← Chapters

ကောင်းကင်မှ ကြယ်များ ​ကြွေကျလာခြင်း...

Vol. 31 Ch. 480

ကောင်းကင်မှ ကြယ်များ ​ကြွေကျလာခြင်း...

Vol. 31 Ch. 480

" အပေးအယူတစ်ခု..."

" မင်းက ငါတို့နဲ့ အပေးအယူတစ်ခု လုပ်ချင်တာလား။ "

သက်တန့်နဂါးနတ်ဘုရားက အနည်းငယ် အံ့အားသင့်သွား၏။ အခြားပင်မနတ်ဘုရား ၂၃ပါးကလည်း ထိုသို့ပင်ဖြစ်သည်။

" ဘယ်လိုအပေးအယူလဲ။ " အလင်းနတ်ဘုရားက တိုက်ရိုက်ပြောလိုက်သည်။

" ငါက အားလုံးရဲ့ နတ်ဘုရားအမြုတေကို ငှားချင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ပင်မနတ်ဘုရား ၂၄ပါးနှင့် နတ်ဘုရားများအားလုံးက တိတ်ဆိတ်သွားကြသည်။ နတ်ဘုရားအမြုတေက နတ်ဘုရားများအတွက် အရေးကြီးဆုံးအရာဖြစ်သည်။ သူတို့၏ နတ်ဘုရားအမြုတေကို အခြားသူကို ပေးအပ်လိုက်ခြင်းက သူတို့၏ အသက်ကို ပေးအပ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

အထူးသဖြင့် ပင်မနတ်ဘုရားများက ပင်မနတ်ဘုရားအမြုတေမှ မွေးဖွားလာကြခြင်းဖြစ်သည်။ ပင်မနတ်ဘုရားအမြုတေကို ပေးအပ်လိုက်ပြီးသောအခါ လင်းယွမ်တွင် မကောင်းသောရည်ရွယ်ချက်များရှိလျှင် သူတို့အားလုံး ဖျက်ဆီးခံရပေလိမ့်မည်။

" လုံရှန်ခေါင်းဆောင် မင်းက အရမ်းမောက်မာတာပဲ။ " အမှောင်နတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။ " မင်းက ငါတို့ရဲ့ နတ်ဘုရားအမြုတေကို လိုချင်တာပေါ့။ အလဲအလှယ်အနေနဲ့ မင်းက ဘာပြန်ပေးမှာလဲ။ "

လင်းယွမ်က အပေးအယူဆိုသောကြောင့် သူဘာပြန်ပေးမလဲဆိုတာကို သူတို့က စိတ်ဝင်စားမိလေသည်။

" မင်းတို့ရဲ့ နတ်ဘုရားအမြုတေကို ပေးအပ်ရင် ငါက မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမှာပေါ့။ " လင်းယွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

" ဟားဟားဟား လုံရှန်ခေါင်းဆောင် မင်းက ငါတို့ကို ကိုယ်တွယ်ဖို့ တော်တော်ယုံကြည်မှုရှိနေတဲ့ပုံပဲ။ "

" မင်းက ငါတို့အသက်ကို ချမ်းသာပေးမှာလား။ ဒီနေ့ မင်း အလင်းပင်လယ်ထဲက ထွက်မသွားတာ ပိုကောင်းလိမ့်မယ်။ "

ပင်မနတ်ဘုရားများနှင့် နတ်ဘုရားအားလုံးက ရယ်လိုက်ကြသည်။ လင်းယွမ်က နတ်ဘုရားများထက် သာလွန်သော ခွန်အားကို ပြသခဲ့သည်။

သို့သော် ယခု ဤနေရာတွင် ပင်မနတ်ဘုရား ၂၄ပါး ရှိလေသည်။ လုံရှန်ခေါင်းဆောင်၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းသော သူတို့ကို ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။

ပင်မနတ်ဘုရားများ၏ ခွန်အားက ဤကမ္ဘာ၏ မူလရင်းမြစ်နှင့် ကိုက်ညီလေသည်။ ထို့ကြောင့် သူတို့က လင်းယွမ်ကို ဖိနှိပ်နိုင်သည်ဟု ယုံကြည်ကြခြင်းဖြစ်သည်။ သူတို့အားလုံးပူးပေါင်းလျှင် အထွတ်အထိပ်နတ်ဘုရားမဟုတ်ပါက သူတို့ကို ဘယ်သူမှမတားဆီးနိုင်ပေ။

" ကြည့်ရတာ ညှိနှိုင်းလို့မရတဲ့ပုံပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

