← Chapters

နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာ၊ နတ်ဆိုးအရှင်ပြိုကွဲရန်သူ

Vol. 44 Ch. 819

နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာ၊ နတ်ဆိုးအရှင်ပြိုကွဲရန်သူ

Vol. 44 Ch. 819

ချက်ခြင်းပင် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် ရှင်းလင်းစွာပင် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဓမ္မစွမ်းအားများလုံးဝ ပျောက်ကွယ်သွားခဲ့သည်ကို ခံစားလိုက်ရသည်။

၎င်းသည် သူတို့က ထိုးထွင်းသိမြင်ခြင်းအဆင့်တွင် ရှိသော်လည်း သူတို့သည် ယခုမူ စစ်မှန်သည့် စွမ်းအားကိုမထုတ်နိုင်ပေ။

အဆိုးဆုံးမှာ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ရုတ်တရက် လူအချို့က သူတို့ဆီသို့ မနီးမဝေးမှ ချဉ်းကပ်လာသည်ကိုတွေ့သွားခဲ့သည်။

သူတို့အားဦးဆောင်လာသည်မှာ ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နာ ပင် ဖြစ်သည်။

“ဆိုးတာပဲ၊ အဲ့တာအဲ့ဒီလူပဲ။”

နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျန်းတို့သည် နှစ်ဦးစလုံး၏နှလုံးသားများနှစ်မြုပ်သွားခဲ့သည်။

သူတို့သည် များပြားသောပြဿနာများကို သတိထားမိသွားလေသည်။ သူတို့သည် နတ်ဘုရားအရှင် ကျောက်စိမ်းမျက်နှာနှင့် သူ၏အဖွဲ့ဖြင့် ရင်ဆိုင်ရနိုင်သည်။

မကြာမီ နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာက ကျန်းချန်ရွှမ်နှင့် အခြားသူများနှင့် မနီးမဝေးတွင် ပေါ်လာခဲ့သည်။

နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့အား ဆန့်ကျင်ဘက်တွင်မြင်လိုက်လျှင် မူမမှန်သည့် အမူအရာက နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

ပြီးနောက် သူသည် တစ်ခုခုကိုအမှတ်ရသွားပုံဖြင့် အပြုံးအနည်းငယ်သည် သူ၏ဖြူဖျော့သည့် မျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။

“ဟီးဟီး၊ မင်းတို့ကိုဒီမှာတွေ့ရတာ ဘယ်လောက်တိုက်ဆိုင်လိုက်လဲ?”

ကျန်းချန်ရွှမ်နှင့် အဖွဲ့တို့၏အဖြေကိုမစောင့်ဘဲ နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာသည် ရုတ်တရက် ထူးဆန်သည့်အမူအရာဖြင့်ပြောလိုက်သည်။

“ငါသိချက်တာတစ်ခုက မင်းတို့ အဲ့ဒီရှေးဟောင်းစာတွေကို ဆင်ခြင်လိုက်တာတော့ မဟုတ်ဘူးမလား? မင်းတို့လုပ်လိုက်လား?”

သူ၏စကားများသည် နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့၏နှလုံးသားကို ချက်ခြင်း တင်းကြပ်သွားစေခဲ့သည်။

သူတို့တည်ငြိမ်အောင်ကြိုးစားခဲ့သော်လည်း နတ်ဘုရားအရှင်သည် အနည်းငယ်ဆုံးသော မူမမှန်မှုနှင့် ပြောင်းလဲမှုကို သတိပြုသွားခဲ့သည်။

ထို့ကြောင့်၊ ခနအကြာတွင်၊ သူ၏မျက်နှာသည် အဓိပ္ပာယ်ရှိသည့် အပြုံးဖြင့် ပေါ်လာခဲ့သည်။

