← Chapters

နှစ်တစ်ရာဂူပိတ်ကျင့်ကြံခြင်း၊ ဒြပ်စင်ငါးပါး၏စစ်မှန်သောအနှစ်သာရများကိုပေါင်းစည်းခြင်း

Vol. 44 Ch. 833

နှစ်တစ်ရာဂူပိတ်ကျင့်ကြံခြင်း၊ ဒြပ်စင်ငါးပါး၏စစ်မှန်သောအနှစ်သာရများကိုပေါင်းစည်းခြင်း

Vol. 44 Ch. 833

သို့ရာတွင် ကျန်းချန်ရွှမ်သည် သူတို့၏ အော်သံများကို ဂရုမစိုက်ပေ။

သတ်ဖြတ်ခြင်းအစီအရင်အထဲ၌ လေဟာနယ်ဆူးထစ်များသည် ပို၍ များပြားလာခဲ့သည်။

ဓားသံများဖြင့် နေရာလပ်ဆူးထစ်များသည် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်းခုတ်ပိုင်းလိုက်လေသည်။

သူတို့၏ပိုင်နက်များသည် သူတို့နှင့် အတူ ဘာမှမရှိတော့သည်အထိ ပျောက်ကွယ် သွားလေတော့သည်။

သူတို့သည် ခန္ဓာကိုယ်များကို အမြန်ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း၊ ပျက်စီးကာ ပြန်လည်တည်ဆောက်ခြင်း သံသရာက အဆုံးမရှိဖြစ်လာ၍ လွတ်မြောက်ရန်မလုပ်နိုင်ဘဲ အဆုံးမရှိဘဲ ဆက်တိုက်ဖြစ်နေလေသည်။

အချိန်အနည်းငယ်ကြာပြီးနောက်၊ သူတို့၏ပုံရိပ်များသည် သတ်ဖြတ်ခြင်းအစီအရင်နှင့် အတူ ပေါ်မလာတော့ပေ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ထွင်းမြင်အဆင့်ကျင့်ကြံသူ နှစ်ဦးသည် နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်အတွင်း၌ ကျဆုံးသွားပြီဖြစ်ကြောင်း ချက်ခြင်းသိလိုက်ကြသည်။

ကျီ….

တစ်ချိန်တည်းမှာပင်၊

နေရာလပ်သတ်ဖြတ်ခြင်းအစီအရင်သည် ၎င်း၏လက်ကျန်စွမ်းအားဖြင့် မှေးမှိန်လာပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့၏ပုံရိပ်များ အမှန်တကယ်‌ ပျောက်ကွယ်သည်မှာ သေချာပြီးနောက်မှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှောင့်နှေးမနေတော့ဘဲ လျှင်မြန်စွာဖြင့် ဟောက်ရန်ဂိုဏ်းဆီသို့ ပြန်ရန်လုပ်လိုက်လေသည်။

.....

ရက်အချို့ကြာပြီးနောက်၊

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟောက်ရန်ဂိုဏ်းသို့ပြန်ရောက်လာကြသည်။

သူတို့ပြန်ရောက်သည်နှင့် ရှန်းဝူတောင်ထိပ်သို့သွားကာ သူတို့၏ဆရာ ချင်ရှန်းဝူနှင့် တွေ့လေသည်။

ကျန်းချန်ရွှမ်သည် ချင်ရှန်းဝူအားတာဝန်အကြောင်း အနည်းငယ်ပြောပြကာ၊ အထူးသဖြင့် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့ ခြုံခိုတိုက်ခိုက်သည့် အကြောင်းကိုလည်း ပြောလိုက်လေသည်။

ချင်ရှန်းဝူ၏တည်ငြိမ်နေသောမျက်နှာထားက ထိုအကြောင်းကိုကြားလျှင် မဲမှောင်သွားခဲ့လေသည်။ သူသည် ချက်ခြင်းပင် ကောင်းကင်တိုင်မြို့ထဲတွင် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ သူလျိုရှိနေကြောင်း နားလည်သည်ကို ပြသနေသည်။

