ဘုရားများက သူတို့ကို ထိုကဲ့သို့ ပျင်းစရာကောင်းသော လုပ်ရပ်ကို လုပ်မှာလား။
လုံရှန်ခန်းမထဲတွင် ဘုရားကျောင်းခေါင်းဆောင်၊ လုံရှန်လင်းနှင့် အခြားသူများ၏ အကြည့်အောက်တွင် လင်းယွမ်၏ လက်ဖဝါးထဲတွင် အလွန်သေးငယ်သော ပုံရိပ်များစွာ ပေါ်လာသည်။
" ခေါင်းဆောင် နတ်ဘုရားကိုယ်ပွားတွေ တကယ်ဆင်းသက်လာတာဆိုရင် အမိန့်ဘုရားကျောင်းမှာ ပုန်းနေတာက အန္တရာယ်အကင်းဆုံးပါပဲ။ "
" ခေါင်းဆောင် နတ်ဘုရားတစ်ပိုင်းအဆင့်တွေ အများကြီး ပျောက်သွားတာနဲ့ ပက်သက်ပြီး ခေါင်းဆောင်ကို သံသယဝင်နေပါတယ်။ အခုအချိန် လုံခြုံရေးက အဓိကပါပဲ။ "
လုံရှန်လင်းနှင့် အခြားသူများက စိုးရိမ်စွာ ပြောလိုက်သည်။ သူတို့အတွက် လုံရှန်မျိုးနွယ်အတွက် လင်းယွမ်က အရေးကြီးဆုံးဖြစ်သည်။ လုံရှန်မျိုးနွယ်က ဘယ်သူမဆို ထိခိုက်ပျက်ဆီးနိုင်သော်လည်း လုံရှန်းယွမ်က ဘာမှဖြစ်၍ မရပေ။
လုံရှန်ယွမ်ရှိနေလျှင် လုံရှန်မျိုးနွယ်ကို ပြန်လည်တည်ဆောက်ရန် အချိန်တစ်ခုသာ လိုလေသည်။ သို့သော် လုံရှန်ယွမ်မရှိဘဲ လုံရှန်မျိုးနွယ်ဝင်တိုင်း အသက်ရှင်နေလျှင်တောင် သူတို့ကို စောင့်ကြိုနေသည်က အခြားအင်အားစုများ၏ ဝါးမျိုခြင်းဖြစ်သည်။
လင်းယွမ်၏ ပုန်းဖို့လိုလို့လား ဟူသော စကားက နတ်ဘုရားတစ်ပိုင်းအဆင့်များ ပျောက်ကွယ်သွားခြင်းနှင့် ပက်သက်၍ သူနှင့်မသက်ဆိုင်သည်ကို ငြင်းဆိုခြင်းဖြစ်သည်ဟု သူတို့က ထင်ခဲ့ကြသည်။
သို့သော် ယခုအချိန်တွင် လင်းယွမ်နှင့် ပက်သက်သည် မပက်သက်သည်က အရေးမကြီးတော့ပေ။ နတ်ဘုရားကိုယ်ပွားများစွာ ဆင်းသက်လာသောကြောင့် သူ့ကို မှားယွင်းပြီး သတ်ပစ်ရန် လုံးဝဖြစ်နိုင်လေသည်။
လုံရှန်မျိုးနွယ်ဝင်များက သူတို့၏ ခေါင်းဆောင် လက်ထဲတွင် အလွန်သေးငယ်သော ပုံရိပ်များစွာ ပေါ်လာသည်ကို သတိထားမိလိုက်ကြသော်လည်း သူတို့က သိပ်အာရုံမစိုက်မိကြပေ။ အရေးကြီးဆုံးမှာ နတ်ဘုရားကိုယ်ပွားများ ရောက်မလာမီ သူတို့၏ ခေါင်းဆောင်က အမိန့်ဘုရားကျောင်းသို့ သွားရန်ဖြစ်သည်။
ဘေးတွင်ရပ်နေသော ဘုရားကျောင်းခေါင်းဆောင်ကလည်း စိုးရိမ်နေသည်။ နတ်ဘုရားကိုယ်ပွားများစွာ ဆင်းသက်လာမှုက သူ့ကိုလည်း ဖိအားများ ခံစားရစေသည်။ အမိန့်နတ်ဘုရား၏ လက်အောက်ခံစိတ်ဝိညာဉ်တစ်ခုအနေဖြင့် ထိုနတ်ဘုရားကိုယ်ပွားများက သူ့ကို လက်ဖျားနှင့်ပင် ထိရဲမည်မဟုတ်ပေ။
