ကောင်းကင်တိုင်လုံးမြို့နှင့် ရှန်းရူယန်အားတွေ့ဆုံခြင်း
Vol. 44 Ch. 829
နှစ်ပေါင်းအနည်းငယ်အကြာတွင်၊
ကျန်းချန်ရွှမ်သည် သူ၏ဂူတွင်ရှိနေရင်း ရုတ်တရက် သူ၏ဆရာချင်ရှန်းဝူထံမှ သတင်းရလိုက်သည်။
သူသည် ကောင်းကင်တိုင်လုံးမြို့အား ကူညီရန် သွားရပေမည်။ ထိုအချိန်တွင် သူ၏တာအိုအဖော် ရှန်းရူယန်သည်လည်းထိုနေရာတွင်ရှိနေပေသည်။
သူတို့၏တာဝန်က ကောင်းကင်တိုင်လုံးမြို့သို့ နတ်ဆိုးလမ်းစဉ်မှ မကျူးကျော်လာနိုင်ရန် သေချာစေရန်ဖြစ်ပေသည်။
မကြာမီ၊ ကျန်းချန်ရွှမ်သည် ကောင်းကင်တိုင်လုံးမြို့နှင့် နတ်ဆိုးလမ်းစဉ်၏ ပေါင်းစည်းခြင်းချိုင့်ဝှမ်းတို့က ကြီးမားသောတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသည်။
ယခုအချိန်ထိ ကောင်းကင်တိုင်လုံးမြို့သည် ယာယီအကျိုးမရှိဖြစ်နေသည်။
သို့ရာတွင် ကောင်းကင်တိုင်လုံးမြို့၏ အကာအကွယ်အစီအရင်နှင့်အတူ ထိုးဖောက်နိုင်မည့် အန္တရာယ်တော့မရှိသေးပါ။
သေချာပါသည်။ အကယ်၍ သူတို့သည် ထိုအခွင့်အရေးကိုယူကာ ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ကျင့်ကြံသူအချို့ကို ဒဏ်ရာရစေခဲ့လျှင် သို့ သတ်နိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
ကျန်းချန်ရွှမ်သည် သူ့ဆရာ၏စီစဉ်မှုကို ကန့်ကွက်စရာမရှိပါ။
မကြာမီတွင် သူသည် ဂိုဏ်း၏အကြီးအကဲခန်းမသို့ တာဝန်ကိုလက်ခံရန် သွားလိုက်သည်။
ပြီးနောက် သူသည် ကောင်းကင်တိုင်လုံးမြို့သို့ တစ်ဦးတည်း ပျံသွားလိုက်လေသည်။
ထိုအချိန်တွင် ရှန်းရူယန်သည်လည်း ကောင်းကင်တိုင်လုံးမြို့သို့ သူနှင့်အတူသွားရန် လုပ်လိုက်သည်။
သူမသည် သူမ၏ဆရာထံမှ ကောင်းကင်တိုင်လုံးမြို့သို့ ကူညီရန်အတွက် သူမ၏တာအိုအဖော်ကျန်းချန်ရွှမ်နှင့်အတူ သွားရန် သတင်းကိုရရှိခဲ့သည်။
.....
