← Chapters

အထွတ်အထိပ်နတ်ဘုရား....

Vol. 31 Ch. 478

အထွတ်အထိပ်နတ်ဘုရား....

Vol. 31 Ch. 478

လူတစ်ယောက်၏ မူလခန္ဓာကိုယ်က အချိန်စီးဆင်းမှုကို ဆန့်ကျင်ရန် အချိန်နိယာမတစ်ခုလုံးကို နားလည်ရန် လိုအပ်လေသည်။ ထိုပင်မနတ်ဘုရားတွင် ထိုခွန်အားသာရှိခဲ့လျှင် လင်းယွမ်ကို ထောက်လှမ်းနေချိန် သတိထားမိမည်မဟုတ်ပေ။ လင်းယွမ်က ယခုမှ အချိန်နိယာမကို နားလည်ရုံသာရှိသေးသည်။

" သူက တန်ပြန်မှုကြောင့် တိုက်ရိုက် မသေသွားဘူးပဲ။ " လင်းယွမ်က ကောင်းကင်တွင်ရှိနေသော ကြယ်တစ်လုံးကို ကြည့်လိုက်သည်။

အလင်းပင်လယ်တွင် နတ်ဘုရားများက ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားကို ကြည့်နေကြသည်။ သူတို့က ပင်မနတ်ဘုရား၏ စွမ်းအားဖြင့် လုံရှန်ခေါင်းဆောင်၏ မူလကို ဖော်ထုတ်ရန် မျှော်လင့်နေကြသော်လည်း နောက်ပိုင်းအဖြစ်အပျက်များက နတ်ဘုရားအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ကောင်းကင်တွင် ရှိနေသော ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား၏ ကြယ်ကိုလည်း သူတို့က သတိထားမိသွားကြသည်။

" ဘာဖြစ်တာလဲ။ "

" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ဘာဖြစ်သွားတာလဲ။ " နတ်ဘုရားများအားလုံးက မယုံကြည်နိုင်ဖြစ်နေကြသည်။

ပင်မနတ်ဘုရားတစ်ပါးက ထိုသို့ဖြစ်နိုင်လိမ့်မည်ဟု သူတို့က တစ်ခါမှ မတွေးမိခဲ့ကြပေ။ ရှေးခေတ်အချိန်ကတည်းက ပြင်းထန်သော နတ်ဘုရားစစ်ပွဲများကြားမှာပင် ပင်မနတ်ဘုရားများက မြင့်မားစွာ ရပ်တည်နေကြသည်။ သမိုင်းထဲတွင် လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသော ပင်မနတ်ဘုရားများ ရှိခဲ့သော်လည်း ပင်မနတ်ဘုရားများကြား တိုက်ပွဲကြောင့်မဟုတ်ပေ။

" တန်ပြန်တိုက်ခိုက်မှု.... အဲ့ဒါ တန်ပြန်တိုက်ခိုက်မှုပဲ။ "

" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက တန်ပြန်တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာလား။ " အဆင့်မြင့် နတ်ဘုရားတစ်ပါးက ပြောလိုက်သည်။

ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက တစ်ကြိမ်ဟောကိန်းထုတ်တိုင်း တန်ဖိုးတစ်ခုကို ပေးဆပ်ရလေသည်။ ဟောကိန်းထုတ်ခြင်း၏ တန်ဖိုးက တွက်ချက်သူနှင့် တွက်ချက်ခံရသူအပေါ် မူတည်လေသည်။

သို့သော် ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက အစွမ်းထက်လွန်းပြီး ကမ္ဘာပေါ်ရှိ အသန်မာဆုံး ပင်မနတ်ဘုရား ၂၄ပါးထဲမှ တစ်ပါးဖြစ်လေသည်။ သူက အဆင့်တူ ပင်မနတ်ဘုရားများကို ဟောကိန်းထုတ်လျှင်တောင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရန်မလိုအပ်ပေ။

" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ဒီလိုတန်ဖိုးကို ပေးဆပ်ရအောင် လုံရှန်ခေါင်းဆောင်ရဲ့ မူလက ဘာဖြစ်နေလို့လဲ။ "

" အဲ့ဒါ အထွတ်အထိပ်နတ်ဘုရားရဲ့ ဒဏ္ဍာရီနဲ့ ပက်သက်နေနိုင်လား။ "

" အထွတ်အထိပ်နတ်ဘုရား..."

