← Chapters

ရှေးဟောင်းစာများကိုနားလည်ခြင်း၊ ကြောက်မက်ဖွယ်တန်ဖိုး

Vol. 44 Ch. 818

ရှေးဟောင်းစာများကိုနားလည်ခြင်း၊ ကြောက်မက်ဖွယ်တန်ဖိုး

Vol. 44 Ch. 818

ထိုအချိန်အတွင်း၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းသည် ကျန်းချန်ရွှမ်၏လုပ်နိုင်စွမ်းကို နားလည်နေကြပြီဖြစ်သည်။

ထို့ကြောင့် နောက်တစ်ကြိမ်လှုပ်ရှားမှုအတွက် သူတို့သည် ကျန်းချန်ရွှမ်၏အကြံပြုချက်ကို နားထောင်လိုကြသည်။

ကျန်းချန်ရွှမ်သည်လည်း နောက်ဆုတ်မနေပါ။

သူ၏အရည်အချင်းဖြစ်သည့်ကောင်းကင်ဘုံအလိုလိုသိစိတ်ဖြင့် အကြမ်းဖျင်းတွက်ချက်မှုတစ်ချို့ ပြုလုပ်ကာ အမြန်ဆုံးဦးတည်ရာကိုခန့်မှန်းလိုက်ပြီး အရှေ့မြောက်ကို ညွန်ပြကာ ပြောလိုက်သည်။

“စီနီယာအစ်မ နှင်းဓားနဲ့ စီနီယာအစ်မယွဲ့၊ ကျွန်တော်ထင်တာ ကျွန်တော်တို့ အဲ့နေရာကို သွားစစ်ဆေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။”

“ဟမ်? အဲ့နေရာလား?”

နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် ကျန်းချန်ရွှမ်ညွန်ပြသည့်နေရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

အရှေ့မြောက်ဘက်တွင် ဆက်တိုက်ဆိုသလို တောင်များပင်ရှိပါသည်။

သိသာစွာပင် သူတို့ဝင်ရောက်လာသည့် ဂူပေါက်ဝနှင့်လည်း ထိုသေးငယ်သည့်လောကနှင့် များစွာမဝေးပါ။

သူတို့သည် သဘောတူလျှက်ခေါင်းညိတ်လိုက်ကြသည်။

“ဒါဆိုရင် အဲ့ဘက်ကိုသွားကြည့်ကြတာပေါ့၊ ဂျူနီယာညီမရှန်း ဘယ်လိုထင်လဲ?”

ရှန်းရူယန်သည်ချက်ခြင်းပင် အပြုံးဖြင့် ဖြေဆိုလိုက်ကြသည်။

“သေချာတာပေါ့၊ ကျွန်မမှာ ကန့်ကွက်စရာမရှိပါဘူး။”

ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် သူတို့အဖွဲ့သည် အရှေ့မြောက်ဖက်သို့ ထွက်ခွာသွားကြသည်။

ရက်အနည်းငယ်အကြာတွင်။

သူတို့သည် မြင့်မားသောတောင်ထိပ်ပေါ်သို့ရောက်သွားကြပြီး ထိုတောင်များပေါ်တွင် ဆန်းကြယ်သည့် ရှေးဟောင်းစာများဖြင့်ပြည့်နေသည့်နေရာများကို အံ့အားသင့်စွာ တွေ့ရှိလိုက်ကြရသည်။

ထိုရှေးဟောင်းစာများကို ဆင်ခြင်သုံးသပ်လိုက်လျှင် သူတို့၏သက်ဆိုင်ရာကျင့်ကြံနေသည့် စည်းမျဉ်းများအားနားလည်မှုသည် အနည်းငယ် တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။

“ဘယ်လို…ဘယ်လိုဖြစ်နိုင်မှာလဲ?”

