သတ်ဖြတ်ခြင်း၊ ထွက်ခွာခြင်း၊ ချုံခိုတိုက်ခိုက်ခြင်း
Vol. 44 Ch. 831
ထိုအချိန်တွင် နတ်အရှင် မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့က တိုက်ခိုက်နေရင်းနှင့် သူတို့၏နက်ရှိုင်းသောဝိညာဉ်မှ နွမ်းနယ်မှုကိုခံစားလိုက်ရလေသည်။
သူတို့၏ခန္ဓာကိုယ်များ၊ မူလဝိညာဉ်နှင့် သူတို့၏ ဓမ္မစွမ်းအားများသည် ပြိုကျတော့မည့်ပုံစံ ပေါ်နေပြီး သူတို့ကိုယ်သူတို့မထိန်းနိုင်တော့ပေ။
ထိုအချိန်အတိအကျ၌ပင် ရှန်းရူယန်သည် သူ၏အခြားရှိန်လောက်သောနည်းစနစ်ကို ထုတ်လွတ်လိုက်လေသည်။
အဖြူနှင့် အနက်ရောင်ချီများဖြင့် ရစ်ပတ်ထားသော မိုးကြိုးသွားသည် သူတို့ထံသို့ဦးတည်၍ လာနေခဲ့သည်။
၎င်းသည် သူမ၏ အခြားသေစေနိုင်လောက်သည့် လှုပ်ရှားမှု မူလပေါင်းစည်းခြင်းချီမိုးကြိုး ဖြစ်ပေသည်။
“အိုး…မဟုတ်ဘူး။”
ချက်ခြင်းပင် နတ်ဘုရားမှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့သည် အန္တရာယ်ကို ခံစားလိုက်ရသည်။
သူတို့၏ပုံရိပ်များသည် များစွာသောအရိပ်များအဖြစ်ပြန့်နှံ့သွားပြီး ဦးတည်ချက်အမျိုးမျိုးသို့ ထွက်ပြေးရန်ကြိုးစားနေကြလေသည်။
ကျီ…
သို့ရာတွင်၊ ထိုအချိန်၌ ရေစီးဆင်းသကဲ့သို့ဂယက်များသည် ရှိနေသောလူတိုင်းအပေါ် ဖြတ်သွားခဲ့သည်။
သို့ရာတွင် မျက်စိတမှိတ်အတွင်းတွင်ပင်၊ များစွာသော ပျံသန်းနေသည့် နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင် ကောင်းကင်သံစဉ်တိုအရိပ်များသည် သူတို့၏မူလနေရာကိုအားဖြင့် ပြန်လည်တွန်းခံလိုက်ရသည်။
“ဒါက…အချိန်ပြန်လည်သွားတာလား?”
သူတို့၏နှလုံးထဲ၌ လေးပင်သော အသိတစ်ခုနစ်မြုပ်သွားခဲ့သည်။
တုံ့ဆိုင်းခြင်းမရှိဘဲနှင့် သူတို့နှစ်ဦးစလုံးသည် နောက်ဆုတ်လိုက်ပြီး သူတို့၏ပိုင်ဆိုင်မှုများထဲမှ ပစ္စည်းများကိုထုတ်ရန်လုပ်လိုက်သည်။
၎င်းတို့သည် သူတို့၏ဂိုဏ်းများမှ ပေးထားသည့် အသက်ကယ်အဆောင်များဖြစ်ကာ အကယ်၍ နေရာလပ်အားစည်းချထားလျှင်ပင် သို့ ထွင်းမြင်အဆင့်စွမ်းအားပိုင်နက်အတွင် ထောင်ချောက် မိနေလျှင်ပင် သူတို့ကိုလွတ်မြောက်စေနိုင်ပါသည်။
ထိုရတနာများသည် ရှားပါးပါသည်။ သူတို့၌ တစ်ယောက်တစ်ခုသာရှိပေသည်။
