← Chapters

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ တန်ပြန်မှု...

Vol. 31 Ch. 477

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ တန်ပြန်မှု...

Vol. 31 Ch. 477

မှော်ကွန်ရက်နတ်ဘုရားက သူမ၏ မှော်ကွန်ရက်နှင့် တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းထားပြီး သူမက အလင်းပင်လယ်ရှိ ပင်မနတ်ဘုရား ၁၂ပါးထဲမှ တစ်ပါးဖြစ်သည်။

လင်းယွမ်က တပ်မက်ခြင်းဘုရားကျောင်းသို့ တိုက်ခိုက်ချိန်တွင် မှော်ကွန်ရက်နတ်ဘုရား သတိထားမိသွားမည် စိုးရိမ်သောကြောင့် သူ၏ စွမ်းအားကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။

" လုံရှန်ခေါင်းဆောင် ရှင်က တကယ်ဘယ်သူလဲ။ " မှော်ကွန်ရက်နတ်ဘုရား၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်နှင့် တောက်ပနေပြီး လင်းယွမ်ကို ကြည့်ကာ ဖြည်းညင်းစွာ မေးလိုက်သည်။

ပင်မနတ်ဘုရားတစ်ပါးအနေဖြင့် ကမ္ဘာပေါ်မှ သက်ရှိများအပြင် နတ်ဘုရားအားလုံး၏ အထက်တွင် ရပ်တည်နေပြီး သူတို့၏ စိတ်ခံစားမှုကို လှုပ်ရှားစေနိုင်သောအရာက အနည်းငယ်သာ ရှိလေသည်။ သို့သော် လင်းယွမ်က ၎င်းကို သေချာပေါက် လုပ်နိုင်လေသည်။

" ငါ ဘယ်သူလဲဆိုတာ မကြာခင် သိရပါလိမ့်မယ်။ ငါကိုယ်တိုင် အလင်းပင်လယ်ကို လာခဲ့မှာပါ။ အဲ့ဒီအခါကျ မင်းတို့ ပင်မနတ်ဘုရားတွေ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ "

လင်းယွမ်က ပင်မနတ်ဘုရားများနှင့် ပက်သက်ရန် စိတ်မဝင်စားပေ။ လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်သည်နှင့် လေဟာနယ်အလွှာပေါင်းများစွာဖြင့် ပေါင်းစပ်သွားပြီး အရာအားလုံးကို ရှင်းလင်းသွားသည်။

သူ၏ ရှေ့မှ မှော်ကွန်ရက်နတ်ဘုရားက မှော်ကွန်ရက်မှ ဖွဲ့စည်းထားသော ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး လင်းယွမ်က သူမကို အတွေးတစ်ချက်နှင့် ဖျက်ဆီးနိုင်လေသည်။

" မှော်ကွန်ရက်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏ အတွေးများက လှုပ်ရှားသွားသည်။ သူက မှော်ကွန်ရက်ကို ဖျက်ဆီးပြီး ဆက်သွယ်ရေးကွန်ရက်အသစ်တစ်ခုကို တည်ဆောက်နိုင်စွမ်းရှိလေသည်။

အလင်းပင်လယ်။

ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား၏ နန်းတော်ရှေ့တွင် နတ်ဘုရားများ စုဝေးနေကြသည်။ မကြာသေးမီက အဖြစ်အပျက်များက နတ်ဘုရားများကြား ပျံ့နှံ့နေပြီဖြစ်သည်။

လူသားနယ်မြေအတွင်း ပင်မနတ်ဘုရားနှင့် ယှဉ်နိုင်သော စွမ်းအားကြီးသူတစ်ယောက်ထွက်ပေါ်လာခြင်းမှာ အလွန်ထူးဆန်းသော ကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့် နန်းတော်ရှေ့တွင် အလင်းပင်လယ်၏ နတ်ဘုရားရှစ်ဆယ်ရာခိုင်းနှုန်းက ထိုနေရာသို့ ရောက်နေကြသည်။

