← Chapters

သတ်ဖြတ်ခြင်းအစီအရင်၏စွမ်းအား၊ နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ကြောက်ရွံ့ခြင်း

Vol. 44 Ch. 832

သတ်ဖြတ်ခြင်းအစီအရင်၏စွမ်းအား၊ နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ကြောက်ရွံ့ခြင်း

Vol. 44 Ch. 832

ဝုန်း….

ချက်ခြင်းပင် ကြောက်မက်ဖွယ်ကောင်းသည့်အင်အားက ကျရောက်လာသည်။

ထွင်းမြင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ပိုင်နက်က ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အရေးကြီးသည့်ချိန်းခြောက်မှုကို ခံစားရစေသည်။

ကံကောင်းစွာပင်၊ သူတို့သည် သာမန်ကျင့်ကြံသူများမဟုတ်ကြပါ။

ချက်ခြင်းပင်၊ သူတို့နားလည်ထားသည့် စည်းမျဉ်း၏အနှစ်သာရများ ပြန့်နှံ့သွားသည်။

ကျန်းချန်ရွှမ်၏မျက်လုံးထဲတွင် ရက်စက်သောအလင်းတစ်ခုလက်သွားခဲ့သည်။

စကားတစ်ခွန်းမှမပြောဘဲ သူသည် အစီအရင်ချပ်ပြားဝိုင်းတစ်ခုကိုယူထုတ်လာခဲ့သည်။

ကျီ…

ချက်ခြင်းပင်၊ နေရာလပ်သည် သိပ်သည်းသွားသကဲ့သို့ဖြစ်ပုံရလေသည်။

မျက်စိတမှိတ်အတွင်းတွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ပုံရိပ်သည် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ အမြင်မှပျောက်ကွယ်သွားခဲ့သည်။

“ဘာ?”

ထိုမြင်ကွင်းကိုမျက်မြင်တွေ့ရလျှင်၊ နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ မျက်နှာများသည် ပြောင်းလဲသွားခဲ့သည်။

သူတို့၏နတ်အသိသည် ချက်ခြင်းပင် အစီအရင်ထဲ၌ ရှာဖွေလိုက်ပြီး အချိန်အနည်းငယ်ကြာသည် အထိ သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ခြေရာခံ၍ မရတော့ပေ။

“ဘာတွေဖြစ်နေတာလဲ? သူတို့က ငါတို့မျက်စိအောက်ကနေပဲထွက်ပြေးသွားတာလား?”

နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့သည် ၎င်းကိုလက်မခံနိုင် ဖြစ်နေကြသည်။

သို့ရာတွင် ထိုအချိန်၌ပင် အလွန်ပြင်းထန်သော သုတ်သင်ခြင်းအင်အားတစ်ခုက ရုတ်တရက် အဆုံးမဲ့ကောင်းကင်ချုပ်နှောင်ခြင်းအစီအရင်အတွင်းမှ ပေါ်ထွက်လာခဲ့သည်။

သံများကွေးသွားသကဲ့သို့ အသံများထွက်လာခဲ့သည်။

ချက်ခြင်းပင် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့က ချိန်းခြောက်ခံရသည့် ခံစားချက်ကိုရလိုက်သည်။

ခဏအကြာတွင်၊ သူတိုသည် သူတို့ချထားသည့် အဆုံးမဲ့ကောင်းကင်ချုပ်နှောင်ခြင်းအစီအရင်သည် သူတို့၏မျက်စိရှေ့တွင်ပင် တဖြည်းဖြည်းနှင့် ပျက်စီးလာသည်ကို မြင်လိုက်ရသည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?”

သူတို့၏အမူအရာသည် ထိတ်ပြာသွားခဲ့သည်။

သို့သော် သူတို့တုံ့ပြန်နိုင်ခြင်းမရှိမီတွင်၊ ထိုကြောက်မက်ဖွယ်စွမ်းအားသည် ရုတ်တရက် သူတို့အားလွမ်းမိုးသွားသည်။

ဖူး..ဖူး…..

