လုယူခြင်းရတနာ Vs နတ်ဘုရားအရှင်ဝိညာဉ်သော့
Vol. 44 Ch. 817
ထိုနန်းတော်၌ ခြေချလိုက်လျှင်၊ နန်းတော်တစ်ဝိုက်တွင် နေရာချထားသော ရတနာများကို မြင်လိုက်ရသည်။
ကြက်သွေးရောင်နဂါးသလင်းကျောက်များ၊ မိုးကြိုးအတိဒုက္ခနတ်ဘုရားသစ်သား၊ နေကိုးစင်းဝိညာဉ်၊ လေဟာနယ်မြေဆီလွှာ၊ ထောင်စုနှစ်အေးခဲသံ….
ပြီးနောက် ဆက်လက်၍ ရှိသေးသည်။
ထို့အပြင်၊ ထိုရတနာများကြားတွင် များစွာသောစွမ်းအားကြီး ဝိညာဉ်ရတနာများသည် လင်းလက်သည့်အတားအဆီးများနှင့် တားမြစ်ထားလေသည်။
တစ်ချက်ကြည့်ရုံမျှဖြင့်၊ ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ထိုဝိညာဉ်ရတနာများကြားတွင် ဆယ်ခုထပ်မကသောပစ္စည်းများသည် အဆင့်မြင့်များဖြစ်ကြပြီး အံ့အားသင့်စရာက သူတို့ထဲမှ နှစ်ခုသည် အသာလွန်ဆုံးအဆင့်သို့ပင် ရောက်နေပြီဖြစ်သည်ကိုတွေ့လိုက်ရသည်။
ထိုကဲ့သို့သော ရတနာများသည် ထိုးထွင်းသိမြင်ခြင်းအဆင့်တွင်ရှိသည့် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့ကဲ့သို့ ကျင့်ကြံသူများသည်ပင် အသက်ရှုမှားသွားရသည်။
သူတို့ရှေ့မှ အရာများသည် လူတိုင်း၏ မျှော်မှန်းချက်မှ ကျော်လွန်နေပါသည်။
သို့ရာတွင် သူတို့သည် လျှင်မြန်စွာပင် သူတို့၏အသိကိုပြန်လည်ရရှိလာသည်။
နတ်ဘုရားအရှင်နှင်းဓားက ပြောလိုက်သည်။
“ဂျူနီယာမောင်လေးကျန်း၊ ဂျူနီယာညီမရှန်း၊ စီနီယာအစ်မယွဲ့။
ပစ္စည်းအားလုံးကို ကျွန်မတို့အစက သဘောတူထားတဲ့အတိုင်း ခွဲဝေယူကြတာပေါ့။ ဘယ်လိုလဲ?”
“ကျွန်မက ပြဿနာမရှိပါဘူး။”
ယွဲ့ချန်ကျွင်းသည် အရင်ဆုံးသဘောတူလိုက်သည်။
ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ခေါင်းညိတ်လိုက်ကြသည်။
၎င်းသည် အားထားရသောအသင်းတစ်ခု၏အရေးကြီးမှုပင်ဖြစ်သည်။
များပြားသော အကျိုးအမြတ်များနှင့်တွေ့ရလျှင် သူတို့သည် အစကသဘောတူထားချက်ကို မှတ်ထားကာ ချက်ခြင်းရရှိသောအကျိုးအမြတ်ကြောင့် မျက်ကန်းမဖြစ်သင့်ပါ။
ထိုသို့သောအသင်းသည်သာနောက်ဆုံးထိ ခံလိမ်မည်ဖြစ်သည်။