သူတို့သည် မနေနိုင်ဘဲ အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့သည် အချင်းချင်း၏မျက်လုံးထဲတွင် လေးနက်မှုကိုတွေ့လိုက်ကြရသည်။

သူတို့သည် ထိုကဲ့သို့ ဆန်းကြယ်သည့်နေရာက မည်သည်ကိုပြနေကြောင်း သိကြပါသည်။

သူတို့ယခုရရှိခဲ့သည့်အကျိုးအမြတ်သည် ချဲ့ကားပြောဆိုခြင်းမဟုတ်လျှင်ပင်ပြောရလျှင် အကယ်၍ သူတို့ဤနေရာတွင် ဆက်နေလျှင် သူတို့၏ ကျင့်ကြံခြင်းစည်းမျဉ်းများအပေါ်နားလည်မှုသည် အဆုံးမရှိတိုးမြင့်သွားမည် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ထိုစည်းမျဉ်းများအား တာအိုသို့ပြောင်းလဲနိုင်ရန်ပင်ဖြစ်နိုင်သည်။

ပြီးနောက် စည်းမျဉ်းများအား တာအိုသို့ပြောင်းလဲခြင်းက မည်သည်ကို ပြနေပါသနည်း?

၎င်းသည် တာအိုဖွဲ့စည်းခြင်းနယ်ပယ်သို့တိုးတက်နိုင်သည့် တံခါးဝပင်ဖြစ်သည်။

သူတို့သည် ထိုခြေလှမ်းကိုရယူလိုက်သည်နှင့် သူတော်စင်ဟူသောအမည်နာမသည် ရရှိရန် ဝေးတော့မည်မဟုတ်ပါ။

ထိုသို့စွမ်းအားကြီးသည့် လှုံ့ဆော်ပေးခြင်းကို မည်သူက ခုခံနိုင်ပါမည်နည်း?

ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် ဆန်းကြယ်သည့်ရှေးဟောင်းစာများအား နားလည်စေရန် တူးဆွကြတော့သည်။

မျက်စိတမှိတ်အတွင်း အချိန်သုံးရက်က ကုန်ဆုံးသွားခဲ့သည်။

ထိုသုံးရက်အချိန်အတွင်း သူတို့၏ရှေးဟောင်းစာများအပေါ်နားလည်မှုက သိသာစွာပင် ရှေ့သို့ခုန်တက်သွားခဲ့သည်။

ကျန်းချန်ရွှမ်သည် မြေဒြပ်စင်စည်းမျဉ်း၏အနှစ်သာရကိုပင် အနည်းငယ် ဖမ်းဆုပ်နိုင်ခဲ့သည်။

သို့ရာတွင်၊ ထိုအချိန်တွင်ပင်၊ ဆန်းကြယ်ရှေးဟောင်းစာများအား စဉ်းစားဆင်ခြင်းနေစဉ်တွင် ကျန်းချန်ရွှမ်သည် မရှင်းပြနိုင်သည့် နိမိတ်အာရုံတစ်ခုကိုခံစားလိုက်ရသည်။

ထိုနောက်တွင်၊ သူသည် အေးစက်သောအာရုံတစ်ခုကို သူ၏စိတ်ထဲ၌ခံစားလိုက်ရသည်။

ခနအကြာတွင် သူသည် စဉ်းစားဆင်ခြင်ခြင်းအခြေအနေမှ နောက်ဆုတ်လိုက်သည်။

ထိုအချိန်တွင် သူ့အားထိတ်လန့်သွားစေသည်မှာ စဉ်းစားဆင်ခြင်သည့်အခြေအနေမှ ရပ်လိုက်သည်နှင့် သူ့အသိစိတ်ပင်လယ်၏နက်ရှိုင်းသောနေရာတွင် လိုက်လျောညီထွေရှိနေသည့် ရွှေကုသိုလ်ကြာပွင့်သည် မရှင်းပြနိုင်ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။

“ဘာ?”