ချက်ခြင်းပင်၊ သူတို့၏ခန္ဓာကိုယ်များသည် အဆုံးမဲ့ကောင်းကင်ချုပ်နှောင်ခြင်းအစီအရင်ကဲ့သို့ သွေးမြူအဖြစ်ပြောင်းလဲသွားခဲ့လေသည်။

“အား….”

အော်သံနှစ်ခုသည် လေထဲတွင်ပြည့်နှက်သွားခဲ့သည်။

ခနအကြာတွင် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့သည် လေဟာနယ်၏ တစ်ဘက်တွင် ပြန်လည်ဖွဲ့စည်းသွားခဲ့သည်။

သို့ရာတွင် သူတို့၏အမူအရာများသည် သာယာမနေတော့ဘဲ အလွန်ရှုံ့မဲ့နေပြီဖြစ်သည်။

“အဆင့် ၇ နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်။”

ရုတ်တရက် နတ်အရှင်ပြိုလဲရန်သူက ပြောလိုက်သည်။

နတ်အရှင်ကျောက်စိမ်းမျက်နှာ၏ မျက်ဆံများကျဉ်းမြောင်းသွားသည်။

“အဆင့် ၇ နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်လား?”

ထိုအချိန်တွင် နှစ်ဦးစလုံးသည် နှလုံးသားထဲ ကြက်သီးများထနေပြီဖြစ်သည်။

ရှင်းလင်းစွာပင်၊ သူတို့သည် အဆင့် ၇ ဗလာနယ်သတ်ဖြတ်ခြင်းအစီအရင်သည် မည်သည်ကို ဆိုလိုကြောင်း သိကြပါသည်။

၎င်းသည် သူတို့ကဲ့သို့ ထွင်းမြင်အဆင့် ကျင့်ကြံသူများအားချိန်းခြောက်မှုအမှန်တကယ် ပြုလုပ်နိုင်ပါသည်။

ကျန်းချန်ရွှမ်သည် ထိုကဲ့သို့သတ်ဖြတ်ခြင်းအစီအရင်ကို မည်သို့ပိုင်ဆိုင်ထားပါသနည်း?

ရုတ်တရက် နှစ်ဦးစလုံးသည် တစ်ခုကိုတွေးမိသွားကာ သူတို့၏အမူအရာသည် ထပ်မံပြောင်းလဲသွားသည်။

“ဒါကသူတို့အဲ့နေ့ကရှေးဟောင်းဂူထဲက ရလာတာများဖြစ်နိုင်မလား?”

ထိုအတွေးဖြင့် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့သည် ကြက်သီးများထသွားကြသည်။

အကယ်၍ အမှန်ဆိုလျှင်၊ ယနေ့တွင် သူတို့သည် သူတို့လုပ်နိုင်သည်ထပ် ကျော်လွန်နေမည် ဖြစ်သည်။

ရှေးဟောင်းဂူထဲမှ ပစ္စည်းများသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မည်သူမှသူတို့ထပ်ပိုမသိနိုင်ပါ။

“မင်းတို့နှစ်ယောက်လုံး၊ ငါတို့ဒီတစ်ခေါက်နည်းနည်းလွန်သွားတာကိုဝန်ခံတယ်။

ဒါပေမဲ့ ငါယုံကြည်တာ မင်းတို့လည်း သတ်ဖြတ်ခြင်းအစီအရင်ကို ဒီလိုမဖြုန်းတီးချင်ဘူးမလား?

ငါတို့ကိုသတ်ဖြတ်ခြင်းအစီအရင်ထဲကထုတ်ပေးပြီး ငါတို့ဒီအတိုင်းထွက်သွားမယ်ဆိုဘယ်လိုလဲ? ဘာမှမဖြစ်ခဲ့သလိုလုပ်ကြတာပေါ့၊ ကောင်းပြီလား?”