နတ်ဘုရားများက လေးနက်သွားကြသည်။

ကမ္ဘာကြီးစတင်ပြီး ပထမဆုံး ပင်မနတ်ဘုရားဖြစ်သော အလင်းနတ်ဘုရား မွေးဖွားလာချိန်ကနည်းက အထွတ်အထိပ်နတ်ဘုရား၏ ကောလဟာလများ ပျံ့နှံ့နေခဲ့သည်။

အထွတ်အထိပ်နတ်ဘုရားက အရာအားလုံးကို ဖန်တီးခဲ့ပြီး ပင်မနတ်ဘုရားများ ပိုင်ဆိုင်သော ပင်မနတ်ဘုရားအမြုတေများကလည်း အထွတ်အထိပ်နတ်ဘုရား ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြလေသည်။

ပင်မနတ်ဘုရားအရေအတွက်က ဘာလို့၂၄ပါးပဲရှိတာလဲ။ ပင်မနတ်ဘုရားဖြစ်ရန်အတွက် ပင်မနတ်ဘုရားအမြုတေရှိရန် လိုအပ်လေသည်။ သီအိုရီအရ ပင်မနတ်ဘုရားတစ်ပါး ကျဆုံးသွားမှ နောက်ထပ် ပင်မနတ်ဘုရားတစ်ပါး မွေးဖွားလာမည်ဖြစ်သည်။

နတ်ဘုရားများ ဆွေးနွေးနေချိန်တွင် အားနည်းသွားသော ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက သူ့ကိုသူ ထိန်းချုပ်လိုက်သည်။

" အဲ့ဒါဘာလဲ။ " သူက အလွန်ကြောက်လန့်သွားသည်။

သူက အချိန်ကို နောက်ပြန့်လှည့်ပြီး လုံရှန်ခေါင်းဆောင်၏ မူလကို ထုတ်ဖော်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူက အသုံးဝင်သော မြင်ကွင်းတစ်ခုမှ မမြင်လိုက်ရဘဲ တန်ပြန်တိုက်ခိုက်မှုကိုသာ ခံလိုက်ရသည်။

" အထွတ်အထိပ်နတ်ဘုရားလား။ " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားကလည်း အထွတ်အထိပ်နတ်ဘုရားကို ချက်ချင်း တွေးမိလိုက်သည်။

" လုံရှန်ခေါင်းဆောင်က အထွတ်အထိပ်နတ်ဘုရားနဲ့ ပက်သက်တဲ့ အခွင့်အလမ်းကို ရခဲ့တာလား။ " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက အသက်ပြင်းပြင်းရှုလိုက်သည်။

လုံရှန်ခေါင်းဆောင်က အထွတ်အထိပ်နတ်ဘုရားတစ်ပါးဟု သူမယုံကြည်ပေ။ ထိုသို့သာ ဖြစ်လျှင် ယခင်အကြောင်းအရာများက ဖြစ်ပျက်ခဲ့မည်မဟုတ်ပေ။ အထွတ်အထိပ်နတ်ဘုရားတစ်ပါးအနေဖြင့် ပင်မနတ်ဘုရားများကို အမိန့်တစ်ချက်ပေးလိုက်ရုံသာဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်များကို ပြန်ပေးဆွဲရန် မလိုအပ်ပေ။

" အထွတ်အထိပ်နတ်ဘုရားနဲ့ ပက်သက်တဲ့ အခွင့်အလမ်းတစ်ခု..." ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား၏ မျက်နှာတွင် လောဘအရိပ်အယောင်များ ပေါ်လာသည်။

လုံရှန်နယ်မြေ။

လုံရှန်မျိုးနွယ်များက ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားကိုယ်ပွားများမှာ လုံရှန်ခေါင်းဆောင်၏ လက်ချက်နှင့် သေဆုံးခဲ့သည့်အကြောင်းကို သိရှိခဲ့ကြသည်။

" ခေါင်းဆောင်က နတ်ဘုရားကိုယ်ပွားတွေကို သတ်ခဲ့တာလား။ "

လုံရှန်မျိုးနွယ်၏ အကြီးအကဲများက တုန်လှုပ်သွားကြသည်။ သူတို့က လုံရှန်မျိုးနွယ်ကို မြို့စားအဆင့်မှ ယခုထိရောက်အောင် တစ်ဆင့်ချင်းတက်လှမ်းလာသည်ကို ကြည့်ခဲ့ကြသည်။ အကြီးအကဲများ အသက်ရှည်ခြင်းမှာလည်း ခေါင်းဆောင်၏ လက်ဆောင်ကြောင့်သာဖြစ်သည်။

သို့သော် အလွန်ကြီးမြတ်သော နတ်ဘုရားများက သူတို့ခေါင်းဆောင်၏ ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်သွားသည်ကို သိရသော်အခါ သူတို့အားလုံးက မတုန်လှုပ်မိဘဲ မနေနိုင်ပေ။

