← Chapters

စနစ်၏ဆုလဒ်၊ စည်းမျဉ်းအခြေခံနတ်စွမ်းအားကို နားလည်သဘောပေါက်ခြင်း၊ ရှန်းရူယန်က ထွင်းမြင်အဆင့်သို့ တက်ခြင်း

Vol. 44 Ch. 834

စနစ်၏ဆုလဒ်၊ စည်းမျဉ်းအခြေခံနတ်စွမ်းအားကို နားလည်သဘောပေါက်ခြင်း၊ ရှန်းရူယန်က ထွင်းမြင်အဆင့်သို့ တက်ခြင်း

Vol. 44 Ch. 834

[ဒင်]

ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါး၏စစ်မှန်သောအနှစ်သာရကိုနားလည်သဘောပေါက်ပြီးနောက်၊ စနစ်၏အသိပေးချက်က သူ၏စိတ်ထဲတွင်ပဲ့တင်ထွက်လာခဲ့သည်။

[ဒြပ်စင်ငါးပါးရဲ့စစ်မှန်အနှစ်သာရကိုနားလည်ခြင်းမှာ အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် host။ သင်သည် စည်းမျဉ်းအခြေခံနတ်စွမ်းအားမျိုးစေ့ကို ရရှိပါတယ်။]

[စည်းမျဉ်းအခြေခံနတ်စွမ်းအားမျိုးစေ့: အသုံးပြုသည့်အချိန်တွင် ၎င်းသည် ရှိနေသည့် နတ်စွမ်းအား တစ်ခုကို တိုးတက်စေနိုင်ပြီး စည်းမျဉ်းအခြေခံနတ်စွမ်းအား အဖြစ် ပြောင်းလဲနိုင်ပါသည်။]

ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါး၏စစ်မှန်သောအနှစ်သာရကိုနားလည်ခြင်းဖြင့် ထိုသို့သော ဆုလဒ်များကိုရရှိမည်ဟု မမျှော်လင့်ထားကြပေ။

ဆိုလိုသည်မှာ သူသည် ထိုမျိုးစေ့ရှိရုံဖြင့် ရှိနေသော နတ်စွမ်းအားတစ်ခုကို စည်းမျဉ်း အခြေခံနတ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ပါသည်။

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည်အချိန်မဖြုန်းတော့ပဲ သူ၏စွမ်းအားအရှိဆုံးနတ်စွမ်းအားဖြစ်သည့် မဟာဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်အလင်းအပေါ်တွင် စည်းမျဉ်းအခြေခံနတ်စွမ်းအားမျိုးစေ့ကို သုံးလိုက်လေသည်။

သူသည် ငါးရောင်ခြယ်နတ်အလင်းအပေါ်တွင် နတ်စွမ်းအားကိုသုံးရခြင်းအကြောင်းမှာ သူ၏ အသိစိတ်နတ်စွမ်းအားဖြစ်ပြီး သာလွန်သည့်တစ်ခုဖြစ်သောကြောင့်ဖြစ်သည်။

မဟာယနတာအိုအရှင်များသည်ပင် ထိုနတ်စွမ်းအားသက်ရောက်ခံရလျှင် ၎င်း၏လွမ်းမိုးမှုမှ လွတ်မြောက်နိုင်ရန် ခက်ခဲသည်ဟု ခံစားရမည်ဖြစ်သည်။

ထို့ကြောင့်၊

စည်းမျဉ်းအခြေခံသည့်နတ်စွမ်းအားမျိုးစေ့ကို ငါးရောင်ခြယ်နတ်အလင်း၌ အသုံးပြုခြင်းသည် အလကားဖြစ်လိမ့်မည်ဖြစ်သည်။

ကျီ…

ကျန်းချန်ရွှမ်သည် စည်းမျဉ်းအခြေခံနတ်စွမ်းအားမျိုးစေ့ကိုအသုံးပြုချိန်တွင် သူသည် ချက်ခြင်းပင် နတ်ဘုရားစွမ်းအားကို ကြိုးစား၍ထည့်လိုက်လေသည်။

ချက်ခြင်းပင် အဆုံးမရှိသည့် ဒြပ်စင်ငါးပါး၏သံသရာနှင့်အတူ အမြစ်ဖြတ်သုတ်သင်ခြင်းစည်းမျဉ်း များက လိမ့်တက်လာလေသည်။