တစ်ကြိမ်အသုံးပြုလျှင် အနာဂတ်တွင် ဆင်တူသည့်အခြေအနေ၌လွတ်မြောက်နိုင်ရန် မရှိတော့ပါ။
“ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ငါတို့ဒီနေ့ရဲ့ရန်ငြိုးကိုမှတ်မိနေမယ်။ အချိန်တွေကြာပြီးနောက်မှာလည်း ဒီနေ့တွေစွမ်းအားကြီးနေနိုင်ဖို့ မျှော်လင့်တယ်။ မဟုတ်ရင် ငါတို့ကမင်းတို့ကိုအခွင့်အရေး နည်းနည်းမှ ပေးတော့မှာမဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက်၊ နတ်အရှင် မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့သည် သူတို့၏လွတ်မြောက်ခြင်းအဆောင်များကို ရုတ်တရက် အသက်သွင်းလိုက်တော့မည့်အချိန်တွင် ကျန်းချန်ရွှမ်သည် အလင်းတန်းအဖြစ်ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင်၊ သူတို့၏ အမြင်အာရုံသည် အဆုံးမရှိကျယ်ပြန့်သွားပုံပေါ်ပြီး သူတို့၏အတွေးများ၊ တုံ့ပြန်မှုများနှင့် လှုပ်ရှားမှုများသည် နှေးကွေးလေးလံသွားခဲ့သည်။
သူတို့သည် တစ်ခုခုလွတ်နေသည်ကိုအာရုံခံမိပြီး ထိုအာရုံခံစားမှုမှလွတ်မြောက်ရန် ခက်ခဲနေလေသည်။
ကျန်းချန်ရွှမ်၏ပုံရိပ်သည်နီးလာသည်နှင့် အမျှ၊ နတ်အရှင် မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့သည် နောက်ဆုံး၌ သူတို့၏မျက်နှာတွင် ကြောက်ရွံ့ခြင်းကို ပြလာခဲ့သည်။
ဝှစ်…
သူတို့ကအသနားခံလိုက်သည်နှင့် ကျန်းချန်ရွှမ်ပြောင်းလဲထားသည့်အလင်းသည် သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သွားခဲ့သည်။
ချက်ခြင်းပင် နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့သည် အဆုံးမရှိ ရွှေရောင်အလင်းဖြင့်ဖုံးလွမ်းခံခဲ့ရပေသည်။
အခွင့်အရေးကိုဖမ်းဆုပ်ကာ ကောင်းကင်တိုင်မြို့တွင်းမှ ဖန်ထျန်းအန်း၊ နတ်အရှင် ဖြောင့်မတ်နေမင်းနှင့် အခြားသူတို့က ကျန်ရှိနေသည့် တစ္ဆေခန်းမနှင့် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ကျင့်ကြံသူများအား တိုက်ခိုက်လိုက်ကြသည်။
မကြာမီ ကျင့်ကြံသူအများအပြားကျဆုံးသွားကာ ကျန်ရှိနေသည့်လူများသည်လည်း အချိန်မဆွဲရဲတော့ဘဲ အဝေးသို့ပြေးသွားခဲ့လေသည်။
ကံမကောင်းစွာပင် သူတို့ဝေးဝေးမပြေးနိုင်ခင်တွင်ပင် ရှန်းရူယန်က မိုးကြိုးအဖြစ်ပြောင်းလဲကာ သူတို့အားထိုးချလိုက်လေသည်။
ဝုန်း….