“ဖူး…”

ရုတ်တရက် လေထဲတွင်လှောင်ပြောင်သည့်အသံထွက်လာသဖြင့် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ အမူအရာများသည် တင်းမာသွားကြသည်။

“ဘာမှမဖြစ်တော့သလိုနေမယ်ဟုတ်လား? ခင်ဗျားတို့က ထွင်းမြင်အဆင့်တွေအနေနဲ့ ရိုးအလှချည်လား။”

ကျန်းချန်ရွှမ်၏အသံသည် ထပ်မံ၍ထွက်လာခဲ့ပြီး၊ ထိုအချိန်တွင် ကြက်သီးထစရာ ရည်ရွယ်ချက်တစ်ခုလည်း ပါပုံပေါ်လေသည်။

“ဒါ့အပြင် ကျွန်တော်စိတ်မကောင်းစွာနဲ့သတင်းပို့ချင်တာက သတ်ဖြတ်ခြင်းအစီအရင်က စတင်ပြီးတာနဲ့ အလယ်မှာရပ်ဖို့မဖြစ်နိုင်ဘူး။ ခင်ဗျားတို့ ထွင်းမြင်အဆင့်ကျင့်ကြံသူနှစ်ယောက် မသေမချင်းရှိနေမှာ။ အဲ့လိုမှပဲ သူ့ကိုယ်သူပိတ်သွားမှာ၊။”

ကျန်းချန်ရွှမ်သည် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့အား လှည့်ဖျားလိုက်ခြင်းမဟုတ်ပါ။

သူပိုင်ဆိုင်သည့် နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်သည် တစ်ကြိမ်အသက်သွင်းလိုက်သည်နှင့် ပြန်လည်ရုပ်သိမ်း၍မရပေ။

သို့ရာတွင် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့အတွက်မူ ထိုစကားများသည် သူတို့အား ပို၍ ဒေါသထွက်စေသည်။

“ဘဝင်ရူးနေတဲ့ကောင်၊ ဒီနေ့ ငါတို့ မင်းရဲ့နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်က ဘာတတ်နိုင်သလဲဆိုတာ ကြည့်ကြတာပေါ့။ ငါတို့ကိုသတ်ပဲသတ်နိုင်မလား သို့ ချုပ်ပဲချုပ်ထားနိုင်မလား ကြည့်ကြတာပေါ့။”

ထိုသို့ဖြင့် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့သည် နောက်မဆုတ်တော့ပဲ သူတို့၏ပိုင်နက်များကို စွမ်းအားအပြည့်ဖြင့် ထုတ်လွတ်လိုက်ပေသည်။

ချက်ခြင်းပင် ဖရိုဖရဲနှင့် အရိပ်များဖြင့် မရေတွက်နိုင်သည့်အသံများသည် နေရာလပ်ထဲတွင် ပြည့်နှက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်။

ကြမ်းတမ်းရက်စက်သောနတ်ဆိုးအရိပ်လိုင်းများသည် သိပ်သည်းသောမြူအဖြစ်ပြန့်နှံ့သွားခဲ့ပြီး ချက်ခြင်းပင် သူတို့၏ပတ်လည်မှ အစစ်အမှန်အဖြစ်ပေါ်လာခဲ့သည်။

နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့သည် သူတို့၏ဝိညာဉ်ရတနာများကို ထုတ်လာခဲ့ကြသည်။

နတ်အရှင်ကျောက်စိမ်းမျက်နှာသည် များစွာသော ရှေးဟောင်းပုံများရေးဆွဲထားသည့် အမျိုးသမီးနှင့် အမျိုးသားတို့ပါဝင်သည့် စာလိပ်အား ဆင့်ခေါ်လိုက်သည်။

ထိုစာလိပ်သည်ပြန့်သွားသည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ်သည် တွန့်သွားကာ နေရာလပ်အတွင်း ဂယက်များကိုဖန်တီးခဲ့လေသည်။