ရက်အနည်းငယ်ကြာပြီးနောက်၊
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကောင်းကင်တိုင်လုံးမြို့နှင့် ကီလိုမီတာထောင်ကျော်အကွာတွင် တွေ့ကြလေသည်။
အချိန်အတော်ကြာမတွေ့ရသဖြင့် ထိုနှစ်ဦးသည် မနေနိုင်ဘဲ စကားချင်းဖလှယ်နေခဲ့ကြသည်။
သို့ရာတွင် ထိုအချိန်တွင် သူတို့သည် များစွာမပြောတော့ပါ။
အကြောင်းမှာ ထိုအချိန်တွင်၊ ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ကောင်းကင်တိုင်လုံးမြို့အား တိုက်ခိုက်လာသောကြောင့်ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများသည်ကျဉ်းမြောင်းသွားခဲ့သည်။
နှစ်ဦးစလုံးသည် လျှင်မြန်စွာဖြင့် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူငါးဦးနှင့် ဗလာနယ်ပြန်ဓမ္မပုံစံအဆင့်ကျင့်ကြံသူဆယ်ဦးကျော်က ကောင်းကင်တိုင်လုံးမြို့ကို တိုက်ခိုက်လာသည်ကို သတိပြုမိကြသည်။
အခြားတစ်ဘက်မှပို့လာသည့်သူများအရ၊ မမျှော်လင့်ထားသည့်အရာမဖြစ်ခဲ့လျှင် ကောင်းကင်တိုင်လုံးမြို့အတွက် ပြသနာမဖြစ်နိုင်ပါ။
သို့ရာတွင် ထိုနှစ်ဦးသည် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှကျင့်ကြံသူများကြားတွင်၊ စည်းမျဉ်း၏ အနှစ်သာရကိုနားလည်သော ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများပါကြောင်း တွေ့လိုက်ရသည်။
ထိုအဆင့် ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများသည် သာမန်ကောင်းကင်အလင်းအဆင့် ကျင့်ကြံသူများကို ဖြိုခွဲနိုင်ပါသည်။
ထိုသတင်းအချက်အလက်များသည် ယခင်သတင်းများထဲ မဖော်ပြထားပေ။
စည်းမျဉ်းကိုနားလည်သော ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ကျင့်ကြံသူများသည် သူတို့ကဲ့သို့ ယခုမှရောက်လာခြင်းဖြစ်သည်ဟု ဆိုလိုနေသည်။
“ယောကျ်ား၊ ကျွန်မတို့ဘာလုပ်သင့်လဲ?”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်ဘက်သို့လှည့်ကာမေးလိုက်သည်။
ကျန်းချန်ရွှမ်သည် ခနလောက်တွေးလိုက်ပြီးမှ ပြောလိုက်သည်။ “အကယ်၍ ဖြစ်နိုင်ရင် ကိုယ်အားလုံးကို အလဲထိုးပစ်ချင်တယ်။ ဘယ်လိုထင်လဲ မိန်းမ?”
အမှန်တကယ်ပင်။
သူတို့၏အင်အားဖြင့် အကယ်၍ ကောင်းကင်တိုင်လုံးမြို့မှကျင့်ကြံသူများနှင့် ပူးပေါင်းလျှင် ထိုကျင့်ကြံသူများအားအလဲထိုးနိုင်ပါသည်။
သူတို့ကြောင့်သာမဟုတ်ခဲ့လျှင်၊ စည်းမျဉ်း၏စစ်မှန်သည့်အနှစ်သာရအားနားလည်သည့် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှကျင့်ကြံသူများသည် အနည်းငယ်ပြသနာဖြစ်နိုင်ပါသည်။
ကျန်ရှိနေသောသူများသည် ကြောက်စရာမရှိပါ။
“ကျွန်မမှာ ကန့်ကွက်စရာမရှိပါဘူး။” ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။
ထိုစုံတွဲသည် အလောတကြီးမလှုပ်ရှားပဲ၊ အချိန်ကိုက်ဖြစ်အောင်စောင့်လိုက်လေသည်။
ထိုသို့ဖြင့် အချိန်က တဖြည်းဖြည်းကုန်လွန်သွားခဲ့သည်။
ကောင်းကင်တိုင်လုံးမြို့၏ဘက်တွင် အကာအကွယ်အစီအရင်ကို အသက်သွင်းထားပြီးသား ဖြစ်သည်။
ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူငါးဦးသည် အခြားကျင့်ကြံသူများနှင့် ကောင်းကင်တိုင်လုံးမြို့အား ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။