“ချန်ရွှမ်၊ ရူယန် ငါမင်းတို့အတွက် တရားမျှတမှုကိုရှာပေးမှာပါ။ သစ္စာဖောက်က ပုန်းမနေနိုင်သလို ပြေးလည်း မပြေးနိုင်ပါဘူး။

ပြီးတော့ မင်းတို့ရဲ့ ထောက်ပံ့မှုအမှတ်တွေကို ပြန်ပြီးရေတွက်ဖို့လိုအပ်လိမ့်မယ်။

ကောင်းကင်တိုင်မြို့ကိုကူညီတာက တစ်ခု၊ ထွင်းမြင်ကျင့်ကြံသူနှစ်ဦးကိုသုတ်သင်တာက အခြားတစ်ခုပဲ။

ငါမင်းတို့အတွက် ဒီကိစ္ဏကို ဂရုစိုက်ပေးးပါ့မယ်။ အခုတော့ တိုက်ပွဲအတွက် စိုးရိမ်စရာမလိုပါဘူး။

နောက်ရာစုနစ်တွေအထိ မင်းအတွက်တာဝန်ရှိဦးမှာမဟုတ်ဘူး။ မင်းရဲ့ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး ထွင်းမြင့်အဆင့်ကိုထိုးဖောက်နိုင်အောင်လုပ်ပါ။

ဒါမှသာ ငါမင်းတိုအတွက် စိတ်ချနိုင်လိမ့်မယ်။”

“ဟုတ်ကဲ့ပါ ဆရာ။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဦးညွတ်ကာ သူတို့ဆရာ၏အမိန့်ကိုလက်ခံလိုက်သည်။ မကြာမီတွင် ထိုစုံတွဲသည် အချိန်မဆွဲတော့ဘဲ ရှန်းဝူတောင်ထိပ်မှ ကျန်းချန်ရွှမ်၏တောင် တိမ်တိုက်မြူတောင်ထိပ်သို့ ပြန်လာလိုက်ကြသည်။

သူတို့သည် တိမ်တိုက်မြူတောင်ထိပ်ကိုပြန်ရောက်သည်နှင့် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ကျန်းအန်းရန်အား သူမ၏ကျင့်ကြံခြင်းနှင့် လာမည့်တိုက်ပွဲတွင် ယူရမည့်တာဝန်အတွက် လမ်းညွန်ပြပေးရန်ခေါ်လိုက်လေသည်။

ကျန်းအန်းရန်၏ပြောစကားအရ သူမသည် ဗလာနယ်ပြန်အကြီးအကဲများအား တည်နေရာကို စောင့်ကြပ်ရန်ကူညီပေးခြင်းအပါအဝင် များစွာသော သက်ဆိုင်ရာတာဝန်များကိုယူထားရပေသည်။ တိုက်ဆိုင်စွာပင် တာဝန်ကျသည့်အကြီးအကဲများက ကျန်းချန်ရွှမ်၏ မိတ်ဆွေ ဝမ်တောက်နှင့် ဟုန်မေတို့ဖြစ်ပေသည်။

ကျန်းချန်ရွှမ်သည် ဝမ်တောက်နှင့် ဟုန်မေတို့အား ပေးရန် ကျန်းအန်းရန်အတွက် သူမ၏တာဝန်အားအကူအညီဖြစ်စေမည့်စာတစ်စောင်ရေးခဲ့လေသည်။

ကျန်းအန်းရန်ထွက်ခွာသွားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အချိန်မဖြုန်းတော့ဘဲ ဂူပိတ်ကျင့်ကြံလိုက်ကြသည်။

ကျန်းချန်ရွှမ်၌ ဤဂူပိတ်ကျင့်ကြံခြင်းတွင် သေချာသည့်ပန်းတိုင်တစ်ခုရှိပါသည်။ သူသည် လာမည့်နှစ်တစ်ရာအတွင်း မီးဒြပ်စင်၏စစ်မှန်သောအနှစ်သာရကိုနားလည်ရန် ရည်ရွယ်ခဲ့လေသည်။