“ဟဲဟဲ ကြည့်ရတာ ငါမှန်းတာ မှန်သွားတဲ့ပုံစံပဲ။ မင်းတို့က ဒီက ရှေးဟောင်းစာတွေကို ဆင်ခြင်လိုက်တာပဲ။ ငါဝန်ခံရမယ်။ မင်းတို့ကိုယ်တိုင် ဒီအခြေအနေကို လက်ရှိပတ်ဝန်းကျင်မှာ ထားနိုင်တဲ့သတ္တိကိုတော့ လေးစားပါတယ်။ တကယ်ကိုအကြောက်အလန့်မရှိတာပဲ။”

ထိုဖော်ပြချက်သည် ချက်ခြင်းပင်၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့ကိုပို၍ နားလည်သွားစေသည်။

သူ၏စကားများအရ သူတို့နှစ်ဦးစလုံးသည် နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာက ဤနေရာမှအခြေအနေကို တစ်ခုခုသိထားပုံပေါ်ပါသည်။

“ဒါက တကယ်ပြဿနာတက်ပြီပဲ။”

နှစ်ဦးစလုံးသည် ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်ကာ အသံပို့ဆောင်ခြင်းမှတစ်ဆင့် ဆက်သွယ်လိုက်သည်။

“ဂျူနီယာညီမရှန်း၊ ဂျူနီယာမောင်လေးကျန်း၊ ငါတို့ နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာကို တတ်နိုင်သလောက် အချိန်ဆွဲထားဖို့ လုပ်လိုက်မယ်။ မင်းတို့အမြန်ဝေးဝေးကိုပြေးဖို့လုပ်သင့်တယ်။”

ရှင်းလင်းစွာပင်၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့၏နှလုံးသားထဲ၌၊ သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နာနှင့် သူ့အဖွဲ့တို့အား ရင်ဆိုင်နိုင်မည်ဟု မထင်ထားပေ။

သို့ရာတွင် သူတို့၏အတွေးအား နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာတို့မှလည်း ကြိုတင်ခန့်မှန်းမိပုံရသည်။

သူနှင့် သူ၏အဖွဲ့သည် များစွာသောဦးတည်ချက်များသို့လူခွဲပြီး သူတို့အားဝိုင်းထားပြီဖြစ်သည်။

ထိုအခြေအနေအောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည် ဖြစ်သည်။

“ဟီးဟီး၊ မင်းတို့ကို ဒီလိုအခြေအနေမျိုးမှာ တွေ့ရတာရှားတယ်။ အကယ်၍ ငါမမှားဘူးဆိုရင် မင်းတို့အခု ဓမ္မစွမ်းအားတွေပျောက်နေလောက်ပြီ။

ငါတို့က ဒီလိုရွှေအခွင့်အရေးမျိုးကို လက်လွတ်ခံမယ်ထင်လို့လား?”

စကားပြောရင်းနတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာ၏မျက်လုံးများသည် ရုတ်တရက် ရက်စက်သည့်အလင်းဖြင့်လင်းလက်သွားသည်။

နေရာလပ်ထဲတွင် ငိုညည်းသံများဖြင့်ပြည့်နေကာ နေရာတိုင်းသို့စူးရှစွာထွက်နေခဲ့သည်။

အထူးသဖြင့် အားနည်းနေသော နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့အတွက် ထိုအချိန်တွင် သူတို့၏မျက်လုံးများသည် ရီဝေဝေဖြစ်နေခဲ့လေသည်။

ထိုအရာကိုမြင်လျှင်၊ ကျန်းချန်ရွှမ်နှင် ရှန်းရူယန်တို့သည် သူတို့ဤသို့ဆက်နေ၍မဖြစ်တော့ကြောင်း သိလေသည်။

သူတို့သည် ရှေ့သို့တိုးလာပြီး တစ်ယောက်က ဘယ်ဖက်သွားကာ တစ်ယောက်က ညာဘက်သွား၍ သူတို့၏ဝိညာဉ်ရတနာများကိုဆင့်ခေါ်လိုက်ကြသည်။

ဝှစ်.. ချက်ခြင်းပင် ကျန်းချန်ရွှမ်၏ရှေ့တွင် ကားချပ်တစ်ခုက တဖြည်းဖြည်းပွင့်လာခဲ့သည်။