အဝေးမှ ပင်မနတ်ဘုရားများ၏ စိတ်အသိများကလည်း ကြည့်ရှုနေကြသည်။ ထိုအချိန်တွင် တံခါးများပွင့်လာပြီး အဖြူရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ထွက်လာသည်။

" မင်းတို့ဘာကြောင့်လာခဲ့တယ်ဆိုတာ ငါသိပါတယ်။ "ဆံပင်ဖြူနှင့် အဘိုးအိုက ပြောလိုက်သည်။

" လုံရှန်ခေါင်းဆောင်ရဲ့ မူလကို သိဖို့က ခက်ခဲတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ "

သူက အစတွင် ပျောက်ကွယ်သွားသော နတ်ဘုရားတစ်ပိုင်းများ၏ နောက်ဆုံးတည်နေရာကို လုံရှန်နယ်မြေဟု တွက်ချက်ခဲ့သော်လည်း နောက်ဆက်တွဲအကျိုးဆက်များကို ဟောကိန်းမထုတ်ခဲ့ပေ။ သူက ယခုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားပေ။

"ကျေးဇူးတင်ပါတယ် ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား။ "

" နတ်ဘုရားက အားလုံးသိတယ်။ လုံရှန်ခေါင်းဆောင်အကြောင်းက မကြာခင်ပေါ်လာလိမ့်မယ်။ " နတ်ဘုရားများက စိတ်ဝင်တစား ပြောလိုက်ကြသည်။

" ဒါဆို ငါစတော့မယ်။ " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက လုံရှန်ခေါင်းဆောင်၏ နာမည်နှင့် လုံရှန်နယ်မြေ၏ သီးခြားတည်နေရာကို တိတ်တဆိတ် ရေရွတ်လိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားအမြုတေ၏ စွမ်းအားကို အသက်သွင်းပြီး လုံရှန်ခေါင်းဆောင်၏ အတိတ်ကို စုံစမ်းရန်အတွက် ဤကမ္ဘာ၏ နိယာမများနှင့် မဟာတာအိုကို အသုံးပြုလိုက်သည်။

လုံရှန်နယ်မြေ၏ အတိတ်မှအဖြစ်အပျက်များက ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုဖြစ်ရပ်များက အချိန်ကို နောက်ပြန်ရစ်နေခြင်းဖြစ်သည်။ အချိန်က နှစ်တစ်ရာ၊ နှစ်သုံးရာ၊ နှစ်ငါးရာအထိ ပြန်သွားခဲ့သည်။

" မူလကဘာဖြစ်နိုင်မလဲ။ " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။

ဟောကိန်းထုတ်ခြင်းက အချိန်၏ လုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အချိန်နတ်ဘုရားအမြုတေကို အသုံးချပြီး အတိတ်ကို ခြေရာခံခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူက အချိန်ကို လုံလောက်စွာ နောက်ပြန်လှည့်ခြင်းဖြင့် သူမသိနိုင်သည်များ မရှိတော့ပေ။

အလင်းပင်လယ်နှင့် အမှောင်ချောက်နက်မှ နတ်ဘုရား ၂၄ပါးတွင် ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက တိုက်ခိုက်ရေးစွမ်းအားတွင် အသန်မာဆုံးမဟုတ်သော်လည်း သတ်ရန် အခက်ခဲဆုံးဖြစ်သည်။ အတိတ်ကိုကြည့်ရှုခြင်းဖြင့် သူက အသက်ကယ်နည်းလမ်းများစွာ တွေ့ခဲ့ရလေသည်။

အချိန်က ဆက်၍ နောက်ပြန်လှည့်နေခဲ့သည်။ သို့သော် နေရာတစ်ခုတွင် အချိန်၏ နောက်ပြန်လှည့်မှုက အကျဉ်အကျပ်ထဲသို့ ရောက်ရှိသွားသည်။

" ဟင် " ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ယခင် ထိုသို့မကြုံတွေ့ဖူးပေ။