သူ၏ရှေ့မှနံရံသည် အသံပင်မမြည်ဘဲ ဘာမှမရှိတော့သည်အထိပြောင်းလဲသွားခဲ့သည်။

လျှင်မြန်စွာပင်၊ ကျန်းချန်ရွှမ်သည် သူ၏ မဟာဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်ဘုရားအလင်းသည် စည်းမျဉ်းအခြေခံနတ်စွမ်းအားမျိုးစေ့၏ မြင့်တင်မှုဖြင့် ယခုမူ တိတ်ဆိတ်စွာသုတ်သင်ခြင်း စည်းမျဉ်းကို အခြေခံထားကြောင်း နားလည်သွားခဲ့သည်။

မဟာဒြပ်စင်ငါးပါး၏စွမ်းအားသည် အရန်စွမ်းအားအနေဖြင့် ကူညီနေလေသည်။

ရှုထောင့်နှစ်ခုစလုံးမှ စွမ်းအားများကိုထုတ်လွတ်ရန် သူသည် ပို၍နားလည်ရန်လိုအပ်ပေသည်။

စည်းမျဉ်းအခြေခံနတ်စွမ်းအားသည် ယခုမူ ချိန်းခြောက်နိုင်ရန်အတွက်လုံလောက်နေပြီဖြစ်ကာ ထွင်းမြင်အဆင့်စွမ်းအားရှင်ကိုပင် တိုက်ရိုက်သတ်ဖြတ်ရန်အတွက်ဖြစ်သည်။

သူ၏ဂူထဲမှထွက်လာရာ ကျန်းချန်ရွှမ်သည် ရှန်းရူယန်က သူမ၏ဂူထဲမှထွက်လာပြီးဖြစ်သည်ကို မြင်သဖြင့် အံ့ဩသွားလေသည်။

သူတို့သည် သူတို့၏အတွေ့အကြုံကိုစတင်၍ မျှဝေလိုက်လေသည်။

ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား ကောင်းကင်အလင်းအဆင့်၏အဆုံးတွင်ရောက်နေပြီဖြစ်ကာ သူမ၏ စစ်မှန်သောအနှစ်သာရများနားလည်ခြင်းအား ပိုင်နက်အဖြစ်ပြောင်းလဲနိုင်ရန် လိုအပ်နေသည့်အဆင့် ဖြစ်ပေသည်။

ထိုအဆင့်သည် ဂူပိတ်ကျင့်ကြံရုံနှင့််မရရှိနိုင်ဘဲ လုံလောက်သည့်စုစည်းမှုများနှင့် အသိဉာဏ်ပွင့်ချိန်တို့ လိုအပ်ပါသည်။

ထို့ကြောင့် သူတို့သည် တိမ်တိုက်တောင်ထိပ်တွင်ထပ်မံ၍ မနေတော့ဘဲ မကြာမီ ဂိုဏ်း၏ အလုပ်ခန်းမသို့ ဦးတည်၍ သွားလိုက်သည်။

ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့ကြားရှိ ရင်းနှီးသည့်မဟာမိတ်ဖြစ်ခြင်းကြောင့် တာဝန်များနှင့် ထောက်ပံ့မှုများသည် ယာယီအားဖြင့် ဂိုဏ်းနှစ်ခုအကြားပြောင်းလဲနိုင်ပြီး ဆိုလိုသည်မှာရှန်းရူယန်သည် ဟောက်ရန်ဂိုဏ်းမှ သက်ဆိုင်ရာတာဝန်ကိုယူနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

လာမည့်နှစ် အနည်းငယ်တွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် များစွာသောတာဝန်များကို အတူတကွယူခဲ့လေသည်။

ထိုတာဝန်များသည် သူတို့၏လက်ရှိအဆင့်အတွက် အနည်းငယ်ခက်ခဲခဲ့သော်လည်း သူတို့သည် တစ်ခုပြီးတစ်ခုအောင်မြင်ခဲ့ပေသည်။

များစွာသော အလုပ်တာဝန်များကို အောင်မြင်ခဲ့ပြီးနောက်၊ ရှန်းရူယန်သည် ရုတ်တရက် ကျန်းချန်ရွှမ်အား ပြောလိုက်လေသည်။