ထိုအပေါ်တွင် မီးတောက်၊ ရေဘေး၊ မြေကြီး၊ သစ်တော၊ ဓားများ၊ လှံများ၊ ဓားရှည်၊ လှံရှည်များနှင့် လက်နက် အစီအရင်များကိုထွင်းခံလိုက်ရသည်။

သူတို့သည် တဖြည်းဖြည်းဖြင့်ပေါင်းစပ်သွားသည်။ထိုအချိန်တွင် ၎င်းသည် နတ်ဘုရားအရှင်ကျောက်စိမ်းအရှင် ဆီမှထွက်လာနေသည့်အသံကိုတားဆီးထားလိုက်သည်။ တစ်ချိန်တည်းမှာပင်၊

ကားချပ်ပေါ်တွင် မရေတွက်နိုင်သည့် ဒြပ်စင်ငါးပါးသည် ပျံထွက်လာကာ နတ်ဘုရားအရှင် ကျောက်စိမ်းမျက်နှာနှင့် သူတို့အဖွဲ့ကို တိုက်ခိုက်ခဲ့သည်။

ဂျုန်း…..

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်သည်မိုးကြိုးဖြင့်မြည်ဟိန်းသွားပြီး နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်ကျွင်းတို့သည် သူတို့၏မူးဝေနေသောအခြေအနေအောက်မှ လွတ်သွားကာ ပတ်ဝန်းကျင်အား မိုးကြိုးထဲ ပြောင်းလဲသွားသည်။

ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားသည် နတ်ဘုရားအရှင်ကျောက်စိမ်း၏ အမူအရာများသည် ပြောငင်းလဲသွားခဲ့သည်။

“ဟမ်? မင်းကသက်ရောက်မခံရဘူးလား?”

ထိုအချိန်တွင် နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာသည် ရှင်းလင်းစွာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အပြုအမူကြောင့်နောက်ဆုတ်သွားခဲံသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ထိုရှေးဟောင်းစာများအား စဉ်းစားဆင်ခြင်ပြီးနောက် စွမ်းအင်အားလျော့ခြင်းမရှိခြင်းအား မမျှော်လင့်ခဲ့ပါ။

သိသာစွာပင်၊ သူသည် သူတို့အား နားလည်မှုလွဲသွားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဖြေဆိုရန် ဂရုစိုက်မနေကြပေ။

တစ်ချိန်တည်းမှာပင်၊ နတ်ဘုရားအရှင်နှင်းဓားနှင့် ယွဲ့ချန်းကျွင်းကို ပျံသန်းရန်အတွက် အဆင့်သင့်ဖြစ်အောင်လုပ်လိုက်ကြသည်။

သူတို့သည်လွတ်မြောက်ရန်ကြိုးစားနေစဉ် နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာ၏ ဆန့်ကျင်ဘက်တွင် နေရာယူထားသည့် နတ်ဘုရားအရှင်ပြိုလဲရန်သူက ရုတ်တရက် သူ၏ ကိုယ်ပိုင်နယ်ပယ်ကိုဆက်သွားဖို့ မလိုလားဘူး။ ကျန်းချန်ရွှမ်နှင့်အခြားသူများအား ဖမ်းချုပ်ထားသကဲ့သို့ဖြစ်သည်။

ချက်ခြင်းပင် ...

နတ်ဘုရားအရှင်ပြိုလဲရန်သူသည်လည်းထိုးထွင်းသိမြင်ခြင်းအဆင့်ဖြစ်လေသည်။

“အကယ်၍ ငါတို့ဒီတိုင်းပဲလွတ်မြောက်ခွင့်ပေးလိုက်ရင် ငါတို့လည်းဒီလိုအခွင့်အရေးတွေကိုဆုံးရှုံးတော့မှာ”

စကားပြောနေရင်း၊ စည်းမျဉ်း၏အရောင်အဝါများသည် နတ်ဘုရားအရှင်နတ်ဆိုးအရှင်ပြိုလဲရန်သူ ၏ ပတ်ပတ်လည်တွင် ရေများတက်လာခဲ့လေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က သူ၏ပိုင်နက်ထဲကြသွားပြီး ချက်ခြင်းပင် သူတို့၏အင်အားများသည် လျှင်မြန်စွာပပျောက်နေသည်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင်၊ ၎င်းသည် သူတို့၏စွမ်းအားများသည် ဗလာနယ်ပြန်အဆင့်အောက်သို့ ရောက်ရန် အချိန်မကြာတော့ပါ။