တစ်စုံတစ်ခုက သူ၏ အချိန်နောက်ပြန်လှည့်မှုကို ခံနိုင်ရည်ရှိနေသည်။ ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားက ထိုမြင်ကွင်းကို အလျင်အမြန် စစ်ဆေးလိုက်သည်။ ငယ်ရွယ်သော လုံရှန်ခေါင်းဆောင်က အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး သူက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။

ထိုအချိန်တွင် အချိန်စီးဆင်းမှုက စိတ်ကူးမယဉ်နိုင်သော အရာတစ်ခုနှင့် ဆုံတွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ အချိန်မြစ်တစ်ခုလုံးက လှုပ်ရှားလာပြီး ရှေ့ဖြစ်ဟောခြင်းနတ်ဘုရား၏ အမူအရာကလည်း ပြင်းထန်စွာ ပြောင်းလဲသွားသည်။ သူက အချိန်မြစ်ဆီမှ သူ့ကို ဝါးမျိုလုနီးပါးဖြစ်နေသော တန်ပြန်မှုကို ခံစားလိုက်ရသည်။

" ဝေါ့..." ရှေးဖြစ်ဟောခြင်းနတ်ဘုရား၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ၏ အသက်ရှူနှုန်းက လျော့ကျသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အချိန်နတ်ဘုရားအမြုတေက အက်ကြောင်းများထင်လာသည်။

ကောင်းကင်ကို အလင်းပေးထားသော ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားကို ကိုယ်စားပြုသော ကြယ်က ရုတ်တရက် တုန်ယင်လာသည်။

လုံရှန်ခန်းမထဲတွင် လင်းယွမ်က နတ်ဘုရားတစ်ပိုင်းအမြုတေမှတစ်ဆင့် လေဟာနယ်အနှစ်သာရကို လေ့လာနေသည်။ ရုတ်တရက် သူက မျက်လုံးများ ဖွင့်လိုက်သည်။

" တစ်ယောက်ယောက်က ငါ့ကို ထောက်လှမ်းနေတာလား။ " လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားပြီး စောင့်ကြည့်ခံရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုစောင့်ကြည့်ခံရသော ခံစားချက်က အပြင်မှ မဟုတ်ဘဲ အချိန်နှင့် သက်ဆိုင်နေသည်။ လင်းယွမ်က ဤနှစ်များတွင် အချိန်နိယာမကို နားမလည်ခဲ့လျှင် ထူးခြားမှုကို ခံစားရမည်မဟုတ်ပေ။ နဝမအလွှာနှင့် ဒသမအလွှာများပင် အချိန်၏ နယ်ပယ်ထဲနွင် တန်ပြန်ရန် ခက်ခဲလေသည်။

" ဟင် " လင်းယွမ်၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါး ရှေ့သို့ ရောက်သွားပြီး ၎င်းက သာမန်တန်ပြန်မှုတစ်ခုအား ထုတ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။

" အဲ့ဒါ အနန္တကမ္ဘာများ၏ ဂိတ်တံခါးရဲ့ အော်ရာမျှင်တစ်ခုလား။ မဟုတ်သေးဘူး အဲ့ဒါ တန်ပြန်မှုတစ်ခုပဲ။ " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ အဆင့်ကို လင်းယွမ်က မသိသေးပေ။ သို့သော် ၎င်းက အလွှာဆယ့်နှစ် ကြီးမြတ်သူများထက် သာလွန်သည်က သေချာလေသည်။ ကြီးမြတ်သူများ မထိတွေ့နိုင်သောအရာကို အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အလွယ်တကူ လုပ်နိုင်လေသည်။

ထိုကဲ့သို့သော တည်ရှိမှုများက အချိန်တိုင်း ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။ ခွန်အားမလုံလောက်သေးသော သက်ရှိများက ၎င်းတို့ကို ကြည့်ရှုရန် သို့မဟုတ် ထောက်လှမ်းရန် ကြိုးစားခဲ့လျှင် အကွာအဝေးနှင့် အတားအဆီးများစွာ ရှိနေလျှင်တောင် ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်မှုကို ခံစားရစေနိုင်လေသည်။

