← Chapters

အလင်းပင်လယ်သို့သွားခြင်း....

Vol. 31 Ch. 479

အလင်းပင်လယ်သို့သွားခြင်း....

Vol. 31 Ch. 479

ကျယ်ပြန့်သော အသိအမြင်များက သူ၏ စိတ်ထဲသို့ ပေါင်းစပ်လာပြီး အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ လင်းယွမ်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့ပြီး ဤကမ္ဘာ၏ လေဟာနယ်အနှစ်သာရ၏ အခြေခံအစိတ်အပိုင်းကို လုံးဝ နားလည်သွားခဲ့သည်။

လင်းယွမ်က မျက်လုံးများဖွင့်လိုက်ပြီး သူ၏ အကြည့်များက နက်ရှိုင်းနေသည်။ တစ်ချိန်တည်းတွင် သူ၏ အတွင်းကမ္ဘာထဲမှ ကြီးစွာသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

အတွင်းကမ္ဘာထဲတွင် လေဟာနယ်အလွှာများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ လင်းယွမ်က အတွင်းကမ္ဘာထဲရှိ လေဟာနယ်အလွှာအရေအတွက်ကို စစ်ဆေးလိုက်သည်။ လေဟာနယ်အလွှာ သန်း ၁၂၀။

ပင်မစကြာဝဠာတွင် နဝမအလွှာများက လေဟာနယ်အလွှာများကို များများဖွင့်နိုင်ရန် လိုအပ်လေသည်။ သို့သော် လေဟာနယ်အလွှာ သန်း ၁၂၀ ပင်မစကြာဝဠာသမိုင်းတစ်လျှောက်မှာပင် ထိုပမာဏလေဟာနယ်အရေအတွက်ကို ဖွင့်နိုင်သော နဝမအလွှာတစ်ယောက် ရှိနိုင်လားဆိုတာ လင်းယွမ်လည်းမသိပေ။

သို့သော် တစ်ခါမှတော့မကြားဖူးပေ။ နဝမအလွှာအများစုက သူတို့၏ ကြိုးစားအားထုတ်မှုအားလုံး အသုံးပြုလျှင်တောင် လေဟာနယ်အလွှာ ဆယ်သန်းသာ ဖွင့်နိုင်ကြပြီး အချို့က သန်းနှစ်ဆယ် သန်းသုံးဆယ်ဖွင့်နိုင်ကြသည်။

ပြိုင်ဘက်ကင်းသော အထူးသက်ရှိအချို့က လေဟာနယ်အလွှာ သန်းခုနှစ်ဆယ် သန်းရှစ်ဆယ်ဖွင့်ရန် မျှော်လင့်နိုင်ကြသည်။ သို့သော် သန်းတစ်ရာကျော်ဖွင့်နိုင်ရန် နဝမအလွှညများတွင် သက်တမ်းမလုံလောက်ပေ။ လင်းယွမ်က ထိုအောင်မြင်မှုကို နတ်ဘုရားတစ်ပိုင်းအမြုတေ၏ အထူးဂုဏ်သတ္တိများကြောင့်သာ ဖြစ်သည်။

" နတ်ဘုရားအမြုတေနဲ့ ပင်မနတ်ဘုရားအမြုတေအတွက် ကြိုးစားရမယ့်အချိန် ရောက်ပြီ။ " လင်းယွမ်က အဝေးသို့ ကြည့်လိုက်သည်။ သူ၏ အကြည့်က လေဟာနယ်အလွှာများစွာကို ဖြတ်ပြီး အလင်းပင်လယ်နှင့် အမှောင်ချောက်နက်သို့ ကျရောက်သွားသည်။

သူက အတွေးများနှင့်အတူ လုံရှန်ခန်းမထဲမှ ထွက်ခွာသွားသည်။

" ခေါင်းဆောင်..."

" ခေါင်းဆောင် တံခါးပိတ်ကျင့်ကြံတာ ထွက်လာပြီ။ "

မကြာမီ သတင်းက ပျံ့နှံ့သွားပြီး လုံရှန်မျိုးနွယ်ဝင်များက ခန်းမ၏ အပြင်ဘက်တွင် စုဝေးနေကြသည်။

" ယွမ်အာ... " လုံရှန်ဖန်တို့ ဇနီးမောင်နှံက တစ်စုံတစ်ခု ပြောရန်ပြင်လိုက်ကြသော်လည်း ဘယ်ကစပြောရမှန်း မသိတော့ပေ။

သူတို့က လင်းယွမ်ကို ယခင်လိုပဲ မြင်ကြလေသည်။ နတ်ဘုရားကိုယ်ပွားများကို ပုရွက်ဆိတ်များသဖွယ် သတ်ခဲ့သော လုံရှန်ခေါင်းဆောင်နှင့် ယှဉ်တွဲ၍ မရပေ။