“ယောကျ်ား၊ ကျွန်မယုံကြည်တာ ကျွန်မရဲ့ထိုးဖောက်ရမဲ့အခွင့်အလမ်းက ရောက်လာပြီထင်တယ်။

ကျွန်မတို့ကာကွယ်ပေးဖို့ ရှင့်ကိုလိုအပ်လိမ့်မယ်။”

ရှန်းရူယန်၏စကားကိုကြားလျှင်၊ ကျန်းချန်ရွှမ်၏မျက်နှာသည် ဝမ်းမြောက်မှုနှင့် မြင့်တက်သွားလေသည်။

“တကယ်ပဲလား? မင်းယုံကြည်ချက်ရှိပြီလား?”

“ဟုတ်တယ်။”

ရှန်းရူယန်သည် အပြုံးဖြင့်ခေါင်းညိတ်လိုက်သည်။

“အကယ်၍ မမျှော်လင့်ထားတာတွေ မဖြစ်လာခဲ့ရင်၊ ကျွန်မ နှစ်ဝက်အတွင်းသို့ ဆယ်စုနှစ်အနည်းငယ်အတွင်းမျာ အောင်မြင်လိမ့်မယ်။”

“ဒါကကောင်းလိုက်တာ။”

ကျန်းချန်ရွှမ်သည် အလွန်ပျော်ရွင်နေသည်။

သူတို့သည် သူတို့၏အပေါင်းအဖော်များမှ ဖိတ်ခေါ်မှုများကို ငြင်းပယ်ကာ ရှန်းရူယန်၏ ထိုးဖောက်ရန်အတွက် ဂိုဏ်းတွင်ဂူပိတ်ကျင့်ကြံရန် တောင်းဆိုချက်ကို တင်လိုက်လေသည်။

ထိုအချိန်တွင်၊ ၎င်းသည် ဂိုဏ်း၏ရှင်သန်ခြင်းကိစ္စမဟုတ်လျှင်၊ ဂိုဏ်းသည် သူတို့အား မည်သည့် အကြောင်းနှင့်မှ နှောက်ယှက်မည်မဟုတ်ပါ။

မကြာမီတွင် ရှန်းရူယန်သည် တိမ်တိုက်မြူတောင်ထိပ်တွင် ဂူထဲသို့ဝင်ကာ ကျင့်ကြံပြီး ကျန်းချန်ရွှမ်ကအပြင်ဘက်၌ စောင့်ကြပ်နေလေသည်။

........

ရက်ပေါင်းများစွာကုန်လွန်သွားခဲ့ပြီး တစ်နှစ်ကျော်ခါစတွင် ကြောက်မက်ဖွယ်ကျယ်ပြောသည့် အရောင်အဝါက ရှန်းရူယန်၏ဂူပေါက်ဝမှ ထွက်ပေါ်လာခဲ့လေသည်။

ကောင်းကင်သည် မိုးကြိုးများဖြင့် တလက်လက်ဖြစ်နေပုံပေါ်လေသည်။

အပြင်ဘက်၌ ရပ်နေရာမှ ကျန်းချန်ရွှမ်သည် သိသာစွာပင် ကြက်သီးထသည့်ခံစားချက်ကို ရလိုက်ကာ သူ့အား မိုးကြိုးပင်လယ်၏အလယ်၌ ရောက်သွားသကဲသို့ ပုံရိပ်ယောင်ကို ခံစားနေရလေသည်။

“အမ်? ရူယန်က သူ့ရဲ့ထိုးဖောက်မှုကိုအောင်မြင်သွားပြီလား?”

ထိုအတွေးက သူ၏စိတ်ကိုဖြတ်သွားသည်နှင့် သူသည် မိုးကြိုးမိခင်ကိုကိုယ်စားပြုသော ဂုဏ်ကျက်သရေရှိသည့်ပုံရိပ်ကို ကောင်းကင်တွင် လင်းလက်သွားသည်ကို တွေ့လိုက်ရလေသည်။

ချက်ခြင်းပင် နောက်ပိုင်း၌ ရှန်းရူယန်က ရှည်လျားသော ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ကာ ကျန်းချန်ရွှမ်၏ရှေ့တွင် ဝမ်းမြောက်သောအပြုံးဖြင့် ပေါ်လာခဲ့လေသည်။

