မှော်ကွန်ရက်နတ်ဘုရား....
Vol. 31 Ch. 476
" အခု ငါတို့ ဘာလုပ်ကြမလဲ။ "
" အလင်းပင်လယ်ရဲ့ ပင်မနတ်ဘုရားဆီက အကူအညီတောင်ရမလား။ "
နတ်ဘုရားကိုယ်ပွားများစွာက ကူကယ်ရာမဲ့နေကြသည်။
ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်တစ်ဝက်ကို သိမ်းပိုက်ထားသော မျက်နှာတစ်ခု ပေါ်လာသည်။ ထိုမျက်နှာကြီးက အလွန်ကြီးမားလှပြီး မည်သည့်အော်ရာမှ ထုတ်လွှတ်ခြင်းမရှိသော်လည်း နတ်ဘုရားကိုယ်ပွားများကို တုန်ယင်သွားစေခဲ့သည်။
သူတို့မတုန့်ပြန်နိုင်မီ ထိုမျက်နှာကြီးက သူတို့ဘက်သို့ လှည့်ပြီး ညင်သာစွာ အသက်ရှူလိုက်သည်ကို မြင်လိုက်ရသည်။ ချက်ချင်းပင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက လေဟာနယ်တစ်ခုလုံး ပျံ့နှံ့သွားပြီး နတ်ဘုရားကိုယ်ပွားအားလုံးက ပေါက်ကွဲကုန်ကြသည်။
နတ်ဘုရားကိုယ်ပွားအားလုံးက သွေးနှင့်အသားများ မဟုတ်ဘဲ နတ်ဘုရားစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုအချိန်တွင် နတ်ဘုရားကိုယ်ပွားအားလုံးက အသန့်စင်ဆုံးစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ထိုမျက်နှာကြီး၏ ပါးစပ်ထဲသို့ စီးဝင်သွားကြသည်။
အပြင်ဘက်တွင် လင်းယွမ်က နတ်ဘုရားကိုယ်ပွားအားလုံး၏ စွမ်းအားများကို စုပ်ယူလိုက်သည်။ သူ၏ လက်ရှိခွန်အားနှင့် ထိုစွမ်းအားများက အချိုပွဲတစ်ခုထက် မပိုပေ။
" ပြီးပြီ။ အခုအန္တရာယ်မရှိတော့ဘူး။ မင်းတို့လုပ်စရာရှိတာ သွားလုပ်တော့။ " လင်းယွမ်က အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။
လေဟာနယ်အလွှာ သန်းကိုးဆယ်ဖွင့်ထားသော နဝမအလွှာတစ်ယောက်အနေဖြင့် လေဟာနယ်နှင့် ပက်သက်ပြီး လင်းယွမ်၏ ကျွမ်းကျင်မှုမှာ ပင်မစကြာဝဠာမှ ဒသမအလွှာအချို့ပင် ယှဉ်နိုင်မည်မဟုတ်ပေ။ ဤကမ္ဘာကို ထည့်တွက်စရာပင်မလိုပေ။
" ခေါင်းဆောင်..." လုံရှန်လင်းနှင့် အခြားသူများက နားမလည်နိုင်ဖြစ်နေကြသည်။ အန္တရာယ်မရှိတော့ဘူးဆိုတာ ဘာကိုပြောတာလဲ။ ယခုလေးပင် နတ်ဘုရားကိုယ်ပွားများ လာနေပြီဟု ပြောခဲ့တာမဟုတ်လား။
အဖြစ်အပျက်အားလုံးကို အမိန့်ဘုရားကျောင်းခေါင်းဆောင်သာ သိလေသည်။ သူ၏ စိတ်ထဲတွင် လင်းယွမ်က အသက်ရှူလိုက်ပြီး နတ်ဘုရားကိုယ်ပွားအားလုံးက စွမ်းအားများအဖြစ် လင်းယွမ်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်ကို ပြန်မြင်နေသည်။
ဘုရားကျောင်းခေါင်းဆောင်က သူ၏ စိတ်ကို တည်ငြိမ်စေပြီး လုံရှန်လင်းနှင့် အခြားသူများကို ကြည့်လိုက်သည်။
" လုံရှန်ခေါင်းဆောင် ပြောတာမှန်တယ်။ အန္တရာယ်မရှိတော့ဘူး။ "
အန္တရာယ်လား။ လုံရှန်ခေါင်းဆောင်က အန္တရာယ်အားလုံးကို တစ်ကိုက်တည်း စားပစ်လိုက်ပြီဖြစ်သည်။
" အာ တကယ်လုံခြုံသွားပြီပေါ့။ " လုံရှန်လင်းနှင့် အခြားသူများက စိတ်သက်သာရာရသွားကြပြီး သူတို့၏ သိလိုစိတ်က ကြီးထွားလာသည်။