နတ်ဘုရားများကို သူတို့၏ နတ်ဘုရားအမြုတေများ ဆန္ဒအလျောက် ပေးအပ်ရန် တောင်းဆိုခြင်းက သူတို့ကို မျက်နှာသာပေးခြင်းသာဖြစ်သည်။ လိုအပ်လျှင် သူကိုယ်တိုင် ယူလိုက်ရုံသာ ဖြစ်သည်။

" လုံရှန်ခေါင်းဆောင် အထွတ်အထိပ်နတ်ဘုရားရဲ့ အခွင့်အလမ်းကို ပေးအပ်ရင် ငါတို့ မင်းကို သွားခွင့်ပြုမယ်။ " အမိန့်နတ်ဘုရားက ပြောလိုက်သည်။ သူက လုံရှန်ခေါင်းဆောင်ကို လက်အောက်ခံစိတ်ဝိညာဉ်အဖြစ် စုဆောင်းချင်သောကြောင့် ထိုမျှစိတ်ရှည်နေခြင်းဖြစ်သည်။

" မှန်တယ်။ မင်း အထွတ်အထိပ်နတ်ဘုရားရဲ့ အခွင့်အလမ်းကို ပေးအပ်လိုက်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်။ "

" အထွတ်အထိပ်နတ်ဘုရားရဲ့ အခွင့်အလမ်းက မင်းတစ်ယောက်တည်း ထိန်းသိမ်းလို့ရတဲ့အရာ မဟုတ်ဘူး။ "

အခြားပင်မနတ်ဘုရားများကလည်း လင်းယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ သူတို့၏ မျက်လုံးများထဲတွင် လောဘများနှင့် ပြည့်နှက်နေကြသည်။ သူတို့က သူတို့၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ခြင်းမရှိဘဲ လင်းယွမ်ဆီမှ အထွတ်အထိပ်နတ်ဘုရား၏ အခွင့်အလမ်းကို တိုက်ရိုက် တောင်းဆိုလိုက်ကြသည်။

" အထွတ်အထိပ်နတ်ဘုရားရဲ့ အခွင့်အလမ်းလား။ " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။ " ထားလိုက်တော့ မင်းတို့နဲ့ ငြင်းခုန်နေရတာ အဓိပ္ပါယ်မရှိဘူး။ "

" မင်းတို့အားလုံး သေချင်နေမှတော့ ငါက နင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ "

၎င်းကို ကြားသောအခါ နတ်ဘုရားများက အံ့အားသင့်သွားကြပြီး ပင်မနတ်ဘုရား ၂၄ပါး၏ အမူအရာကလည်း တင်းမာသွားသည်။

သူတို့က လောဘရှိသော်လည်း ဆင်ခြင်တုံတရားရှိနေဆဲ ဖြစ်သည်။ လုံရှန်ခေါင်းဆောင်၏ စကားအရ သူက သူတို့အားလုံးကို ကိုင်တွယ်နိုင်စွမ်းရှိသကဲ့သို့ပင် ဖြစ်သည်။

ထိုအချိန်တွင် လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်း ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက လေဟာနယ်အလွှာ သန်း ၁၂၀ကို ထိန်းချုပ်ပြီး ပင်မနတ်ဘုရားများနှင့် နတ်ဘုရားများကို ဖြတ်သန်းသွားသည်။

" ဒါက..." နတ်ဘုရားများက သူတို့၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အခြားအရာအားလုံး စတင်ပြိုကွဲလာသည်ကို ခံစားလိုက်ရသည်။

" မဟုတ်ဘူး...."

နတ်ဘုရားများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြပြီး အဆင့်မြင့်နတ်ဘုရားများပင် လင်းယွမ်၏ စွမ်းအားကို ခုခံနိုင်စွမ်းမရှိကြပေ။ သူတို့၏ စိတ်အသိများက အမှောင်ထုထဲသို့ ကျရောက်သွားပြီး သူတို့၏ နတ်ဘုရားအမြုတေများသာ ကျန်နေခဲ့သည်။

လေဟာနယ်အလွှာ သန်း ၁၂၀က ပင်မနတ်ဘုရား ၂၄ပါးကို ဝန်းရံသွားသည်။ သူတို့က လေဟာနယ်အလွှာများထဲသို့ ပုန်းကွယ်ရန် ကြိုးစားကြသော်လည်း သူတို့ဝင်ရောက်သွားသော အလွှာတိုင်းက လင်းယွမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလေသည်။

လုံရှန်ခန်းမ၏ အပြင်ဘက်တွင် လုံရှန်မျိုးနွယ်ဝင်များက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြဆဲ ဖြစ်သည်။

" ခုနက အလင်းပင်လယ်လား။ "