ပထမဆုံးအနေဖြင့် လင်းယွမ်က အမိန့်နတ်ဘုရား၏ နောက်လိုက်တစ်ယောက်မဟုတ်ပေ။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်များ၏ ပျောက်ကွယ်မှုနှင့် ပက်သက်ပြီး တစ်စုံတစ်ခု ပက်သက်မှုရှိခဲ့လျှင် အမိန့်နတ်ဘုရားကလည်း သူ့ကို ကာကွယ်ပေးမည်မဟုတ်ပေ။
အမိန့်ဘုရားကျောင်းထဲသို့ ဝင်မှသာ အမိန့်နတ်ဘုရား၏ အရှိန်အဝါနှင့် သူတို့ကို တားဆီးနိုင်ပေလိမ့်မည်။
" လုံရှန်ခေါင်းဆောင် အချိန်မရှိဘူး။ " ဘုရားကျောင်းခေါင်းဆောင်က လင်းယွမ်ကို ကြည့်လိုက်ပြီး အတင်းအကျပ် ခေါ်သွားရန်ပင် စဉ်းစားနေသည်။
လင်းယွမ်က နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်လျှင်တောင် သူ၏ မူလခန္ဓာကိုယ်က အလင်းပင်လယ်မှ နတ်ဘုရားတစ်ပါးဖြစ်သည်။ ပင်မနတ်ဘုရား၏ လက်အောက်ခံစိတ်ဝိညာဉ်ဖြစ်နေလျှင်တောင် အဆင့်နိမ့် နတ်ဘုရားထက် အနည်းငယ် သန်မာလေသည်။
" လုံရှန်ခေါင်းဆောင် သည်းခံပေးပါဦး။ " ဘုရားကျောင်းခေါင်းဆောင်က လင်းယွမ်ကို အတင်းအကျပ် ခေါ်သွားရန် ပြင်လိုက်ပြီး မလှုပ်ရှားမီ မသိစိတ်နှင့် လင်းယွမ်၏ ညာလက်ဝါးကို ကြည့်လိုက်သည်။
" ဟင်..." ဘုရားကျောင်းခေါင်းဆောင်က လင်းယွမ်၏ ညာလက်ဝါးကို အကြိမ်ကြိမ် ပြန်ကြည့်ပြီးနောက် ထပ်မံစိုက်ကြည့်နေသည်။
လင်းယွမ်၏ ညာလက်ဝါးထဲတွင် သေးငယ်သော ပုံရိပ်များစွာက ရူးသွပ်စွာ ရုန်းကန်နေကြသော်လည်း လွတ်မြောက်နိုင်ခြင်းမရှိကြပေ။
ဘုရားကျောင်းခေါင်းဆောင်၏ နဖူးတွင် ချွေးအေးများ စီးကျလာသည်။ လင်းယွမ်၏ လက်ဝါးထဲမှ အလွန်သေးငယ်သော ပုံရိပ်များကို အကြိမ်များစွာ ချဲ့ကြည့်လိုက်လျှင် ၎င်းတို့က ကြီးမားသော အော်ရာများ ထွက်ပေါ်နေသည့် နတ်ဘုရားကိုယ်ပွားများဖြစ်သည်ကို တွေ့ရပေလိမ့်မည်။
" နတ်ဘုရားကိုယ်ပွားတွေလား။ " ဘုရားကျောင်းခေါင်းဆောင်က ၎င်းကို ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
အဆင့်နိမ့်နတ်ဘုရားတစ်ပါး၏ ကိုယ်ပွားဖြစ်လျှင်တောင် သူတို့က နတ်ဘုရားတစ်ပိုင်းအဆင့်များထက် များစွာ အစွမ်းထက်လေသည်။ သို့သော် ယခု ထိုနတ်ဘုရားကိုယ်ပွားများက လင်းယွမ်၏ လက်ထဲတွင် ပုရွက်ဆိတ်များသဖွယ် ရုန်းကန်နေရသည်။