သူတို့၏ခရီးစဉ်တွင်ကောင်းကင်တာအိုလမ်းစဉ်ဖြင့် ရစ်ပတ်နေပြီး ထိုလမ်းစဉ်သည် နှလုံးသားထဲ၌သာရှိနေရမည်မဟုတ်ဘဲ ပြုမူလုပ်ဆောင်ရမည်ဖြစ်သည်။
ထိုနှလုံးသားသည် ပြောင်းလဲသွားသည်နှင့် အနာဂတ်တွင် တစ်ခုခုဖြစ်လာနိုင်ပါသည်။
မကြာမီ၊ လေးဦးသားသည် ၎င်းတို့၏ရတနာများအတွက် နန်းတော်ကို ရှာဖွေကြတော့သည်။
ထိုသာလွန်ဆုံးအဆင့် ဝိညာဉ်ရတနာသည် သူတို့၏ပထမဆုံးပစ်မှတ်ဖြစ်ကာသူတို့၏မူလသဘောတူညီချက်အရ ခွဲဝေယူကြလေသည်။
ကျန်းချန်ရွှမ်နှင့် နတ်ဘုရားအရှင်နှင်းဓားသည် တစ်ယောက်တစ်ခုဆီယူလိုက်ကြသည်။
ကျန်ရှိနေသော ဝိညာဉ်ရတနာနှင့် တန်ဖိုးရှိသောပစ္စည်းများအတွက်မူ မူလသဘောတူညီချက်နှင့် လုပ်ဆောင်ချက်များအရ တင်းကြပ်စွာခွဲဝေကြပြီး သူတို့အလိုအပ်ဆုံးအရာကိုယူရန် ကြိုးစားလိုက်ကြသည်။
အချိန်သိပ်မကြာခင်တွင်ပင် နန်းတော်၏ရတနာများအား လုံးဝ ကျန်းချန်ရွှမ်နှင့်အဖွဲ့မှ လုံးဝလုယူလိုက်ကြသည်။
သူတို့ပြီးဆုံးခါနီးတွင်၊ ခြေသံများသည် ရုတ်တရက် သူတို့၏နားထဲတွင် ပဲ့တင်ထပ်လာကာ ထိုလေးဦး၏အမူအရာသည် မဲ့သွားကြသည်။
သူတို့သည် လှည့်ပတ်ကြည့်လိုက်သည်။
နန်းတော်၏အပြင်ဘက်တွင် ဂူထဲသို့ရှေ့ဆုံးမှ ဝင်သွားသော နတ်ဘုရားအရှင် ဝိညာဉ်သော့နှင့် သူ၏အဖွဲ့သည် ရောက်ရှိလာခဲ့သည်။
သူတို့သည်နန်းတော်ထဲသို့ ခြေလှမ်းလိုက်သည်နှင့် သူတို့အားနှုတ်ဆက်လိုက်သည်မှာ ကျန်းချန်ရွှမ်နှင့် အဖော်သုံးဦးအပါအဝင် ရှင်းလင်းနေသော နန်းတော်ဖြစ်ပေသည်။
နတ်ဘုရားအရှင်ဝိညာဉ်သော့၏အမူအရာနှင့် သူ၏နောက်လိုက်များသည် တင်းမာသွားသည်။
လျှင်မြန်စွာပင်၊ သူသည် ကျန်ရှိနေသော သိမ်မွေ့သည့်လှိုင်းများကို ခံစားလိုက်မိသည်။
၎င်းသည် သူ့အား ချက်ခြင်းပင် မျက်မှောင်ကုပ်သွားစေပြီး သူ၏အေးစက်သည့်အကြည့်သည် ကျန်းချန်ရွှမ်နှင့် သူ၏အဖွဲ့ဆီသို့ရောက်သွားခဲ့သည်။
“မင်းတို့ဒီမှာဘာတွေတွေ့ထားတာလဲ? ငါ့ကိုဘာမှမတွေ့ဘူးလို့တော့ မပြောနဲ့နော်။ ငါအဲ့တာကိုရှင်းရှင်းလင်းလင်းခံစားမိနေတယ်။ သိပ်မကြာခင်ကပဲ ဒီနေရာက ရတနာအလင်းတွေ ပေါက်ထွက်နေခဲ့တာ။ အဲ့တာကိုယူသွားတာ မင်းတို့လား?”
ဝုန်း….