သာမန်အခြေအနေအောက်တွင်မူ၊ ထိုသို့သောတိုက်ခိုက်မှုသည် အနည်းငယ်အောင်မြင်မည် ဖြစ်သည်။
သို့ရာတွင် ထိုအချိန်၌ ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ နတ်အရှင်ကောင်းကင်သံစဉ်ဟု သိကြသောလူက ရုတ်တရက် သူ၏မျက်လုံးထဲမှ အာရုံစူးစိုက်မှုတစ်ခုပေါ်လာပြီး ချက်ခြင်းပင် ပတ်ဝန်းကျင်သည် အကြီးအကျယ်ပြောင်းလဲသွားပေသည်။
မရေတွက်နိုင်သော အမျိုးသားနှင့် အမျိုးသားပုံရိပ်များသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပေါ်လာခဲ့ပြီး ကောင်းကင်တိုင်လုံးမြို့၏အကာအကွယ်အစီအရင်ကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့လေသည်။
ချက်ခြင်းပင် ကောင်းကင်တိုင်မြို့၏အကာအကွယ်အစီအရင်သည် ယိမ်းယိုင်လာခဲ့သည်။
မြို့၏ကာကွယ်ခြင်း၌တာဝန်ယူသည် ကောင်းကင်အလင်းကျင့်ကြံသူများသည် မျက်နှာအမူအရာများပြောင်းလဲသွားကြသည်။
သူတို့ထဲမှ တစ်ဦးဖြစ်သည့် ဖန်ထျန်းအန်းဟုအမည်ရသည့်လူက ပြောလိုက်သည်။ “ဘာဖြစ်တာလဲ? နတ်အရှင်ကောင်းကင်သံစဉ်မှာ ဘယ်တုန်းကအဲ့လိုစွမ်းအားရှိသွားတာလဲ?”
“အို.. မဟုတ်ဘူး။”
နောက်တစ်ဦးဖြစ်သည့် နတ်အရှင်ဖြောင့်မတ်နေမင်းက ထိတ်လန့်ကာ ဖြူဖျော့သွားလေသည်။
ထိုအချိန်တွင်၊ နတ်ဘုရားအရှင်ကောင်းကင်သံစဉ်က ထူးဆန်းသည့်စွမ်းအားကိုသယ်ဆောင်လာကာ တိုက်ခိုက်ရာမှ ရှိနေသောလူတိုင်းကို မူးဝေသွားစေခဲ့ပြီး အကာအကွယ်တစ်ခုလုံးက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
“စည်းမျဉ်းရဲ့စစ်မှန်သောအနှစ်သာရ၊ ဒါက စည်းမျဉ်းရဲ့စစ်မှန်သောအနှစ်သာရပဲ။”
ရုတ်တရက် ကောင်းကင်တိုင်လုံးမြို့အတွင်းရှိ ကျင့်ကြံသူတစ်ဦးသည် သတိပေးလိုက်သည်။
ထိုစကားကိုကြားလျှင်၊ ဖန်ထျန်းအန်းနှင့် နတ်အရှင်ဖြောင့်မတ်နေမင်းတို့၏ မျက်ဆံများကျဉ်းမြောင်းသွားခဲ့သည်။ ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူများအနေဖြင့် စည်းမျဉ်း၏စစ်မှန်သည့်အနှစ်သာရအားနားလည်သည့် ကျင့်ကြံသူနှင့် နားမလည်သည့်ကျင့်ကြံသူများကြား မည့်မျှကွာခြားကြောင်း နားလည်ကြပါသည်။
အကယ်၍ ယခုသူတို့သည် နတ်အရှင်ကောင်းကင်သံစဉ်အား ရင်ဆိုင်ရလျှင် ရှင်သန်နိုင်ရန်အတွက် အနည်းငယ်သာယုံကြည်ချက်ရှိသည်ဟုပြောလျှင် ချဲ့ကားခြင်းမဟုတ်ပေ။
“ကိစ္စတွေက အခုပြသနာတက်တော့မယ်။”
ကောင်းကင်တိုင်လုံးမြို့အတွင်း လူတိုင်း၏ နှလုံးသားများသည် ထိုသို့ပင်တွေးနေကြတော့သည်။
အခြားတစ်ဘက်၌ ပေါင်းစည်းခြင်းချိုင့်ဝှမ်းအင်အားစုများသည် တက်ကြွလာကာ အထူးသဖြင့် ဓမ္မပုံစံအဆင့် ကျင့်ကြံသူများဖြစ်ပေသည်။
သူတို့သည် သူတို့၏နတ်အရှင်ကောင်းကင်သံစဉ်က စည်းမျဉ်း၏စစ်မှန်သောအနှစ်သာရကို နားလည်မည်ဟု မထင်ထားကြပေ။
ထိုသို့ဖြင့် သူတို့၏တုံ့ဆိုင်းခြင်းပျောက်သွားကာ သူတို့အားလုံးသည် အင်အားအပြည့်ကို ထုတ်လွတ်လိုက်ကြသည်။
ရလဒ်အနေဖြင့် ကောင်းကင်တိုင်လုံးမြို့၏ အစီအရင်၏အလင်းသည် ပြင်းထန်စွာ တလက်လက်ဖြစ်သွားလေသည်။
ဖန်ထျန်းအန်း၊ နတ်အရှင်ဖြောင့်မတ်နေမင်းနှင့် အခြားသူများသည် သူတို့အပေါ် ဖိအားများပိလာသည်ကိုခံစားလိုက်ရသည်။
“စစ်ကူတွေက မကြာခင် ရောက်လာတော့မှာမဟုတ်ဘူးလား။ ကူညီမဲ့ကျင့်ကြံသူတွေက ဘာလို့မရောက်သေးတာလဲ?”