“ရူယန် မင်းလုပ်နိုင်ခဲ့ပြီ။”

ကျန်းချန်ရွှမ်သည် အံ့ဩဝမ်းသာစွာပြောလိုက်လေသည်။

ရှန်းရူယန်က ပြုံးကာ သူ့အား ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ ရှင့်ရဲ့ကာကွယ်ပေးမှုကိုကျေးဇူးတင်ရမယ်။ ကျွန်မ အောင်မြင်စွာနဲ့ ထွင်းမြင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ။”

စကားပြောရင်းဖြင့် သူမသည် သူမ၏ ဒြပ်စင်ငါးပါး စစ်မှန်မိုးကြိုးပိုင်နက်ဖြင့် ဖုံးလွမ်းသွားခဲ့သည်။

ထိုစွမ်းအားသည်အခြားထွင်းမြင်အဆင့်များအား တုန်လှုပ်စေနိုင်ကာ ကျန်းချန်ရွှမ်၏ မျက်နှာပေါ်တွင် အလွန်ကျက်သရေရှိသည့်အပြုံးကို သယ်ဆောင်လာပေးခဲ့လေသည်။

“ရူယန်၊ ကိုယ်မင်းရဲ့ထွင်းမြင်အဆင့်ပိုင်နက်က ဒီလိုရှိန်လောက်စရာကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ အကယ်၍ ကိုယ်အားအပြည့််မသုံးဘဲ ခံရရင်တောင် ပြသနာတက်လိမ့်မယ်။ ပြီးတော့ ဒါက မင်းဒီအတိုင်းထုတ်လိုက်တာပဲရှိသေးတယ်။ အကယ်၍ မင်းသာ အင်အားအပြည့် သုံးလိုက်ရင် ကိုယ်တောင်ခံနိုင်မှာမဟုတ်ဘူး။”

ကျန်းချန်ရွှမ်၏စကားများသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ရပေ။

ရှန်းရူယန်ပြသခဲ့သည့် ပိုင်နက်စွမ်းအားသည် သာမန်ထွင်းမြင်အဆင့်ကျင်ကြံသူတစ်ဦးသည် သူမအား ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

စည်းမျဉ်းအခြေခံသည့်စွမ်းအားကိုနားလည်သည့် ထွင်းမြင်အဆင့်ကျင့်ကြံသူသည်ပင် ၎င်းကို ခံနိုင်လိမ့်မည်ဖြစ်သည်။

“ဟဲဟဲ၊ ကျွန်မကိုမြောက်နေပါပြီ ယောကျ်ား။”

ကျွန်မက ရှင်ထွင်းမြင်အဆင့်ကိုထိုးဖောက်နိုင်ရင် ရှင်ထုတ်လွတ်မဲ့ပိုင်နက်က ကျွန်မထပ် သန်မာမယ်ဆိုတာ ယုံကြည်တယ်။” ရှန်းရူယန်က တုံ့ပြန်လိုက်သည်။

နှစ်ဦးစလုံးသည် ဗလာနယ်ပြန်အဆင့်အားကျော်ဖြတ်လာပြီးနောက် ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားကို ရှင်းလင်းစွာအာရုံခံမိပြီဖြစ်သည်။

သူတို့ကြားရှိကွာခြားချက်မှာ အရေးမပါလောက်ပေ၊ သို့သော် ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကိုကောင်းကောင်းသိသောကြောင့် သူတို့၏ကျင့်ကြံခြင်းအဆင့်မြင့်လာသည်နှင့် သူတို့ကြားမှ ကွာခြားချက်က ကြီးမားလာမည်ဖြစ်ကြောင်း နားလည်ပါသည်။

“ဟမ်?”

ထိုအချိန်တွင်ပင်၊ နှစ်ဦးစလုံးသည် သူတို့၏အကြည့်များသည် တပြိုင်နက်ထဲ တိမ်တိုက်မြူ၏ အပြင်ဘက်သို့ပြောင်းလဲသွားခဲ့လေသည်။

ကောင်းကင်ပေါ်တွင် ပုံရိပ်တစ်ခုသည်လင်းလက်သွားကာ သူတို့၏ရှေ့တွင်ပေါ်လာခဲ့လေသည်။

***

All Chapters