" ငါ့သားက နတ်ဘုရားဖြစ်သွားပြီလား။ " လုံရှန်ဖန်က ရေရွတ်လိုက်သည်။

သူ၏ နားလည်မှုနည်းသောကြောင့် နတ်ဘုရားဖြစ်ရန် နတ်ဘုရားနိုင်ငံကို မြှင့်တင်ခြင်းက ဖုံးကွယ်၍မရနိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိပေ။ သို့သော် နတ်ဘုရားကိုယ်ပွားများစွာကို အလွယ်တကူ သတ်နိုင်ခဲ့သောကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ လုံရှန်ယွမ်ကိုယ်တိုင် နတ်ဘုရားဖြစ်နေခြင်းဖြစ်သည်။

" ယွမ်အာ..." လုံရှန်ဖန်၏ ဇနီးက မယုံကြည်နိုင်ဖြစ်နေသည်။ သူမက လုံရှန်ယွမ်ကို ကလေးတစ်ယောက်ဟုသာ မြင်နေဆဲ ဖြစ်သည်။

"ခေါင်းဆောင်က နတ်ဘုရားမဟုတ်ပါဘူး။ " လုံရှန်လင်းက ပြောလိုက်သည်။

အမိန့်ဘုရားကျောင်းခေါင်းဆောင်က ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နတ်ဘုရားဖြစ်လာသူတိုင်းက အလင်းပင်လယ် သို့မဟုတ် အမှောင်ချောက်နက်သို့ ဝင်ရောက်ရလေသည်။ ၎င်းက နတ်ဘုရားများကြား သံမဏိစည်းမျဉ်းဖြစ်သည်။ သို့သော် ယခု လုံရှန်ခေါင်းဆောင်က ကျင့်ကြံခြင်းအခန်းထဲတွင် ထိုင်နေဆဲ ဖြစ်သည်။

"နတ်ဘုရားမဟုတ်ဘူးလား။ "

လုံရှန်မျိုးနွယ်ဝင်များက စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့က အဖြစ်အပျက်များကို နားမလည်နိုင်ကြတော့ပေ။ သို့သော် သူတို့ခေါင်းဆောင်အပေါ် ရိုသေလေးစားမှုက ပို၍ နက်ရှိုင်းလာသည်။

အလင်းပင်လယ်။

နတ်ဘုရားခန်းမထဲရှိ ပလ္လင် ၂၄ခုပေါ်တွင် ပုံရိပ်များ ပေါ်လာကြသည်။ ထိုပုံရိပ်များက အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့မှ ပင်မနတ်ဘုရားများ ဖြစ်ကြသည်။

အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့က နှစ်ပေါင်းများစွာအတွင်း နတ်ဘုရားစစ်ပွဲများ ဖြစ်ပျက်ခဲ့သော်လည်း ၎င်းက ပင်မနတ်ဘုရားများအောက်မှ နတ်ဘုရားများသာဖြစ်သည်။

ပင်မနတ်ဘုရားများက အဆင့်တူတွင်ရှိနေကြပြီး သူတို့ကြားတွင် ရန်ငြိုးရန်စလည်း မရှိပေ။ ယခု အထွတ်အထိပ်နတ်ဘုရားနှင့် ပက်သက်သော ကိစ္စတစ်ခုဖြစ်ပျက်ချိန်တွင် အားလုံးက စည်းစည်းလုံးလုံး စုဝေးခဲ့ကြလေသည်။

" လုံရှန်ခေါင်းဆောင်က တကယ် အထွတ်အထိပ်နတ်ဘုရားနဲ့ ပက်သက်နေတာလား။ " အမှောင်ထဲမှ ပုံရိပ်တစ်ခုက ပြောလိုက်သည်။

သူက အမှောင်နတ်ဘုရားဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက်ထွက်ပေါ်လာသော ပင်မနတ်ဘုရားလည်းဖြစ်သည်။

"ဒါက အထွတ်အထိပ်နတ်ဘုရားနဲ့ မပက်သက်ရင် ငါက ဒီလိုတန်ပြန်မှုကို ဘယ်လိုလုပ်ခံစားရမှာလဲ။ " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက အားနည်းစွာ ပြောလိုက်သည်။

" အဲ့ဒါတော့ ဟုတ်တယ်။ " အမှောင်နတ်ဘုရားက ခေါင်းညိမ့်လိုက်သည်။

" လုံရှန်ခေါင်းဆောင်က အခု ဘယ်အဆင့်မှာလဲ။ " အဆုံးမဲ့အလင်းများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုက ပြောလိုက်သည်။