သို့ရာတွင် သူ့အားပြန်လည်၍ အဖြေပေးလိုက်သည်မှာ ကြောက်မက်ဖွယ်ကောင်းသည့် ခရမ်းရောင်မိုးကြိုးဖြစ်သည်။
၎င်းသည် ပေါ်လာသည်နှင့် အလွန်စွမ်းအားကြီးသည့် ဖျက်စီးခြင်းစွမ်းအားကိုသယ်ဆောင်လာပြီး နတ်ဘုရားအရှင်ဝိညာဉ်သော့နှင့် သူ၏အုပ်စုကိုဦးတည်လိုက်သည်။
“သေစမ်း။”
နတ်ဘုရားအရှင်ဝိညာဉ်သော့နှင့် သူတို့အုပ်စု၏မျက်နှာများသည် ချက်ခြင်းပင် ပြောင်းလဲသွားခဲ့သည်။
သူတို့သည် စကားလုံးများအနည်းငယ်လဲလှယ်ပြီးရုံနှင့် အခြားတစ်ဘက်မှ တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ပေ။
ကျီ… ချက်ခြင်းပင်၊ သိပ်သည်းသော မီးခိုးရောင်မြူများက နတ်ဘုရားအရှင်ဝိညာဉ်သော့ထံမှ ထွက်လာခဲ့သည်။
မရေတွက်နိုင်သည့် ငိုညည်းသံဝိညာဉ်များကထိုအတွင်းမှပေါ်ထွက်လာသည်။
စူးဝါးသောအော်မြည်သံများသည် နန်းတော်တစ်ခုလုံးပြည့်နှက်သွားခဲ့သည်။
ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းမှာ ထိုအော်မြည်သံနှင့် ငိုညည်းသံများကြားတွင် နက်ရှိုင်းသော နေရာလပ်မှရုတ်တရက် လက်သည်းများသည် ကျန်းချန်ရွှမ်နှင့် သူ၏အုပ်စုထံသို့ ရောက်ရှိလာခဲ့ပြီး ခရမ်းရောင်မိုးကြိုးများဆီသို့လည်း ဦးတည်လာခဲ့သည်။
ဝုန်း…ဝုန်း…ဝုန်း…
ချက်ခြင်းပင်၊ ထိုလက်သည်းများသည် ခရမ်းရောင်မိုးကြိုးများထံသို့ရောက်သွားပြီး လျှင်မြန်စွာရှင်းလင်းလိုက်ပေသည်။
၎င်းသည်ရှင်းလင်းစွာမြင်နိုင်သည်မှာ နေရာလပ်ထဲတွင်၊ မရေတွက်နိုင်သော ဝိညာဉ်များသည် အော်မြည်တမ်းနေကြကာ ပြာအဖြစ်သို့ ရောက်သွားခဲ့သည်။
“ဟမ့်။”
ထိုအရာကိုမြင်လျှင် ယွဲ့ချန်ကျွင်း၏မျက်လုံးများသည် ရုတ်တရက် ငွေဖြူရောင်မိုးကြိုးများဖြင့် လက်သွားခဲ့သည်။
ဝုန်း
ကျရောက်နေသည့် မိုးကြိုးစွမ်းအားများသည် ရုတ်တရက် သုံးဆယ်ရာခိုင်နှုန်း တိုးတက် သွားခဲ့သည်။ ချက်ခြင်းပင် နန်းတော်တစ်ခုလုံးသည် အဆုံးမဲ့ ခရမ်းရောင်ဖြင့် လွမ်းခြုံသွားခံရပုံ ပေါ်သည်။
အဆုံးမရှိသည့်နေရာလပ်အလွှာများတွင်။
မျက်နှာများသည် မကျေမချမ်းရုပ်များဖြင့် ရှိနေကာ အဆုံးမရှိသော အမုန်းတရားအသံများ ထုတ်လွတ်နေပြီး ချက်ခြင်းပင် စတင်၍ ပျောက်ကွယ်လာခဲ့သည်။
သိပ်မကြာခင်တွင် သူတို့သည်လုံးဝပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင်သာ ယွဲ့ချန်ကျွင်း၏အေးစက်သောအသံသည် နောက်ဆုံး၌ထွက်ပေါ်လာခဲ့သည်။ “ငါတို့ဒီမှာ ဘာတွေ့တွေ့ ငါတို့ရှာတွေ့တာပဲ၊ မင်းတို့နဲ့ဘာဆိုင်လို့လဲ? ငါတို့က ဘာလို့မင်းတို့ရဲ့ မေးခွန်းတွေကိုဖြေရမှာလဲ? ငါတို့ရထားတဲ့ပစ္စည်းတွေကိုလိုချင်လို့မေးနေတာမဖြစ်နိုင်ဘူးလား? ဘာတွေအိမ်မက်လာမက်နေတာလဲ?”
ထိုစကားလုံးများသည် ချက်ခြင်းပင် နတ်ဘုရားအရှင်ဝိညာဉ်သော့နှင့် သူ့အဖော်များအား ထိတ်ပြာသွားစေသည်။
ထိုအချိန်တွင်ပင် သူတို့အားလုံး၏မျက်လုံးများတွင် ပြင်းထန်ကာ အကြင်နာမဲ့သောအလင်းက တောက်ပသွားခဲ့သည်ကို ရှင်းလင်းစွာမြင်လိုက်ရပေသည်။
တစ္ဆေခန်းမမှနတ်ဆိုးကျင့်ကြံသူများဖြစ်သဖြင့်၊ သူတို့သည် ထိုသို့သောကိစ္စမျိုးကို ကျေအေးကြမည်မဟုတ်ပါ။
ယွဲ့ချန်ကျွင်း၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် အံ့ဩသွားရကာ နောက်ဆုတ်လိုက်ရပြီး ခံစားလိုက်ရသော်လည်း ယခု သူမထံမှ လှောင်ပြောင်ခြင်းကိုပင် ခံရသောအခါ မည်ကဲ့သို့ စိတ်မတိုဘဲနေနိုင်လိမ့်ပါမည်နည်း?