ယခုက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပုံရိပ်တစ်ခုသာ ဖြစ်သည်။ အစစ်အမှန် အနန္တကမ္ဘာများ၏ ဂိတ်တံခါးသာ ဖြစ်ခဲ့လျှင်.... ၎င်းက မဖြစ်နိုင်ပေ။ အကြောင်းမှာ အစစ်အမှန် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ဤကမ္ဘာသို့ ဆင်းသက်လာလျှင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားပြီဖြစ်သည်။

" အဲ့ဒါ ဘယ်နေရာက ပင်မနတ်ဘုရားလဲ။ " လင်းယွမ်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

ကောင်းကင်တွင် ပင်မနတ်ဘုရား ၂၄ပါးကို ကိုယ်စားပြုသော ကြယ်၂၄လုံးထဲမှ တစ်လုံးက ပြင်းထန်စွာ တုန်ခါလာပြီး ပြိုကွဲတော့မည့်လက္ခဏာများ ပြလာသည်။

" ရှေ့ဖြစ်ဟောခြင်းနတ်ဘုရားလား။ " လင်းယွမ်က လေ့လာပြီး ခန့်မှန်းလိုက်သည်။

ကောင်းကင်မှ ကြယ်များက နတ်ဘုရားများကို ကိုယ်စားပြုလေသည်။ အထူးသဖြင့် အကြီးဆုံး ကြယ် ၂၄လုံးက ပင်မနတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများ ဖြစ်ကြလေသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ တန်ပြန်တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်ချိန်တွင် ပင်မနတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံတစ်ခုက တုန်ယင်လာခဲ့ခြင်းဖြစ်သည်။ ၎င်းက သူ့အား ထောက်လှမ်းခဲ့သူဖြစ်သည်ကို လင်းယွမ်က နားလည်သွားသည်။

" အချိန်စွမ်းရည်ကို ပိုင်ဆိုင်တဲ့ ပင်မနတ်ဘုရားတစ်ပါး ရှိနေတာပဲ။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

အချိန်နိယာမက လေဟာနယ်နိယာမကဲ့သို့ အဓိကနိယာမတစ်ခုဖြစ်သော်လည်း ၎င်း၏ ခက်ခဲမှုနှင့် ရှုပ်ထွေးမှုက နောက်ပိုင်း များစွားကြီးမားလေသည်။

ဤကမ္ဘာတွင် နတ်ဘုရားများက နိယာမများကို နားလည်ရန် နတ်ဘုရားအမြုတေများကို သော့အဖြစ် အသုံးပြုကြလေသည်။ လေဟာနယ်စွမ်းရည်ပါဝင်သော နတ်ဘုရားတစ်ပိုင်းအမြုတေက လင်းယွမ်ကို ဤကမ္ဘာ၏ လေဟာနယ်များကို မြင်စေနိုင်ပြီး လေဟာနယ်အလွှာများ ဖန်တီးရာတွင် များစွာ အထောက်အကူပြုလေသည်။

အချိန်စွမ်းရည်ကို ပိုင်ဆိုင်သော နတ်ဘုရားအမြုတေဆိုလျှင်ရော....

" အဲ့ဒါက နတ်ဘုရားအမြုတေထဲမှာ အချိန်နိယာမ ဘယ်လောက်ပါဝင်လဲအပေါ် မူတည်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

အတွင်းရှိ အချိန်၏ အနှစ်သာရ အလွန်မြင့်မားနေလျှင် ထိုပင်မနတ်ဘုရားက အချိန်နိယာမကို နက်ရှိုင်းစွာ အသုံးပြုနိုင်သည်ကို ပြသလေသည်။ သူ၏ မူလခန္ဓာကိုယ်က အချိန်စီးဆင်းမှုကို တိုက်ရိုက်ဆန့်ကျင်ပြီး အတိတ်တွင် ပုန်းအောင်နေလျှင် လင်းယွမ်က ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

All Chapters