အကယ်၍ အချိန်ရှိဦးမည်ဆိုလျှင် သူသည် သူ၏လက်နက်သန့်စင်ခြင်းအား အဆင့် ၇ သို့ ရောက်နိုင်ရန်လည်း မျှော်လင့်ထားခဲ့သည်။

သို့ရာတွင် နောက်ဆုံးတာဝန်ဖြစ်သည့် မီးဒြပ်စင်စည်းမျဉ်းကိုနားလည်ရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပါ။

ဆယ်နှစ်ကုန်လွန်သွားပြီး ကျန်းချန်ရွှမ်သည် မီးဒြပ်စင်အား အနည်းငယ်သာ နားလည်သေးသည်။

ထိုနှုန်းနှင့်ဆိုလျှင် နှစ်တစ်ရာက လုံလောက်ခြင်းမရှိနိုင်ပေ၊ ဒြပ်စင်များ၏စစ်မှန်သည့်အနှစ်သာရကိုနားလည်ခြင်းက ပို၍ ခက်ခဲလာကာ အချိန်ကုန်လာပါသည်။

ထိုစိန်ခေါ်မှုကိုသတိပြုမိပြီး ကျန်းချန်ရွှမ်သည် စနစ်မှပေးထားသော အသိဉာဏ်ပွင့်ခြင်း ဆေးလုံးအား သုံးကာ သူ၏နားလည်ခြင်းကိုကူညီရန် သုံးလိုက်လေသည်။

ထိုဆေးလုံးဖြင့် သူသည် မီးဒြပ်စင်၏စစ်မှန်သောအနှစ်သာရကို နားလည်ခြင်းအား တိုးတက်စေနိုင်ပေသည်။

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် အသိဉာဏ်ပွင့်ခြင်းဆေးလုံးကို သောက်သုံးရန် တုံ့ဆိုင်းမနေတော့ပေ။

ချက်ခြင်းနီးပါးပင်၊ သူ၏စိတ်ထဲတွင် အသိဉာဏ်များပွင့်လင်းလာကာ သူသည် မီးဒြပ်စင်၏ စစ်မှန်သောအနှစ်သာရကို နားလည်ခြင်း၌ နစ်မြုပ်သွားလေသည်။

......

နှစ်ပေါင်းသုံးဆယ်အကြာတွင်။

သူ၏ကျင့်ကြံခြင်းဂူထဲတွင် မီးတောက်များသည် ရုတ်တရက် ကျန်းချန်ရွှမ်၏ဘေးတွင် လိမ့်တက်လာကာ မီးဖြင့် ဆေးကြောသကဲ့သို့ အမျိုးမျိုးသော ပုံသဏ္ဍာန်များအား သူ၏စိတ်ထဲမှအတိုင်းဖွဲ့စည်းလိုက်လေသည်။

အရေးအကြီးဆုံးအချက်မှာ ထိုပြောင်းလဲလာသောမီးတောက်များသည် ဝိညာဉ်ဖြင့်ပြည့်ဝနေသည်။ ၎င်းတို့သည် သေချာပေါက် သာမန်မီးတောက်များ သို့ နတ်စွမ်းအားများမဟုတ်ပါ။

“နောက်ဆုံးတော့ ငါ မီးဒြပ်စင်ရဲ့စစ်မှန်တဲ့အနှစ်သာရကိုနားလည်သွားပြီ။” ကျန်းချန်ရွှမ်သည် ရေရွတ်ကာမျက်လုံးကိုဖွင့်လိုက်ပြီး သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။

ယခုမူ၊ ဒြပ်စင်ငါးခု၏ စစ်မှန်သောအနှစ်သာရကိုဖမ်းဆုပ်နိုင်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည်မှာ ထိုအနှစ်သာရများကို ဒြပ်စင်ငါးပါး၏ စစ်မှန်သောအနှစ်သာရအဖြစ်ပေါင်းစည်းရမည်ဖြစ်သည်။