" မဖြစ်နိုင်ဘူး။ " ဘုရားကျောင်းခေါင်းဆောင်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
လင်းယွမ်၏ ညာလက်မဆန့်ထုတ်မီ သူက ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ လုံရှန်နယ်မြေသို့ နီးကပ်လာသည်ကို ခံစားခဲ့ရသည်။ သူတို့က နတ်ဘုရားကိုယ်ပွားများဖြစ်သည်မှာ ထင်ရှားလေသည်။ သို့သော် ယခု ထိုအော်ရာများက သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။
အစတွင် သူက နတ်ဘုရားကိုယ်ပွားများ သူတို့ကိုသူတို့ ဖုံးကွယ်လိုက်သည်ဟု ထင်ခဲ့သည်။ သို့သော် လင်းယွမ်၏ လက်ဝါးထဲမှ အလွန်သေးငယ်သော ပုံရိပ်များကို မြင်လိုက်ရချိန်တွင် ကြောက်စရာကောင်းသော အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
ထိုအချိန်တွင် ဘုရားကျောင်းခေါင်းဆောင်၏ အလင်းပင်လယ်မှ မူလခန္ဓာကိုယ်က ဤနေရာသို့ ဆင်းသက်လာသော နတ်ဘုရားများကို ဆက်သွယ်လိုက်သည်။ နတ်ဘုရားကိုယ်ပွားများက လင်းယွမ်၏ လက်ဝါးထဲတွင် ပိတ်မိနေလျှင်တောင် သူတို့၏ မူလခန္ဓာကိုယ်များက လွတ်လပ်နေဆဲ ဖြစ်သည်။
" နတ်ဘုရားကိုယ်ပွားတွေက လေဟာနယ်တစ်ခုမှာ ပိတ်မိနေပြီး ပြန်ထွက်လို့မရဘူး။ အလင်းပင်လယ်ကိုလည်း ပြန်လို့မရဘူး။ "
" အချို့နတ်ဘုရားတွေက အမှောင်ချောက်နက်က ပင်မနတ်ဘုရားတွေရဲ့ လက်ချက်လို့ ထင်နေတာလား။ " ဘုရားကျောင်းခေါင်းဆောင်က တံတွေးများမျိုချပြီး လင်းယွမ်၏ လက်ဝါးကို ကြည့်နေဆဲ ဖြစ်သည်။
လေဟာနယ်တစ်ခုမှာ ပိတ်မိနေတာလား။ အဲ့ဒါက လုံရှန်ခေါင်းဆောင်၏ လက်ဝါးဖြစ်နိုင်လား။
ဘုရားကျောင်းခေါင်းဆောင်က ထိတ်လန့်တုန်လှုပ်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။ လုံရှန်မျိုးနွယ်ခေါင်းဆောင်လို နတ်ဘုရားတစ်ပိုင်းအဆင့်က သူ၏ ညာလက်ကို မြှောက်ပြီး ပြန်ချရုံနှင့် နတ်ဘုရားကိုယ်ပွားများစွာကို လက်ဝါးထဲမှာ ပိတ်လှောင်ထားနိုင်တာလား။
၎င်းကို နတ်ဘုရားများ မပြောနှင့် အဆင့်မြင့်နတ်ဘုရားများပင် လုပ်နိုင်စွမ်းမရှိဘဲ ပင်မနတ်ဘုရားသာ တတ်နိုင်လေသည်။
အဆင့်ကိုး ပင်မနတ်ဘုရား။