" အဲ့ဒီနတ်ဘုရားကိုယ်ပွားတွေကို လုံရှန်ခေါင်းဆောင်က ဖြေရှင်းခဲ့တာပဲ။ အစောက ခေါင်းဆောင်ရဲ့ လက်ထဲက အဲ့ဒီနတ်ဘုရားကိုယ်ပွားတွေပဲ။ " ခဏတိတ်ဆိတ်သွားပြီးနောက် ဘုရားကျောင်းခေါင်းဆောင်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
ယနေ့ပြီးနောက် လုံရှန်ခေါင်းဆောင်၏ နာမည်ဂုဏ်သတင်းက အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တွင် ပဲ့တင်ထပ်နေလိမ့်မည်ဟု သူ ခန့်မှန်းမိလေသည်။
" အဲ့ဒါ နတ်ဘုရားကိုယ်ပွားတွေလား။ " လုံရှန်လင်းနှင့် အခြားသူများက စိတ်ပျက်သွားကြသည်။ " နတ်ဘုရားကိုယ်ပွားတွေက အဲ့လောက်အားနည်းကြတာလား။ "
သို့သော် သူတို့က အဖြစ်မှန်ကို နားလည်ကြလေသည်။ နတ်ဘုရားကိုယ်ပွားများက အားနည်းခြင်းမဟုတ်ဘဲ သူတို့၏ ခေါင်းဆောင်က အလွန်သန်မာနေခြင်းဖြစ်သည်။ ခေါင်းဆောင်နှင့်ယှဉ်လျှင် အလွန်စွမ်းအားကြီးသော နတ်ဘုရားကိုယ်ပွားများက သနားစရာကောင်းလောက်အောင် အားနည်းနေခြင်းဖြစ်သည်။
" ငါအခုထွက်သွားရမယ်။ " အမိန့်ဘုရားကျောင်းခေါင်းဆောင်က လျင်မြန်စွာ ထွက်ခွာသွားသည်။
ယခုကိစ္စက အစီရင်ခံရန်ပင် မလိုအပ်ပေ။ လင်းယွမ်က သူတို့၏ နတ်ဘုရားကိုယ်ပွားများကို စားသောက်ခဲ့သောကြောင့် မူလခန္ဓာကိုယ်များက ရုတ်ရုတ်သဲသဲ ဖြစ်နေလောက်ပြီဖြစ်သည်။ ၎င်းက အလင်းပင်လယ်တွင်သာမဟုတ်ဘဲ နတ်ဘုရားများကြား လျင်မြန်စွာ ပျံ့နှံ့သွားမည်မှာထင်ရှားလေသည်။
အလင်းပင်လယ်ရှိ နန်းတော်တစ်ခုထဲတွင် နတ်ဘုရားများစွာက အံ့အားသင့်စွာဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
" ငါ့ရဲ့ နတ်ဘုရားကိုယ်ပွားက ပျက်စီးသွားပြီ။ "
" ငါလည်း အတူတူပဲ။ အဲ့ဒါကို မခံစားမိတော့ဘူး။ "
" နောက်ဆုံးပေါ်လာတဲ့ မျက်နှာက လုံရှန်ခေါင်းဆောင်နဲ့မတူဘူးလား။ "
" တူရုံပဲမဟုတ်ဘူး။ အဲ့ဒါ လုံရှန်ခေါင်းဆောင်ဖြစ်ရမယ်။ "
သူတို့က အဆင့်ရှစ်နတ်ဘုရားများ ဖြစ်ကြသောကြောင့် သူတို့၏ မှတ်ဉာဏ်များက ပျောက်ကွယ်မသွားပေ။ ထို့အပြင် သူတို့၏ ကိုယ်ပွားများက လုံရှန်ခေါင်းဆောင်ကို စစ်ဆေးရန် သွားနေစဉ် လေဟာနယ်အကျဉ်းထောင်ထဲသို့ ဆွဲယူခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူတို့အပေါ် လှုပ်ရှားခဲ့သူမှာ လုံရှန်ခေါင်းဆောင်သာ ဖြစ်နိုင်လေသည်။
နတ်ဘုရားများက လုံရှန်ခေါင်းဆောင်ကို အလေးအနက်မထားဘဲ ပုရွက်ဆိတ်တစ်ကောင်ဟုသာ မှတ်ယူခဲ့ကြသည်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်များ ပျောက်ကွယ်ရခြင်း၏ နောက်ကွယ်မှလူဖြစ်နေလျှင်တောင် ဂရုမစိုက်ပေ။
နတ်ဘုရားတစ်ပိုင်းအဆင့်က မည်မျှအစွမ်းထက်သည်ဖြစ်စေ ယုံကြည်မှုကို နတ်ဘုရားနိုင်ငံကို မမြှင့်တင်ရသေးသရွေ့ သူတို့က ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်နေသည်။