ထိုအချိန်တွင် ထွင်းမြင်အဆင့်ကိုထိုးဖောက်နိုင်ခြင်းမရှိလျှင်ပင်၊ သူသည် သာမန်ထွင်းမြင်အဆင့် ကျင့်ကြံသူအား ရှုံးနိမ့်စေမည်မှာ ဖြစ်နိုင်ချေရှိလေသည်။

အမှန်မှာ၊

ယခုအတွက် ကျန်းချန်ရွှမ်သည် ထွင်းမြင့်အဆင့်စွမ်းအားရှင်အားရင်ဆိုင်ရန်ယုံကြည်ချက်ရှိနေပြီး တစ်ယောက်ကို အလဲထိုးနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

သေချာပါသည်။

ကျန်းချန်ရွှမ်၏ရည်မှန်းချက်က ထိုနေရာတွင်ပင် မရပ်နေပါ။

ဒြပ်စင်ငါးပါး၏စစ်မှန်သောအနှစ်သာရနှင့် ပူးပေါင်းသည်ထပ် သူ၏ပန်းတိုင်မှာ စည်းမျဉ်းများကို အခြေခံ၍ ထိုဒြပ်စင်များဖြင့် နတ်စွမ်းအားကိုဖန်တီးရန်ဖြစ်သည်။

မှန်ပါသည်။

စည်းမျဉ်းအခြေခံနတ်စွမ်းအားသည် သာမန်နတ်စွမ်းအားများထပ် သာလွန်ပြီး ထွင်းမြင်အဆင့် စွမ်းအားရှင်များ အများစုမရနိုင်သောအရာဖြစ်ပေသည်။

ထိုအရာအားရရှိထားသည့် သူသည် ထွင်းမြင်အဆင့်ကျင့်ကြံသူများထဲရှိန်လောက်သောသူဟု သတ်မှတ်ခံရနိုင်ပြီး သာမန်ထွင်းမြင်အဆင့်ကျင့်ကြံသူအား လွမ်းမိုးနိုင်စွမ်းရှိကာ စစ်မှန်သည့် စည်းမျဉ်းကိုနားလည်သည့်သူနှင့် နားမလည်သောသူတို့ ကွာခြားသကဲ့သို့ပင်ဖြစ်ပါသည်။

ထိုကွာခြားချက်များက ခိုင်မာပါသည်။

သို့သော် ထိုအရာကိုအောင်မြင်နိုင်ရန်မှာ အဆင့်ဆင့် ပြုလုပ်ရန်လိုအပ်သည်။

သူ၏ဒြပ်စင်ငါးပါးစည်းမျဉ်းအခြေခံနတ်စွမ်းအားကိုဖန်တီးရန်အတွက် ကျန်းချန်ရွှမ်သည် ပထမဆုံး ထင်ရှားသော အနှစ်သာရငါးခုအား ဒြပ်စင်ငါးပါး၏စစ်မှန်သောအနှစ်သာရထဲသို့ ပေါင်းထည့်ရန် လိုအပ်သည်။

ထိုဖြစ်စဉ်သည် ကျန်းချန်ရွှမ်အတွက် နှစ်ငါးဆယ်သာကြာခဲ့ပြီး သူ၏ ဒြပ်စင်ငါးပါးစစ်မှန်သော အနှစ်သာရ၏ ဆန်းကြယ်မှုသည် စည်းမျဉ်းတစ်ဝက်ကိုအခြေခံသည့် နတ်စွမ်းအားပါဝင်ကာ ထွင်းမြင်အဆင့်၏ပိုင်နက်ကဲ့သို့ သို့ ပို၍သာလွန်သော ရှိန်လောက်သည့်စွမ်းအားကို ဖွဲ့စည်းနိုင်ခဲ့လေသည်။

***

All Chapters