သို့ရာတွင်၊ ယွဲ့ချန်ကျွင်းနှင့် နတ်ဘုရားအရှင်နှင်းဓားတို့သည် သူတို့ပြဿနာရှာနိုင်သည့် အသေးအဖွဲ့လူများ မဟုတ်ကြောင်း သိကြသည်။
အထူးသဖြင့် မိုးကြိုးချိုင့်ဝှမ်းမှ ကျင့်ကြံသူများသည် သူတို့ကဲ့သို့နတ်ဆိုးကျင့်ကြံသူများအား သုတ်သင်နိုင်သည့်နည်းလမ်းများကို လေ့ကျင့်ထားကြခြင်း ဖြစ်သည်။
အစစ်အမှန်တိုက်ခိုက်ခြင်း ထွက်လာခဲ့လျှင်၊ အကယ်၍ သူတို့သည် မည်သည့်အကျိုးအမြတ်မှ ရမည်မဟုတ်ပေ။
ချက်ခြင်းပင်၊ နတ်ဘုရားအရှင် ဝိညာဉ်သော့သည် အေးစက်စွာဖြင့်ပြောလိုက်လေသည်။
“အရမ်းကောင်းတယ်၊ ငါလည်းမင်းဒီမာနကိုဆက်ပြီးထိန်းထားနိုင်ဖို့ ငါမျှော်လင့်တယ်။ ငါတို့ကြည့်ကြသေးတာပေါ့။”
ဤသို့ဖြင့် ဝိညာဉ်သော့နှင့် သူ၏နောက်လိုက်များသည်နောက်သို့ပြန်လည့်မကြည့်ဘဲ နန်းတော်မှ ထွက်ခွာသွားခဲ့သည်။
သူတို့၏ထွက်ခွာသွားသောပုံရိပ်များကိုကြည့်ပြီး ကျန်းချန်ရွှမ်နှင့်အခြားသူများသည် မျက်လုံးများကျဉ်းမြောင်းသွားကြသည်။
ရှန်းရူယန်သည်ထပ်မံ၍ ပြောလိုက်သည်။ “စီနီယာအစ်မယွဲ့၊ စီနီယာအစ်မနှင်းဓား၊ ကျွန်မတော့ ဝိညာဉ်သော့နဲ့အဖွဲ့က ဒီကိစ္စကိုဒီလောက်လွယ်လွယ်နဲ့ လွတ်ပေးလောက်မှာမဟုတ်ဘူး။ အကယ်၍ အနာဂတ်မှာ အခွင့်အရေးရှိခဲ့ရင် သူတို့ကျွန်မတို့ကိုသေချာပေါက်ပစ်မှတ်ထားလိမ့်မယ်။”
ယွဲ့ချန်ကျွင်းနှင့် နတ်ဘုရားအရှင်နှင်းဓားနှစ်ဦးစလုံးသည် ခေါင်းညိတ်လိုက်ကြသည်။
“တကယ်ပဲ ဒီနေ့ဖြစ်သွားတာတာကိုဘေးဖယ်ထားရင်တောင်၊ ငါတို့ရဲ့ပက်သက်မှုနဲ့ ပြဿနာတွေကပဲ သူတို့အနာဂတ်မှာ ငါတို့ကို ပစ်မှတ်ထားဖို့အခွင့်အရေးကိုလက်လွတ်ခံမှာမဟုတ်ဘူး။
အခုကစပြီး သူတို့ရဲ့အငြိုးက ငါတို့အပေါ်ပိုနက်သွားလောက်ပြီ။ အဲ့ဒါကိုမစိုးရိမ်ကြရအောင်။”
စကားပြောရင်းနှင့် ထိုအုပ်စုသည် နန်းတော်မှထွက်ခွာလိုက်ကြသည်။
အပြင်ဖက်သို့ရောက်သော်၊ ရှန်းရူယန်၊ နတ်ဘုရားအရှင်နှင်းဓား၊ ယွဲ့ချန်ကျွင်းအပါအဝင် အားလုံးသည် သူတို့၏အကြည့်ကို ကျန်းချန်ရွှမ်ဆီသို့ ကြည့်လိုက်ကြသည်။
နတ်ဘုရားအရှင်နှင်းဓားသည် ပြုံးကာပြောလိုက်လေသည်။ “ဂျူနီယာမောင်လေးကျန်း၊ မင်းအမြင်မှာ တို့တွေဘယ်ဘက်ကိုသွားတာ အကောင်းဆုံးဖြစ်မယ်လို့ ထင်လဲ?”
***