သို့သော် ယခု နတ်ဘုရားများ၏ မျက်လုံးများထဲမှ ပုရွက်ဆိတ်က ရုတ်တရက် ကြီးမားသော နဂါးအဖြစ် ပြောင်းလဲသွားခဲ့သည်။
" မဖြစ်နိုင်ဘူး။ "
" သူက နတ်ဘုရားမဟုတ်ဘဲ ဘယ်လိုလုပ်ဒီလောက်သန်မာနေတာလဲ။ "
" မှန်တယ်။ လုံရှန်ခေါင်းဆောင်က နတ်ဘုရားတောင်မဟုတ်ဘူးလေ။ "
ကြီးမားသော သက်သေအထောက်အထားရှိနေသော်လည်း အချို့နတ်ဘုရားများက မယုံကြည်နိုင်ဖြစ်နေကြဆဲ ဖြစ်သည်။ သူတို့က ရေတွက်မရသော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ဖြတ်သန်းခဲ့ကြပြီး ကြီးမားသော အခက်အခဲများနှင့် နတ်ဘုရားနိုင်ငံကို မြှင့်တင်ကာ အလင်းပင်လယ်ထဲသို့ ဝင်ရောက်ပြီး နတ်ဘုရားများ ဖြစ်လာကြခြင်းဖြစ်သည်။
" ဒီနောက်ကွယ်က အကြောင်းရင်းကို နားလည်ဖို့ ပင်မနတ်ဘုရားဆီကို သွားရမယ်။ လုံရှန်ခေါင်းဆောင်က ဘာလို့ အဲ့လောက်အစွမ်းထက်နေတာလဲ။ "
" ဒါပေမယ့် ငါတို့က ဘယ်ပင်မနတ်ဘုရားဆီကို သွားမှာလဲ။ "
" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားဆီ သွားကြမယ်။ ကမ္ဘာပေါ်မှာ သူမသိတာမရှိဘူး။ သူက လုံရှန်ခေါင်းဆောင်ရဲ့ မူလအကြောင်းကို သေချာပေါက် သိလိမ့်မယ်။ "
နတ်ဘုရားများက တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။
အလင်းပင်လယ်ရှိ ပင်မနတ်ဘုရား ၁၂ပါးထဲတွင် ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက အထူးခြားဆုံးနှင့် စိတ်ထားအကောင်းဆုံးဖြစ်သည်။
အမိန့်နတ်ဘုရား၊ မှော်ကွန်ရက်နတ်ဘုရားနှင့် သက်တန့်နဂါးနတ်ဘုရား စသည့် အခြားပင်မနတ်ဘုရားများကလည်း သူတို့၏ အချိန်များကို အိပ်စက်ခြင်း သို့မဟုတ် ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးကြသည်။
ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက တစ်ခါတစ်ရံ သူတို့၏ သံသယများကို ဖြေရှင်းပေးလေသည်။ ယခင် နတ်ဘုရားတစ်ပိုင်းအဆင့်များ ပျောက်ကွယ်သွားသည့် နောက်ဆုံးနေရာကိုလည်း သူကိုယ်တိုင် တွက်ချက်ပေးခဲ့ခြင်းဖြစ်သည်။
" လုံရှန်ခေါင်းဆောင်က နတ်ဘုရားနိုင်ငံတွေ ကမ္ဘာမြေထဲ မကျဆင်းခင်က အသက်ရှင်ကျန်နေတဲ့ နတ်ဘုရားတစ်ပါး ဖြစ်နိုင်လား။ " နတ်ဘုရားတစ်ပါးက ထင်ကြေးပေးလိုက်သည်။
အတိတ်တွင် နတ်ဘုရားစစ်ပွဲများ ဖြစ်ပွားခဲ့ပြီး နတ်ဘုရားများစွာ သေဆုံးကာ သူတို့၏ နတ်ဘုရားနိုင်ငံများက ကမ္ဘာမြေထဲသို့ ကျဆင်းခဲ့သည်။ သို့သော် နတ်ဘုရားနိုင်ငံတစ်ခု ကမ္ဘာမြေပေါ်သို့ ကျဆင်းခြင်းက သေဆုံးသည်ဟု မသေချာပေ။ ကမ္ဘာမြေပေါ်တွင် သူတို့ကို ယုံကြည်သူများ ရှိနေသရွေ့ ပြန်လာနိုင်ခြေရှိလေသည်။ သို့သော် ဖြစ်နိုင်ခြေက အလွန်နည်းပါးလေသည်။
" သူက အတိတ်က သေဆုံးသွားတဲ့ နတ်ဘုရားတစ်ပါး ဟုတ်မဟုတ် ငါတို့ ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားကို တွေ့တာနဲ့ ရှင်းသွားလိမ့်မယ်။ " နတ်ဘုရားတစ်ပါးက ပြောလိုက်သည်။