နတ်အရှင်ဖြောင့်မတ်နေမင်းက မနေနိုင်ဘဲ ပြောလိုက်လေသည်။
သူ၏စကားကိုကြားလျှင်၊ ဖန်ထျန်းအန်းနှင့် အခြားသူများသည် သံသယများဝင်လာခဲ့သော်လည်း ထိုအရာကိုစိတ်ပူရမည့်အချိန်မဟုတ်ပါ။
ဦးစားပေးလုပ်ရမည်မှာ အကာအကွယ်အစီအရင်ကိုတည်ငြိမ်အောင်လုပ်ရမည်ဖြစ်သည်။
ဝုန်း…ဝုန်း…ဝုန်း…
အစီအရင်၏အလင်းသည် ပြင်းထန်စွာတုန်ခါသွားခဲ့ပြီး ဖန်ထျန်းအန်းနှင့် နတ်အရှင်ဖြောင့်မတ်နေမင်းတို့၏ မျက်ခုံးများတွင် ချွေးများစိုလာခဲ့သည်။
ကံကောင်းစွာပင် ထိုအချိန်၌ ကြီးမားသည် လှံအလင်းတစ်ခုနှင့် ငါးရောင်ခြယ်မိုးကြိုးဖြင့် လင်းလက်နေသည့် ဓားအလင်းတစ်ခုက နတ်အရှင်ကောင်းကင်သံစဉ်နှင့် အဖွဲ့ဆီသို့ မိုးကြိုးဟိန်းသံနှင့်အတူ ရောက်လာခဲ့သည်။
“ဘာ?” ကောင်းကင်တိုင်မြို့အား အင်အားအပြည့်ဖြင့်တိုက်ခိုက်နေသော နတ်ဘုရားအရှင် ကောင်းကင်သံစဉ်နှင့် အခြားသူများသည် ရုတ်တရက် အန္တရာယ်ကိုအာရုံခံမိပြီး နောက်ဆုတ် သွားခဲ့လေသည်။
သူတို့သည် လျှင်မြန်စွာလှည့်ကြည့်လိုက်ပြီး သူတို့၏အမြင်အာရုံ၌ အဆုံးမဲ့လှံအလင်းနှင့် ဓားအလင်းတို့ဖြင့် ပြည့်သွားလေသည်။
ကြောက်မက်ဖွယ်စွမ်းအားသည် လေထဲတွင် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှကျင့်ကြံသူများအား မလှုပ်ရှားနိုင်ပေ။
“စည်းမျဉ်းအနှစ်သာရ၊ ဒါက စည်းမျဉ်းရဲ့ စစ်မှန်သောအနှစ်သာရပဲ။”
ရုတ်တရက် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ကောင်းကင်အလင်းအဆင့်ကျင့်ကြံသူတစ်ဦးသည် ကြောက်လန့်စွာအော်ဟစ်လိုက်ပြီး တိုက်ခိုက်မှု၏သဘောသဘာဝကိုသိရှိသွားခဲ့သည်။
***