ကျီ…

သို့သော်ထိုအချိန်တွင် ဒြပ်စင်ငါးပါး ကားချပ်သည် ရုတ်တရက် အလွန်အင်အားကောင်းသည့် စည်းမျည်းအနှစ်သာရကို ထုတ်လွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သာလွန်အဆင့် ဝိညာဉ်ရတနာဖြစ်သည့် မိုးကြိုးငါးသွယ်မသေမျိုး သုတ်သင်ခြင်းဓားသည် အော်မြည်နေခဲ့သည်။

ချက်ခြင်းပင် အဆုံးမရှိမိုးကြိုးများဖြင့် ပြည့်နေသော ဓားချီသည် ပိုင်နက်အတွင်းရှိ အလွှာများကို ထိုးဖောက်ကာ ကြီးမားသည့် နေရာလပ်ကို သူတို့ရှေ့တွင် ဖြစ်လာစေခဲ့သည်။

“ဘာ?သာလွန်ဆုံးအဆင့် ဝိညာဉ်ရတနာနှစ်ခုလား?”

နတ်ဆိုးအရှင် ပြိုလဲရန်သူနှင့် နတ်ဘုရားအရှင် ကျောက်စိမ်းမျက်နှာတို့သည် မသိစိတ်မှ မျက်ဆံများကြုံ့သွားသည်။

သို့သော်မကြာမီ သူတို့၏မျက်လုံးသည် အဆုံးမရှိလောဘများဖြင့် ပြည့်နေခဲ့သည်။

အသာလွန်ဆုံးအဆင့် ဝိညာဉ်ရတနာသည် အလွန်ရှားပါးကာ ရရှိနိုင်ရန် ခက်ခဲပါသည်။

ထိုသို့ရတနာများသည် ထိုးထွင်းသိမြင်ခြင်းအဆင့်အင်အားအတွက်ပင် အလွန်တန်ဖိုးရှိသည်။

အမှန်မှာ အချို့ထိုးထွင်းသိမြင်ခြင်းအဆင့်များက အသာလွန်ဆုံးအဆင့် ဝိညာဉ်ရတနာတစ်ခုပင် ပိုင်ဆိုင်ထားခြင်းမရှိပါ။

တစ်ခုမဟုတ်ဘဲ အသာလွန်ဆုံးဝိညာဉ်ရတနာနှစ်ခုဖြစ်နေသည့်အတွက် မည်သူက မလှုပ်ရှားဘဲ နေလိမ့်မည်နည်း?

“နတ်ဘုရားအရှင် ကျောက်စိမ်းမျက်နှာ၊ ငါတို့ အဲ့ဒီဝိညာဉ်ရတနာကို တစ်ယောက်တစ်ခုဆီ ယူကြတာပေါ့။”

နတ်ဆိုးအရှင်ပြိုလဲရန်သူသည်လည်း ရုတ်တရက် သူ၏ဘေးမှ နတ်ဘုရားအရှင်ကျောက်စိမ်း မျက်နှာကို လည့်ကြည့်လိုက်သည်။

နတ်ဘုရားအရှင်ကျောက်စိမ်းမျက်နှာက အပြုံးဖြင့်ခေါင်းညိတ်သည်ကိုမြင်ကာ “သဘောတူတယ်။” ဟုပြောလိုက်သည်။

စကားပြောရင်း၊ ထိုးထွင်းသိမြင်ခြင်းအဆင့် စွမ်းအားရှင်နှစ်ဦးသည်နောက်သို့ဆုတ်သွားခဲ့သည်။

ချက်ခြင်းပင် ထိုးထွင်းသိမြင်ခြင်းပိုင်နက်မှ နှစ်ဦးသည် ကျဆင်းလာခဲ့သည်။

***

All Chapters