ကောင်းကင်ပေါ်တွင် မီးလောင်ကျွမ်းနေသော အလောင်းကောင်ပုံစံများကျလာသည်ကို မြင်နိုင်ပါသည်။
အရာအားလုံးတိတ်ဆိတ်သွားတော့မည့်အချိန်တွင် ကျန်းချန်ရွှမ်ပြောင်းလဲထားသော ရွှေရောင်အလင်းက တဖြည်းဖြည်းပြန်လာခဲ့သည်။
နတ်အရှင်မှောင်မိုက်မိစ္ဆာနှင့် နတ်အရှင်ကောင်းကင်သံစဉ်တို့၏ ကျန်ရှိနေသည့်အရာတစ်ခုမှ မတွေ့ရတော့ပေ။
“စီနီယာကျန်းနဲ့ စီနီယာအစ်မရှန်းတို့ ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ထိုအချိန်တွင် သူတို့ဆီသို့ ကောင်းကင်တိုင်မြို့မှ ကျင့်ကြံသူများထွက်ပေါ်လာကာ သူတို့နှစ်ဦးကို ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယဉ်ကျေးသမှုဖြင့် ပြန်လည်ဆက်ဆံလိုက်ကာ အခြားသူများနှင့် စကားစမြည်ပြောလိုက်ကြသည်။
ဖန်ထျန်းအန်းနှင့် နတ်အရှင်ဖြောင့်မတ်နေမင်းတို့၏ဦးဆောင်မှုဖြင့် သူတို့သည် ကောင်းကင်တိုင်မြို့ထဲ ဝင်လိုက်ကြသည်။
သူတို့၏ကူညီရမည့်တာဝန်က အချိန်မကြာပါ။
သာမန်အခြေအနေအောက်တွင် သူတို့သည် စီနီယာအစ်ကိုနှင့် အစ်မများလာ၍ တာဝန်လွဲယူပြီးလျှင် ထွက်ခွာရမည်ဖြစ်သည်။
ထို့ကြောင့်၊ ကောင်းကင်တိုင်မြို့ထဲသို့ဝင်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဘယ်မှမသွားဘဲ သူတို့၏ဂူထဲတွင်သာနေ၍ ကျင့်ကြံနေကြသည်။
.......
နှစ်ဝက်ကြာပြီးနောက်။
များစွာသောအလင်းတန်းများသည် အဝေးမှချဉ်းကပ်လာကြပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နေရာကိုအစားထိုးရန်ကျင့်ကြံသူများရောက်လာသည်ကိုပြနေသည်။
ထို့ကြောင့် အချိန်မဆွဲတော့ဘဲ သူတို့၏တာဝန်များကိုလွဲပေးပြီးနောက် ထိုနှစ်ဦးသည် ဟောက်ရန်ဂိုဏ်းသို့ ဦးတည်၍ ထွက်ခွာလာကြလေသည်။
သို့ရာတွင် ရွှံ့မြူကုန်းဟုခေါ်သောနေရာကိုကျော်လာသည်နှင့်၊ အလင်းတန်းများသည် ရုတ်တရက် သူတို့ဆီသို့လာနေကြသည်။
ပြီးနောက်၊ ကောင်းကင်နှင့် မြေကြီး မိုးကြိုးလှောင်အိမ်ကကျလာခဲ့ကာ သူတို့နှစ်ဦးလုံးကို ဖမ်းချုပ်ထားလေသည်။
ထိုဖြစ်ရပ်သည် ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အမူအရာကို တည်ငြိမ်သွားစေသည်။
အပေါ်သို့ကြည့်လိုက်သောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်သူတို့ရှေ့တွင် ရင်းနှီးသော ပုံရိပ်နှစ်ခုပေါ်လာသည်ကိုမြင်လိုက်ရသည်။
၎င်းသည် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ ထွင်းမြင်အဆင့်များဖြစ်သည့် နတ်အရှင် ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့ပင်ဖြစ်သည်။
“သူတို့က ငါတို့ဘယ်မှာရှိလဲဆိုတာ ဘယ်လိုသိသွားတာလဲ?”