" ခေါင်းဆောင် ခေါင်းဆောင်က အဲ့ဒီနတ်ဘုရားကိုယ်ပွားတွေကို တကယ် သတ်ခဲ့တာလား။ " လုံရှန်လင်းက မနေနိုင်တော့ဘဲ မေးလိုက်သည်။ " အမိန့်ဘုရားကျောင်းခေါင်းဆောင်ပြောတာ အမှန်တွေလား။ "

" အမှန်ပဲ။ ငါသူတို့ကို သတ်ခဲ့တာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူ၏ အတွင်းကမ္ဘာထဲရှိ လေဟာနယ်အလွှာ သန်း ၁၂၀ သို့ ရောက်ရှိသွားသောကြောင့် လင်းယွမ်က ဒသမအလွှာတစ်ယောက်နှင့် တိုက်ခိုက်ရန်ပင် ယုံကြည်မှုရှိလေသည်။

ဤကောင်းကင်နှင့် မြေကြီးကြားတွင် သူက ပြိုင်ဘက်ကင်းပြီး တားဆီးမရပေ။

" ခေါင်းဆောင်က သူတို့ကို တကယ် သတ်ခဲ့တာပေါ့။ "

" ခေါင်းဆောင်က နတ်ဘုရားကိုယ်ပွားကိုတောင် သတ်နိုင်ရင် နတ်ဘုရားတွေကိုလည်း သတ်နိုင်လိမ့်မယ်။ "

လုံရှန်မျိုးနွယ်ဝင်များ၏ စိတ်များက တုန်ယင်လာကြသည်။ ထိုစကားကို အခြားသူများဆီမှ ကြားရခြင်းနှင့် သူတို့ခေါင်းဆောင်ဆီမှ ကြားရခြင်းတို့က လုံးဝကွာခြားလေသည်။

" ကျွန်တော်တို့ လုံရှန်မျိုးနွယ်က နတ်ဘုရားမျိုးနွယ်ဖြစ်တော့မှာပေါ့။ " လုံရှန်မျိုးနွယ်၏ အကြီးအကဲများက မျက်ရည်များဝဲလာကြသည်။

နိုင်ငံများစွာကုန်းမြေတွင် အင်ပါယာများထက် သာလွန်သော အင်အားစုများရှိနေပြီး သူတို့က နတ်ဘုရားတစ်ပါး ထွက်ပေါ်လာသော မျိုးနွယ်များဖြစ်ကြသည်။

ထိုမျိုးနွယ်များက ဘုရားကျောင်း၏ လက်အောက်တွင် ရှိကြပြီး အလင်းပင်လယ်မှ နတ်ဘုရားများ၏ အာရုံစိုက်မှုခံရလေသည်။ ယခု လုံရှန်မျိုးနွယ်ကလည်း ထိုအဆင့်သို့ ရောက်နေပြီဖြစ်သည်။

၎င်းက လင်းယွမ် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သည်ထက် ပို၍ တုန်လှုပ်စရာကောင်းလေသည်။

လင်းယွမ်က စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြသော လုံရှန်မျိုးနွယ်ဝင်များကို ကြည့်ပြီး ပြုံးလိုက်သည်။ " ငါ အခု အလင်းပင်လယ်ကို သွားတော့မယ်။ "

" အလင်းပင်လယ်ကို သွားမှာလား။ " လုံရှန်လင်းက ယခုအချိန်တွင် သူတို့၏ ခေါင်းဆောင်က သာမန်နတ်ဘုရားတစ်ပါးမဟုတ်ပေ။

" ခေါင်းဆောင် အလင်းပင်လယ်ကို ဘာလုပ်ဖို့သွားမှာလဲ။ " လုံရှန်လင်းက တုန့်ဆိုင်းစွာဖြင့် မေးလိုက်သည်။

" ငါ နတ်ဘုရားတွေနဲ့ အပေးအယူတစ်ခု လုပ်ဖို့သွားမှာ။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။

လင်းယွမ်၏ နတ်ဘုရားများနှင့် အပေးအယူမှာ သူတို့၏ နတ်ဘုရားအမြုတေများကို ဆန္ဒအလျောက် ပေးအပ်ရန်ဖြစ်သည်။ သူက အလှည့်ကျနားလည်ပြီးနောက် သူတို့ကို ပြန်လည်ပေးအပ်မည်ဖြစ်သည်။ နတ်ဘုရားများက ပူးပေါင်းဆောင်ရွက်လျှင် လင်းယွမ်က သူတို့ကို မျက်နှာသာပေးနိုင်လေသည်။