လုံရှန်ခန်းမ၏ ကျင့်ကြံခြင်းအခန်းထဲတွင် လင်းယွမ်က ထိုင်နေသည်။
" နတ်ဘုရားကိုယ်ပွားတွေရဲ့ စွမ်းအားက နတ်ဘုရားသလင်းကျောက်တွေထက်တောင် ပိုသာသေးတယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။
ပင်မစကြာဝဠာတွင် ထိုနတ်ဘုရားကိုယ်ပွားများ၏ စွမ်းအားက အနီရောင်စိတ်ဝိညာဉ်အရည်ထက်ပင် သာလွန်လေသည်။
" အဲ့ဒါက ကိုယ်ပွားတွေ ဖြစ်နေတာ စိတ်မကောင်းစရာပဲ။ နတ်ဘုရားကိုယ်တိုင်သာ ဖြစ်ရင် ငါ နတ်ဘုရားအမြုတေရဲ့ သက်ရောက်မှုကို စမ်းကြည့်လို့ရတယ်။ " လင်းယွမ်က စိတ်မကောင်းဖြစ်သွားမိသည်။
သူ၏ လက်ရှိခွန်အားနှင့် နတ်ဘုရားများ၏ ကိုယ်ပွားက သူတို့၏ မူလခန္ဓာကိုယ်နှင့် ကွာခြားခြင်းမရှိပေ။ လေဟာနယ်အလွှာသန်းတစ်ရာနီးပါးကို ထိန်းချုပ်ထားနိုင်သောကြောင့် လေဟာနယ်တွင် ပင်မနတ်ဘုရားများပင် သူကို ယှဉ်နိုင်မည်မဟုတ်ပေ။
" ငါ နတ်ဘုရားတစ်ပိုင်းအမြုတေက လေဟာနယ်ရဲ့ နောက်ဆုံးအပိုင်းကို နားလည်တော့မယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူ၏ အမြင်တွင် နတ်ဘုရားတစ်ပိုင်းအမြုတေတွင် ပါဝင်သော လေဟာနယ်အနှစ်သာရက ဤကမ္ဘာ၏ လေဟာနယ်အနှစ်သာရကို ရောင်ပြန်ဟပ်ထားခြင်းဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းအမြုတေ၏ လေဟာနယ်အနှစ်သာရက အခြေခံအစိတ်အပိုင်း ပါဝင်လေသည်။ လေဟာနယ်အရည်အသွေးရှိသော နတ်ဘုရားအမြုတေက လင်းယွမ်ကို ပို၍ အထောက်အကူပြုပေးပေလိမ့်မည်။
" လေဟာနယ်..." လေဟာနယ်အလွှာများက သူ၏ မျက်လုံးများထဲတွင် ထွက်ပေါ်လာသည်။
သူ၏ အတွင်းကမ္ဘာထဲမှ လေဟာနယ်အလွှာများကလည်း လှုပ်ရှားလာပြီး နောက်ထပ်အသစ်များ ဖြစ်ပေါ်လာသည်။
" ဟမ် " ရုတ်တရက် လင်းယွမ်က လေ့လာခြင်းကို ရပ်တန့်လိုက်ပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
" မင်းကြည့်လို့ဝပြီလား။ " လင်းယွမ်က ရေရွတ်လိုက်၏။
ဝုန်း ဝုန်း.....
မမြင်နိုင်သော စွမ်းအားများက ပေါင်းစပ်သွားကြသည်။
အရည်ရှည်ပြီး အေးစက်သော အမူအရာနှင့် အလွန်လှပသော အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ ထိုအမျိုးသမီးပေါ်လာချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ နိယာမများက လမ်းဖယ်ပေးပုံရပြီး နတ်ဘုရားများထက် သာလွန်သော အော်ရာတစ်ခု ထွက်ပေါ်နေသည်။
" မှော်ကွန်ရက်နတ်ဘုရား " လင်းယွမ်က မနီးမဝေးရှိ လှပသော အမျိုးသမီးကို ကြည့်လိုက်သည်။
လင်းယွမ်က နတ်ဘုရားကိုယ်ပွားများကို သတ်ဖြတ်ပြီးနောက် ၎င်းကို ဘယ်သူအရင်ဆုံးသိနိုင်လဲ။ အလင်းပယ်လယ်မှ သူတို့၏ မူလခန္ဓာကိုယ်တွေလား။ သို့မဟုတ် လင်းယွမ်၏ ဘေးမှ အမိန့်ဘုရားကျောင်းခေါင်းဆောင်လား။ မဟုတ်ပေ။ မူမမှန်သောအရာကို ပထမဆုံး တွေ့ရှိခဲ့သူမှာ မှော်ကွန်ရက်နတ်ဘုရားပင်ဖြစ်သည်။