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏လှုပ်ရှားမှုက ပေါက်ကြားသွားခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ကောင်းကင်တိုင်မြို့ထဲတွင် ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ သူလျိုများရှိနေပုံပေါ်ပြီး အဆင့်နှင့် ရာထူးမှာ မနိမ့်လောက်ပေ။
“ဟဲဟဲ၊ ဘယ်လိုခံစားရလဲ မင်းတို့နှစ်ယောက်? အံ့ဩသွားလား? ဝမ်းသာသွားလား?” နတ်အရှင်ကျောက်စိမ်းမျက်နှာက ရုတ်တရက်ပြောလိုက်သည်။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်ကာပြောလိုက်သည်။
“စိတ်ချပါ ငါမင်းတို့ကို လွယ်လွယ်မသတ်ပါဘူး။ အထူးသဖြင့် မင်း…”
သူသည် ရှန်းရူယန်ကို ညွန်ပြ၍ “ဒီလောက် အရည်အချင်းနဲ့ဆို သေချာပေါက် ငါတို့နှစ်ယောက်အတွက် အကောင်းဆုံးဆေးမီးဖိုဖြစ်နိုင်တယ်။ ပြီးတော့ မင်း…ဟဲဟဲ။”
သူသည် ကျန်းချန်ရွှမ်ကို လက်ညိုးထိုးလိုက်ကာ ရက်စက်စွာရယ်လိုက်သည်။
“ငါမင်းကိုကြည့်ခိုင်းမယ်။ မင်းရဲ့တာအိုအဖော်က ငါတို့လက်ထဲက ကစားစရာ ဘယ်လိုဖြစ်လာမလဲ ဆိုတာ ကြည့်လိုက်။”
“မင်း..က သေချင်နေတာပဲ။”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏နှလုံးသားထဲတွင် ပြင်းထန်သည့်သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ လိမ့်တက်လာခဲ့သည်။
သူသည် နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့အား အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့က ငါတို့ကိုတကယ်ပဲဖမ်းချုပ်ထားနိုင်တယ်လို့ထင်နေတာလား?”
နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့သည် မျက်ခုံးများပင့်လိုက်ကြပြီး သူတို့သည် အေးစက်စွာရယ်လိုက်ကြသည်။
“ဘာလဲ? အခုထိ မင်းမှာ ဝှက်ဖဲကျန်နေသေးတယ်လို့ထင်နေတာလား? ငါမင်းအတွက်ပြင်ဆင်ထားတဲ့ အစီအရင်ကို သတိမထားမိသေးဘူးလား? ဒါကို အဆုံးမဲ့ကောင်းကင်ချုပ်နှောင်ခြင်း အစီအရင်လို့ ခေါ်တယ်။ လုံးဝလွမ်းမိုးနိုင်တဲ့ အစီအရင်ပဲ၊ ဘယ်သူမှ အစီအရင်ရဲ့စည်းကို လွယ်လွယ် မချိုးဖျက်နိုင်ဘူး။ အကယ်၍ မင်းက တာအိုဖွဲ့စည်းခြင်းအရှင်မဟုတ်ဘူးဆိုရင်ပေါ့၊ ဒါပေမဲ့ဒါက ဖြစ်နိုင်လို့လား?”
ထိုသို့ဖြင့် နတ်အရှင်ကျောက်စိမ်းမျက်နှာသည် ထပ်မံ၍ရယ်လိုက်ပြီး ထေ့ငေါ့လိုက်သည်။
ယနေ့တွင် သူသည် ထိုတိုက်ပွဲအတွက် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းမှ အရည်အချင်းအရှိဆုံးနှင့် ဖြစ်နိုင်ချေအရှိဆုံး လူနှစ်ဦးကို စတေးပစ်ရန် ကြံရွယ်ထားပေသည်။
သူသည် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းမှတာအိုဖွဲ့စည်းခြင်းသူတော်စင်များ၏ သည်းမခံနိုင်သော အမူအရာများကိုမြင်ယောင်နေမိသည်။
အချိန်မဖြုန်းတော့ဘဲ နတ်အရှင်ကျောက်စိမ်းမျက်နှာနှင့် နတ်အရှင်ပြိုလဲရန်သူတို့သည်ချက်ခြင်းပင် စတင် လှုပ်ရှားလိုက်ကြပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား သူတို့စွမ်းအားဖြင့် ဖိနှိပ်လိုက်လေသည်။
***