" အပေးအယူတစ်ခုလုပ်မလို့လား။ " လုံရှန်လင်းက တံတွေးများ မျိုချလိုက်သည်။

လုံရှန်မျိုးနွယ်ဝင်များကတော့ များစွာမစဉ်းစားကြပေ။ သူတို့က လုံရှန်မျိုးနွယ် နတ်ဘုရားမျိုးနွယ်ဖြစ်လာခြင်းကြောင့် ပျော်ရွှင်နေရုံသာ ဖြစ်သည်။

လင်းယွမ်က ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ၏ ရှေ့မှ လေဟာနယ်က ရုတ်တရက် ဆုတ်ပြဲသွားပြီး အက်ကြောင်းတစ်ခုပွင့်ကာ တစ်ဖက်တွင် အဆုံးမဲ့အလင်းများနှင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခု ပေါ်လာသည်။ ၎င်းက အလင်းပင်လယ်ပင်ဖြစ်သည်။

လင်းယွမ်က ရှေ့တိုးပြီး အလင်းပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။ အက်ကြောင်းက လျင်မြန်စွာ ပြန်ပိတ်သွားပြီး လုံရှန်မျိုးနွယ်ဝင်များက တုန်လှုပ်သော အမူအရာများနှင့် ကျန်နေခဲ့သည်။ ၎င်းက သူတို့အတွက် အလင်းပင်လယ်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်ဖြစ်သည်။

အလင်းပင်လယ်။

" အလင်း..." လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဤကမ္ဘာထဲတွင် ပထမဆုံး ပင်မနတ်ဘုရားက အလင်းနတ်ဘုရားဖြစ်ပြီး ကမ္ဘာပေါ်မှ အလင်းအားလုံးကို ထိန်းချုပ်ထားလေသည်။

လင်းယွမ်က အလင်းပင်လယ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ပင်မနတ်ဘုရား ၂၄ပါး စုဝေးနေသော နေရာတွင် အလင်းနတ်ဘုရား၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" လုံရှန်ခေါင်းဆောင်က အလင်းပင်လယ်ကို ရောက်လာပြီ။ " အလင်းနတ်ဘုရားက ချက်ချင်း ပြောလိုက်သည်။ အလင်းပင်လယ်ကို သူဖန်တီးထားခြင်းဖြစ်ပြီး သေးငယ်သော အပြောင်းအလဲများကိုပင် သတိထားမိနိုင်လေသည်။

" ဘာ..."

" သူက တကယ် ဒီကို လာရဲတာလား။ "

" ငါတို့က သူ့ကို ဒီကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ စဉ်းစားနေတုန်း သူကိုယ်တိုင်ရောက်လာတာပေါ့။ "

ပင်မနတ်ဘုရားများက မယုံကြည်နိုင်ဖြစ်သွားကြသော်လည်း ၎င်းက ကြီးမားသော အခွင့်အရေးဖြစ်သည်ကို နားလည်ကြလေသည်။

" ငါ အလင်းပင်လယ်ကို ချိပ်ပိတ်လိုက်ပြီ။ ငါတို့ ပင်မနတ်ဘုရားတွေအပါအဝင် ဘယ်သူမှ ဒီက အချိန်တိုအတွင်း မထွက်သွားနိုင်တော့ဘူး။ "

" ပထမဆုံး လုံရှန်ခေါင်းဆောင် ဘာပြောမလဲဆိုတာ အရင်ကြည့်ရအောင်။ သူက အထွတ်အထိပ်နတ်ဘုရားရဲ့ အခွင့်အလမ်းကို ငါတို့နဲ့ မျှဝေဖို့ ဆန္ဒရှိရင် သူ့ကို ငါတို့နဲ့ ပူးပေါင်းခွင့်ပေးမယ်။ "

ထိုစကားကို ပင်မနတ်ဘုရားများက လက်ခံလိုက်ကြသည်။ သူတို့က အထွတ်အထိပ်နတ်ဘုရား၏ အခွင့်အလမ်းကို တိုက်ခိုက်စရာမလိုပဲ အေးချမ်းစွာ ရရှိနိုင်ခြင်းက အကောင်းဆုံး ဖြစ်လေသည်။

လုံရှန်ခေါင်းဆောင်ကလည်း ဤနေရာသို့ လာရဲသောကြောင့် သူ့တွင် ယုံကြည်မှုများရှိနိုင်လေသည်။ သူတို့ ၂၄ပါးက လုံရှန်ခေါင်းဆောင်ကို ဖိနှိပ်ရန် ယုံကြည်မှုရှိကြသော်လည်း လုံရှန်ခေါင်းဆောင်က အချို့ကို သူနှင့်အတူ ခေါ်သွားနိုင်လေသည်။

" ဒီလေဟာနယ်အလွှာကို ပိတ်လိုက်တာလား။ " လင်းယွမ်က လေဟာနယ်၏ အပြောင်းအလဲများကို သတိထမိလိုက်သည်။