" လုံရှန်ခေါင်းဆောင်က အဆင့်ကိုးဆိုတာကို ငါအတည်ပြုနိုင်တယ်။ တန်ပြန်မှုက သူ့ဆီက လာတာမဟုတ်ဘူး။ " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ရှင်းပြလိုက်သည်။

" လုံရှန်ခေါင်းဆောင်ရဲ့ ခွန်အားက ဒီမှာရှိတဲ့ ဘယ်သူမဆိုထက် ပိုသန်မာတယ်။ " မှော်ကွန်ရက်နတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။ မကြာသေးမီက သူမက လုံရှန်ခေါင်းဆောင်ကို ကိုယ်ပွားတစ်ခုနှင့် စစ်ဆေးရန် ကြိုးစားခဲ့သော်လည်း သာမန်လှုပ်ရှားမှုလေးတစ်ခုနှင့် ရှင်းထုတ်ခြင်းခံခဲ့ရသည်။

" သူက အဆင့်ကိုးမှာရှိနေသရွေ့ ငါတို့ ဒီကိစ္စကို ဆွေးနွေးလို့ရတယ်။ " ပင်မနတ်ဘုရားတစ်ပါးက ပြောလိုက်သည်။ " ငါတို့ လုံရှန်ခေါင်းဆောင်ကို ဘယ်လိုကိုင်တွယ်မှာလဲ။ "

ပင်မနတ်ဘုရား ၂၃ပါးက တိတ်ဆိတ်သွားကြသည်။ သူတို့က မရေတွက်နိုင်သော နှစ်များစွာ နေထိုင်ခဲ့ကြပြီး သူတို့၏ စိတ်ခံစားမှုအချို့ပင် ဆုံးရှုံးနေကြပြီဖြစ်သည်။ သို့သော် ထိုခံစားချက်များက ပြန်လည်နိုးထလာခဲ့သည်။

အထွတ်အထိပ်နတ်ဘုရားနှင့် ပက်သက်သော အခွင့်အလမ်းတစ်ခု။ ၎င်းက ပင်မနတ်ဘုရားများကို နောက်တစ်ဆင့်သို့ တက်ရန် မျှော်လင့်ချက်ပေးနိုင်လေသည်။

" မင်းတို့က လုံရှန်ခေါင်းဆောင်ကို ကိုင်တွယ်ပြီး အထွတ်အထိပ်နတ်ဘုရားနဲ့ ပက်သက်တဲ့ အခွင့်အလမ်းကို သိမ်းပိုက်ချင်ကြတာလား။ " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက အားလုံး၏ ရည်ရွယ်ချက်ကို နားလည်လေသည်။ သူလည်းအတူတူပင်ဖြစ်သည်။

" လုံရှန်ခေါင်းဆောင်ကို ကိုင်တွယ်ရင် ငါတို့ သတိထားမှ ရလိမ့်မယ်။ သူက လူသားနယ်မြေထဲမှာဆိုတာ မမေ့နဲ့။ ငါတို့အားလုံးပေါင်းရင် အထွတ်အထိပ်နတ်ဘုရားနဲ့ ပက်သက်တဲ့ အခွင့်အလမ်းကို ရမရ မသိပေမယ့် လူသားနယ်မြေကို ဖျက်စီးမိသွားနိုင်တယ်။ "

အထွတ်အထိပ်နတ်ဘုရား၏ အခွင့်အလမ်းဖြစ်စေ နောက်တစ်ဆင့်တက်နိုင်ရန်ဖြစ်စေ လူသားနယ်မြေမှ သက်ရှိများက ပင်မနတ်ဘုရားများ၏ အခြေခံဖြစ်သည်။

" မှန်တယ်။ ငါတို့က လုံရှန်ခေါင်းဆောင်ကို အလင်းပင်လယ် ဒါမှမဟုတ် အမှောင်ချောက်နက်ကို ဆွဲဆောင်ဖို့ အကြောင်းပြချက်တစ်ခု ရှာရမယ်။ "

အခြားပင်မနတ်ဘုရားများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ အလင်းပင်လယ် သို့မဟုတ် အမှောင်ချောက်နက်တို့က လေဟာနယ်အလွှာများစွာ ခွဲခြားထားသောကြောင့် သူတို့က ထိန်းချုပ်ခြင်းမရှိဘဲ တိုက်ခိုက်နိုင်လေသည်။

လုံရှန်နယ်မြေ၊ လုံရှန်ခန်းမထဲတွင် လင်းယွမ်က နတ်ဘုရားတစ်ပိုင်းအမြုတေကို နားလည်ရန် ကြိုးစားနေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာ၏ နိယာမအနှစ်သာရများကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာ၏ နိယာမအနှစ်သာရများကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

All Chapters