" နတ်ဘုရားတွေနေတဲ့ အသန့်စင်ဆုံး ကမ္ဘာလား။ ခေါင်းဆောင်က အဲ့ဒီနေရာကို စိတ်ရှိသလိုဝင်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ "

" ခေါင်းဆောင်ရဲ့ ခွန်အားက ပင်မနတ်ဘုရားတွေအောက်က နတ်ဘုရားတွေကြားမှာတောင် အသန်မာဆုံး ဖြစ်ရမယ်။ "

လုံရှန်မျိုးနွယ်ဝင်များ၏ မျက်နှာများတွင် ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေသည်။

" အစောက ခေါင်းဆောင်က နတ်ဘုရားတွေနဲ့ အပေးအယူလုပ်မလို့ သွားမှာဆိုတာ ဘာကိုပြောတာလဲ။ "

" အဲ့ဒါက ညှိနှိုင်းရမှာဆိုတော့ အောင်မြင်နိုင်သလို ကျရှုံးနိုင်တယ်။ "

" ဒါဆို ခေါင်းဆောင်က နတ်ဘုရားတွေနပြ့ ညှိနှိုင်းတာ မအောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ "

သူတို့က ခေါင်းဆောင်ကို နတ်ဘုရားများနှင့် သဘောထားကွဲလွဲမှု သို့မဟုတ် ပဋိပက္ခမဖြစ်စေရန်သာ မျှော်လင့်ကြလေသည်။

ထိုအချိန်တွင် လုံရှန်မျိုးနွယ်ဝင်တစ်ယောက်က တစ်စုံတစ်ခုကို သတိထားမိသွားပြီး တုန်ယင်စွာ ပြောလိုက်သည်။

" ကောင်း ကောင်းကင်ကို ကြည့်လိုက်။ "

" ကောင်းကင်ကို..."

လုံရှန်မျိုးနွယ်ဝင်များက စိတ်ရှုပ်ထွေးစွာဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူတို့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။

သူတို့၏ အံ့ဩသော အကြည့်များအောက်တွင် ကောင်းကင်မှ ကြယ်အစုအဝေးက တုန်ခါလာပြီး ကြယ်များက တစ်လုံးပြီးတစ်လုံး ကြွေကျလာသည်။ ကောင်းကင်တွင် နှစ်ပေါင်းများစွာ ချိတ်ဆွဲထားသော ကြယ်များအားလုံးက ကြယ်မိုးသဖွယ် ကမ္ဘာမြေပေါ်သို့ စတင်ကျဆင်းလာသည်။

လုံရှန်မျိုးနွယ်ဝင်အားလုံးက ထိတ်လန့်မှုကြောင့် တုန်ယင်နေကြသည်။ ၎င်းက ကြယ်အနည်းငယ် ကြွေကျခြင်းမဟုတ်ဘဲ ကောင်းကင်ရှိ ကြယ်အစုအဝေးတစ်ခုလုံး ကြွေကျနေခြင်းဖြစ်သည်။

ဤကမ္ဘာမှ ကြယ်များက နတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများဖြစ်ပြီး သူတို့၏ ရှင်သန်မှုကို ကိုယ်စားပြုလေသည်။ နှစ်ပေါင်းများစွာကြာအောင် လူတိုင်း၏ မျက်လုံးထဲတွင် ကောင်းကင်မှ ကြယ်များက ထာဝရတည်ရှိနေခြင်းဖြစ်သည်။

သို့သော် ယခု လုံရှန်မျိုးနွယ်ဝင်များ၏ တုန်လှုပ်သော အကြည့်များအောက်တွင် ကြယ်များအားလုံးက ကြွေကျနေကြလေသည်။

" ကြယ်တွေ အဲ့ဒါ နတ်ဘုရားတွေရဲ့ နတ်ဘုရားနိုင်ငံတွေ အဲ့ဒါတွေက ဘယ်လိုလုပ်ကြွေကျလာတာလဲ။ "

" နတ်ဘုရားနိုင်ငံတွေ ပြိုကွဲတာက နတ်ဘုရားတွေ သေဆုံးတာကို ဆိုလိုတာပဲ။ ဒါပေမယ့် အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

လုံရှန်မျိုးနွယ်ဝင်များက မယုံကြည်နိုင်ဖြစ်နေကြသည်။ အချို့က အိပ်မက်မက်နေသည်ဟု ထင်ပြီး သူတို့ကိုသူတို့ အကြိမ်ကြိမ် ရိုက်ပုတ်ကြည့်နေကြသည်။ သို့သော် သူတို့က နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူတို့၏ စိတ်ထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။

" မကောင်းတော့ဘူး။ ခေါင်းဆောင်က ခုနကမှ အလင်းပင်လယ်ထဲဝင်သွားတာပဲ။ "