သူနှင့် နတ်အရှင်ပြိုလဲရန်သူတို့အား ဦးတည်လာသောအလင်းတန်းများသည် စာလိပ်ထဲမှပုံရိပ်၏ လှုပ်ရှားမှုမှ လွမ်းမိုးခံရသဖြင့် နှေးသွားခဲ့သည်။

နတ်အရှင်ပြိုလဲရန်သူအတွက်မူ သူသည် စိတ်ဖောက်ပြန်စေသည့်အရောင်အဝါများဖြင့် ရစ်ပတ်နေသော ယင်နှင့် ယန်ကိုပြောင်းပြန်လှန်နေသည့် အနက်ရောင်သံကွင်းအား ကိုင်ဆောင်ထားလေသည်။

ထိုသံကွင်းသည် နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်ထဲတွင် ဆက်တိုက်လှုပ်ရှားနေပြီး တည်ငြိမ်နေသည့် နေရာလပ်အား လှိုင်းများထသွားစေသည်။

သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်အတွင်း ပုန်းခိုနေရာမှ သူတို့၏တိုက်ခိုက်မှုအားတုံ့ပြန်မှုတစ်စုံတစ်ရာမရှိပေ။

မည်သူမှ သူတို့ထပ် နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်က မည်မျှရှိန်လောက်စရာ ကောင်းကြောင်းကို မသိနိုင်ပါ။

၎င်းသည် နတ်အရှင်နှင်းဓားနှင့် ရှီရှန်းယောင်တို့ပင် လွယ်ကူစွာမဖြတ်သန်းရဲသည့် အစီအရင်ဖြစ်ပြီး သူတို့လောက်မသန်မာသည့် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့ကို မပြောသေးပါနှင့်။

ယခုအချိန်တွင် ပြင်းထန်စွာတိုက်ခိုက်လေလေ၊ အစီအရင်၏တန်ပြန်တိုက်ခိုက်မှုက ပို၍ ဆိုးလာလေလေဖြစ်မည်ဖြစ်သည်။

မှန်ပါသည်။

နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်သည် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ တိုက်ခိုက်မှုအား ခံပြီးသည့်နောက်၊ နေရာလပ်ထဲတွင် ပါးလွှာသည့် အနက်ရောင်အက်ကွဲကြောင်းများက စတင်၍ ထွက်ပေါ်လာခဲ့သည်။

၎င်းတို့သည် ကြောက်မက်ဖွယ်နေရာလပ်ဆူးထစ်များဖြစ်လေသည်။

“ဘယ်လိုလုပ်..?”

နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏မျက်နှာများသည် အကြီးအကျယ် ပြောင်းလဲသွားကြသည်။

သူတို့သည် ထိုကဲ့သို့ကြောက်မက်ဖွယ်အခြေအနေမျိုးသည် အဆင့် ၇ နေရာလပ်သတ်ဖြတ်ခြင်း အစီအရင်၌ ထွက်ပေါ်လာမည်ဟု ကြိုတင်မမျော်လင့်ထားခဲ့ကြပါ။

အရေးအကြီးဆုံးအချက်မှာ နေရာလပ်ဆူးထစ်များသည် အရေအတွက်မနည်းလှပါ။

အချိန်များကုန်လွန်သွားသည်နှင့်၊ သူတို့သည် စတင်၍ တဖြည်းဖြည်းနှင့် များပြားလာပြီး မကြာမီတွင် သူတို့သည် နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်တစ်ခုလုံးကို ဖုံးသွားတော့မည်ဖြစ်သည်။

“ရပ်…ရပ်။”

ထိုအချိန်တွင်၊ နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့နှစ်ဦးလုံးသည် ထွင်းမြင်အဆင့်စွမ်းအားရှင်ဆိုသောဂုဏ်ပုဒ်များကိုဂရုမစိုက်တော့ဘဲ ကျန်းချန်ရွှမ်အား စိတ်လှုပ်ရှားစွာ အော်ဟစ်နေတော့သည်။

***

All Chapters