ကျန်းချန်ရွှမ်၏အမူအရာသည် ချက်ခြင်းပင် ရှုံ့မဲ့သွားသည်။

သူသည် အမှန်တရားကို သတိပြုမိသွားခဲ့သည်။ ထိုဆန်းကြယ်သော ကျောက်စာများအား ဆင်ခြင်ခြင်းသည် သူတို့စဉ်းစားထားသကဲ့သို့ မရိုးရှင်းပါ။

သူတို့၏ အချိန်ကန့်သတ်ချက်ကို ကျော်လွန်သွားချိန် စဉ်းစားဆင်ခြင်ခြင်းအဆင့်သို့ ဝင်လိုက်သည်နှင့် သင့်တော်သည့် တန်ဖိုးကို ပြန်ပေးရမည်ဖြစ်သည်။

ပြီးနောက် သူ၏တန်ဖိုးမှာ ရွှေကုသိုလ်ကြာပွင့်ဖြစ်သည်။

“ယောကျ်ား…?”

တစ်ချိန်တည်းမှာပင်၊

သူ၏ဘေးတွင်ရှိနေသော ရှန်းရူယန်သည် သူမ၏စဉ်းစားဆင်ခြင်ခြင်းအဆင့်မှ ထွက်လာ ခဲ့လေသည်။

သူမ၏မျက်နှာသည် ထိတ်လန့်နေပုံပေါ်လေသည်။

သူမသည် ကျန်းချန်ရွှမ်ကိုကြည့်ကာ ပြောလိုက်သည်။ “ကျွန်မရဲ့ ရွှေကုသိုလ်ကြာပွင့် ပျောက်သွားခဲ့တယ်။”

“မင်းလည်း ရွှေကုသိုလ်ကြာပွင့်ကို ပျောက်သွားခဲ့တာလား?”

ကျန်းချန်ရွှမ်၏အမူအရာသည် တင်းမာသွားခဲ့သည်။

ရှန်းရူယန်သည် ချက်ခြင်းပင် အံ့ဩသွားကာ မေးလိုက်သည်။ “ဘာလို့လဲ? ရှင်လည်းပျောက်သွားခဲ့တာလား?”

“ဟုတ်တယ်။” ကျန်းချန်ရွှမ်ခေါင်းညိတ်လိုက်သည်။

“ကိုယ်ထင်တာ ဒီနေရာက ကိုယ်တို့ထင်သလောက်မရိုးရှင်းလောက်ဘူး။ ဒါကို နားလည်အောင်ကြိုးစားရင် တန်ဖိုးတစ်ခုကိုပေးဆပ်ရလိမ့်မယ်။”

“ဒါဆို စီနီယာအစ်မနှင်းဓားနဲ့ စီနီယာအစ်မယွဲ့တို့…..”

ရှန်းရူယန်သည်ကျန်းချန်ရွှမ်နှင့် အတူ ရုတ်တရက် သူတို့နှစ်ယောက်အားချက်ခြင်း လည့်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းသည် လေးနက်စွာဖြင့် သူတို့၏ အသိဉာဏ်ပွင့်ခြင်းအဆင့်တွင်ရှိနေကြသည်။

“ဒါကမမှန်ဘူး။”

ကျန်းချန်ရွှမ်သည် ရုတ်တရက် ရှေ့သို့ခြေလှမ်းကာ သူတို့နှစ်ဦးကိုနိုးရန်လုပ်လိုက်သည်။

သို့သော် သူချဉ်းကပ်သွားသည်နှင့် သူတို့တစ်ဦးချင်းဆီ၏ပတ်ပတ်လည်တွင် အလင်းအတားဆီး တစ်ခုသည် ပေါ်လာခဲ့ပြီး သူ၏လမ်းကိုတားဆီးခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

“မကောင်းတော့ဘူး။ ဒီနေရာနဲ့ပက်သက်ပြီး တစ်ခုခုမှားနေတာရှိရမယ်။ သူတို့ကိုငါတို့ ဆက်ပြီးစဉ်းစားဆင်ခြင်ဖို့ ခွင့်မပြုသင့်ဘူး။”

ဆက်အချိန်မဆွဲတော့ဘဲ နှစ်ဦးလုံးလှုပ်ရှားလိုက်ကြသည်။

ချက်ခြင်းပင်၊ စည်းမျဉ်း၏စစ်မှန်သောအနှစ်သာရသည် ရုတ်တရက် ပျံနှံလာသည်။

ဝုန်း…ဝုန်း…ဝုန်း….