" နတ်ဘုရားနိုင်ငံတွေ ပြိုကွဲတာက အလင်းပင်လယ်နဲ့ အမှောင်ချောက်နက်မှာ တစ်ခုခု ဖြစ်တယ်ဆိုတာ ဖော်ပြနေတာပဲ။ ခေါင်းဆောင်တစ်ခုခုဖြစ်သွားနိုင်လား။ "

လုံရှန်မျိုးနွယ်၏ အကြီးအကဲများက စိုးရိမ်သွားကြ၏။

" ခေါင်းဆောင်က ဘာမှမဖြစ်လောက်ပါဘူး။ "

ကောင်းကင်တွင် နှစ်ပေါင်းများစွာ ရှိနေသော ကြယ်များကြွေကျလာခြင်းကို လုံရှန်မျိုးနွယ်ဝင်များသာ မြင်တွေ့ခဲ့ခြင်းမဟုတ်ပေ။ ကမ္ဘာမြေပေါ်ရှိ လူသားအားလုံးနှင့် သက်ရှိတိုင်းက ၎င်းကို မြင်တွေ့ခဲ့လေသည်။

" ကြယ်တွေကြွေကျတာလား။ "

" နတ်ဘုရားတွေ သေဆုံးသွားတာလား။ "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နတ်ဘုရားဒီလောက်အများကြီးက ဘယ်လိုလုပ်တစ်ချိန်တည်း သေဆုံးနိုင်မှာလဲ။ "

နှစ်ပေါင်းထောင်ချီအသက်ရှင်နေကြသော နတ်ဘုရားတစ်ပိုင်းအဆင့်များကလည်း အံ့အားသင့်နေကြသည်။ သူတို့က အချိန်ကြာ အသက်ရှင်ခဲ့ကြပြီး နတ်ဘုရားများ၏ စစ်ပွဲအကြောင်းကိုလည်း သိထားလေသည်။

နတ်ဘုရားများကလည်း သေဆုံးနိုင်လေသည်။ သူတို့က ပို၍ ရှည်ကြာစွာ အသက်ရှင်ခဲ့သောကြောင့်သာ သူတို့ကို ထာဝရဟု ယုံကြည်နေကြခြင်းဖြစ်သည်။

နတ်ဘုရားစစ်ပွဲတွင် အလင်းပင်လယ်နှင့် အမှောင်ချောက်နက်မှ နတ်ဘုရားများက တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ကြပြီး နတ်ဘုရားများစွာ သေဆုံးခဲ့ရလေသည်။ သို့သော် အပြင်းထန်ဆုံးစစ်ပွဲများမှာတောင် နတ်ဘုရားများက ဆယ်ချီ သို့မဟုတ် ရာချီသာ သေဆုံးကြလေသည်။ သို့သော် ယခု နတ်ဘုရားထောင်ချီသေဆုံးသွားခြင်းဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်များ၏ စိတ်ဝိညာဉ်များက တုန်ယင်သွားကြသည်။ အလင်းပင်လယ်နှင့် အမှောင်ချောက်နက်မှ နတ်ဘုရားများက တစ်ကြိမ်တည်း သုတ်သင်ခံလိုက်ရသည်ဟုပင် သူတို့က တွေးမိကြသည်။

" ဘာဖြစ်တာလဲ။ "

" အလင်းပင်လယ်နဲ့ အမှောင်ချောက်နက်မှာ ဘာဖြစ်နေတာလဲ။ "

" ပင်မနတ်ဘုရား ၂၄ပါးက နတ်ဘုရားတွေကို သတ်ဖြတ်နေတာလား။ "

နတ်ဘုရားများအား အစုလိုက်အပြုံလိုက် သတ်နိုင်သူမှာ ပင်မနတ်ဘုရားများသာ ရှိလေသည်။ ပင်မနတ်ဘုရားတစ်ပါးတည်းမဟုတ်ဘဲ ပင်မနတ်ဘုရား ၂၄ပါးက ပူးပေါင်းသတ်ဖြတ်နေကြခြင်းဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်များက စိတ်ပျက်အားငယ်သွားကြသည်။ သူတို့က ပုန်းကွယ်ကာ ယုံကြည်မှုများကို လျို့ဝှက်စွာ စုဆောင်းပြီး နတ်ဘုရားနိုင်ငံကို မြှင့်တင်ရန် ရည်ရွယ်ထားကြသည်။ သို့သော် ယခု သူတို့၏ အဆုံးစွန်သော ပန်းတိုင်ဖြစ်သည့် နတ်ဘုရားများက အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တွင် ဝက်များ၊ ခွေးများလို သတ်ဖြတ်ခံနေရလေသည်။

All Chapters