" အားနည်းတဲ့ ချိပ်စည်းပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူ၏ ခွန်အားနှင့် ထိုချိပ်စည်းကို အနည်းငယ်အားစိုက်ရုံဖြင့် ဖျက်ဆီးနိုင်လေသည်။

သို့သော် ဤနေရာသို့ လာရသည့် သူ၏ ရည်ရွယ်ချက်မှာ နတ်ဘုရားအမြုတေများဖြစ်လေသည်။ အလင်းပင်လယ်ကို ချိပ်ပိတ်လိုက်ခြင်းက သူပိုသဘောကျလေသည်။

လင်းယွမ်က စဉ်းစားနေစဉ် ပုံရိပ်များစွာက အဝေးတွင် ပေါ်လာကြသည်။

" အဲ့ဒါ လုံရှန်ခေါင်းဆောင်လား။ "

" အထွတ်အထိပ်နတ်ဘုရားရဲ့ အခွင့်အလမ်းကို ရခဲ့တဲ့သူပေါ့။ "

" အထွတ်အထိပ်နတ်ဘုရားက ငါတို့တွေ မော့မကြည့်နိုင်တဲ့ အရာတစ်ခုပဲ။ "

" ငါက အထွတ်အထိပ်နတ်ဘုရားကို ကောလဟာလတစ်ခုလို့ထင်ခဲ့တာ။ တကယ်ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ "

နတ်ဘုရားများစွာက လင်းယွမ်ကို လောဘများ၊ စိတ်လှုပ်ရှားမှုနှင့် အခြားခံစားချက်အမျိုးမျိုးနှင့် ကြည့်နေကြသည်။

ဝှစ် ဝှစ်....

ထိုအချိန်တွင် ပုံရိပ် ၂၄ခုက နတ်ဘုရားများ၏ အထက်တွင် ပေါ်လာကြသည်။

" ပင်မနတ်ဘုရား ၂၄ပါးလား။ အမှောင်ချောက်နက်က နတ်ဘုရားတွေလည်း လာခဲ့တာပေါ့။ "

" ဒီနေ့ လုံရှန်ခေါင်းဆောင်ကတော့ တကယ်အန္တရာယ်ရှိနေပြီ။ "

" အထွတ်အထိပ်နတ်ဘုရားရဲ့ အခွင့်အလမ်းကို ငါတို့လည်း ယှဉ်ပြိုင်နိုင်တာပဲ။ "

နတ်ဘုရားအမျိုးမျိုးက အတွေးများ မတူကြပေ။ သူတို့၏ မျက်လုံးထဲတွင် ယခင် လုံရှန်ခေါင်းဆောင်က သာမန်သေမျိုးတစ်ယောက်သာဖြစ်၏။ သူက အထွတ်အထိပ်နတ်ဘုရား၏ အခွင့်အလမ်းကြောင့်သာ ထိုအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုအခွင့်အလမ်းက သူတို့လက်ထဲသို့ ရောက်လာလျှင် ပင်မနတ်ဘုရားအဆင်ထက်ပင် ကျော်လွန်သွားနိုင်လေသည်။

" လုံရှန်ခေါင်းဆောင် " ထိုအချိန်တွင် ရွှေရောင်ဦးချိုများနှင့် ပင်မနတ်ဘုရားတစ်ပါးက စကားပြောလိုက်သည်။

သူက သက်တန့်နဂါးနတ်ဘုရားဖြစ်ပြီး နဂါးအားလုံး၏ မူလအစဖြစ်သည်။ ပြောရလျှင် လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ သက်တန့်နဂါးသွေးမျိုးဆက်က ထိုပင်မနတ်ဘုရားဆီမှ လာခြင်းဖြစ်သည်။

" ဒီကို ဘာကိစ္စနဲ့ လာခဲ့တာလဲ။ " သက်တန့်နဂါးနတ်ဘုရားက မေးလိုက်သည်။ သူက အထွတ်အထိပ်နတ်ဘုရား၏ အခွင့်အလမ်းကို လိုချင်သော်လည်း စိတ်မရှည်မှုကို မပြပေ။

" ငါက အပေးအယူတစ်ခုလုပ်ဖို့ ဒီကိုလာခဲ့တာပဲ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

သူက နတ်ဘုရားများစွာနှင့် ပင်မနတ်ဘုရား ၂၄ပါးကို ကြည့်လိုက်သည်။ သူ၏ စိတ်ကလည်း မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။ နတ်ဘုရားအမြုတေများက သူ့အတွက် လေဟာနယ်အလွှာများစွာ ဖွင့်ရန် ကူညီပေးနိုင်လေသည်။

All Chapters