မိုးကြိုးသွားများကဲ့သို့ ကျယ်လောင်သောပေါက်ကွဲမှုများသည် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့၏အနားရှိအလင်းအကာအရံများပေါ်တွင် ဖြစ်ပေါ်သွားခဲ့သည်။

၎င်းသည် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် အသိဉာဏ်ပွင့်ခြင်းအဆင့်တွင်ပင် ရှိသေးကာ သူတို့၏မျက်စိတ်များအနည်းငယ်သာပွင့်လာခဲ့သည်။

သို့သော် သူတို့သည် အပြည့်အဝမနိုးထလာခဲ့ပေ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်ချင်းဖလှယ်ခဲ့ကြသည်။

ချက်ခြင်းပင် ထိုစုံတွဲသည် ထပ်မံ၍ ပစ်လွတ်လိုက်သည်။

ပြီးနောက် ထိုအချိန်တွင်၊ သူတို့၏တိုက်ခိုက်မှုသည် ရှင်းလင်းစွာပင် ယခင်ကထပ်ပိုမို၍ ရှင်းလင်းလာခဲ့လေသည်။

ပေါက်ကွဲသံများသည် ဆက်တိုက်ထွက်လာသည်။

သန်မာသည့်လိုင်းများသည် နောက်ဆုံးတွင်၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် မျက်လုံးများပွင့်လာကြသည်။

သူတို့မျက်လုံးများပွင့်လာသည်နှင့် သူတို့၏ပတ်လည်တွင်ကာရံထားသည့်အတားအဆီးများက လေထဲတွင်ပျောက်ကွယ်သွားခဲ့သည်။

“ဟမ်?”

နှစ်ဦးသားသည် ချက်ခြင်းပင် သူတို့၏ဘေးတွင်ကျန်ရှိနေသော စွမ်းအင်လိုင်းများကို သတိပြုမိသွားသည်။

သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်လိုက်ကြသည်။

နတ်ဘုရားအရှင်နှင်းဓားသည် ပြောလိုက်သည်။ “ဂျူနီယာညီမရှန်း ဂျူနီယာမောင်လေးကျန်း ဘာဖြစ်တာလဲ?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နှစ်ယောက်လုံး ဝမ်းနည်းသောအမူအရာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“ဒီနေရာမှာ ပြဿနာအချို့ရှိနေတယ်။”

“ပြဿနာလား?”

နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် နောက်ဆုတ်သွားခဲ့သည်။

“မှန်တယ်။” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်ဘာကိုမှမဖုံးကွယ်ထားဘဲ သူတို့၏ သံသယများကို ထိုနှစ်ဦးအားပြောပြလိုက်သည်။

နောက်ဆုံးတွင် ကျန်းချန်ရွှမ်က ဆက်ပြောလိုက်သည်။

“စီနီယာအစ်မနှင်းဓား စီနီယာအစ်မယွဲ့ ခင်ဗျားတို့ မှာကော ဘာမူမမှန်တာရှိလည်းဆိုတာကို သေချာပြန်စစ်ကြည့်လိုက်ပါဦး။”

ကျန်းချန်ရွှမ်၏စကားကိုကြားလျှင်၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် တစ်ခုခုလွတ်နေသည်ကို အာရုံခံလိုက်မိလေသည်။

လေးနက်သည့်အမူအရာနှင့် သူတို့သည် ချက်ခြင်းပင် သူတို့၏အခြေအနေကို စစ်ဆေး ကြည့်လိုက်ကြသည်။

သို့သော် ထိုစစ်ဆေးမှုက သူတို့၏အမူအရာများကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ငါ့ရဲ့ဓမ္မစွမ်းအားတွေ…..”

***

All Chapters