အဆင့်ကိုး ပင်မနတ်ဘုရားတစ်ပါးက နတ်ဘုရား ရာဝဏန်းလောက်ကို အလွယ်တစ်ကူ သတ်နိုင်သော်လည်း လင်းယွမ်ကဲ့သို့ လေဟာနယ်တစ်ခုတွင် နတ်ဘုရားများစွာကို ဆော့ကစားနေတာကရော။ လေဟာနယ်ကို ကျွမ်းကျင်သော ပင်မနတ်ဘုရားများပင် ထိုကဲ့သို့ တည်ငြိမ်စွာ လုပ်ရန် မလွယ်ကူပေ။
အနိုင်ယူခြင်းနှင့် သတ်ခြင်းက ကွဲပြားသော အရာနှစ်ခုဖြစ်သည်။ ထို့အပြင် သူတို့ကို ထိန်းချုပ်ဆော့ကစားခြင်းက ပို၍ ထူးခြားလေသည်။
" လုံရှန်ခေါင်းဆောင် မင်း မင်း...." ဘုရားကျောင်းခေါင်းဆောင်၏ အသံက တုန်ယင်နေသည်။ သူက လင်းယွမ်ကို ကြည့်လိုက်သည်။
" ပြီးသွားပြီ။ အဲ့ဒီနတ်ဘုရားကိုယ်ပွားတွေ လာမှာမဟုတ်တော့ဘူး။ " လင်းယွမ်က ဘုရားကျောင်းခေါင်းဆောင်နှင့် လုံရှန်မျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။
ထိုနောက် သူက လက်ကို မြှောက်ပြီး ညင်သာစွာ အသက်ရှူသွင်စလိုက်သည်။
လက်ဝါးကမ္ဘာထဲတွင် နတ်ဘုရားကိုယ်ပွားများက အကျဉ်းထောင်ကို ဖြတ်ကျော်ပြီး လူသားနယ်မြေသို့ သွားရန် ပူးပေါင်းလိုက်ကြသည်။
လေဟာနယ်အလွှာများက ကန့်သတ်ချက်ရှိလေသည်။ နတ်ဘုရားများကြား တိုက်ပွဲများဖြစ်လျှင်တောင် လေဟာနယ်အလွှာများ စုတ်ဖြဲခံရပြီး လူသားနယ်မြေကို ထိခိုက်နိုင်လေသည်။
သူတို့ကို ပိတ်လှောင်ထားသော ထိုလေဟာနယ်လည်း အတူတူပင်ဖြစ်သည်။ သူတို့အားလုံး ပူးပေါင်းခဲ့လျှင် သူတို့ထုတ်လွှတ်သော စွမ်းအားက အဆင့်မြင့်နတ်ဘုရားတစ်ပါး၏ အဆင့်ကို ရောက်ရှိနိုင်လေသည်။
ထိုအချိန်တွင် သူတို့က လေဟာနယ်အကျဉ်းထောင်ကို မစုတ်ဖြဲနိုင်လျှင်တောင် လှုပ်ခါနိုင်ပေလိမ့်မည်။ ၎င်းက သူတို့၏ အခွင့်အရေးဖြစ်သည်။ သို့သော် နတ်ဘုရားကိုယ်ပွားများစွာ၏ ပူးပေါင်းမှုဖြင့် လေဟာနယ်အကျဉ်းထောင်၏ အလွှာပေါင်းများစွာကို ဖြတ်ကျော်ပြီးသော်လည်း သူတို့က အဆုံးကို မရောက်နိုင်ကြပေ။
" ဒီလိုလေဟာနယ်အကျဉ်းထောင်မျိုးကို အမှောင်ချောက်နက်က ဘယ်ပင်မနတ်ဘုရားက ထုတ်ဖော်နိုင်တာလဲ။ " နတ်ဘုရားတစ်ပါးက ပြောလိုက်သည်။
အစတွင် သူတို့က ၎င်းကို ပင်မနတ်ဘုရား၏ လက်ချက်ဟု မထင်ခဲ့ကြပေ။သို့သော် လေဟာနယ်အကျဉ်းထောင်ကို ဆက်တိုက်စစ်ဆေးပြီးနောက် သူ့တိုက များစွာ အံ့အားသင့်ခဲ့ရလေသည်။ ပင်မနတ်ဘုရားအပြင် ဘယ်သူက ထိုကဲ့သို့ လုပ်နိုင်မှာလဲ။